မူဆယ်မှ ရေထွက်ကုန် ပိုမိုတင်ပို့
မူဆယ် (၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ ရက် အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၀၇ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၇၀၇ တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က အမေရိကန် ဒေါ်လာ သုညဒသမ ၉၁၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန် ၄၃၀ ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန်ဖိုးအားဖြင့် အမေ ရိကန်ဒေါ်လာ သုညဒသမ ၆၉၆သန်း၊ တန်ချိန်အားဖြင့် ၁၂၇၇ တန် ပိုမို တင်ပို့ခဲ့ပါတယ်။










