အမေရိကန် ထုတ်ကုန်အချို့ကို အကောက်ခွန်တိုးရန် အိန္ဒိယပြင်ဆင်
မက်မွန်၊ သစ်ကြားသီးနှင့် ပန်းသီးတို့အပါအဝင် အမေရိကန် ကုန်ပစ္စည်းအချို့ကို လာမည့်သီတင်းပတ်မှစ၍ အခွန်တိုးမြှင့် ကောက် ခံရန် အိန္ဒိယနိုင်ငံက ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်နှစ်ခုက ပြောကြောင်း ရိုက် တာသတင်းတွင်ဖော်ပြသည်။ အိန္ဒိယနိုင်ငံအား ပေးထားသော အဓိကကုန်သွယ်မှု အခွင့်အရေးများကို အမေရိကန်ကရုပ် သိမ်းပြီးနောက် အိန္ဒိယနိုင်ငံက ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ အထွေထွေ အခွင့်အေ ရးပေးစနစ် (GSP) အရ အိန္ဒိယနိုင်ငံကို ပေးထားသော ကုန်သွယ်မှုအခွင့်အရေးများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၅ ရက်မှစ၍ရုပ်သိမ်းခဲ့သည်။ ဤအခွင့်အရေးများမှာ ကြီးမားသော အခွင့်အရေးများဖြစ်ပြီး အိန္ဒိယနိုင်ငံမှတင်ပို့သည့