Main menu

Background

နိုင်ငံတကာစီးပွားရေး

အသုံးပြုပြီး စားသုံးဆီမှ ထုတ်လုပ်သော ဇီ၀ လောင်စာဆီဖြင့် စင်ကာပူ အဲလိုင်းက လေယာဉ်ခရီးစဉ်များ စတင်ပျံသန်း

Thu, 05/11/2017 - 14:21 -- journal_editor

      စင်ကာပူအဲလိုင်း(Singapore  Airlines _SIA)  က အပြည်ပြည်ဆိုင်ရာ လေကြောင်းသွားလာမှုတွင် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ထိုအစီအစဉ် အရ  လေကြောင်းလိုင်း၏ ခရီးစဉ် ၁၂ ခုအနက် အချို့ကို ဇီဝလောင်စာဆီ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ အမျိုး သားလေကြောင်းလိုင်း၏ မေ ၃ ရက်က ကြေညာချက်ကို တူဒေးဝက်ဘ်ဆိုက် သတင်းတွင် ဖော်ပြသည်။ခရီးစဉ် ၁၂ ခု အနက် ခရီးစဉ် တစ်ခုဖြစ်သောSQ 31 သည် မေ ၂ ရက်က စင်ကာပူနိုင်ငံသို့ ပထမဆုံး အကြိမ် အဖြစ်ရောက်ရှိခဲ့သည်။ လေ ကြောင်းခရီးစဉ်တွင် ခရီးသည် ၂၀၆ ဦး ပါဝင်ပြီး ဇီဝလောင်စာဆီကို ၁၇ နာရီ ကြာ အသုံးပြု၍ ဆန်ဖရန်စစ္စကိုမှ စင်ကာပူသို့ တောက်လျှောက် ပျံသန်းခဲ့

ကိုယ်ပိုင်ကုန်အမှတ်တံဆိပ်ထူထောင်ရာတွင် ဗီယက်နမ်အက်စ်အမ်အီးတို့ အထောက်အပံ့လိုအပ်

Wed, 04/26/2017 - 15:03 -- journal_editor

       ဗီယက်နမ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ငွေအရင်းအနှီး၊ စီမံခန့် ခွဲမှု၊ နည်းပညာနှင့် ကုန်အမှတ်တံဆိပ် ထူထောင် ရေးတို့ကို ဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိနေသည့်အတွက် ကမ္ဘာ့ဈေး ကွက်ကြီးနှင့် ပေါင်းစည်းရန် ဆောင်ရွက်သည့်အခါ  ဗီယက်နမ်ရှိ အသေးစားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး) အတွက် ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း ဗီယက်နမ်လက်လီရောင်းချသူ များအသင်း (Vietnam  Retailars Association -VRA) က ပြောသည်။

နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် လမ်းစဉ်ချမှတ်ရန် အမေရိကန်နှင့်တရုတ်နိုင်ငံသမ္မတနှစ်ဦးတွေ့ ဆုံမည်

Wed, 04/05/2017 - 15:30 -- journal_editor

        လာမည့် သီတင်းပတ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ်အဖြစ်  တွေ့ဆုံမည် ဖြစ်ရာ  ထိုတွေ့ဆုံပွဲတွင် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကိစ္စများ ချမှတ်နိုင် ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း အိန္ဒိယတူဒေးသတင်းတွင် ဖော်ပြသည်။ ဧပြီ ၆ ရက်နှင့် ၇ ရက်တို့တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Mar-a-Lago တွင် တရုတ်နိုင်ငံသမ္မတရှီနှင့် တွေ့ဆုံဆွေးနွေး ရန် အမေရိကန်သမ္မတ ထရမ့်ကစီစဉ်ထားသည်။ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာလုပ်ရပ်များသည် တရားမျှတမှုမရှိဟုဆိုကာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ထရမ့်က ဆုံးဖြတ်ထားသည့်အတွက် သမ္မတနှစ်ဦး ၏တွေ့

အိန္ဒိယ သရက်သီးများအတွက် တောင်ကိုရီးယားဈေးကွက်ကို ဖွင့်ပေး

Fri, 03/31/2017 - 15:03 -- journal_editor

      ပိုးမွှား အန္တရာယ်စစ်ဆေးမှု  (Pest Risk Analysis)ကို ပြုလုပ်ပြီးနောက် သစ်သီး တင်ပို့မှုများကို တောင်ကိုရီး ယားနိုင်ငံက ခွင့်ပြုပေးလိုက်ပြီးနောက် ပိုင်း ယခုနှစ်အတွင်း  တောင်ကိုရီး ယားဈေးကွက်သို့ အိန္ဒိယ သရက် သီး တင်ပို့မှု ထူးထူးခြားခြား မြင့်တက်လာ မည် ဖြစ်ကြောင်း ဘိဇနက်စတန်းဒတ် သတင်းတွင် ဖော်ပြသည်။တောင်ကိုရီးယား နိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၄၈ သန်းဖိုးရှိ သရက်သီးများ တင်သွင်းခဲ့ သည်။ သရက်သီးများကို ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ် (တိုင်ပေ)၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သြစတြေးလျ၊ ပီရူးနှင့် အမေရိကန်ပြည်ထောင်စုတို့မှ အများဆုံး တင်သွင်းခဲ့ခြင်းဖြစ်သည်။

