တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် နှစ်သောင်းနီးပါးတင်ပို့
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းသုံးခုမှ ဇွန်လ ၂၄ ရက်မှ ၃၀ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၇၄၅ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၉၄၂၈ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ၁၃၈၅၀တန်၊ လွယ်ဂျယ်မှ ၅၀၂၆ တန်နဲ့ ချင်းရွှေဟော်မှ ၅၅၂ တန်ကျော် ဖြစ်ပါတယ်။ ယခင် တစ်ပတ်က အဆိုပါ စခန်းများမှ ပြောင်းတန်ချိန် ၁၇၈၂၅ တန်ကျော် တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ်မှာ ၁၆၀၃ တန် ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဇွန်လ တစ်လ လုံး တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ပြောင်းတန်ချိန် ၅၅၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို