Main menu

Background

အန္တရာယ်ရှိ နိုင်ငံခြား မုန့်မျိုးစုံနေရာမှာ မြန်မာ့ရိုးရာ စားစရာများ ဝင်ရောက်နေရာယူနိုင်ဖို့

Wed, 07/13/2016 - 15:51 -- journal_editor

ကျွန်တော်တို့   စားသုံးသူအကာအကွယ်ပေးရေး ပညာပေး ဟောပြောဆွေးနွေးတဲ့အခါမှာ နိုင်ငံခြားတိုင်းပြည်က မုန့်တွေရဲ့ အန္တရာယ်အကြောင်းကို မပြောမဖြစ်ပြောခဲ့ရပါတယ်။ဒါကြောင့် လည်း ကလေးတွေက နိုင်ငံခြား က မုန့်တွေမစားရင် ဘာမုန့်တွေ စားရမလဲလို့ မေးခွန်းမေးစရာဖြစ်လာပါတယ်။စည်းကမ်းတစ်ခု ထုတ်ရင် ရပိုင်ခွင့်တစ်ခုခုပေးရတဲ့ သဘောနဲ့ဆင်တူပါ တယ်။ ဒါ ကြောင့် ပြည်ပမုန့်ကိုမဝယ်နဲ့၊မစားနဲ့၊ မရောင်းနဲ့လို့ တားဆီးနေတဲ့ အချိန်မှာ အခြားတစ်ဖက်မှာ မြန်မာမုန့်များ ထုတ်လုပ်ဖို့၊ ရောင်းချဖို့၊ ဝယ်စားဖို့နဲ့ ဖော်ထုတ်မြှင့်တင်ရေးဆောင်ရွက်ဖို့ အချိန်ရောက်ရှိ လာပြီဖြစ်ပါတယ်။စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများဟာ စားသုံးသူ သိကောင်းစရာ အကြောင်း များကို ယခင်နှစ်များနဲ့မတူအောင် ပိုမို ဆောင်ရွက်လာတာနဲ့အမျှ   ပြည်ပကတင်သွင်းလာတဲ့မုန့်များရဲ့ အန္တရာယ်အကြောင်းကိုလည်း  ပိုမိုပြောဆိုလာတာလည်း ကြားနေ ရတယ်။ ကျောင်းသူကျောင်းသားတွေ သာမက ကျောင်းသားမိဘ  များကပင်လျှင် တစ်စထက်တစ်စ ပိုမိုစိတ်ဝင်စားလာတဲ့ကိစ္စတစ်ခု ဖြစ်လာပါတယ်။ဈေးရောင်းတဲ့သူများကလည်း သူတို့ရောင်းတဲ့မုန့် ကို သူတို့ကိုယ်တိုင် သံသယဝင်လာတဲ့အနေအထား သို့ ရောက်နေပြီ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ တစ်ခုခုနဲ့ အစားထိုးဖို့ လိုအပ်လာမှာ ဖြစ်ပါ တယ်။ တစ်ဖက်က တားဆီးခြင်းလုပ်ငန်းလုပ်ရင် တစ်ဖက်က လွတ် မြောက်ရာလမ်းကို ရှာဖွေပေးရမှာ ဖြစ်ပါတယ်။ကျွန်တော်တို့အဖွဲ့ တက်ရောက် ခဲ့တဲ့ စားသုံးသူ အကာအကွယ် ပေးရေးအကြောင်း သိကောင်းစရာဆွေးနွေးပွဲတစ်ခုမှာ စားသောက် ကုန်ပစ္စည်းအကြောင်းများ  ဟောပြောဆွေးနွေးတဲ့အခါ ပရိသတ် တစ်ဦးက ''တစ်ခါတည်း နိုင်ငံခြားမုန့်တွေ ကိုသိမ်းပါ။ ရောင်းတဲ့လူကို ဖမ်းပါ။အရေးယူပါ''လို့ ပြောလာတာ ကြုံခဲ့ဖူးပါတယ်။ ကျွန်တော်က အဲဒီလူရဲ့ အခြေအနေကိုကြည့်ပြီး အဖြေပေးခဲ့ရပါတယ်။ကျွန်တော့် အဖြေကတော့ ''အရေးယူမှာပေါ့ဗျား။ ဒါပေမယ့်  