ယခုနှစ်အတွင်း ထောပတ်သီး တန်ချိန် ၅၀ဝ၀ ခန့် တင်ပို့ရန်လျာထား
ယခုနှစ် ထောပတ်သီးရာသီတွင် ပြည်ပနိုင်ငံများဖြစ် သည့် ထိုင်း၊ တရုတ်နှင့် အိန္ဒိယဈေးကွက်များထံသို့ ထောပတ် သီးတန်ချိန် ၅၀ဝ၀ ခန့် တင်ပို့နိုင်ရေး လျာထားလျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း (MAVO)မှ သိရသည်။
ပြည်တွင်းမှထွက်ရှိသည့် ထောပတ်သီးများကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC)၏ သတ်မှတ်ချက်များနှင့်အညီ ပင်လယ်ရေကြောင်းမှ တရားဝင်တင်ပို့နိုင်ရေး ပြင်ဆင်လျက် ရှိပြီး လာမည့်၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံဘက် က လိုအပ်သည်များ လာရောက်စစ်ဆေးရန်ရှိနေကြောင်း သိရသည်။
