၂၀၁၆ ခုနှစ်တွင် နယူးဇီလန်နိုင်ငံ၏ အသားနှင့် နို့ထွက်ပစ္စည်းများ တင်ပို့မှုကျဆင်
၂၀၁၆ ခုနှစ်တွင် နယူးဇီလန် နိုင်ငံ၏ အဓိကထိပ်တန်းပို့ကုန်နှစ်မျိုး ဖြစ်သည့် အသားနှင့် နို့ထွက်ပစ္စည်း တို့၏ ပို့ကုန်တန်ဖိုးများ ကျဆင်းခဲ့ ကြောင်း ဇန်နဝါရီ ၃၀ ရက်တွင် အစိုးရ စာရင်းအင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိ ရသည်။ ၂၀၁၆ ခုနှစ်တွင် စုစုပေါင်း ပို့ကုန် တင်ပို့မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၅ ဒသမ ၂၄ ဘီလီယံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ထက် အမေရိကန်ဒေါ်လာ ၃၉၅ ဒသမ ၈၇ သန်းလျော့နည်းခဲ့ ကြောင်း အဆိုပါဌာန၏စာရင်းများ တွင်ဖော်ပြထားသည်။ ယင်းကဲ့သို့ကျဆင်းမှုသည် ဒုတိယအကြိမ်မြောက် ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။