အဲဒီနိုင်ငံခြားမုန့် တွေရောင်းတဲ့လူကို နားလည်အောင် အသိပညာအရင်ပေးလိုက်ချင် တယ်။ ပြီးရင် ကလေးတွေစားဖို့ မြန်မာ့ရိုးရာမုန့်တွေကို ဝေေ၀ဆာ ဆာနဲ့ကျောင်းတိုင်းမှာရှိတဲ့၊ မုန့်ရောင်းတဲ့ဆိုင်တိုင်းမှာ ရောင်းနေတာ မြင်ချင်ပါတယ်။ ပြီးမှပဲ  အရေးယူတာပေါ့ ဗျား}}လို့ ပြောတဲ့အခါ ကျွန်တော့်အဖြေကို သိပ်သဘောကျဟန်မတူပါ။
ကျွန်တော်တို့ဌာနရဲ့ ၂၀၁၆ခုနှစ်၊ ပထမရက် ၁၀၀  စီမံ ချက်မှာ မြန်မာ့ရိုးရာ   မုန့်လုပ်နည်းသင်တန်း ထည့်သွင်းရေးဆွဲတဲ့အခါမှာ ရုံးချုပ်ကလည်း   ခွင့်ပြုခဲ့တဲ့အတွက်    သင်တန်းဖွင့်လှစ်ဖို့ စီမံခဲ့ ရပါတယ်။လွိုင်ကော်မြို့ အိမ် တွင်းမှု သင်တန်းကျောင်းတွေဆီက တာဝန်ခံ ဆရာ(သို့မဟုတ်) ဆရာမတစ်ဦး၊ ကျောင်းမုန့်ဈေးသည် နှစ်ဦးစီနဲ့ စိတ်ပါဝင်စားတဲ့ပုဂ္ဂိုလ်များ တက်ရောက်နိုင်တယ်။နေ့လယ် စာလည်း ကျွေးပါမယ်လို့ ကြေညာလိုက်တဲ့အခါ မှာ စိတ်ပါဝင်စားသူ ဦးရေက မူလတွက်ချက်ထားတာထက် ပိုမိုများပြားလာခဲ့ပါတယ်။မူလက ပညာရေးကပေးတဲ့ စာရင်းအရ  ၆၃  ဦးသာရှိပေမယ့်သင်တန်းဖွင့်မယ့်နေ့မှာတကယ်လာ တာ  ၁၄၃  ဦးတောင် ရှိပါတယ်။
မြန်မာ့ရိုးရာ  မုန့်လုပ်နည်းသင်တန်း  တက်ရောက်လိုသူ များလာရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားတဲ့အခါမှာ သင်တန်း ဖွင့်လှစ်မယ့်  ဇွန်လ ၂၅ရက်ဟာ စနေနေ့ဖြစ်လို့ အများအား လပ်ရက် ဖြစ်နေခြင်း၊ ရပ်ဝေး က  လာရောက်တက်မယ့်   ဆရာ၊ ဆရာမများ နဲ့    ဈေးသည်များအတွက် နေ့လယ်စာ စိတ်ပူဖို့  မလိုတော့ခြင်း၊ ကျောင်းမုန့်ဈေးတန်းမှာ နိုင်ငံခြားမုန့်များ ပြည့်နက်နေလို့ ကလေး တွေရဲ့ အနာဂတ်အတွက် စိတ်ပူ ကြခြင်း ၊ ကျောင်းမုန့်ဈေးတန်း ဈေး သည်များအနေနဲ့လည်း နိုင်ငံခြားမုန့်  မရောင်းရရင် မြန်မာ့ရိုးရာ မုန့်ဟာအဓိကရောင်းချရမယ့် မုန့်ဖြစ်လာခြင်း  စတဲ့အကြောင်းရင်း တွေကြောင့်ပဲဖြစ်ပါတယ်။
မြန်မာ့ရိုးရာမုန့်လုပ်နည်းသင်တန်းဖွင့်ဖို့ နည်းပြ  ဆရာမများနဲ့ သွားရောက်မယ့်အချိန်မှာ ကျွန်တော်တို့က မြန်မာမုန့်များဖြစ်တဲ့ မုန့်စိမ်းပေါင်း၊   မုန့်လိပ်ပြာ၊  မုန့်ပေါင်း၊ မုန့်လင်မယား၊ မုန့်ကျွဲသဲ၊ မုန့်ပစ်သလက်၊ရေမုန့်၊ မုန့်ဖက် ထုပ်၊ မုန့်လုံးကြီးကြော်၊ နှမ်းမုန့်ကြော်၊ မုန့်လက်ကောက်၊ မုန့်ကြာစေ့   အစရှိတဲ့ မုန့်များကို ဦးစားပေးဖို့ စီစဉ်ခဲ့ကြပါတယ်။   ဒါပေမယ့် နည်းပြဆရာမနဲ့ တွေ့တဲ့အချိန်မှာ ရရှိတဲ့အချိန်၊ သင်တန်းသား အရေအတွက်    များပြား မှုနဲ့  ဆန်၊ ကောက်ညှင်း အမှုန့်ကြိတ်ချိန် မရရှိတော့တဲ့အတွက်  လွယ်ကူပြီး လူစားများတဲ့ မုန့်ခုနစ်မျိုးကိုသာရွေးချယ်ပြီး သင်တန်းကို စာတွေ့ လက်တွေ့သင်ကြားပို့ချနိုင်ခဲ့ပါတယ်။  ကျွန်တော်တို့ရဲ့ သင်တန်း မှာတော့ ရွှေကြည် ဆနွင်းမကင်း၊ ငှက်ပျောသီးဆနွင်းမကင်း၊ အာလူး ဆနွင်းမကင်း၊ အုန်းနို့ကျောက်ကျော၊ နို့စိမ်းကျောက်ကျော၊ ကြက်ဥ ကျောက်ကျောနဲ့ သီးစုံကျောက်ကျောတို့ကိုပဲ သင်တန်းပေးနိုင်ခဲ့ ပါတယ်။သင်တန်းကို စတင်သင်ကြား လိုက် တာနဲ့ တစ်ပြိုင်နက် စာတွေ့ဝင်ပါတယ်။ စာတွေ့ပိုင်းမှာတော့ တချို့အတွက် အခက် အခဲရှိပေမယ့် လက်တွေ့မှာတော့ အားလုံးက စိတ်ဝင်တစား လုပ် ဆောင်ကြတာ အားတက်စရာပါပဲ။
    ကျွန်တော်တို့ ဦးစီးပြီးဖွင့်လှစ်တဲ့ မြန်မာ့ရိုးရာမုန့်လုပ် နည်းသင်တန်းက ရရှိတဲ့အကျိုးကျေးဇူး တွေကတော့ အန္တရာယ်ရှိတဲ့ ပြည်ပမုန့်တွေကို တစ်နိုင်ငံလုံးပပျောက်ရေး ဆောင်ရွက်နေပြီဆိုတာ ကျောင်းမုန့်ဈေးသည်နဲ့ တာဝန်ခံ ဆရာ၊ဆရာမတွေက သိရှိလာခြင်း၊ အချို့ပြည်ပကထုတ်တဲ့မုန့်တွေဟာ အရောင်နဲ့ အရသာကပဲ စိတ်မှာ စွဲလန်းစေတာဖြစ်ပြီး လူကိုအာဟာရဓာတ်မပေးရုံမက လူကိုပါ ဘေး ဥပဒ်ဖြစ်စေနိုင်ကြောင်း သိရှိလာခြင်း၊ နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ် တိုးပွားလာစေခြင်း၊ အရသာရှိပြီး စားသုံးသူကို အာဟာရဓာတ် ပေးစွမ်းလာခြင်း၊ တီထွင်လိုစိတ်ဖြစ်ပေါ်လာစေခြင်း၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာမြှင့်တင်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပေါ်လာစေပါ တယ်။
ကျွန်တော်တို့ရဲ့ သင်တန်းဖွင့်ပြီး ရက်အတော်ကြာလာတဲ့ အခါ လွိုင်ကော်မြို့ပေါ်မှာ အတော်လူသိများပြီး အားပေးမှုလည်း ရရှိတဲ့ သင်တန်းဖြစ်လာပါတယ်။  နောင်ကျရင်လည်း အမျိုးစုံလင် စွာနဲ့ ဖွင့်လှစ်ဖို့စီမံထားရှိပြီးေ တာ့ ပြည်နယ်တစ်ခုလုံး တက်နိုင်မယ့် သင်တန်းမျိုးဖြစ်ဖို့ ရည်မှန်းထားရှိပါတယ်။
