Main menu

Background

Monday, 13 Oct 2014

ယခင် ITCဖြင့်ခွင့်ပြုခဲ့တဲ့သွင်း ကုန်ပစ္စည်း ၂၄၃ မျိုးတွင် ဓာတ်မြေသြ ဇာခွင့်ပြုမှုပါဝင်နေသဖြင့် လက်ရှိတွင် ဓာတ်
မြေသြဇာတင်သွင်းခွင့်နဲ့ပတ်သက်၍ ''ဓာတ်မြေသြဇာတည်ဆဲဥပဒေအရ  ဓာတ်မြေသြဇာ တင်သွင်းခွင့်အား ဥပဒေ ပုဒ်မ (၄၄) နှင့် လုပ်ထုံးလုပ်နည်းများအပိုဒ် (၂၃)အရ လိုင်စင်ရယူရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူးချုပ်၏ထောက်ခံချက်ရယူရန် လိုအပ်ကြောင်း "မြန်မာ့စိုက်


ပျိုးရေးလုပ်ငန်းမှ သတ်မှတ်ထားရှိ၍ ITC ဖြင့်ဓာတ်မြေသြဇာခွင့်ပြုထားမှုမှာ သင့်လျော်မှုမရှိကြောင်း စိစစ်တွေ့ရှိရ တဲ့အတွက် ဓာတ်မြေသြဇာ ခွင့်ပြုထားမှုအား ပယ်ဖျက်လိုက် ကြောင်း သတင်းရရှိပါတယ်။
သို့ပါ၍ ITC ခွင်ြ့ပုမှုများ အနေဖြင့် ယခင်ခွင့်ပြုပြီးဖြစ်တဲ့  ပို့ကုန် ၁၆၀ မျိုးနဲ့ သွင်းကုန် ၂၄၃ မျိုးတို့ အပြင် လိုင်စင် ရယူ ရန်မလိုသော HS လိုင်းအလိုက် ထုတ်ပြန်ထားရှိတဲ့ ပို့ကုန် ၉၈၃ လိုင်းနဲ့ သွင်းကုန် ၂၀၇၉ လိုင်းတို့အား လည်း ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်းနဲ့ ယခင် ITC ဖြင့် ခွင့်ပြုထားသည့် သွင်းကုန် ၂၄၃ မျိုးမှ ဓာတ်မြေ သြဇာတင်သွင်းခွင့်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ နယ်စပ်ဒေသ နေပြည်သူများ၊ အသေးစား ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ ဒေသခံတိုင်းရင်းသားများရိုးရှင်း လွယ်ကူစွာကုန်သွယ်မှုဆောင်ရွက်နိုင်ရန်၊ တရားမဝင်ကုန်သွယ်မှုများ တရားဝင် ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိပြီးကုန်သွယ်မှုပမာဏ တိုးတက်မြင့်မားလာစေရန်နဲ့နိုင်ငံတော် အတွက် အခွန်အခများတိုးတက်ရရှိစေရန် နယ်စပ်စခန်းအသီးသီးမှာ ITC နဲ့ လုပ်ငန်း ဆောင်ရွက်ခွင့်အား ခွင့်ပြုပေး ခဲ့တဲ့အပြင် မန္တလေးတိုင်းဦးစီးမှူးရုံး၊ ကျိုငးတုံရုံးခွဲတို့တွင်လည်း ITC နဲ့ ဆောင်ရွက်ခွင်ြ့ပုပေးခဲ့ပြီးဖြစ်ပါတယ်။
ယခင်က   ITC  ဖြင့် စတင်ဆောင် ရွက်ခွင့်ပြုရာမှာ Automatic Lice-nsing  စနစ် (ကျပ်ငွေကြေး)ဖြင့် ခွင့်ပြုထား တဲ့ ပို့ကုန် ၁၅၃ မျိုး၊ သွင်းကုန် ၂၄၂ မျိုးတို့ကို ခွင့်ပြုခဲ့ရာမှ ပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုးတို့အား No Licence Requirement အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီး  ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော EICC မှ ITCနဲ့ပါ ဆောင်ရွက်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့သဖြင့် ၎င်း No Licence Requirement  ပစ္စည်းများကိုလည်း ITC ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့သလို ITC ပို့ကုန်အဖြစ် ၁၆၀ မျိုးနဲ့သွင်း ကုန်အဖြစ် ၂၄၃ မျိုး တို့ကိုလည်း ထပ်မံဆောင်ရွက်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။   
ယခုအခါ လိုင်စင်ရယူရန်မလိုသော ကုန်ပစ္စည်းများအား လွယ်ကူရှင်း လင်းစေရန်အတွက် HS 2012 Ver-sion  အရ HS လိုင်းအလိုက် စိစစ်သတ် မှတ်၍ ပို့ကုန်တွင် HS လိုင်း ၉၈၃ လိုင်း၊ သွင်းကုန်တွင် ၁၉၂၆ လိုင်း တို့အပြင် HS ၁၅၃ လိုင်းကိုပါ လိုင်စင်မလိုသည့် ကုန်စည်စာရင်းအဖြစ် ထပ်မံထုတ်ပြန်ခဲ့သောကြောင့် HS လိုင်းအလိုက် ထုတ်ပြန်ထားရှိမှုများကိုITC ဖြင့် ဆောင်ရွက်သူများကိုပါခွင့်ပြုပေးရန် စက်တင်ဘာလ ၁၂ ရက်နေ့ကပြုလုပ်သော ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနရဲ့ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးအမှတ်စဉ် ၁၆/၂၀၁၄ နှင့် စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော EICC (၁၇၄-၁၇၅)/၂၀၁၄တို့သို့ တင်ပြခဲ့ရာ ခွင့်ပြုပေးရန် သဘော တူ ဆုံးဖြတ်ပေးခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတင်းရရှိပါတယ်။

