မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန် ပိုမိုတင်ပို့
မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၂၈ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၈၈၈၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ် က ၇၄၇၆ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၂၁၄ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခုတစ်ပတ်မှာ မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းသုံးခုလုံးမှ ရေထွက်ကုန်များပိုမိုတင်ပို့ခဲ့ တဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။