အိန္ဒိယပဲရက်သတ္တပတ်

Thu, 03/30/2017 - 15:07 -- journal_editor

       ရက်သတ္တပတ်အတွင်း ဖြစ်ပေါ်နေ သည့် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံ ရောင်းဝယ်မှု အခြေအနေကို ဖော်ပြသော အဂရီဝပ်ချ်၏  Pulses Weekly Reportကို မတ် ၂၀ ရက် ရက် စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ အစီရင်ခံစာတွင် ပဲမျိုးစုံ ထုတ်လုပ်မှုနှင့် ပတ်သက် သည့် အစိုးရ၏ ခန့်မှန်းချက်၊ အိန္ဒိယ ဆိပ်ကမ်း များသို့ ပဲမျိုးစုံကုန်သေတ္တာ ရောက်ရှိမှု စသည့် ကိန်းဂဏန်း များမှာ ယခင်ရက်သတ္တပတ်ကအတိုင်း အပြောင်းအလဲမရှိ ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။ယခုရက်သတ္တပတ်တွင်မူ အစိုးရ၏ ဝယ်ယူ ဖြည့်တင်းမှုနှင့် ပဲမျိုးစုံဈေးနှုန်း အခြေအနေများ နှင့် သက်ဆိုင်သော ကိန်းဂဏန်းများမှာ အပြောင်း အလဲရှိသည်ကို တွေ့ရသည်။အစိုးရ၏ ဝယ်ယူဖြည့်တင်းမှု

အိန္ဒိယပဲရက်သတ္တပတ်

Wed, 03/15/2017 - 14:10 -- journal_editor

မတ် ၆ ရက်က ထုတ်ပြန်ခဲ့သော အဂရီဝပ်ချ် ၏ ပဲမျိုးစုံရက်သတ္တပတ် အစီရင်ခံစာတွင် ပဲမျိုးစုံ နှင့်ပတ်သတ်သော သတင်းများကို ဖော်ပြထားရာ ပဲမျိုးစုံ ကုန်သေတ္တာတင်သွင်းမှု အခြေအနေနှင့် ပဲမျိုးစုံ ထုတ်လုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ ကြို တင်ခန့်မှန်းချက် စသည့် အချက်အလက်များကို  ဖော်ပြရာတွင် ယခင်ရက်သတ္တပတ်က   ဖော်ပြခဲ့ သည့်အတိုင်း ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ရရှိ ထားသော သတင်းအချက်အလက်များကိုသာ ဆက် လက်ဖော်ပြ ထားသည်။ ယခုရက်သတ္တပတ် တွင် ဖြစ်ပေါ်လျက်ရှိသော ပဲမျိုးစုံထုတ်လုပ်မှုနှင့် ဈေးနှုန်း အခြေအနေတို့ကိုမူ အောက်ပါအတိုင်း တွေ့ရှိရသည်။

တင်ဒါစနစ်ဖြင့် ဂျုံတန်ချိန်တစ်သိန်းကျော် ဝယ်ယူရန် ဂျပန်နိုင်ငံက ကမ်းလှမ်း

Thu, 03/09/2017 - 13:13 -- journal_editor

လူစားသုံးနိုင်သည့် အရည်အသွေး မီဂျုံတန် ချိန် ၁၁၃၁၆၇ တန်ကို အမေရိ ကန်ပြည်ထောင် စုနှင့် သြစတြေးလျနိုင်ငံမှ တင်ဒါစနစ်ဖြင့် ဝယ်ယူ ရန် ဂျပန်နိုင်ငံက ကမ်းလှမ်းထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။ ဂျုံများကို အမေရိကန် ပြည်ထောင်စုမှ ဂျုံဖြူ၊ ဆောင်းရာသီ စိုက်ဂျုံနှင့် နွေဦးရာသီစိုက်ဂျုံဟူ၍ အမျိုးအစား အသီးသီးခွဲ၍ ဝယ်ယူသွား မည်ဖြစ်သည်။ သြစတြေးလျ နိုင်ငံမှ ဂျုံများကိုမူ သြစတြေးလျ အနောက်ပိုင်း ဒေသမှ ထွက်ရှိသော Australia Standard White အမျိုး အစားကို တန်ချိန် ၂၇၇၅၀ ဝယ်ယူသွားမည် ဖြစ်သည်။ ကျန်ဂျုံ ပမာဏကို အမေရိကန် ပြည်ထောင်စုမှ မှာယူ တင်သွင်းမည်ဖြစ်သည်။သင်္ဘောတင်ရက်ကို အမေရိကန် ပြည်ထောင် စု ဂျုံများ အတွ

နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း၏အသိအမှတ်ပြုလက်မှတ်ကို Vietjet ရရှိ

Thu, 03/09/2017 - 13:11 -- journal_editor

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းလေကြောင်းလိုင်း တစ် လိုင်းဖြစ်သည့် Vietjet  လေကြောင်းလိုင်းအား နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအဖွဲ့အစည်း(Inernational Air Transportation Association-IATA)  ၏ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီဖြစ်ကြောင်းVietjet ၏ သတင်းထုတ်ပြန် ချက်များအရ သိရသည်။ယင်းကဲ့သို့ အသိအမှတ်ပြုခြင်းသည် Vietjet လေ ကြောင်းလိုင်းအား ဗီယက်နမ်နှင့် ပြည်ပလေကြောင်းဆိုင်ရာ လုပ်ငန်း အဖွဲ့အစည်းများကြားတွင်  အနာဂတ်လုပ်ငန်းနေရာ တစ်နေရာအဖြစ် ခိုင်မာစွာရပ်တည်လာစေမည်ဖြစ်သည်။ အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မရမီVietjet  အနေဖြငC ၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးဆိုင်ရာ အသိအမှတ်ပြုလက် မှတ်ကို ရရှိခဲ့ပြီးဖြစ်သည်။နိုင်ငံတကာ

ရင်းနှီးမြှုပ်နှံမှု တိုးပွားလျက်ရှိသော်လည်း စီးပွားရေးပတ်ဝန်းကျင်ကောင်း လိုအပ်နေဆဲ အာဆီယံ

Wed, 03/08/2017 - 13:23 -- journal_editor

      အဖွဲ့ဝင် (၁၀) နိုင်ငံပါဝင်သော အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ) သည် စီးပွားရေးအသိုက်အဝန်း ကို အကောင် အထည်ဖော်ခဲ့သည်မှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ တစ်နှစ်တာကာလအတွင်း ဂျပန် အပါအဝင် အာဆီယံမဟုတ်သော နိုင်ငံများထံမှ အာဆီယံနိုင်ငံများအတွင်းသို့ စီးဝင်သော ရင်းနှီး မြှုပ်နှံမှုများ သိသိသာသာ တိုးပွားလျက်ရှိသည်။ အာဆီယံ (၁၀) နိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်း တစ်ခုတည်းေ သာ ဈေး ကွက်(Single market) ကို တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ကို အကောင်အထည် ဖော်လျက်ရှိသည်။အရှေ့တောင်အာရှဒေသ၏ ပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများသည် အာဆီယံေ ဒသတွင်းသို့ များပြားစွာ စီ

အမေရိကန်ပြည်ထောင်စုရှိနုန်းကျောက်မှ ရေနံထုတ်လုပ်သူတို့က အိုပက်အတွက် စိန်ခေါ်မှုဖြစ်နေ

Wed, 03/08/2017 - 13:11 -- journal_editor

နုန်းကျောက်မှ ရေနံထုတ်လုပ်မှု တိုးတက်လာခြင်းနှင့်မက္ကဆီကို ပင်လယ်ကွေ့ကမ်းလွန်မှ ရေနံထုတ်လုပ်မှုမြင့်တက်လာသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ ရေနံစိမ်းထုတ်လုပ်မှုမှာ မြင့်တက်လာ ကြောင်း ဟယ်လင် နစ်ရှစ်ပင်း နယူးစ်သတင်းတွင် ဖော်ပြသည်။အမေရိကန်ပြည်ထောင်စု၏ ပျမ်းမျှရေနံစိမ်းထုတ်လုပ်မှုမှာ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရရှိထားသောစာရင်းအရ ရက်သတ္တလေးပတ် အတွင်း တစ်ရက်လျှင် စည်ကိုးသန်းနီးပါး အထိ ရောက်ရှိခဲ့ကြောင်း စွမ်းအင်သတင်းအချက်အလက် အုပ်ချုပ်မှုအဖွဲ့(Energy Information Administration) ) က ထုတ်ပြန်သော ရက်သတ္တပတ်အစီရင်ခံစာတွင် ဖော်ပြသည်။ စက်တင်ဘာလအတွင်းက တစ်ရက်လျှင် စည် ၈ ဒသမ ၅ သန်းအထိ ထုတ်လုပ်မှု ကျဆင်းပြီးနောက်ပိ

Pages

Subscribe to RSS - နိုင်ငံတကာစီးပွားရေး