Main menu

Background

မိုးထဲရေထဲက ကယား-မယ်ဟောင်ဆောင် ကုန်စည်ပြပွဲ

Fri, 08/07/2015 - 18:26 -- journal_editor

     ဒီရက်ပိုင်းအတွင်း မုတ်သုန်ကလည်း အားကောင်းပြီးရင်း ကောင်းနေတော့ တစ်နိုင်ငံလုံးလိုလိုမှာ နေရာအနှံ့ မိုးတွေရွာသွန်းနေ ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ဒီတစ်ပတ်အတွင်းမှာ ဖွဲဖွဲရွာလိုက် သဲသဲရွာ လိုက်နဲ့ နေ့ရာညပါ မိုးကောင်းနေခဲ့ပါတယ်။ မြို့ရဲ့လမ်းဆုံလမ်းခွ လူစည်ကားရာ  နေရာတွေမှာတော့ မြန်မာနိုင်ငံ ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ပြည်နယ်တို့ ချစ်ကြည်ရေး ဘောလုံးကစားကြမယ်၊ ဒေသ ထွက် ကုန်ပြပွဲလည်းပြုလုပ်မယ်၊ မည်သူမဆိုလာရောက် ကြည့်ရှုအားပေးနိုင်ပါတယ်လို့ ကြေငြာထားပါတယ်။ မှန်ပါတယ်၊ မိုးရာသီ၊ မိုးတွင်းကာလမှာ မိုးရွာတာကလည်း မိုးရဲ့တာဝန်ပဲဖြစ်သလို ကယားပြည်နယ်၊ လွိုင်ကော်မြို့ က ကျောင်း အားကစားကွင်းနဲ့ မြို့တော်ခန်းမမှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေကလည်း မိုးကိုမမှုဘဲ သူတို့တာဝန်ကို သူတို့ကျေပွန်အောင် ထမ်းဆောင်နေကြပါတယ်။
     ကယားပြည်နယ်ဟာ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်း ငြိမ်းချမ်းတည်ငြိမ်ပြီးကတည်းက အိမ်နီးချင်းတို့ထုံးစံအတိုင်း မယ်ဟောင်ဆောင် ပြည်နယ်နဲ့ နှစ်အိမ့်တစ်အိမ်လို ကိုယ်စားလှယ်အဖွဲ့တွေ ဝန်ထမ်းအဖွဲ့တွေ ကုန်သည်အဖွဲ့တွေ အစိုးရတာဝန်ရှိသူတွေ ဦးဆောင်ပြီး အပြန်အလှန်ဝင်ထွက်သွားလာလည်ပတ်နေကြပါတယ်။ ခုလည်း ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ဇူလိုင်လ ၂၅ ရက်နေ့က လွိုင်ကော် မြို့ကိုရောက်ရှိခဲ့ပါတယ်။ ချစ်ကြည်ရေးဘောလုံးလည်းကစားကြမယ်၊ ယဉ်ကျေးမှုအကတွေလည်း အပြန်အလှန်ကပြ ဖျော်ဖြေကြမယ်၊ နှစ်နိုင်ငံဒေသထွက်ကုန်စည်ပြပွဲလည်း ပြုလုပ်ကြမှာဖစ်ပါတယ်။ အဲဒီနေ့ ညနေ ၄း၀၀ နာရီ က လွိုင်ကော်မြို့ ကျောင်းသားပွဲတော် အားကစားကွင်းမှာ မယ်ဟောင်ဆောင်ခရိုင် ဘောလုံးအသင်းနဲ့ လွိုင်ကော်ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြတာ လွိုင်ကော်ခရိုင် အသင်းက နှစ်ဂိုးတစ်ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။
     တစ်ချိန်တည်းမှာပဲ လွိုင်ကော်မြို့တော်ခန်းမအတွင်းမှာ နှစ်နိုင်ငံဒေသထွက်ကုန်စည်ပြပွဲအတွက် ခင်းသူခင်း၊ ကျင်းသူကျင်း၊ ပြသူပြ၊ သသူသ၊ ပြင်သူပြင်နဲ့ အလုပ်များနေကြပါတယ်။ ပြခန်းပေါင်း ၃၀ ရှိပြီး၊ ထိုင်းနိုင်ငံမှ ပြခန်း ၂၀ နဲ့ မြန်မာမှ ၁၀ ခန်း ပြသမှာဖြစ်ပါတယ်။ မြန်မာဘက်မှ ကယားပြည်နယ်ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်အသင်းအဖွဲ့များ၊ သတ္တုဝန်ကြီးဌာနရဲ့ ကယားပြည်ထွက်သတ္တုများ၊ ကယားပြည်နယ် ရက်ကန်းအတတ် သင်ေ ကျာင်း နဲ့ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ ချည်ထည်ထွက်ကုန်များ၊ စက်မှုရပ်ကွက်များမှ ထုတ်ကုန်များ၊ ကယားပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ၊ မိုးကုတ်သဘာဝကျောက်မျက်များနှင့် ပန်းချီများ၊ အရှေ့သံလွင် ကုမ္ပဏီမှ သစ်အချောထည်များ၊ ပရိဘောဂနှင့်ပါကေးအခင်းများ၊ မယ်စဲ့နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်းမှ ပို့ကုန်များ၊ ကယားပြည်နယ်၏ တမ်းတဖွယ်ရာ ရှုမြှော်ခင်းဓါတ်ပုံများ စသည်ဖြင့် ဝေေ၀ဆာဆာခင်းကျင်းပြ သရန် စီစဉ်ထားပါတယ်။ ထိုင်းနိုင်ငံဘက်မှ အဓိကဦးဆောင်အဖွဲ့ဖြစ်တဲ့ OTOP (One Tombn One Product)ကထုတ်လုပ်တဲ့ ရိုးရာချည်ထည်များ၊ အဝတ်အထည်နှင့် အင်္ကျီလုံချည်များ လက်မှုအနုပညာ အမှတ်တရလက်ဆောင် များ၊ လက်မှုချည်ထည်ပိုက်ဆံအိတ်များ၊ ဖိနပ်များ၊ သစ်ခြေခံစားသောက်ကုန်၊ နှမ်းဆီ၊ လိမ်းဆေး၊ ကျန်းမာရေး၊ ဆန်လုံးညိုနှင့်ကောက်ညှင်းဆန်၊ သြဂဲနစ်ကော်ဖီမှုန့်၊ လက်တွေ့ဖျော်သောက် ကော်ဖီမှုန့်၊ဆောက်လုပ်ရေး လုပ်ငန်း သုံးဝက်အူများ၊ သွပ်မိုးများ၊ မိုဘိုင်းတယ်လီဖုန်းဟန်းဆက်များ၊ တက်ဘလက်များစတဲ့ကုန်ပစ္စည်းမျိုးစုံပါဝင် ခင်းကျင်းရောင်းချကြတာ တွေ့ရပါတယ်။ မယ်ဟောင် ဆောင်ခရိုင်မှ လုပ်ငန်းရှင် စုစုပေါင်း ၇၈ ဦးဟာ မော်တော်ယာဉ် ၁၃ စီးနဲ့ လာရောက်ခဲ့ကြပါတယ်။
     ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၉း၀၀ နာရီမှာတော့ မိုးထဲရေထဲ မှာပဲ ကယားပြည်နယ် အစိုးရဝန်ကြီးချုပ်၊ မယ်ဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှူး၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးတို့က နှစ်နိုင်ငံ ဒေသထွက်ကုန်ပစ္စည်း၊ ကုန် စည်ပြပွဲကို ဖွင့်လှစ်ပေးခဲ့ကြပါတယ်။ အဲဒီနောက် ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ကယားပြည်နယ်အစိုးရ ဝန်ကြီးချုပ်ဦးခင်မောင်ဦးက မယ်စဲ့နယ် စပ်ကုန်သွယ်ရေးလမ်းကြောင်း တရားဝင်ဖွင့်လှစ်နိုင်ရေး မြန်မာဘက် မှ OSS အဖွဲ့များ အား တာဝန်များပေးအပ်ထားပြီးဖြစ်ကြောင်း၊ မယ်ဟောင်ဆောင် အုပ်ချုပ်ရေးမှူးအနေနဲ့လည်း အဆိုပါ လမ်းကြောင်အား အမြန်ဆုံးဖွင့်လှစ်နိုင်ရန်အတွက် ထိုင်းအစိုးရကို တိုက် တွန်းပေးစေလိုကြောင်း၊ ဖွင့်လှစ်ြ ဖစ် ပါက ကုန်စည်ကူးသန်း သွားလာမှုသာမက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကိုပါ အထောက်အကူဖြစ်စေ ပြီး၊ ပြည်နယ်နှစ်ခုလုံး ဝင်ငွေတိုးစေ မှာဖြစ်ကြောင်း၊ ကယားပြည်နယ် အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် NES ရဲ့ အစီအမံနဲ့ ITC မှ ပြည်ပ ပညာရှင်များက သုံးနှစ်စီမံချက်ချမှတ်ကာ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။
