မြန်မာထိုင်းနယ်စပ်မှ ရေထွက်ကုန်များပိုမိုတင်ပို့
မြန်မာ-ထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်ထိသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၂၉ သန်းတန်ဖိုးရှိ ရေထွက်ကုန်မျိုးစုံ ၅၇၈၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ၄၉၉၈ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ ၇၈၈ တန်ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ မြိတ်ကုန်သွယ်ရေးစခန်းမှ ရေထွက်ကုန် လျော့နည်းတင်ပို့ခဲ့ပေမယ့် မြဝတီကုန်သွယ်ရေးဇုန်နဲ့ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ရေထွက် ကုန်များပိုမိုတင်ပို့ခဲ့တဲ့အတွက် ယခုလိုပိုမိုရခြင်းဖြစ်ပါတယ်။










