Background
မွန်ပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်သော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး ရာသီဥတုမှာလည်း အပူပိုင်းမုတ်သုံရာသီဥတုဖြစ်သဖြင့် ကောက်ပဲ သီးနှံ၊ သစ်သီးဝလံ၊ ရေထွက် သယံဇာတများ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် ဒေသထွက်ကုန် အများအပြားထွက်ရှိသည့် ပြည်နယ်တစ်ခုဆိုလျှင်လည်း မှားမည်မထင်ပါ။ မွန်ပြည်နယ်၏ထင်ရှားသော ဒေသထွက်ကုန် အချို့မှာ ဆန်၊ စပါး၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများ၊ ဆား၊ သစ်သီးဝလံများ၊ ဝဥ စသည်တို့ဖြစ်သည်။
ဆန်/စပါး
မြန်မာနိုင်ငံထုတ်ကုန်များ ပြည်ပဈေးကွက်သို့ ကျယ်ကျယ် ပြန့်ပြန့် ထိုးဖောက်ဝင်ရောက်နိုင်စေရေးအတွက် ပစ္စည်းအမျိုးအစား မှန်ကန်ခြင်းအပြင် မှန်ကန်သည့်တိုင်းတာမှုနှင့်အလေးချိန်မှန်ကန်ရန် အလွန်အရေးကြီးသည်။ မြန်မာ့ စီးပွားရေးလုပ်ငန်းများသည် နာမည် ကောင်းရရှိစေရန် သမာသမတ်ကျရန် လိုအပ်သည်။သို့မှသာ စားသုံး သူများအနေဖြင့် မြန်မာ့ကုန်စည်များကို စိတ်ချယုံကြည်စွာ စားသုံး ခြင်း၊ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ့စီးပွားရေး အဖွဲ့ အစည်းနှင့် အကျိုးတူစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်မှု များ ရရှိခြင်းမှတစ်ဆင့်ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာမည်ဖြစ် သည်။မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေး
ကြက်သွန်နီဆိုလျှင် မြန်မာများက စားဖိုဆောင်သီးနှံအဖြစ် မှတ်ယူကြသည်။ စားဖိုဆောင်သီးနှံဖြစ်သည်မှာ မှားသည်ဟု မဆို နိုင်ပါ။ သို့ရာတွင် ကြက်သွန်နီသည် မူလဇာစ်မြစ်မှာ ဟင်းသီးဟင်း ရွက်ဟုဆိုနိုင်ပါသည်။ ဟင်းသီး ဟင်းရွက်ဝင်ဆိုသည့်အတိုင်း ပုပ်သိုး ပျက်စီးလွယ်ပါသည်။သဘာဝပတ်ဝန်းကျင်အတိုင်းဆိုလျှင် ကြာရှည် အထားမခံပါ။ မြန်မာနိုင်ငံတွင် ရိုးရာဓလေ့အားဖြင့် ဝါးကြမ်းခင်း၊ ဝါးထရံကာဖြင့် သိုလှောင်ထားလေ့ရှိပြီး တစ်နှစ် သို လှောင်ထားသို လေ့ရှိသည်။ ဆောင်းကြက်သွန်နီသည် မတ်လတွင်ထွက်ရှိပြီး သိုလှောင်လေ့ရှိကြသည်။ မြန်မာနိုင်ငံတွင် အရည်အသွေးအကောင်း ဆုံး ကြက်သွန်နီဟု သတ်မှတ်ထားသည့် ကြက်သွန်နီမှာ မြစ်သား ကြက်
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးကို ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများနှင့် အစိုးရတို့က ဆောင်ရွက်ကြသည်။ ယေဘုယျအား ဖြင့် ကုန်သွယ်မှုကို ထိန်းကျောင်းသောအစီအမံများသည် နိုင်ငံခြား ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု အပြန်အလှန် ရောင်းချခြင်းကို ကန့်သတ်ထားသည်။ တစ်နည်းအားဖြင့် ကုန်သွယ်မှု ကို ထိန်းကျောင်းသောအစီအမံများမှာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို ကန့် သတ်ထားသော အစိုးရ၏ ပေါ်လစီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၏ အဓိကအတားအဆီးများမှာ သဘာဝ အတားအဆီးများ (Natural barriers) ၊ အကောက်ခွန်ကို ထိန်းကျောင်းသော အစီအမံများနှင့် အကောက်ခွန်မဟုတ်သော အတားအဆီးများ (Natural