ယခုတစ်ပတ် ဆန်တင်ပို့မှုလျော့ကျ
စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကာလအတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၇ သန်းတန်ဖိုးရှိ ဆန် ၁၀၂၀၇ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှငစိန်ဆန် ၅၁၇၃ တန် ကျော်နဲ့ ဧည့်မထဆန် တန် ၁၁၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၀၂ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၆၃၂ တန်ခန့် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၁၉၁၄ တန် လျော့နည်းခဲ့ပါ တယ်။ဆန်ကွဲတင်ပို့မှုမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၁၄၅၀ တန်နဲ့ လွယ်ဂျယ်မှ ၃၁၄ တန်ခန့်တင်ပို့ခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၃ သန်း တန်ဖိုးရှိ ဆန်ကွဲ၁၇၆၄တန်ခန့်တင်ပို့ခဲ့ပါတယ်။