ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့်ပြည်တွင်းရွှေဈေးများ လိုက်ပါကျဆင်း
ပြီးခဲ့သည့်ရက်သတ္တပတ်က ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ကျပ်ကိုး သိန်းကျော်အထိ မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုတစ်ပတ်တွင် ပြန် လည်ကျဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။
ယင်းကဲ့သို့ ကျဆင်းလာရခြင်းမှာ ကမ္ဘာ့ရွှေဈေးများကျဆင်းလာသဖြင့် ၎င်းင်း နှင့်ဆက်စပ်နေသည့် ပြည်တွင်းရွှေဈေးများလည်း ကျဆင်းလာရခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ဆိုသည်။