barriers)) ဖြစ်သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO)၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး သဘောတူစာချုပ်(Trade Facilitation Agreement -TFA) သည် ၂၀၁၇ ခုနှစ်တွင် စတင်သက်ဝင်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ ကြား ဆယ်စုနှစ် တစ်ခုကျော် ဆွေးနွေးညှိနှိုင်းပြီးနောက် TFA စတင် သက်ဝင်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် WTO TFA သဘောတူ စာချုပ်အရ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံအဆင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး အစီအမံများကို လိုက်ပါအကောင်အထည်ဖော်ကြ သည်။
(ယခင်တစ်ပတ်မှအဆက်)
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း မူလတန်းနှင့်အလယ် တန်းအဆင့်အထိ စားသုံးသူကာကွယ်ရေးအသိပညာပေး(Consumer Education) သင်ကြားနိုင်ရေး ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဟု ရှုမြင်ပါသည်။ ဤနေရာတွင်ဖော်ပြလိုသည်မှာ ယခင်အစိုးရ စာသင်ကျောင်းများ၌ ပြည်သူ့နီတိအသိပညာပေး အစီ အစဉ်များ ပြဋ္ဌာန်းခဲ့ဖူးသည်။ ၎င်းပညာကို သင်ကြားခဲ့ဖူးသော ပုဂ္ဂိုလ်များ၏ အသိပညာမြင့်မားမှု၊ ယဉ်ကျေးလိမ္မာမှုနှင့် တိုင်းကျိုး ပြည်ကျိုး သယ်နိုင်မှုများတွင် မသင်ကြား မလေ့လာခဲ့သူများထက် သာလွန်သည်ဟု ပြောဆိုစမှတ်ပြုကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ (၁)၌ သြဂုတ် ၂၃ ရက် မွန်းလွဲ ၂ နာရီက Virtual စနစ်ဖြင့် ကျင်းပပြုလုပ် ခဲ့သည့် စာပေနှင့် အနုပညာလက်ရာများ၊ ဆက်နွှယ် သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင် ခြင်းဆိုင်ရာ နည်းဥပဒေများ(မူကြမ်း)နှင့် စပ်လျဉ်း သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြားခဲ့ သည်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ စုပေါင်းအစည်း အဝေးခန်းမ၌ သြဂုတ် ၂၄ ရက် နံနက် ၉ နာရီက Virtual စနစ်ဖြင့် ကျင်းပ ပြုလုပ်သည့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/ ၂၀၂၂)ဖွင့်ပွဲအခမ်းအနားသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကား ပြောကြားခဲ့ သည်။ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာန အသီးသီးအနေဖြင့် ကုန်သွယ်မှုတိုးမြှင့် ရေး၊ ဘာသာရပ်နှင့် နည်းပညာဆိုင်ရာ များကို တတ်သိနားလည် ကျွမ်းကျင်စွာ ဖြင့် တာဝန်ထမ်းဆောင်နိုင်ရေးနှင့် ဝန်ကြီးဌာန၏ဂုဏ်ကို မြှင့်တင်ရေးတို့ နှင့်ပတ်သ
သြဂုတ် ၂ ရက် နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် စက်မှု ဒီဇိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၌ မူပိုင်ခွင့်ဆိုင်ရာ ဥပဒေများဖြစ်သည့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင် ခွင့်ဥပဒေ၊ တီထွင်မှုမူပိုင်ခွင့် ဥပဒေ၊ စာပေနှင့် အနု ပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၆ ရက် နံနက် ၁၀ နာရီတွင်Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဆန် ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ဆက် လက်တိုးတက် ဖွံ့ဖြိုး စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။