Main menu

Background

ကုန်သွယ်ရေးသတင်း

ယခင်တစ်ပတ်ထက် တန်ချိန်ထက်ဝက်ကျော်အဝင်လျော့

Thu, 07/07/2016 - 14:48 -- journal_editor

ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ၁၅၃၄၃၀၇ တန် ဖိုးရှိ မြေသြဇာ ၇၆၃၀ ဒသမ ၅၀ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ဒီတစ်ပတ် တရုတ်နိုင်ငံ မှ တန်ချိန် ၃၅၂၀၊ ဂျပန်နိုင်ငံမှ တန်ချိန် ၃၂၀၊ မလေးရှားမှ တန်ချိန် ၂၀၀၊ စင်ကာပူမှ တန်ချိန် ၇၁၀၊ ထိုင်းနိုင်ငံမှ ၂၀၄၄ ဒသမ ၅၀ တန်နဲ့ ဗီယက်နမ်မှ ၈၃၆ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ တင် သွင်းခဲ့တဲ့အမျိုးအစားများမှာ ကယ်လ်ဆီယမ်၊ အမိုးနီးယမ်းဆာလဖိတ်၊ ကယ်လ် ဆီယမ်ဆီလီကာနဲ့ အခြားအမျိုးအစားများ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင် သီတင်းပတ်မြေသြဇာအဝင်မှာ တန်ချိန် ၁၅၀၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင် တန်ချိန် ထက်ဝက်ကျော်အဝင်လျော

မြန်မာ - ထိုင်းနယ်စပ်မှ ငါးမျိုးစုံ တန် ၁၇၀၀၀ ကျော် တင်ပို့

Mon, 07/04/2016 - 15:07 -- journal_editor

 မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၆ သန်းတန် ဖိုး ရှိ ရေချိုငါးမျိုးစုံ ၁၇၂၃ တန်ကို တင်ပို့ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ရေချိုငါးမျိုးစုံ ၄၂ တန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းမှ တန် ၃၉၀၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ၅၃၁၅ တန်ကို အသီးသီးတင်ပို့ခဲ့ပါတယ် ။ မြဝတီကုန်သွယ်ရေး မှ ရေချိုငါးမျိုးစုံအပြင် ဂဏန်း ၁၃ တန်၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပုဇွန် ၂ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်နဲ့ အခြားရေထွက် ၁၉ တန်ကျော် မြိတ်ကုန်သွယ်ရေး စခန်းမှ ငါးမှုန့် ၂၅၄ တန်ကျော် ရေငံပုဇွန် ၁၆တန်ခ

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရက်သတ္တပတ်အတွင်း ဆန်ရော၊ ဆန်ကွဲပါ ပိုမိုတင်ပို့

Mon, 07/04/2016 - 15:05 -- journal_editor

ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၇၀၁ သန်းဖိုးရှိ ဆန်ဖြူ ၁၂၈၁၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ကုန်သွယ်ရေး စခန်းအလိုက်တင်ပို့မှုများ မှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် တန် ၆၃၀၀၊ဧည့်မထ ဆန် တန် ၂၁၅၀၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန်   ၁၉၃ တန်ကျော်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှငစိန်ဆန် ၄၁၄၄ တန်ကျော်နဲ့ ကန်ပိုက် တီး ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန် ၃၀ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ITC ဖြင့် မော်တော်ဆိုင်ကယ်များအား စခန်းအသီးသီးမှ တင်သွင်းခွင့်ပြု

Mon, 07/04/2016 - 15:03 -- journal_editor

နယ်စပ်ဒေသများရှိ လုပ်ငန်းရှင်ငယ်များ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်လာစေရေးအတွက်  ပြည်တွင်းဝယ် လိုအားရှိတဲ့ တစ်ဖက်အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့်  တရုတ်နယ်စပ်)မှ မော်တော်ဆိုင်ကယ်များကို ITC ကတ်နဲ့ တင်သွင်းခွင့်ပြုလိုက်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနမှ သိရ ပါတယ်။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် ကတITC ရှိတဲ့ လုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကို  မော်တော် ဆိုင်ကယ် တစ်စီးနှု န်းဖြင့် တစ်ပတ်လျှင်ငါးစီးအထိ တစ်ကြိမ် တည်းစုဆောင်းတင်သွင်းလိုပါကလည်း လိုင်စင်ဆောင်ရွက် ခွင့်ပြုပေးမယ်လို့ သိရပါတယ်။

နယ်စပ်စခန်းစုံမှ ကြက်သွန်နီတင်ပို့

Mon, 07/04/2016 - 14:32 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာ  ရက်သတ္တပတ်တွင် အမေရိကန် ဒေါ်လာ ၄၀၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန်ချိန် ၁၅၀၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်း နယ်စပ် ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိ ကန်ဒေါ်လာ ၁၄၄၅၁၆ တန်ဖိုးရှိ ကြက်သွန်နီ ၄၃၇ တန်ခွဲနဲ့ တာချီလိတ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်၁၀၀ နဲ့ အမေရိ ကန်ဒေါ်လာ ၁၄၇၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူ တန် ၁၀၀ အသီးသီး တင်ပို့ခဲ့ကြပါတယ်။

