အလားအလာကောင်းသည့် ဖရဲသခွား
သီတင်းကျွတ်လို့ မိုးလေကင်းလာတဲ့ ခုလိုအချိန်ရောက်တိုင်း ကွတ်ခိုင်တောင်တန်းတွေကို အားမာန်နဲ့တက်ပြီး မူဆယ်ကိုရောက်လာနေကြ သီးနှံကတော့ ဖရဲ၊ သခွားပဲ ဖြစ်ပါတယ်။ ဝယ်လက်တရုတ်ကလည်း သူတို့ကိုယ်တိုင် ပြည်တွင်းမှာရင်းနှီးပြီး စိုက်ပျိုးထုတ်လုပ်လာသလို မြန်မာပြည်ကထွက်သမျှ ဖရဲသီးတွေကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရဲ့ သစ်သီးဝလံကုန်စည်ဒိုင်မှာ ဈေးနှုန်းလေးတွေချိန်ဆပြီး ဝိုင်းအားပေးနေကြဆိုတော့ နှင်းတွေဝေနေတုန်း နံနက်ပိုင်းကပင် စတင်ပြီး စည်ကားလို့နေပါတယ်။ ဖရဲသခွားတွေဆိုတာကလည်း မြန်မာပြည်အနှံ့ကဆိုရလောက်အောင် ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ သီပေါ၊ သိန်းနီ၊ ကျောက်ဆည်၊ တံတားဦး၊ ကျောင်းကုန်း၊ ပုလိပ်၊ လှည်း