Main menu

Background

အခွန်နှုန်းထား လျှော့ချမှုနှင့် အိမ်ခြံမြေဈေးကွက်အလားအလာ

Wed, 10/23/2019 - 10:39 -- journal_editor

       အခွန်နှုန်းထားများနှင့်ပတ်သက်ပြီး   စည်းကြပ်မှုမှလွတ်ကင်း နေသည့် ဝင်ငွေများ အပေါ် ကောက်ခံမည့် ဝင်ငွေခွန်နှုန်းထားကို အမျိုးအစားငါးမျိုးခွဲ၍  ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့တွင်  ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍   မဲခွဲဆုံးဖြတ်ကာ အတည်ပြု လိုက်ပြီဖြစ်ပါသည်။  နိုင်ငံသားမည်သူမဆို အခြေခံပစ္စည်းတစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ်  တည်ထောင်ခြင်း၊ လုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းတို့အတွက်    အသုံးပြုသည့် ဝင်ငွေမှ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ဝင်ငွေရှိပါက ယင်းဝင်ငွေအား နုတ်ပယ်ပြီး ကျန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် တွင်လည်းကောင်း၊ ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း အမျိုးအစား ငါးမျိုးခွဲကာ ကောက်ခံသွားမည်ဖြစ်ပါသည်။  ပြည် ထောင်စုလွှတ်တော်က  အတည်ပြုပြီး ကောက်ခံသွားမည့် ဝင်ငွေခွန်နှုန်းထား သတ်မှတ်ချက်များမှာ တစ်ကျပ်မှ  ကျပ်သိန်း ၁၀ဝ၀ အထိကို ၃ ရာခိုင်နှုန်း၊  ကျပ် ၁၀ဝ၁ သိန်းမှ ကျပ်သိန်း ၃၀ဝ၀ အထိကို ၅ ရာခိုင်နှုန်း၊ ကျပ် ၃၀ဝ၁ သိန်းမှ ကျပ်သိန်း ၁၀ဝ၀ဝ အထိ ကို ၁၀ ရာခိုင်နှုန်း၊ ကျပ် ၁၀ဝ၀၁ သိန်းမှ ကျပ်သိန်း ၃၀ဝ၀ဝ အထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်း စသည်ဖြင့် ဝင်ငွေခွန်နှုန်းထားကို အမျိုးအစားငါးမျိုးခွဲ၍ ကောက်ခံသွားမည်ဖြစ်သည်။၂၀၁၈- ၂၀၁၉ဘဏ္ဍာနှစ်တွင် ကောက်ခံခဲ့သည့်ဝင်ငွေခွန်နှုန်း ထားမှာ တစ်ကျပ်မှ ကျပ်သိန်း ၃၀ဝ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀ဝ အထက်မှ ကျပ်သိန်း ၁၀ဝ၀ အထိ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၀ဝ၀ နှင့်အထက်အား ၃၀ ရာခိုင်နှုန်း  သတ်မှတ်ကောက်ခံခဲ့ခြင်း ဖြစ်သည်။ 
     ယခု သတ်မှတ်လိုက်သည့် အခွန်သက်သာခွင့်နှုန်းထားများ သည် ၂၀၁၉ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင် ဘာ ၃၀ ရက်အထိသာ အကျိုးသက်ရောက်မည် ဖြစ်ကြောင်း သိရ သည်။ ယခင်ကလည်း ဝင်ငွေခွန်နှုန်းထား လျှော့ချပေးခြင်းကို ၂၀ဝ၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိလည်းကောင်း၊ ၂၀၁၅  ခုနှစ်တွင်လည်း ကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခင်က ထိုကဲ့သို့ အခွန်နှုန်းထားများကို လျှော့ချခဲ့မှုကြောင့် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အိမ်ခြံမြေဈေးကွက် အရောင်း အဝယ် တိုးတက်ခဲ့သလို ဆောက်လုပ်ရေးလုပ်ငန်းများ၏ ခေတ်တစ်ခေတ် ဖြစ်ခဲ့သည်။ ၂၀၁၄-၂၀၁၅ခုနှစ်များတွင်  ရန်ကုန်မြို့ရှိ အိမ်ခြံမြေ ဈေးများမှာ မကြုံစဖူးလောက်အောင်ပင်   တစ်ဟုန်ထိုး မြင့်မားလာခဲ့ သည်။ သို့သော် ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင်   အခွန်နှုန်းထားများ ကြောင့် အိမ်ခြံမြေဈေးများမှာ သိသိသာသာ ထိုးကျခဲ့ပြန်သည်။ ယင်း အနေအထားမှာ ၂၀၁၅ ခုနှစ်မှ လက်ရှိအချိန် အထိပင် ဖြစ်ပါသည်။ အခွန်နှုန်းထားများနှင့်ပတ်သက်ပြီး စည်းကြပ်မှုမှလွတ်ကင်း နေသည့် ဝင်ငွေများအပေါ် ကောက်ခံမည့်  ဝင်ငွေခွန်နှုန်းထားကို အမျိုးအစားငါးမျိုးခွဲ၍ ကောက်ခံရန်   ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည့်ကိစ္စနှင့်ပတ်သက်ပြီး  မြန်မာ နိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်းက    အခွန်နှုန်းထားများ လျှော့ချခြင်းကြောင့်   နိုင်ငံ၏စီးပွားရေး အလျင်အမြန်တိုးတက်လာမည်ကို   တစ်ထစ်ချပြောလို ကြောင်း၊ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်အသင်းချုပ်အနေဖြင့် ပြောမည်ဆိုလျှင် တစ်နိုင်ငံလုံးပင်ရှိသည့် လုပ်ငန်းပေါင်းစုံနှင့်သက် ဆိုင်ကြောင်း၊ အခွန်လျှော့ချခြင်းအားဖြင့်   အောက်တိုဘာလမှစ၍ လုပ်ငန်းများအားလုံး ပိုမိုမြန်ဆန်သွက်လက်လာမည်ဖြစ်ကြောင်း၊ ယင်းအပြင် လုပ်ငန်းများနှင့်ပတ်သက်ပြီး အလုပ်အကိုင်အခွင့်အလမ်း များလည်း တိုးပွားလာနိုင်ကြောင်း၊   အဓိကအားဖြင့် နိုင်ငံခြားသို့ သွားပြီး အလုပ်လုပ်ရသည့် ဦးရေကတစ်နှစ်ထက်တစ်နှစ် တိုးတက် လာခြင်းကြောင့် နိုင်ငံခြားတွင် သွားလုပ်သည့်အလုပ်သမားဦးရေကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ယခုကဲ့သို့ အခွန်နှုန်းထားများ  လျှော့ချပေးပြီးနောက်ပိုင်းတွင် ဘဏ်အတိုးနှုန်းနှင့်ပတ်သက်၍ လျှော့ချပေးရန်   ဘဏ်များအားလုံး ကလည်း စီစဉ်ထားကြောင်း သိရသည်။ ထိုကဲ့သို့ အခွန်နှုန်းထားများ လျှော့ချလာမှုနှင့်အတူ ဗဟိုဘဏ်အပါအဝင်  ဘဏ်များအားလုံးနှင့် အတူ ပြည်သူလူထုကလည်း ဝိုင်းဝန်းပေါင်းစပ်ပြီး လုပ်ဆောင်လျှင် မြန်မာ့စီးပွားရေးမှာ   အလျင်အမြန်  တိုးတက်လာနိုင်ဖွယ်ရှိနေပါ သည်။
       ယခင် ၂၀၁၅ ခုနှစ်အထိ မြန်မာ့အိမ်ခြံမြေဈေးမှာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပြီး အရှေ့တောင်အာရှတွင် အမြင့်ဆုံးဈေးနှုန်းအထိသို့ပင် ရောက်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။   သို့သော်  ၂၀၁၅ ခုနှစ် မေလ နောက်ပိုင်းတွင် မြန်မာ့အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာကျဆင်း သွားပြီး အဝယ်ရပ်ဆိုင်းသည်အထိပင် ဖြစ်ခဲ့ရသည်။   ပြည်တွင်းရှိ ခရိုနီကြီးများကလည်း   အိမ်ခြံမြေကဏ္ဍတွင်   ရင်းနှီးမြှုပ်နှံရန် ဆန္ဒ မရှိတော့ဘဲ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်လျော့ပါးခဲ့ရခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် အခွန်နှုန်းထားများ   လျှော့ချလိုက်ခြင်း ကြောင့် အိမ်ခြံမြေဈေးကွက်တွင် ဝယ်လိုအားများ ပြန်လည်မြင့်တက် လာတော့မည်ဖြစ်သည်။  ထိုကဲ့သို့ အိမ်ခြံမြေဈေးနှုန်း   မြင့်တက် လာခြင်းမှာ ပြည်သူလူထုအတွက် အခက်အခဲမဖြစ်နိုင်သလို မြို့မြေ ဈေးများ မြင့်တက်ခြင်းအားဖြင့် မြို့နေလူထု၏ပိုင်ဆိုင်မှုများမှာလည်း  မြင့်တက် သွားသည်ဟု ဆိုရမည်ဖြစ်သည်။ မိမိနိုင်ငံ၏မြေအပါအဝင် အဆောက်အအုံအားလုံး တန်ဖိုးအထိုက် အလျောက်ရှိခြင်းကို နိုင်ငံ တကာကလည်း လေးစားမည်ဖြစ်သည်။  အခွန်နှုန်းထားများ   လျှော့ချလိုက်ခြင်းကြောင့် ရောင်းဝယ်သူ များအနေဖြင့် ယခင်ကကဲ့သို့ အခွန်ရှောင်သည့်ပုံစံမျိုး ဖြစ်လာတော့ မည်မဟုတ်ဘဲ မှတ်ပုံတင်ရုံးကိုသွားပြီး မိမိတို့ထမ်းဆောင်ရမည့် အခွန်အခများကို ကျေကျေနပ်နပ်ထမ်းဆောင်သွားဖွယ်ရှိနေသည်။  ထို့ပြင် အခွန်တံဆိပ်ခေါင်းနှင့်ပတ်သက်၍ တစ်သိန်းတန်၊ ၁၀ သိန်း တန်၊ သိန်း ၁၀ဝတန် စသည်ဖြင့် အသီးသီးရိုက်နှိပ်ပြီး အလွယ် တကူထုတ်ပေးမည်ဆိုပါက အခွန်ဆောင် ပြည်သူများအတွက် အခွန် ဆောင်ရသည်မှာ  ပိုမိုလွယ်ကူလာနိုင်မည်ဖြစ်သည်။ ထိုကဲ့သို့ လုပ် ဆောင်ခြင်းဖြင့် အစိုးရဘက်ကလည်း အခွန်ရရှိရေးအတွက် လွယ်ကူ သွားမည်ဖြစ်သည်။ လက်ရှိ အိမ်ခြံမြေအရောင်းအဝယ်နှင့်ပတ်သက်၍   င်္ငညိ  ဏမသစနမအပ  အိမ်ခြံမြေရောင်းဝယ်ငှား  မိုဘိုင်းအက်ပလီကေးရှင်းနှင့် ဝက်ဘ်ဆိုက်ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါ်ရွှေ ဝတ်မှုံက အခွန်လျှော့ချလိုက်ခြင်းကြောင့် ကာလအတန်ကြာ အေး စက်နေသည့် အိမ်ခြံမြေဈေးကွက်မှာပြန်လည်လှုပ်ခတ်လာပြီး ကွန်ဒို ဝယ်ယူရန် စုံစမ်းသူများ များပြားလာကြောင်း ပြောဆိုခဲ့သည်။ ]]အခု ဝင်ငွေခွန်ကလည်း   အတည်ပြုသွားပြီဆိုတော့ အိမ်ခြံ မြေဈေးကွက် ပြန်လှုပ်လာပါတယ်။ ကွန်ဒိုတွေကို  ဝယ်ယူဖို့  စိတ် ဝင်စားမှု ပိုများလာပါတယ်။ ဈေးကွက်မှာ ပိုပြီးအရောင်းသွက်လာ တယ်။ မနှစ်ကတော့ အရောင်းငြိမ်သွားတယ်။ အခုတော့ အရောင်း အဝယ် ပြန်တက်လာမယ်ထင်ပါတယ်။ ဝင်ငွေခွန်သတင်းတွေ ထွက် နေတဲ့ အချိန်ကတည်းက ကျွန်မတို့ဆီကို ကွန်ဒိုဝယ်ဖို့အတွက် ကြိုပြီး စုံစမ်းတဲ့ လူရှိပါတယ်။ ကွန်ဒိုတွေက အဆင့်မီတဲ့   ဝန်ဆောင်မှုတွေ လည်းပါတော့    ကျပ်သိန်း ၁၀ဝ၀လောက်တတ်နိုင်တယ်ဆိုရင် ကွန်ဒိုပဲဝယ်ဖို့ စိတ်ကူးကြပါတော့တယ်}}ဟု ဒေါ်ရွှေဝတ်မှုံက ဆက် လက် ပြောထားသည်။ မည်သို့ပင်ဆိုစေ အခွန်နှုန်းထားများ လျှော့ချလိုက်ခြင်းကြောင့် ပြည်သူများအတွက် အသက်ရှူချောင်လာနိုင်သလို  အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါများလာဖွယ်ရှိနေသည်။  ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းများ  ပြန်လည်ကောင်းမွန် လာမှုနှင့်အတူ   ဘဏ်အတိုးနှုန်းများလည်း  ထပ်မံလျှော့ချပေးမည် ဆိုပါက   စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက်  အားတက်စရာ ဖြစ်လာမည်။ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏လုပ်ငန်းများ ကောင်း မွန်စွာလည်ပတ်နိုင်မှုရှိမှသာလျှင် နိုင်ငံ့စီးပွားရေးကိုလည်း တစ်ဖက် တစ်လမ်းက အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

 

စိန်သံ