Main menu

Background

၂ဝဝ၉ ခုနှစ် ပြည်တွင်းပဲဈေးကွက် အပြောင်းအလဲများ

Wed, 01/06/2010 - 07:31 -- Anonymous (not verified)

 ၂ဝဝ၉ ခုနှစ်ရဲ့ ဦးဆောင်ပဲစင်းငုံ  ၂ဝဝ၉ ခုနှစ် တစ်နှစ်လုံးအတွက် ထူးထူးခြားခြားဈေးကောင်းရခဲ့တာကတော့ ပဲစင်းငုံပဲဖြစ်ပါတယ်။ ဒီနှစ် ပဲစင်းငုံရဲ့ အဖွင့်ဈေးကွက်အနေနဲ့ ၂ဝဝ၈ ခုနှစ်နှောင်းပိုင်းဈေးနဲ့ယှဉ်ရင် အကျဘက်မှာ ရှိနေခဲ့ပါတယ်။ ပဲစင်းငုံတွေ လှိုင်လှိုင်ထွက်တဲ့ ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ လတွေမှာ မနှစ်ကဈေးကို မမီပေမဲ့ ပဲအဝင်အထွက်၊ အနုတ်အသိမ်းတွေ သွက်ခဲ့သလို ဈေးကလည်း အတက် ကြမ်းခဲ့လို့ ပဲစင်းငုံ RC တစ်တန်ကို ၄၁ဝဝဝဝ ကျပ် ဝန်းကျင်နဲ့ စခဲ့တဲ့ဈေး ဟာ မတ်လမှာတော့ ၅၂ဝဝဝဝ ကျပ် ကျော်ခဲ့ပါတယ်။ တောင်သူ လက်ကျန် အနည်းငယ်သာရှိပြီး လှောင်လက်တွေလက်မှာ ရောက်ရှိနေတဲ့ ပဲစင်းငုံဟာ မေ၊ ဇွန်လတွေမှာလည်း တစ်ရှိန်တိုးမြင့်တက်ခဲ့လို့ တစ်တန်ကို ၈၆ဝဝဝဝ ကျပ်ကျော်ခဲ့ပါတယ်။ လက်ကျန်လည်း တော်တော်နည်းသွားပြီဖြစ်သလို အိန္ဒိယမှာလည်း ပဲပြတ်လပ်မှုတွေကြောင့် ဈေးခေါင်ခိုက်အောင်မြင့်လာလို့ ဇူလိုင်လနောက်ပိုင်း တစ်တန်ကို ၁၂ သိန်းကျော်ခဲ့ ပါတယ်။မြန်မာ ကုန်သည်တစ်ချို့က ပဲစင်းငုံတစ်တန်ကို ကန်ဒေါ်လာ ၁ဝဝဝ ကျော်ရင် အိန္ဒိယက တင်သွင်းမှုလျော့သွား နိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမဲ့ ဇူလိုင်လမှာ ကန် ဒေါ်လာ ၁ဝဝဝ ကျော်ခဲ့ပါတယ်။ ပုံမှန်အားဖြင့်  နှစ်စဉ် ပဲစင်းငုံကို တစ်နှစ်ပတ်လုံး ဈေးကွက်တွေမှာ ရနိုင်ပေမဲ့ ဒီနှစ်ထူးခြားတာကတော့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာတော့ နယ်ဈေးကွက်တွေမှာ ပစ္စည်းပြတ်သွားတဲ့ အခြေအနေဖြစ်ခဲ့လို့ ပဲစင်းငုံလောကမှာ အရောင်းစောတဲ့တောင်သူတွေ အကျိုးအမြတ်ရရှိမှုနည်းပေမဲ့ အမြင့်ဆုံးဈေးနဲ့ ရောင်းချရတဲ့ကုန်သည်တွေကတော့ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။မတ်ပဲဈေး တစ်ရှိန်ထိုးကောင်းခဲ့    ၂ဝဝ၉ ခုနှစ် နှစ်ဦးပိုင်း မတ်ပဲပေါ်ကာစမှာ တစ်တန်ကို ၃၇ဝဝဝဝ ကျပ်ဝန်းကျင်နဲ့ ဈေးဖွင့်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီလမှာ ဒေါ်လာ တန်ဘိုးထက် မြန်မာငွေဈေးမြင့်ခဲ့လို့ ကုန်သည်တွေ ပဲအဝယ်ပါးသွားတာကြောင့် ဈေးအနည်းငယ်ကျခဲ့ပေမဲ့ မတ်လ နှောင်းပိုင်း မှာတော့ အဝယ်ပြန်သွက်လာလို့ ဈေးမြင့်လာပါတယ်။ တောင်သူလက်ထဲကနေ ကုန်သည်တွေလှောင်ဖို့ဝယ်ယူတဲ့ မေလ၊ ဇွန်လ တွေမှာလည်း မတ်ပဲဈေးက ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။ ပြည်ပတင်ပို့ဖို့ Exporterတွေ အဝယ်ရှိနေတာကြောင့် မတ်ပဲ RC တစ်တန်ဈေးဟာ ဇူလိုင်လမှာ ၇၆ဝဝဝဝ ကျပ်ကျော်လာပါတယ်။ သြဂုတ်လအတွင်းမှာ လှောင်လက်ကုန်သည်တွေ အရောင်း များတဲ့အချိန် Exporterတွေ အဝယ်နှေးပြီး Exporterတွေ ဝယ်လိုအားများတဲ့အချိန် ရောင်းလက်နည်းတဲ့ ဈေးနှုန်း လွန်ဆွဲမှု တွေကြောင့် ဈေးဆက်မတက်ဘဲ တန့်နေခဲ့ပါတယ်။ အောက်တိုဘာလ ၊ နိုဝင်ဘာလတွေမှာ လက်ကျန်လည်း နည်းလာတဲ့အချိန် ဖောက်သည် အိန္ဒိယမှာလည်း ဈေးမြင့်နေတာမို့ မတ်ပဲ RCဈေးက တစ်တန်ကို ၁ဝ သိန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဒီဇင်ဘာလ နှောင်းပိုင်းမှာတော့ ပဲအသစ်ပေါ်မယ့် လာမယ့်လတွေမှာ ကျဈေးနဲ့မိမှာစိုးတဲ့ လှောင်လက်ကုန်သည်တွေ ပဲအဟောင်း ထုတ်ရောင်းမှုတွေရှိလာလို့ မတ်ပဲဈေးအနည်းငယ် ပြန်ကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်တန်ကို ကိုးသိန်းအထက်မှာရှိနေ သေးတာမို့ နှစ်ဦးဈေးအဖွင့်ထက်တော့   သိသိသာသာ ဈေးမြင့်တက်ခဲ့တာကို တွေ့ရပါတယ်။ ပဲတီစိမ်းဈေးလည်း မြင့်တက်ခဲ့    ပဲတီစိမ်းပေါ်ကာစ ပြည်ပတင်ပို့မှု နည်းလို့ နယ်တွေမှာ အရောင်းအဝယ် အနည်းငယ်ဖြစ်ခဲ့ပေမဲ့ ဈေးကတော့ တည်ငြိမ် နေခဲ့ပါတယ်။ မတ်လမှာ ခရမ်း၊ သုံးခွဘက်က ပဲတီရွှေဝါတွေ လှိုင်လှိုင်ပေါ်ပေမဲ့ ဒေါ်လာဈေးမတည်ငြိမ်လို့ ကုန်သည်တွေ အဝယ်နည်းခဲ့တာကြောင့် ပဲတီစိမ်းဈေးအတက်အကျအပြောင်းအလဲများဖြစ်ခဲ့ပါတယ်။ မေ၊ ဇွန်လတွေမှာတော့ ပြည်ပတင်ပို့မှုတွေ အဝယ်သွက်လို့ ဈေးဆက်လက်မြင့်တက်ခဲ့ပါတယ်။ ပဲတီရွှေဝါ FAQ ဈေးဟာ ဇန်နဝါရီလမှာ FOB တစ်တန်ကို ကန်ဒေါ်လာ ၅ဝဝ ဝန်းကျင်ရှိရာမှ ဇူလိုင်လတွေမှာ ကန်ဒေါ်လာ ၇၆ဝ၊ ၇၈ဝ ကို