     မယ်ဟောင်ဆောင်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Surapot Panusampol  ကလည်း B.P.13  နဲ့ အနီးဆုံး ကျေးရွာဖြစ်တဲ့ ဟွေး တနုံးရွာမှာ နယ်စပ်ကုန်နှင့်လူစစ်ဆေးရေးစခန်းများ ဆောက်လုပ် ထားပြီးဖြစ်ကြောင်း၊ ၉ ကီလို မီတာရှိသည့်လမ်းအား ပြင်ဆင်ရန်အတွက် တင်ပြထားပါကြောင်း၊ မယ်ဟောင်ဆောင်မှာရှိတဲ့ ထိုင်းဘုရင့် စီမံကိန်းများကိုလည်း လာရောက်လေ့လာဖို့ ဖိတ်ခေါ်ပါကြောင်း၊ မြန်မာနိုင်ငံ၊ လွိုင်ကော်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဟောင် ေ ဆာင်မြို့တို့အား ဆက်သွယ်ရေးလွယ်ကူစေရန် လေကြောင်းများ တိုက်ရိုက်ချိတ် ဆက် ပျံသန်းခွင့်ရလိုကြောင်း၊ မယ်ဟောင်ဆောင်ပြည်နယ်အတွင်း တစ်နှစ်ပတ်လုံး နိုင်ငံခြားသားခရီးသွားဧည့်သည်ပေါင်း သိန်း ၅၀၊ ၆၀ ခန့်ရှိ ရာ အဆိုပါခရီးသွားများအား လွိုင်ကော်ဖက်သို့ ခရီးချဲ့ထွင် စေလိုကြောင်း၊ ကယားပြည်နယ်နှင့် မယ်ဟောင် ဆောင်ပြည်နယ်တို့ အား ညီအစ်မမြို့များအဖြစ် ပြည်သူတွေရဲ့ အားကစား၊ ယဉ်ကျေးမှု၊ လူမှုရေး၊ ပညာရေး၊ စီးပွားေ ရးများ ဆက်စပ်တိုးချဲ့လုပ်ဆောင်ရန် နားလည်မှုစာချွန်လွှာများလည်း ရေးထိုးဖို့ အစီအစဉ်ရှိကြောင်း ယင်းတို့အတွက် လိုအပ်သည်များကို ထိုင်းအစိုးရထံ တင်ပြပြီး တစ်ခေါက်ထက်တစ်ခေါက် ပိုမိုကောင်းမွန်တိုးတက်အောင် ကြိုးစား ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
     မယ်ဟောင်ဆောင်ပြည်နယ်ဘောလုံးအသင်းဟာ လွိုင်ကော်ဘောလုံးသင်းကို ရှုံးခဲ့ပေမယ့်မြို့တော်ခန်းမ ကုန်စည်ပြပွဲမှာတော့ မယ်ဟောင်ဆောင်ပြည်နယ်က အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ကုန်စည်ပြပွဲစတင် ဖွင့်လှစ်သ ည် နေ့က လွိုင်ကော်မှ ဈေးဝယ်သူ အတော်များ များဟာ စည်စည်ကားကား လာရောက်ဝယ်ယူအားပေးခဲ့ကြတာ ကြောင့် ထိုင်းနိုင်ငံမှ လာရောက်ပြသတဲ့ကုန်စည်များ အားလုံး ရောင်းချခဲ့ရပါတယ်။ မြန်မာပြခန်းဘက်မှာလည်း ေ ကျာက် စီ ယွန်းပန်းချီကား၊ အဝတ်အထည်များ၊ မြန်မာဘီယာဗူးများလည်း ရောင်းပါတယ်။ ထိုင်းနိုင်ငံမှ ကုန်သည်တွေကို ကုန်စည်ပြပွဲနဲ့ပတ်သက်တဲ့ အကြောင်းတွေကို စုံစမ်းမေးမြန်းခဲ့ရာမှာ မြန်မာလူမျိုးတွေရဲ့ ဝယ်နိုင်စွမ်းအား ကို အသိအမှတ်ပြုသွားတယ်လို့ ဆိုပါတယ်။ ထပ်မံပြသမယ့် ကုန်စည်ပြပွဲတွေမှာလည်း ကုန်ပစ္စည်း စုံစုံလင်လင်နဲ့ ထပ်မံလာရောက်ပါဦးမယ်လို့ မယ်ဟောင်ဆောင်ကုန်သည်တွေက စကားစရံသတ်သွားတဲ့အတွက် ဈေးဝယ်ဖို့ အတွက်ကိုပဲ ဝါသနာပါမနေကြဘဲ၊ ကိုယ့်ဘက်က ထုတ်ကုန်တွေ၊ ပစ္စည်းတွေ သူတို့ဝယ်သွားချင် အောင်လည်း တီထွင်ထုတ်လုပ်ဖန်တီးခင်းကျင်းပြသရောင်းချကြဖို့ကိုလည်း လွိုင်ကော်ကုန်သည်များကို မှာကြားလိုက်ရပါတယ်။
 

မောင်မောင်အေး- လွိုင်ကော်