တာချီလိတ်၊မူဆယ်၊မြဝတီ ကုန်သွယ်ရေးဇုန်တို့မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူတင်ပို့
ဇွန်နောက်ဆုံးပတ်တွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၂၈၇၃၉၅ တန်ဖိုးရှိတဲ့ ကြက်သွန်နီ တန် ၁၁၀၀ ကျော်တင်ပို့နိုင်ခဲ့သလို မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၁၇၆၂ တန်ဖိုးရှိ ကြက်သွန်နီ ၆၃၆ တန်ခွဲနဲ့ အမေရိကန်ဒေါ်လာ ၅၈၈၂၉ တန်ဖိုးရှိ ကြက်သွန်ဖြူ တန်၄၀၊ တာ ချီလိတ်ကုန်သွယ်ရေးစခန်းမှ ပုံမှန်တင်ပို့နေကျ အမေရိကန်ဒေါ်လာ ၆၃၇၇၁ တန်ဖိုးရှိ ကြက်သွန်ဖြူ ၄၆ တန်ကိုတင်ပို့ခဲ့ပါတယ်။