Main menu

Background

မန်စီးတီးနဲ့ ဆောက်သမ်းမြန်မာတို့ မိတ်ဖက်အဖြစ်ဆောင်ရွက်ရန် စီစဉ်လျက်ရှိ

Wed, 01/20/2010 - 08:01 -- Anonymous (not verified)

   အင်္ဂလန်ပရီးမီးယားလိဂ်ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဆောက်သမ်းမြန်မာဘောလုံးအသင်းတို့ဟာ မိတ်ဖက်အသင်းများဖြစ်စေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။   ဆောက်သမ်းမြန်မာအသင်းဟာ လက်ရှိအခြေအနေမှာ ရလဒ်ကောင်းမွန်ခြင်းမရှိဘဲ ဇယားတိုင်ရဲ့ အောက်ဆုံးသို့ ရောက်ရှိနေ တာကြောင့် လာမယ့်ပြိုင်ပွဲ များမှာ အောင်မြင်မှုများရရှိနိုင်ရန် ကြိုတင် ပြင်ဆင်မှုများပြုလုပ် လျက်ရှိပါ တယ်။ အခုလက်ရှိ နည်းပြ အဖြစ်ခန့်အပ်ထားတဲ့ ဗြိတိန်၊ သြစီလူမျိုး ကင်ဝေါ်လ်ဒန်ကို စာချုပ်သက်တမ်းတိုး၍ ချုပ်ဆိုသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရ ပါတယ်။   အသင်းအနေနဲ့မန်စီတီးဘောလုံး အကယ်ဒမီနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး အသင်းအချင်းချင်းနည်းစနစ်ပိုင်းဆိုင်ရာကိစ္စများ၊ အားကစားသမားရောင်းချ ရေးဆိုင်ရာကိစ္စများကို ဆောင်ရွက် သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဆောက်သမ်းမြန်မာအသင်းဟာ အခုမြန်မာနေရှင်နယ်လိဂ်ပွဲမတိုင်မီကမန်စီတီးအသင်းရဲ့လူငယ်ဘောလုံးကစားသမားများကို ခေါ်ယူရန် ကြိုးပမ်းခဲ့သေးကြောင်း သိရှိရပါတယ်။