 

Monday, 13 Oct 2014

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့် နှစ်က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ်  ၅/၂၀၀၀ နှင့် ၆/ ၂၀၀၀တို့အား လက်ရှိဆောင်ရွက်လျက်ရှိတဲ့ အခြေအနေများနှင့် ကိုက်ညီမှုမရှိတော့တဲ့အတွက် ပယ်ဖျက်လိုက်ကြောင်း ၂၀၁၄ ခုနှစ် စက်တင်ဘာလ၃၀ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၆၀/၂၀၁၄ ဖြင့် ပြည်ထောင်စုဝန်ကြီး ရုံးမှ ထုတ်ပြန်


လိုက်ပါတယ်။
အမိန့်အမှတ် ၅/၂၀၀၀ မှာ မြန်မာ-တရုတ် နယ်စပ်ဒေသနဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသ၊ အမိန့်အမှတ် ၆/၂၀၀၀ မှာ
မြန်မာ-ထိုင်းနယ်စပ်ဒေသ များမှာ နှစ်နိုင်ငံသုံးငွေကြေး၊ အမေရိကန်ဒေါ်လာတို့ဖြင့်ရောင်းဝယ်ခွင့်ပြုထားပြီးရောင်းချ တဲ့ငွေကြေးဖြင့် အခွန်ပေးဆောင်ရန် ၂၀၀၀ ပြည့်နှစ်က ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ပါတယ်။
ယခုအခါ နယ်စပ်ဒေသများမှာ ကုန်သွယ်မှုနည်းလမ်းအလိုက် ဆောင်ရွက်ခွင့်ပြုတဲ့ငွေကြေး၊ ဆောင်ရွက်ခွင့်ပြုတဲ့ကုန်
ပစ္စည်းများကို သတ်မှတ်ထားပြီး ဖြစ်တဲ့အပြင် အခွန်ကောက်ခံမှုအပိုင်းကို သက်ဆိုင်ရာဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဥပဒေ အရ ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါတယ်။ ထို့အပြင် သွင်းကုန်လိုင်စင် ကြေးကိုလည်း ကျပ်ငွေဖြင့်ကောက်ခံနေ ပြီဖြစ် တဲ့အတွက် လက်ရှိဆောင်ရွက်လျက်ရှိသော အခြေအနေနဲ့ကိုက်ညီခြင်းမရှိသဖြင့် ယခင်ထုတ်ပြန်ထားသော အမိန့် အမှတ် ၅/၂၀၀၀ နှင့် ၆/၂၀၀၀ တို့အား ပယ်ဖျက်လိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

