Main menu

Background

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပြည်ပနိုင်ငံများရှိ မြန်မာစီးပွားရေးသံမှူးများအား တွေ့ဆုံ လမ်းညွှန်မှာကြား

Thu, 07/09/2020 - 14:55 -- journal_editor

စီးပွားရေးနှင့်   ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန   အစည်းအဝေး ခန်းမ၌ Zoom Application  ဖြင့် ဇွန် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ် သောတရုတ်(ပေကျင်း)၊တရုတ် (နန်နင်း)၊ တရုတ်(ဟောင်ကောင်)၊ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံ၊ အမေ ရိကန်ပြည်ထောင်စုနှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့ရှိ မြန်မာစီးပွားရေးသံမှူးများနှင့် ၎င်းတို့   တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့်  မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်ရေး သုံးနှစ်စီမံချက် များ တင်ပြခဲ့မှုအပေါ် လမ်းညွှန်ဆွေး နွေးသည့်  အခမ်းအနားသို့  စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်  အမှာစကား ပြောကြားခဲ့ သည်။
ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားရာတွင် COVID-19 ရောဂါသည်    ကမ္ဘာ့နိုင်ငံအသီးသီး၏ နယ်ပယ်ကဏ္ဍစုံအပေါ်  များစွာသက် ရောက်မှုရှိသကဲ့သို့   မိမိတို့နိုင်ငံတွင် လည်း    ထိခိုက်မှုများစွာရှိကြောင်း၊ အထူးသဖြင့်   အလုပ်အကိုင် အခွင့် အလမ်းအပေါ် သက်ရောက်မှုကြီးမား သည်ကို တွေ့မြင်ရကြောင်း၊ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှု၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့်  တက်ညီလက်ညီ ဆောင်ရွက်နေကြကြောင်း၊ စိုက်ပျိုးရေး ကိုအခြေခံ၍    ပြည်တွင်းဝယ်လိုအား တိုးတက်ရေးနှင့်   ထုတ်လုပ်မှု    လုံ လောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးသံမှူး များအနေဖြင့်COVID-19  ကာလနှင့် COVID-19  အလွန်ကာလများတွင် အခြားနိုင်ငံများ၏  စီးပွားရေး ပြန်လည်  နာလန်ထူရေးအတွက် ဆောင်ရွက်ချက် များနှင့် ဈေးကွက် အခြေအနေများကို စဉ်ဆက်မပြတ်လေ့လာပြီး အစီရင်ခံစာ များ တင်ပြသွားရန်တို့ကို   မှာကြားခဲ့ သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးကစီးပွားရေးသံမှူးများ၏ အဓိကတာဝန် မှာ မိမိနိုင်ငံ၏  ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုတိုးတက်အောင် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ စီးပွားရေးသံမှူးများအနေ ဖြင့် မိခင်ဝန်ကြီးဌာနကိုသာမက မြန်မာ နိုင်ငံကို ကိုယ်စားပြုစေလွှတ်ထားခြင်း  ဖြစ်၍   စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများက ဆက်သွယ်မေးမြန်း လာပါက မြန်မာနိုင်ငံ၏  ဖြစ်ပေါ်တိုး တက်မှုအခြေအနေများကို ဖြေကြားနိုင် ရန်အတွက် အစိုးရ၏မူဝါဒများ၊ ဝန်ကြီး ဌာနများ၏ လုပ်ငန်းစဉ်များနှင့် ဆောင် ရွက်ချက်များကို  လေ့လာထားရန်လို အပ်ကြောင်း၊  ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးအတွက် မိမိတို့၏  စွမ်းဆောင်နိုင်မှု   အခြေအနေတို့ကို အမြဲဆန်းစစ်၍ ပိုမိုကောင်း မွန်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့်  နိုင်ငံတော်၏  စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေး အထောက်အကူပြုနိုင်ရန် အတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင် ရွက်ရန် တိုက်တွန်းကြောင်း ဖြည့်စွက် မှာကြားခဲ့သည်။     
ထို့နောက် နိုင်ငံအလိုက်စေလွှတ်ထားသည့် စီးပွားရေးသံမှူးများက ၎င်းတို့တင်ပြထားသည့် ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး သုံးနှစ်စီမံချက်အပေါ် ဆောင်ရွက်သွားမည့် အစီအမံများ၊ ကုန်သွယ်မှုဆိုင်ရာ အခွင့်အလမ်းနှင့် စိန် ခေါ်မှုများ၊ အားသာချက်နှင့် အားနည်းချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးက လိုအပ် သည်များ လမ်းညွှန်မှာကြားသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ပနိုင်ငံများရှိ စီးပွားရေးသံမှူးများနှင့် ထပ်မံစေလွှတ်မည့် စီးပွားရေးသံမှူး ငါးဦးတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 
ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည်  ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီတွင်လည်း ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Zoom Aplication ဖြင့်ပင် အမေရိကန်၊ ဘရပ်ဆဲလ်နှင့်   ဂျနီဗာရWTO ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတို့၌ တာဝန်ထမ်းဆောင်နေသည့် မြန်မာစီးပွားရေးသံမှူး များနှင့် တွေ့ဆုံပြီး ကုန်သွယ်မှု ပိုမိုတိုးတက်လာစေရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။        

  MOC(IR)