စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်းတန် ၇၀ တင်ပို့
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ဖေဖော် ဝါရီ ၂၅ ရက်မှ မတ်လ ၃ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၀၇၉ သန်း တန်ဖိုးရှိ ရေချို ငါးမြစ်ချင်းတန် ၇၀ ခန့် တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ရေချိုငါးမြစ် ချင်းကို တင်ပို့နိုင်ခြင်းမရှိဘဲ ယခုတစ် ပတ်မှသာ ပြန်လည်တင်ပို့နိုင်တာ တွေ့ ရပါတယ်။ စစ်တွေကုန်သွယ်ရေးစခန်း မှ ရေချိုငါးမြစ်ချင်းအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၀၅၀ သန်း တန်ဖိုးရှိ ငါးစုံလေးခြောက်၊ မန်ကျည်း စေ့၊ ဆီးယိုထုတ်၊ သစ်ခေါက်၊ ချင်းစို၊ ဆီးခြောက်နဲ့ ဆီးဖတ်တို့ကို တန် ၃၈၀ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။