 

Monday, 13 Oct 2014

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှာ ၂၀၁၄ခုနှစ် အောက်တိုဘာလ၃ရက် လက်ကားဆန်ဈေးအရဖျာပုံပေါ် ဆန်းလတ်စတစ်အိတ်၃၃၀၀၀ကျပ်၊ ထိပ်စ တစ်အိတ် ၃၄၅၀၀ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စတစ်အိတ် ၃၁၀၀၀ ကျပ်၊ ထိပ်စ တစ်အိတ် ၃၃၀၀၀ ကျပ်၊ ပေါ်ကျွဲလတ်စတစ်အိတ်၂၅၅၀၀ ကျပ်၊ ထိပ်စတစ်အိတ်၂၆၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း


တစ်အိတ် ၄၃၀၀၀ ကျပ်မှ ၄၄၅၀၀ ကျပ်အသီးသီးဖြစ်ပေါ်ခဲ့လို့ ယခင်အပတ်ထက် ဆန်ချောတစ်အိတ် ၅၀၀ ကျပ်မှ ၁၀၀၀ ဝန်းကျင် ဈေးပြန်အေးခဲ့ပါတယ်။ ယခင်တစ်ပတ်က မြင့်လာတဲ့ ဆန်ဈေးဟာ မူရင်းဈေးကို ပြန်ပြီး ငြိမ်သွား တာဟာ အရောင်းအဝယ်ပြန်လေး သွားတာကြောင့်လို့ ဈေးကွက်က ဆိုပါတယ်။ ဧည့်မထ လတ်စ တစ်အိတ် ၁၆၅၀၀ ကျပ်၊ ထိပ်စ တစ်အိတ် ၁၈၀၀၀ ကျပ်၊မိုးသုခ တစ်အိတ် ၁၈၂၀၀ ကျပ်၊ ဆင်းသွယ်လတ် တစ်အိတ် ၂၀၀၀၀ကျပ်၊ နွေ ဆန်တစ်အိတ် ၁၅၃၀၀ ကျပ်မှ ၁၆၅၀၀ ကျပ် ဖြစ်ခဲ့လို့ ယခင်တစ်ပတ်ထက် တစ်အိတ် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း ဈေးဆက်ကျလာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ကကျနေတဲ့ ဆန်ကြမ်းဈေးဟာ ယခု သီတင်းပတ်မှာ အ နည်းငယ် ဆက်ကျတာဟာ တရုတ်လိုင်း မဆွဲတဲ့အချိန် ရန်ကုန် FOB သမားတွေလည်း ငြိမ်နေ ကြလို့ ရောင်းလိုသူများနေခြင်းကြောင့် ဖြစ်တယ်လို့ ကုန်စည်ဒိုင်ဈေးကွက်က သိရပါတယ်။ ရန်ကုန်ဈေးကွက် အ တွင်း ဧည့် မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၅၀ ကီလိုကို ၁၄၃၀၀ ကျပ်-၁၄၅၀၀ ကျပ်ခန့် ရှိပြီး ယခင် အ ပတ်ထက် တစ်အိတ်ကို ၅၀၀ ကျပ်ဈေးဆက်ကျလာကြောင်း၊ ရန်ကုန် FOB မှရောင်းထားသော်လည်း တရုတ်လိုင်း အဆွဲစပါးသစ်အပေါ်နဲ့ ဈေးကွက်အခြေအနေကို ကြည့်ပြီး စောင့်ဝယ်ကြကြောင်းသိရပါတယ်။ တရုတ်လိုင်း မူဆယ် မှာအောက်တို ဘာလ ၃ ရက်နေ့ ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ် နွေရှယ်တစ်အိတ် ၁၃၂-၁၃၅ ယွမ်၊ ဧည့်မထ ၁၅ မှတ် ၇၄၇ တစ်အိတ် ၁၃၀-၁၃၂ ယွမ်၊ ငစိန် ၁၀ မှတ် တစ်အိတ် ၁၂၄-၁၃၂ ယွမ် အ သီးသီးဖြစ်ပေါ်ခဲ့လို့ယခင် တစ်ပတ်ကျနေတဲ့ ဈေးဟာယခုအပတ်မှာ ၈-၉ ယွမ်ဝန်းကျင်ကျခဲ့ကြောင်း၊ အောက်တိုဘာလ ၃ရက် မူဆယ်ငွေ လဲနှုန်းဟာတစ် ယွမ်ကို ၁၆၀ ဒသမ ၇၇ ကျပ်ဖြစ်လို့ ယခင်အပတ်ထက် ၁ ဒသမ ၈၃ ကျပ်ဈေးကျခဲ့ကြောင်း ၊အောက်တိုဘာလ ၁ ရက်နေ့က တရုတ်ကုန်သည်အချို့ အနည်းငယ်ပြန်ဝယ်သော်လည်း ဆန်ဈေးကျခြင်း၊ နယ် စပ်ငွေ လဲနှုန်းကျနေခြင်းတို့ကြောင့် မကိုက်ကြကြောင်း သိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခု ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၂၆ ရက်အထိ တန်ချိန် ၇ ဒသ မ ၃၃ သိန်းကျော်၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ သန်း ၂၇၀ ကျော် ရရှိနေကာ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၂ ဒသမ ၈၃ သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၉၇ သန်းကျော်ပိုမိုတင်ပို့ထားနိုင်တာတွေ့ရပါတယ်။ ဆန်ဈေးကွက် ရှေ့အလားအလာ မှာ တရုတ်လိုင်းက ပြန်မဆွဲခဲ့ရင် အကြမ်းစများ လကုန်ပတ်အထိ အခြေအနေမေ ကာင်းနိုင်သေးဘဲ ဆန်ချောတွေ က ခပ်အေးအေးနဲ့ဆက်သွားနိုင်တိ့ ကုန်စည်ဒိုင်ဈေးကွက်မှသိရပါတယ်။

