Main menu

Background

ကုန်သွယ်ရေးသတင်း

အလားအလာကောင်းသည့် ဖရဲသခွား

Mon, 11/25/2019 - 10:40 -- journal_editor

      သီတင်းကျွတ်လို့ မိုးလေကင်းလာတဲ့  ခုလိုအချိန်ရောက်တိုင်း ကွတ်ခိုင်တောင်တန်းတွေကို အားမာန်နဲ့တက်ပြီး မူဆယ်ကိုရောက်လာနေကြ သီးနှံကတော့ ဖရဲ၊ သခွားပဲ ဖြစ်ပါတယ်။ ဝယ်လက်တရုတ်ကလည်း သူတို့ကိုယ်တိုင် ပြည်တွင်းမှာရင်းနှီးပြီး စိုက်ပျိုးထုတ်လုပ်လာသလို မြန်မာပြည်ကထွက်သမျှ ဖရဲသီးတွေကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရဲ့ သစ်သီးဝလံကုန်စည်ဒိုင်မှာ ဈေးနှုန်းလေးတွေချိန်ဆပြီး   ဝိုင်းအားပေးနေကြဆိုတော့ နှင်းတွေဝေနေတုန်း  နံနက်ပိုင်းကပင် စတင်ပြီး စည်ကားလို့နေပါတယ်။ ဖရဲသခွားတွေဆိုတာကလည်း မြန်မာပြည်အနှံ့ကဆိုရလောက်အောင် ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ သီပေါ၊ သိန်းနီ၊ ကျောက်ဆည်၊ တံတားဦး၊ ကျောင်းကုန်း၊ ပုလိပ်၊ လှည်း

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ်(ပသက)နှင့် တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) အမှတ်များအား ၂၀၂၀ ဇန်နဝါရီ ၅ ရက်မှစတင်၍ DIGIT (၉)လုံးဖြင့် စတင်ပြောင်းလဲသုံးစွဲမည်

Mon, 11/25/2019 - 10:28 -- journal_editor

          မြန်မာနိုင်ငံမှာ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအရ နိုင်ငံတကာနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပို့ကုန်သွင်းကုန်ကုမ္ပဏီမှတ်ပုံတင်(ပသက)ပြုလုပ်ပြီးမှသာလိုအပ်သည့်ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များကို လျှောက်ထားနိုင်မည်ဖြစ်သည်။(ခြွင်းချက်အနေဖြင့်ကုန်သွယ်မှုပမာဏတိုးတက်စေဖို့နဲ့ကုန်သွယ်မှု လမ်းကြောင်းပေါ်  ရောက်ရှိစေဖို့အတွက်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် (Individual Trading Card)  စနစ်နဲ့    ကန့်သတ်ပမာဏတစ်ခုနဲ့ ခွင်ပြုချက်ပေးခြင်းမှလွဲပြီး)  အဲဒီအတွက် လုပ်ငန်းရှင်တစ်ဦးသည် ရင်းနှီး/ ကုမ္ပဏီမှတ်ပုံတင်ဌာနမှာကနဦး ကုမ္ပဏီမှတ်ပုံတင်ရမည်ဖြစ်သည်။ ကုမ္ပဏီ

နယ်စပ်ဖြတ်ကျော် မြန်မာ့ဆန်၏ အလားအလာ

Fri, 11/15/2019 - 15:06 -- journal_editor

              ဆန်ကိုပင်လယ်ရေကြောင်းအပြင် နယ်စပ် ဒေသများမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချ လျက်ရှိရာ    မြန်မာနိုင်ငံရဲ့  နယ်စပ်ကုန်သွယ်မှု ပမာဏ  စုစုပေါင်းရဲ့၈၀ရာခိုင်နှုန်းခန့် ဆောင်ရွက် နေတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်း ရွှေဟော်၊ လွယ်ဂျယ်ဘက်ကနေ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ  တရုတ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်   ဆန်တင်ပို့နိုင်မှု   အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂၈၂၉၂၅ ဒသမ ၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၃၆ သန်းဖြင့် စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ၂၀၁၈ မီနီဘတ်ဂျက်ကာလတွင် တန်ချိန် ၅၃၃၁၅၄ ဒသမ ၆၀ တန်၊ တန်ဖိုးအမေရ

မန္တလေး၌ ကုန်သွယ်မှုအခြေခံသင်တန်းဖွင့်လှစ်

Fri, 11/15/2019 - 11:21 -- journal_editor

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   ကုန်သွယ်ရေးဦးစီးဌာန၊   ပို့ကုန်သွင်းကုန်ရုံး(မန္တလေး) တွင် ကုန်သွယ်မှု အခြေခံသင်တန်းအမှတ်စဉ်(၁၀)ကို နိုဝင်ဘာလ ၁ ရက်က  ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူနှင့် စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊   ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးတို့က သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။ သင်တန်း တွင် ကုန်သွယ်မှုဆိုင်ရာဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ ကုန်ပစ္စည်းအရည်အသွေးဆိုင်ရာလုပ်ငန်းများ၊ အကောက်ခွန် ဆိုင်ရာလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမ

မြန်မာ-ထိုင်းနှစ်နိုင်ငံ ပိုမိုရင်းနှီးနွေးထွေးစေမည့်အမှတ်(၂) ချစ်ကြည်ရေးတံတား (မြဝတီ-မဲဆောက်)

Thu, 11/07/2019 - 15:48 -- journal_editor

       အိမ်နီးချင်းနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်သော ထိုင်း နိုင်ငံနှင့် ၁၉၄၈ ခုနှစ်တွင်  သံတမန်စတင်ခဲ့ပြီး ၁၉၈၉  ခုနှစ်တွင် ကုန်သွယ်ရေးသဘောတူစာချုပ်ကိုလည်းကောင်း၊ ၁၉၉၆  ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပြီးနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် ကူးလူးဆက်ဆံမှု ပြုလုပ်ခဲ့ပါတယ်။ အိမ်နီးချင်း နိုင်ငံဆိုသော်လည်း  နှစ်နိုင်ငံ နယ်နိမိတ်များမှာ တစ်ဆက်တည်း ရှိနေသလို မြစ် ချောင်းများနဲ့ပိုင်းခြားထားမှုများလည်းရှိပါတယ်။ ယခုအမှတ် (၂) ချစ်ကြည် ရေးတံတား ထပ်မံဖွင့်လှစ်လိုက်တဲ့ ကရင်ပြည်နယ်  မြဝတီမြို့အနေဖြင့် နှစ်နိုင်ငံကို သောင်းရင်းမြစ်က ဖြတ်သန်းစီးဆင်းနေပြီး နှစ်နိုင်ငံဆက်သွယ်သ

ပြည်တွင်းကုန်သွယ်မှု၏အခြေခံအကျဆုံး သိသင့်သောအချက်များ

Thu, 11/07/2019 - 15:33 -- journal_editor

         မြန်မာနိုင်ငံတွင် လူဦးရေသန်း၅၀ကျော်ရှိသဖြင့်   ပြည်တွင်း ဈေးကွက်ကို မသေးလှသော ဈေးကွက်ဖြစ်သည်ဟု  ဆိုနိုင်ပါသည်။ ပြည်တွင်းကုန်သွယ်မှုအတွက် မည်သည့်ဌာန၊ မည်သည့်အသင်း အဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည်ကို မသဲကွဲလှဟု ထင်မြင်မိပါ သည်။  ဆိုလိုသည်မှာ ဈေးများကို စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူပြီးဆောင်ရွက်နေသည်ဆိုသော်လည်း ကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများသည်   သူ့သဘောသူဆောင်ကာ ဝယ်လိုအား ရောင်းလိုအားပေါ်မူတည်ကာ စီးဆင်းနေသည်ဟုသာ တွေ့ရပါ သည်။ တစ်ခါတစ်ရံတွင် ကုန်စည်စီးဆင်းမှုများ၊ ရောင်းအားဝယ် အားများကို အတိအကျသိရှိရန် မေးမြန်း၍ပင်  မရသကဲ့သို့တွေ့ရ တတ်ပါသည်။ ကုန်ဈေးနှုန်းများကိုသာ ဈေးနှုန်းများအနေဖြင

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ တိုးမြင့်လာမည်

Tue, 11/05/2019 - 12:12 -- journal_editor

       ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကို အောက်တိုဘာ ၃၀ ရက်မှစတင်၍ အပြည့် အဝဖြတ်သန်းခွင့်ပြုပြီးနောက် ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Niyom Wairatpanich ကနှစ်နိုင်ငံကြား နယ်စပ် ကုန်သွယ်မှုတိုးမြှင့်ရေးသည် အရေးကြီးကြောင်း မဲဆောက်မှတစ်ဆင့် ကုန်သွယ်ရေးစီးဆင်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ တိုးတက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနယ်စပ် ကုန်သွယ်ရေးသည် ယမန်နှစ်က ဘတ် ၁၉၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မဲဆောက်မှ နယ်စပ် ကုန်သွယ်ရေးသည် ဘတ် ၈၀ ဘီ

