Main menu

Background

Tuesday, 28 Mar 2023

စစ်ကိုင်းဂစ်တာလုပ်ငန်းကို အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် ၁၉၇၄ ခုနှစ်မှစ၍ မိရိုးဖလာ လက်ဆင့်ကမ်းအမွေအဖြစ် ခံယူပြီး ဦးကျော်သိန်းက မောင်ကျော်သိန်း ဂစ်တာနာမည် အမှတ်တံဆိပ်ဖြင့် တစ်ဦးတည်းစတင်ထုတ်လုပ်ခဲ့ရာ စစ်ကိုင်းအိုးဟု မြန်မာတစ်နိုင်ငံလုံးတွင် ထင်ပေါ်ကျော်ကြားခဲ့သည်။ မိရိုးဖလာအမွေအဖြစ် မျိုးဆက်သစ်များက ဆက်လက်ထိန်းသိမ်းခဲ့ပြီး လေ့လာသင်ကြားစူးစမ်းထုတ်လုပ်ခဲ့ကြသဖြင့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှစ၍  ဆန်းသစ်တီထွင်မှုများနှင့် အတူ နိုင်ငံတကာအဆင့်မီ ကြိုးတပ်တူရိယာပစ္စည်းမျိုးစုံ ထုတ်လုပ်နိုင်ခဲ့ကြသည်။

Friday, 17 Mar 2023

နယ်စပ်ကုန်သွယ်ရေးဆိုသည်မှာ

Wednesday, 1 Mar 2023

ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသော ပတ်ဝန်းကျင်များ ဖော်ထုတ်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများ ပေးစွမ်းနိုင်ရေး၊ လုံခြုံရေးနှင့် ဧည့်စာရင်း စီမံခန့်ခွဲမှုစနစ်တို့ အသုံးပြု၍ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ဝိုင်းဝန်းပူးပေါင်ဆောင်ရွက်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။ ဟိုတယ်အဆင့်အတန်းကို ဟိုတယ်အခန်းဖွဲ့စည်းမှု၊ အသုံးအဆောင်ပစ္စည်းများ အရည်အသွေး၊ ဟိုတယ်ဝန်ထမ်းများ၏ အရည်အသွေး ဝန်ဆောင်မှု စံချိန်စံညွှန်းများ၊ အဆောက်အအုံ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ အရည်အသွေးများအပေါ် မူတည်သတ်မှတ်ခြင်းဖြစ်သည်။ ဟိုတယ်တစ်ခုအတွက

Tuesday, 21 Feb 2023

ကြိမ်ဟူသော  ဝေါဟာရသည် မြန်မာ့ဝေါ ဟာရဖြစ်ပြီး ရူပဗေဒပညာရပ်တွင် CHLAMUS  အင်္ဂလိပ်အခေါ် CANE ဟု လည်းကောင်း၊  RATTAN ဟုလည်းကောင်း  ခေါ်ဝေါ်ပါသည်။ ကမ္ဘာပေါ်တွင် ကြိမ်အမျိုးပေါင်း ၃၇၅ မျိုးရှိရာ မြန်မာနိုင်ငံ၌ ၃၄ မျိုးခန့်ရှိပြီး ကုန်းပေါ်တွင်ပေါက် သော ကုန်းကြိမ်နှင့် ရေစပ်တွင်ပေါက်သော ရေ ကြိမ်ဟူ၍   နှစ်မျိုးခွဲခြားထားသည်။  ကုန်းကြိမ်သည် ပင်စည်ကြီးပြီး ရေကြိမ်သည် နွယ်ဆန်သည့်အပင် မျိုးဖြစ်ကာ ပင်လုံးသေး ပါသည်။ မြန်မာနိုင်ငံတွင် ကြိမ်ပေါက်ရောက်ရန် ရေမြေတောတောင်သဘာဝ ရာသီဥတုနှင့်  ကိုက်ညီသော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတို့တွင်  

Thursday, 19 Jan 2023

ကမ္ဘာ့အလယ်တွင် မြန်မာဟု ဂုဏ်တင်ဝင့်ကြွား စကားဆိုနိုင် ခြင်းမှာ မြန်မာ့ယဉ်ကျေးမှုစစ်စစ်အမွေအနှစ်တို့  ခိုင်မာတောင့်တင်း စွမ်းအားမြင့်မားခြင်းအပေါ်တွင် တည်မှီသည်ဟု ယုံကြည်ပါသည်။ ထို မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ပန်းဆယ်မျိုးမှာ ရှေ့တန်းမှ ပါဝင် ကြောင်း တွေ့ရသည်။ ပန်းဆယ်မျိုးမှာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့ ၊ ပန်းတမော့၊ ပန်းပု၊ ပန်းရန်၊  ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်းတို့ ဖြစ်သည်။

Thursday, 19 Jan 2023
,

၀ါသီးနှံ၏သမိုင်း

ဝါသီးနှံရဲ့သက်တမ်း ဘယ်လောက်ရှိတယ်ဆိုတာ မည်သူမျှမသိကြပါဘူး။ သိပ္ပံပညာရှင်များရဲ့ ရှာဖွေတွေ့ရှိချက်အရ မက္ကဆီကိုမှာရှိတဲ့ ဂူတွေထဲမှာ ဝါအသီးတွေနဲ့ ပိတ်စအနည်းငယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အဲဒီပိတ်စတွေရဲ့သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း  ၇၀ဝ၀ သက်တမ်းရှိတယ်ဆိုတာတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ယနေ့ခေတ်အခါမှာတော့ အမေရိကားလိုဒေသတွေမှာ အများအပြား စိုက်ပျိုးလျက်ရှိပါတယ်။ 

Monday, 2 Jan 2023

မြန်မာနိုင်ငံသည် ပြည်ပသို့ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်း၊ ပဲမျိုးစုံ၊ ရော်ဘာ၊ ရေထွက်ကုန်နှင့် သစ်တောထွက်ကုန်များကို တင်ပို့လျက်ရှိသည်။ ထိုသို့ ပြည်ပသို့ ကုန်စည်များကို တင်ပို့ရာတွင် နှစ်ဦးနှစ်ဖက် သဘောတူချုပ်ဆိုကြသည့် အရောင်းအဝယ်စာချုပ် သတ်မှတ်အရည်အသွေးများနှင့် ကိုက်ညီမှုရှိအောင် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့သည်။ ပြည်ပသို့ တင်ပို့ရာတွင်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု(Overseas) နှင့် နယ်စပ်ကုန်သွယ်မှု (Border Trade) တို့ဖြင့် တင်ပို့နေသည်။

Tuesday, 20 Dec 2022

ပုသိမ်မြို့ မြို့တော်ခန်းမတွင် ဒေသတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို   ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၂နာရီတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်  ဌာနဆိုင်ရာများ၊ ကုမ္ပဏီ/စီးပွားရေးအသင်းအဖွဲ့များ မြို့ပေါ် နှင့် မြို့နယ်များရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်၍ ပြခန်းပေါင်း ၆၀ ကျော်နှင့် ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

Thursday, 8 Dec 2022

Resin သည် ကော်ရည်တစ်မျိုးဖြစ်ပြီး   ဓာတုဗေဒ အခေါ်အဝေါ်အရ Polyepoxide  တစ်နည်းအားဖြင့်  ပိုလီမာဓာတ်ပေါင်း တစ်မျိုးဖြစ်သည်။ Plant Resin  ကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပြီး ဂရိလူမျိုးများမှာPlant Resin  အား အမွှေးတိုင်လို  ရနံ့အတွက် အသုံးပြုကြကြောင်း လေ့လာသိရှိရသည်။

Tuesday, 22 Nov 2022

မွန်ပြည်နယ်သည် တောင်ကုန်းတောင်တန်းများ ထူထပ်သော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး ရာသီဥတုမှာလည်း  အပူပိုင်းမုတ်သုံရာသီဥတုဖြစ်သဖြင့် ကောက်ပဲ သီးနှံ၊ သစ်သီးဝလံ၊    ရေထွက် သယံဇာတများ   ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုလည်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုရလျှင် ဒေသထွက်ကုန်  အများအပြားထွက်ရှိသည့်  ပြည်နယ်တစ်ခုဆိုလျှင်လည်း မှားမည်မထင်ပါ။ မွန်ပြည်နယ်၏ထင်ရှားသော ဒေသထွက်ကုန် အချို့မှာ ဆန်၊ စပါး၊  ရော်ဘာ၊ ရေထွက်ပစ္စည်းများ၊ ဆား၊ သစ်သီးဝလံများ၊ ဝဥ စသည်တို့ဖြစ်သည်။    
ဆန်/စပါး

Pages