မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များ တရုတ် ပြန်ဝယ်နေ
တရုတ်နိုင်ငံဘက်မှ အဝယ်ရပ်ဆိုင်းထားသောကြောင့် မူဆယ်နယ်စပ်တွင် သောင်တင်နေသည့် မြန်မာ့ဆန်များကို ယင်းနိုင်ငံမှ ပြန်လည်ဝယ်ယူနေ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ယင်းသို့ဝယ်ယူမှုကြောင့် မူဆယ်နယ်စပ်၌ သောင်တင်နေခဲ့သည့် ဆန်တန်ချိန် ငါးသောင်းကျော်မှာ လက်ရှိတွင်တန်ချိန် နှစ်သောင်းလောက်သာ ကျန်ရှိတော့ကြောင်း အဆိုပါဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင် လွင်က ဇူလိုင် ၄ ရက်တွင် ပြောသည်။ "အခု မူဆယ်ဘက်ကနေ တစ်နေ့ကို တန်ချိန် ၁၀၀၀၊ ၁၅၀၀ လောက် ထွက်နေတယ်။ အခုနောက်ပိုင်းမှာ တန်ချိန် နှစ်သောင်းလောက်ပဲရှိတော့တယ် ဆိုတော့ နေ့စဉ်ဆန်တွေ ထွက်နေ တယ်။ သူတို့ဘက်ကလည်း စစ်ဆေးပြီးတော့ ယ