တောင်ကြီးဈေးကွက် ကြက်သွန်ဖြူအဝင်နည်းလာ
တောင်ကြီးဈေးကွက်မှာ ကြက်သွန်ဖြူလည်း အဝင်နည်းလာပါပြီ။ ပြန်စိုက် ပျိုးတော့မယ့် အချိန်ရောက် လာတာ ဖြစ်လို့တောင်သူတွေက မျိုးတွေသန့်တာရယ်၊ ပြန်စိုက်ဖို့ မြေပြုပြင်တာရယ်ကြောင့် လာရောက်ရောင်း ချတာ နည်း သွားလို့ တစ် ပတ်ကိုပိဿာချိန်တစ်သောင်းနှစ်သောင်းခန့်သာ အဝင်ရှိတော့တယ်လို့ သိရပါ တယ်။ ကြက်သွန်ဖြူကို သီတင်းကျွတ်မှာစစိုက်ပြီး တန်ဆောင်မုန်းမှာအပြီးစိုက်ပျိုး ကြပါတယ်။ အချို့တောင်သူတွေက တော့ စက်တင်ဘာလ လယ်ခန့်မှာစပြီး စိုက်ပျိုး ကြမှာလို့လည်းသိရပါတယ်။ တောင်ကြီးခရိုင်က စိုက်တဲ့ကြက်သွန်ဖြူတွေက မြန်မာ ပြည်အနှံ့စီးဆင်းပေမယ့် လွိုင်လင်ခရိုင်၊ လဲချား၊ မိုင်းပန်မြို့နယ်ကထွက်တဲ့ ခရမ်းစွဲ ကြက်သွန်ဖြူ ကတေ










