အလုပ်အကိုင်အခွင့်အလမ်း ၃၃၀ဝ ကျော်ကို ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂၀ အား ခွင့်ပြု
အလုပ်အကိုင်အခွင့်အလမ်း ၃၃၀ဝ ကျော်ကို ဖန်တီး ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၂၀ ခုအား ခွင့်ပြုပေး ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၆)အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက် မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ရုံးအမှတ်(၅)အစည်းအဝေးခန်းမ တွင် ကျင်းပရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။