ထိုင်းတွင် အုန်းသီးဈေးကောင်းလာသောကြောင့် မြန်မာ့အုန်းသီးများ ပြန်လည်တင်ပို့မည်

Thu, 10/24/2019 - 13:57 -- journal_editor

          ထိုင်းနိုင်ငံတွင်    အုန်းသီးဈေး ပြန်လည်   ကောင်းလာသောကြောင့် မြန်မာ့အုန်းသီးများ  တင်ပို့မည်ဖြစ် ကြောင်း မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါ ထိုင်းနိုင်ငံ၌ လက်ရှိတွင် အုန်းသီးခြောက် တစ်လုံးလျှင် ထိုင်း ဘတ်ငွေ ၂၀ ခန့် ပေါက်ဈေးရှိနေပြီး ၂၀၁၈ ခုနှစ်က ထိုင်းဘတ်ငွေ ၁၀ ဘတ် မှ ၁၅ ဘတ်အထိသာ ပေါက်ဈေးရှိခဲ့ ကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးမျိုးဝင်း က အောက်တိုဘာ ၁၈ ရက်တွင် ပြော သည်။ “ပြီးခဲ့တဲ့နှစ်မှာ ကုန်သည်တွေက မူဆယ်ဘက်ကိုပဲ တင်ပို့ကြပါတယ်။ ဒီနှစ် ဈေးပြန်ကောင်းလာလို့ ပြန်ပြီး တင်ပို့ဖြစ်တာပါ။ အုန်းသီးဈေးနှုန်းနဲ့ တင်ပို့ရမယ့် တန်ချိန်ကိုတော့ ညှိနှိ

မြန်မာနိုင်ငံအတွင်းရှိ ကျွဲ၊ နွားများအား တရုတ်က တရားဝင်လက်ခံခြင်းမရှိသေး

Thu, 10/24/2019 - 13:53 -- journal_editor

        ပြည်တွင်းရှိ ကျွဲ၊ နွားများအား  မြန်မာနိုင်ငံဘက်မှ တရားဝင်တင်ပို့ခွင့် ရရှိပြီဖြစ်သော်လည်း တရုတ်နိုင်ငံဘက်က  တရားဝင်လက်ခံခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က အောက်တိုဘာ ၁၁ ရက်တွင် ပြောသည်။  သို့ဖြစ်၍ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် လက်ရှိတွင် မြန်မာ့ ကျွဲ၊ နွားများအား  တရုတ်နိုင်ငံဘက်က တရားဝင်လက်ခံလာနိုင်ရေးအတွက်  ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “အခု တရုတ်က တရားဝင်လက်ခံလာနိုင်ဖို့ ညှိနှိုင်းနေတယ်။ မြန်မာနိုင်ငံကတော့  တင်ပို့ခွင့်ကို တရားဝင်ပေးလိုက်ပြီ။  တရုတ်ကတော့ တရားဝင် လက်မခံသေးဘူး။ အခုလက်ရှိက တရားမဝင်လမ်းကြောင်းကန

အကောက်ခွန် ကင်းလွတ်ခွင့်ခံစားနိုင်သည့် FORM-Dကို အွန်လိုင်းဖြင့် ဆောင်ရွက်နိုင်တော့မည်

Thu, 10/24/2019 - 13:29 -- journal_editor

         လက်ရှိ အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှု ပြုလုပ်ရာတွင် အကောက် ခွန် ကင်းလွတ်ခွင့်များအား ခံစားနိုင်ရန် အတွက် အာဆီယံပင်ရင်းနိုင်ငံ သက် သေခံလက်မှတ် (Form-D) လဲလှယ်ခြင်း ကို အီလက်ထရောနစ်နည်းဖြင့် လာမည့် နိုဝင် ဘာလတွင် စတင်ကျင့်သုံးတော့ မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီး ဌာန၊ MACCS ဌာနခွဲ၏ ညွှန်ကြားရေး မှူးဖြစ်သူ ဦးဝင်းသန့်က ပြောသည်။ အောက်တိုဘာ ၁၇ ရက်က မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ပြု လုပ်သည့် ASEAN Single Window တွင် ဝင်ရောက် ချိတ်ဆက်၍ ATIGA e-Form Ds လဲလှယ်ခြင်းဆိုင်ရာ ကိစ္စ ရပ်များအား အများပြည်သူသို့ အသိပေး ကြေညာခြင်း   (Public Awareness)

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း