အခြားတစ်ဖက်ကကြည့်ရင်  ဒီလိုသင်တန်းများ  ဖွင့်လှစ် လိုက်ခြင်းအားဖြင့် ကျွန်တော်တို့  စားသုံးသူအကာအကွယ်ပေးရေး ပညာပေး  ဟောပြောဆွေးနွေးပွဲတွေကိုလည်း  များစွာ အထောက် အကူပေးလျက်ရှိပါ တယ်။ ကျွန်တော်တို့က မစားနဲ့လို့ပြောတဲ့အခါ မှာ ဘာစားရတော့မှာလဲဆိုတဲ့မေးခွန်းကို  ဒီလိုသင်တန်းမျိုးက အဖြေ ပေးပြီးသားဖြစ်နေပါတယ်။
ဝန်ကြီးဌာနရဲ့စီစဉ်ပေးမှုနဲ့ တောင်ကိုးရီးယားနိုင်ငံကို ရောက် သွားတဲ့အခါမှာ သူတို့နိုင်ငံမှာလည်း ရိုးရာမုန့်တွေကိုပဲ ဈေးတွေနဲ့ စားသောက်ဆိုင်တွေမှာ ရောင်းချနေတာ သတိထားမိပါတယ်။သူတို့ ရဲ့စားသုံးသူတွေက လည်း ဝယ်ယူအားပေးနေတာလည်း မြင်တွေ့နေ ရပါတယ်။  အချို့ကိုရီးယားနိုင်ငံသားတွေဟာ သူတို့ရဲ့ ရိုးရာမုန့်စား နေရတာကို ဂုဏ်ယူဝင့်ကြွားလေ့ရှိကြပြီး ဓာတ်ပုံအရိုက်ခံကြတာ လည်းမင်တွေ့ခဲ့ရပါသေးတယ်။ ဒါကြောင့်လည်းသူတို့ရဲ့ ကင်မ်ချီ ကို နာမည်ကြီးေ အာင် ကိုရီးယားဇာတ်လမ်းတွေမှာ ထည့်သွင်းနေကြ တာလည်း ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးက သိလာအောင် ကုန်ပစ္စည်းကြေညာတာလည်း ဖြစ်ပါ တယ်။ သူတို့နဲ့ နှိုင်းစာရင် ကျွန်တော်တို့ မြန်မာရိုးရာမုန့်က အရေအတွက်ပိုမိုများပြားရုံသာမက အရသာနဲ့ အာဟာရပိုင်းမှာလည်း ကျွန်တော်တို့က အသာစီးရနေပါတယ်။ ဒါပေမယ့်ကျွန်တော်တို့ရဲ့ရိုးရာအစားအစာတွေ၊ မုန့်တွေကို ဖော် ထုတ်ပြီး ကမ္ဘာကသိရှိလာအောင် လုပ်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။
အချုပ်အနေနဲ့ စားသုံးသူ  အကာအကွယ်ပေးရေးပညာပေး ခြင်းလုပ်ငန်းတွေကို နိုင်ငံတစ်ဝန်း လုပ်ဆောင်နေချိန်မှာ နိုင်ငံရပ် ခြားကဝင်လာတဲ့ အန္တရာယ်ရှိ  မုန့်များဟာလည်း အလုံးအရင်းနဲ့ ပြည်တွင်းကို နည်းလမ်းပေါင်း စုံနဲ့ ဝင်လာမစဲ တသဲသဲဆိုသလို ဖြစ် နေပါတယ်။ ပြည်တွင်းမှ အချို့လုပ်ငန်းရှင် အသေးစားလေးတွေ ကလည်း ပြည်ပကလာသလိုပဲ အရောင်အသွေးစုံစွာနဲ့ စားသောက် ကုန်ပစ္စည်းများကိုဓာတုဗေဒဆေးတွေသုံးပြီးတော့ ထုတ်လုပ်လာတာ ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်  အဆိပ်ဖုံးလွှမ်းနေ တဲ့မုန့်တွေကို အစားထိုးနိုင်ဖို့ မြန်မာ့ရိုးရာမုန့်မျိုးစုံလုပ်နည်းကို နေရာ တိုင်းမှာ ပြန်လည်ဖော်ထုတ်ကြ ပါစို့လို့ တင်ပြလိုက်ရပါတယ်။

 

ခမ်လျန်စွမ်း