နယ်စပ်စခန်းစုံမှ ကြက်သွန်နီရော ကြက်သွန်ဖြူပါတင်ပို့
ဇူလိုင် ၈ ရက်မှ ၁၄ ရက်အထိ ရက်သတ္တပတ်အတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၅၀၃၇၅ တန်ဖိုးရှိ ကြက်သွန်နီ ၁၁၃ တန်ကို တရုတ် နိုင်ငံသို့ လည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၁၀၂၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၂၄ တန်ကို ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့ခဲ့ပါတယ်။အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်း မှ အမေရိကန် ဒေါ်လာ ၅၆၂၉ တန်ဖိုး ရှိ ကြက်သွန်ဖြူ ၂၁ တန်ကျော်ကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့လည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၄၄၃၁ တန်ဖိုးရှိ ကြက်သွ