ချင်းရွှေဟော်စခန်းမှသာ နှမ်းတင်ပို့မှုရှိ

Tue, 06/21/2016 - 14:53 -- journal_editor

        ဇွန် ၄ ရက်မှ ၁၀ ရက်တာ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၂၂၅၁၉၀ တန်ဖိုးရှိတဲ့ နှမ်းနက် ၁၆၀ တန်ကျော်နဲ့ ကန်ဒေါ်လာ ၁၉၈၆၀၀ တန်ဖိုးရှိ နှမ်းဖြူ ၁၆၄ တန်ကို တင်ပို့ခဲ့ ပါတယ်။

Imperial အမှတ်တံဆိပ် ဝီစကီ၊ ရမ်၊ ဗော့ဒကာနဲ့ ဂျင်တို့ကို နိုင်ဂျီရီးယားနဲ့ စင်ကာပူနိုင်ငံသို့ တင်ပို့ပြီ

Wed, 06/01/2016 - 13:53 -- journal_editor

Imperial  အမှတ်တံဆိပ် ဝီစကီ၊ ရမ်၊ ဗော့ဒကာနဲ့   ဂျင်တို့ဟာ အပြည်ပြည်ဆိုင်ရာ ဝီစကီပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့အတွက် နိုင်ငံ တကာဈေးကွက်သို့ ခြေလှမ်းစတင်လှမ်းနေပြီဖြစ်ပါတယ်။
ပြည်တွင်းထုတ် မြန်မာဝီစကီများ ပြည်ပနိုင်ငံများသို့ ဈေးကွက် ဝင်ခဲ့တာ ၂၀၀၅ ခုနှစ်  အစောပိုင်းကာလများကတည်းကဖြစ်ပြီး ွGrand Royal, Myanmar, Nandaw, Royal စသည့်အမှတ်တံဆိပ

ချင်းရွှေဟော်နဲ့ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကြံတင်ပို့

Wed, 06/01/2016 - 13:44 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ မေ ၁ ရက်မှ ၂၀ ရက်အထိ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၄၅၄ သန်း တန်ဖိုးရှိ ကြံ ၉၀၆၁ တန်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်း
မှ ကန်ဒေါ်လာ သုည ဒသမ ၀၃၀ သန်းတန်ဖိုးရှိ ကြံ တန် ၁၀၀၀ တင်ပို့နိုင်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် ဧပြီလတွင် ချင်းရွှေဟော်စခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၇၁၂ သန်း တန်ဖိုးရှိ ကြံ ၃၄၂၂၄ တန်တင်ပို့ခဲ့ပြီး
လွယ်ဂျယ်စခန်းကတော့ တင်ပို့မှု မရှိခဲ့ဘူးလို့ သိရပါတယ်။   ကြံတစ်တန်ရဲ့ လိုင်စင်ဈေးမှာ ဒေါ်လာ ၅၀ ရှိ ကြောင်း သိရပါတယ်။                                                                        

   မြင့်မြင့်မာ

ယခင်တစ်ပတ်ထက် သရက်သီးတန် ၇၀၀ ကျော်ပိုမိုတင်ပို့

Wed, 06/01/2016 - 13:38 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ မေ ၁၄ ရက်မှ ၂၀ ရက်တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၄၆၉ သန်းတန်ဖိုးရှိ သရက်သီး ၄၃၂၀ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။

ပြည်ကြက်သွန်နီဈေးကွက်တွင် အိတ်ဆွဲသမားများ တွက်ခြေကိုက်

Thu, 05/26/2016 - 11:45 -- journal_editor

 ပြည်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း အောင်လံစကြက်သွန်နီများ ဝင် ရောက်မှုများနေပြီး   ပွဲရုံလက်ကားဈေးအနေဖြင့် ပိဿာ ၃၀ ဝင် တစ်အိတ်လျှင် ကျပ် ၁၅၀၀ ခန့် ကျဆင်းသွားကြောင်း သိရပါတယ်။ မြို့မစည်ပင်ဈေးကြီးရှိ ပွဲရုံ များ၌ လက်ကားဈေးအနည်းငယ်ကျဆင်းမှုကြောင့် အိတ်ဆွဲသမားများ အဝယ် လိုက်နေပြီး လက်ကားတစ်ပိဿာ(ကြီး) ကျပ် ၅၀၀ ၊ (လတ်) ကျပ် ၄၅၀၊ (သေး) ကျပ် ၄၀၀တို့နှင့် ပုံမှန်ထက်အနည်းငယ်အရောင်းအဝယ်ကောင်း လာကြောင်း သိရပါတယ်။ အဝင်များလို့ ပွဲရုံဈေးကျပေမယ့် လက်လီဈေးတွင် အသေးများဈေး မကျဘဲ ပုံမှန်တစ်ပိဿာကို (ကြီး) ကျပ် ၆၅၀၊ (လတ်) ကျပ် ၆၀၀၊ (သေး) ကျပ် ၅၀၀ တို့နှင့် ရောင်းဝယ်လျက်ရှိနေပါတယ်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း