မြင့် တက်ခဲ့ပါတယ်။ စက်တင်ဘာလမှာ ပဲတီစိမ်းအသစ်တွေလည်း လှိုင်လှိုင် ဝင်လာသလို အိန္ဒိယအဝယ်ရှိလို့ ဈေးဆက်ကောင်းခဲ့တာမို့ တောင်သူတွေအကိုျးအမြတ်ရရှိခဲ့ပါတယ်။ အောက်တိုဘာ လမှာတော့ ပြည်ပတင်ပို့သူတွေ ဝယ်လိုအားကောင်းလာလို့ တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၁ဝဝဝ ကျော်ခဲ့ပါတယ်။ နိုဝင်ဘာလမှာ မိုးပဲတီစိမ်းတွေ ဈေးကွက်မှာ ပြတ်လုလုဖြစ်နေပေမဲ့ ပြည်ပတင်ပို့ဖို့ ဝယ်ယူ နေတဲ့ ကုန်သည်ကြီးများက ဒေါ်လာ ပေါက်ဈေး အတက်အကျပေါ်မူတည်ပြီး အဝယ်ရှိလို့ ဈေးအပြောင်းအလဲဖြစ်ခဲ့ပေမဲ့ ဒီဇင်ဘာလဆန်းမှာတော့ FOB ဈေး ကန်ဒေါ်လာ ၁၁၈ဝ ဖြစ်ခဲ့ပါတယ်။ တစ်နှစ်ပတ်လုံးကို ခြုံကြည့်မယ်ဆိုရင် ပဲတီစိမ်းဈေးကလည်း ထက်ဝက်ကျော်မြင့်တက်ခဲ့လို့ တောင်သူရော ကုန်သည်တွေပါ အကိုျးအမြတ်ရရှိခဲ့ပါတယ်။ကုလားပဲဖြူလုံးကြီး ပုံမှန်အရောင်းအဝယ်ဖြစ်    ဒီနှစ်နှစ်ဦးပိုင်း ကုလားပဲဖြူ လုံးကြီးကို ပြည်ပအဝယ်နည်းပေမဲ့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တွေ အဝယ်ပုံမှန်ရှိခဲ့လို့ တစ်တန်ကို ၃၉ဝဝဝဝ ကျပ် ဝန်းကျင်ရှိခဲ့ပါတယ်။ မေလမှာ ရန်ကုန်ဝယ်လက် အဝယ်ရှိလာသလို အခြားပဲဈေးတွေလည်း မြင့်တက်ခဲ့လို့ ကုလားပဲဖြူလုံးကြီးဈေးဟာ တစ်တန်ကို ၅၁ဝဝဝဝ ကျပ်ကျော်ခဲ့ပါတယ်။ တစ်နှစ်ပတ်လုံးအနေနဲ့ ကုလားပဲဖြူ လုံးကြီးကို ပြည်ပတင်ပို့မှု အထိုက်အလျောက်ရှိပေမဲ့ အခြားပဲတွေလို အဝယ်မသွက်ခဲ့လို့ ဈေးတစ်ရှိန်ထိုးမြင့်တက်ခြင်းမရှိခဲ့ပေမဲ့ ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်တွေ အဝယ်ပုံမှန်ရှိနေလို့ ဇန်နဝါရီမှာ FOB ဈေး တစ်တန်ကို ကန်ဒေါ်လာ ၃၈ဝ ရှိရာမှ ဒီဇင်ဘာ လမှာ ကန်ဒေါ်လာ ၆၃ဝ ကို မြင့်တက်ခဲ့ပါတယ်။    အခြားပဲမိုျးစုံဖြစ်တဲ့ ပခုက္ကူဘက် ကထွက်တဲ့ ပဲယင်း၊ ထောပတ်ပဲ၊ ကုလားပဲဝါလုံးကြီးနဲ့ ရွှေဘို၊ မုံရွာဘက် က စားတော်ပဲ၊ ပဲလွန်းဖြူ၊ မြေထောက်ပဲတွေကို ယခင်နှစ်တွေက တရုတ်ဘက်က အဆွဲများပေမဲ့ ဒီနှစ်မှာ ပုံမှန်သာအဆွဲ ရှိလို့ ဈေးနှုန်းအနေနဲ့ အေးခဲ့တယ်လို့ သိရပါတယ်။ တစ်နှစ်ပတ်လုံး ပဲမိုျးစုံ ပြည်ပတင်ပို့မှုတွေကို ဖေါ်ပြလိုက်ပါတယ်။