Main menu

Background

Monday, 4 Dec 2023

နိုင်ငံတော်၏   စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်  စပ်လျဉ်း၍ ဦးတည်ဆောင်ရွက်လျက်ရှိရာတွင်   ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက်   ဆီထွက်သီးနှံစိုက်ပျိုးမှုကို   အားပေးမြှင့်တင်ပြီး ပန်းတိုင် ရည်မှန်းချက်အတိုင်းထွက်ရှိအောင်  ဆောင်ရွက်၍   နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး ကိုလည်း ဦးတည်ဆောင်ရွက်လျက်ရှိသည်။

Monday, 20 Nov 2023

ရှေးနှစ်ပေါင်းများစွာကပင် လူတို့သည်  အိမ်ထောင်ပရိဘောဂ များကို သုံးစွဲခဲ့ကြသည်။ စားပွဲ၊ ကုလားထိုင်၊ ဘီရို၊ ခုတင်  စသော ပစ္စည်းများကို  သုံးစွဲလာခဲ့ကြသော်လည်း ပုံပန်းသဏ္ဌာန်၊အမျိုးအစား၊ အဆင်အပြင်သည် တစ်ခေတ်နှင့်တစ်ခေတ် မတူချေ။ ဘီစီ ၃၀ဝ/ ၄၀ဝ ခန့်ကပင် အီဂျစ်နိုင်ငံတွင် ဘုရင်များသည် ခုတင်များဖြင့် အိပ် ခဲ့ကြလေသည်။ ရှေးဦးပေါ် ကုလားထိုင်များသည်  ယခုခေတ်ကဲ့သို့ ကျောမှီ၊ လက်တင်စသည် မပါသေးဘဲ ခြေလေးချောင်းတပ် ထိုင်ခုံ (ခွေးခြေ)များသာ ဖြစ်ကြသည်။ ရှေးအီဂျစ်လူမျိုးတို့သည် သစ်သား များကို ကောင်းစွာပြုပြင်ပြီး အိမ်ထောင်ပရိဘောဂများ  သုံးစွဲခဲ့ ကြောင်း သူတို့၏ ရှေးဟောင်းဂူသင်္ချိုင်းနံရံရှိ

Tuesday, 7 Nov 2023

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် နိုဝင်ဘာ ၃ ရက်တွင် သင်္ဂဟဟိုတယ် နေပြည်တော်၌ စီးပွား ရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့  ပူးပေါင်း၍ ကျင်းပပြုလုပ်သော Myanmar Rice Online (MyRO) Website မိတ် ဆက်ပွဲအခမ်းအနား Go-Live Ceremony)နှင့် MyROတွင် ဆန်စပါး သိုလှောင်ရုံ များ  မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍  ရှင်းလင်းဆွေးနွေးပွဲသို့  တက်ရောက်အမှာ စကားပြောကြားသည်။    

Tuesday, 10 Oct 2023

စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေ များဆိုင်ရာ  အသိပညာပေးအစီအစဉ်ကို   ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (့ငြ်္ဃဃှု) ခန်းမ၌ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။  

Monday, 25 Sep 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ  နန်နင်းမြို့၌  အကြိမ် (၂၀) မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့်  စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးများကို စက် တင်ဘာ ၁၆ ရက်မှ   ၁၉ ရက်အထိ    လေးရက်တာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။ 

Monday, 11 Sep 2023

ဂျပန်နိုင်ငံသည် ကမ္ဘာ့တတိယအများဆုံး  ပျားရည်တင်သွင်း သည့်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင်  အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၈ သန်းတန်ဖိုး တင်သွင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံတွင် ပျားရည်သုံးစွဲမှု၏ ၉၅ ရာခိုင်နှုန်းကို   ပြည်ပမှ တင်သွင်းလျက်ရှိပြီး နှစ်စဉ် ပျမ်းမျှအားဖြင့် တန်ချိန် ၄၅၀ဝ၀ ကျော်   တင်သွင်းလျက်ရှိ သည်။

Monday, 11 Sep 2023

မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ                  (၂၀၂၁) ဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ရှမ်းပြည် နယ် (အရှေ့ပိုင်း)တာချီလိတ်ခရိုင် ကျိုင်းလပ် နယ်စပ်ကုန်သွယ်ရေး စခန်း  ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  တက် ရောက်၍  ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်သည်။

Wednesday, 30 Aug 2023

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံ အများအပြားရှိသည့်အနက် နှမ်းသီးနှံသည်လည်း အပါအဝင်ဖြစ်သည်။ နှမ်းသီးနှံ၏ မူရင်းဒေသမှာ အာရှတိုက်နှင့် အာဖရိကတိုက် အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများတွင် စတင်စိုက်ပျိုးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နှမ်းသီးနှံကို ရှေးမြန်မာမင်းများလက်ထက်  ပုဂံခေတ်နောက်ပိုင်းကာလများတွင် စတင်စိုက်ပျိုးကြောင်း သိရသည်။ နှမ်းဆီကို ဟင်းချက်ရာတွင် လည်းကောင်း၊ ဆေးအဖြစ်လည်းကောင်း၊ ဆီမီးပူဇော်ရန်အတွက် လည်းကောင်း၊ မုန့်မျိုးစုံပြုလုပ်ရာတွင်လည်းကောင်း အသုံးပြုကြသည်။ နှမ်းနက်သည် ပြည်ပသို့တင်ပို့ရန်အတွက် အထောက်အကူပြုသည့် ကုန်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။

Monday, 14 Aug 2023

စဥ့်လုပ်ငန်းအတတ်ပညာကို အာရှအနောက်ပိုင်းနိုင်ငံများတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၉၀ဝ ခန့်ကပင် လုပ်ကိုင်နေခဲ့ကြပြီး၊ မြန်မာ နိုင်ငံတွင် ၁၁  ရာစုခန့်(ပုဂံခေတ်)တွင် စဥ့်သုတ်လုပ်ငန်းကို လုပ် ဆောင်တတ်ခဲ့ကြသည်ဟု ယူဆကြောင်း ပညာရှင်များကဆိုသည်။ ပုဂံခေတ် အိုးလုပ်ငန်းသည် စဥ့်သုတ်အတတ်ပညာကို ရရှိလာသဖြင့် များစွာဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ၁၁ ရာစုအလယ်ခန့်က တည်ထားခဲ့ သည်ဟု ခန့်မှန်းရသော ငကျွဲနားတောင်းဘုရားကို စဥ့်အုတ်များဖြင့် တည်ဆောက်ထားသည်ကို  တွေ့ရှိရကြောင်း သမိုင်းပညာရှင်များ ကဆိုသည်။  ပုဂံမြို့တောင်ဘက် နှစ်မိုင်အကွာ မြင်းကဘာရွာတွင် စဥ့်ဖိုများရှိသည်။ ၁၂ ရာစုက တည်သောဘုရားများတွင် အစိမ်းရေ

Monday, 31 Jul 2023

ရှေးယခင်ကာလများတွင် ပျားရည်ကို   ဆေးဝါးအဖြစ်ရော စားသုံးစရာ တစ်ခုအနေနဲ့ပါ  အသုံးပြုခဲ့ကြသည်။  အပင်မှရသည့် ဒြပ်ပေါင်းများြွကယ်ဝစွာပါဝင်နေသည့် ပျားရည်သည် ခန္ဓာကိုယ်ကို အားရှိစေသလို  ကျန်းမာရေးအတွက်လည်း အကျိုးများစေပါသည်။ ခပ်ချိုချိုအရသာရှိခြင်းကြောင့် သကြားအစား အသုံးပြုကြသည့် ပျားရည်သည် ကယ်လိုရီပါဝင်မှု  လုံးဝမရှိသည့်အတွက် ကျန်းမာရေး နှင့်လည်း အထူးပင်သင့်လျော်ပါသည်။ 

Pages