 

Friday, 10 Oct 2014

ယခင်ကမော်တော်ကား တင်သွင်းမှုနှင့် ပတ်သက်၍ ပိတ်ပင်ထားခဲ့ပြီး အထူးပါမစ်ဖြင့်သာ ခွင့်ပြုမှုကြောင့်နိုင်ငံတ ကာနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ ကားအများစုမှာ ဥပဓိရုပ်မကောင်းတော့သည့် ကားအိုကားဟောင်းများသာရှိခဲ့ပါ သည်။ အဆိုပါ ကားဟောင်းများ၏ ဈေးပင်လျှင်သိန်း၂၀၀ နှင့်အထက် ဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင်မြန်မာနိုင်ငံသည်

Tuesday, 30 Sep 2014

 
တာချီလိတ်တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့အနေနဲ့ တရားမဝင်ကုန်သွယ်မှုတားဆီးရေး လုပ်ငန်းများ၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများနဲ့ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများရရှိရေး အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်။

Tuesday, 30 Sep 2014

 
ဖျာပုံခရိုင်မှာ ယမန်နှစ် မိုးနွေစပါးစိုက်ဧက ၁၁ ဒသမ ၉၆ သိန်းဧကစိုက်ပျိုးခဲ့ပြီး၊ မိုးစပါးအထွက်နှုန်း၄၈ဒသမ၆၂တင်း၊ နွေ စပါး ၈၁ ဒသမ ၀၇ တင်း နှုန်းထွက်ရှိရာ နွေစပါးတင်းပေါင်း ၇၀၁ ဒသမ ၉၅ သိန်းကျော် ထွက်ရှိတယ်လို့ သိရပါတယ်။ မိုးစပါးစိုက်ပျိုး ရာသီချိန်မှာ ရေကြီး နစ်မြှုပ်မှုရှိခဲ့သော်လည်း အချိန်မီ ပြန်လည် စိုက်ပျိုးနိုင်ခဲ့တဲ့အတွက်

Pages