Main menu

Background

သဘာဝအခြေခံကွမ်းသီးဖတ်ပန်းကန်ပြား

Mon, 06/03/2024 - 12:42 -- journal_editor

ကမ္ဘာကြီး၏လေထု၊ ရေထု၊ မြေထု အလွှာ အသီးသီးတွင် ညစ်ညမ်းမှုအရှိန်များ လျှော့ချနိုင် ရန် နည်းလမ်းမျိုးစုံရှာဖွေနေသော ယနေ့ခေတ် တွင် သဘာဝစွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံး  ချခြင်းသည် တန်ဖိုးရှိသောအယူအဆ (Concept)တစ်ရပ်ဖြစ်သည်။ သဘာဝစွန့်ပစ်ပစ္စည်းကို ပြန် လည်အသုံးမချနိုင်ပါက ဖန်လုံအိမ်အာနိသင်ရှိ ဓာတ်ငွေ့များ ထုတ်လွှတ်စေနိုင်မည်ဖြစ်သည်။ 
သဘာဝစွန့်ပစ်ပစ္စည်းများကို  ပြန်လည် အသုံးချခြင်းကြောင့် အခြားကုန်ကြမ်းပစ္စည်းများ အသုံးချမှုကို  လျှော့ချနိုင်ခြင်း၊ စွန့်ပစ်ရာတွင် ဆွေးမြည့်ပြိုကွဲလွယ်ခြင်း၊ သဘာဝပတ်ဝန်းကျင် နှင့် ဇီဝမျိုးကွဲမျိုးစုံအတွက် အန္တရာယ်ဖြစ်စေနိုင်သော ဆိုးကျိုးများကို လျော့ကျနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများရရှိစေသည်။  ထို့ကြောင့် စွန့်ပစ်မှု လျှော့ချခြင်းReduce)၊ ပြန်လည်အသုံးပြုခြင်း Reuse)နှင့်ထုတ်ကုန်အသစ်ထုတ်လုပ်မှု (Recycle) ) ဆောင်ရွက်ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်သစ်များ ပြောင်းလဲထုတ်လုပ်နိုင်ရေး အလေးပေးဆောင် ရွက်နေကြခြင်းဖြစ်သည်။
တန်ဖိုးမြှင့်ထုတ်ကုန်ဆိုသည်မှာ ကုန်ကြမ်း တွေကို အဆင့်မြှင့်တင်ပြီး  စွန့်ပစ်ပစ္စည်းများကို လျှော့ချရုံမျှမက တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ကုန် ချောထုတ်လုပ်၍ စားသုံးသူလက်ထဲရောက်အောင် ပြုပြင်ပြောင်းလဲပေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ် သည်။ ဥပမာအနေဖြင့် ကြိမ်ပင်က ရရှိသည့်ကြိမ် သားကို အိမ်သုံး ပရိဘောဂပစ္စည်းများ၊ လူ့အသုံး အဆောင်ပစ္စည်းများ အစရှိသည်ဖြင့် ပြုလုပ်ခြင်း သည် တန်ဖိုးမြှင့်ထုတ်ကုန်  ထုတ်လုပ်ခြင်းဖြစ် သည်။ 
တန်ဖိုးမြှင့်ထုတ်ကုန်များ  (Value Added Products)  အနက် တစ်ခါသုံး တန်ဖိုးမြှင့်  ထုတ် ကုန်ဖြစ်သည့် ကွမ်းသီးဖတ်ပန်းကန်နှင့် မိတ်ဆက် ပေးလိုသည်။ ကွမ်းသီးပင်မှ စွန့်ပစ်ပစ္စည်းအဖြစ် ထွက်ရှိလာသည့်    ကွမ်းသီးဖတ်များမှတစ်ဆင့် လူသုံးကုန်ပစ္စည်း ပန်းကန်အဖြစ်သို့ ပြုပြင်ပြောင်း လဲထုတ်လုပ်ထားသည့် ထုတ်ကုန်ပစ္စည်းတစ်ခု ဖြစ်သည်။
ကွမ်းသီးဖတ်ပန်းကန်များပြုလုပ်ရန် ကုန် ကြမ်းများ စုဆောင်းရာတွင် နွေ၊ မိုး၊ ဆောင်း ဥတု သုံးရာသီရှိသည့်အနက် နွေနှင့်  ဆောင်းတွင်း ကာလများတွင် ကုန်ကြမ်းများကို ဝယ်ယူစုဆောင်း သည်ဟု လေ့လာချက်အရသိရသည်။ ကွမ်းသီး ဖတ်ကုန်ကြမ်းများကို ဝယ်ယူရာတွင် အပင်မှ ခုတ်ထားသော ကွမ်းသီးဖတ်ကို မယူဘဲ သဘာဝ အတိုင်ကြွေကျ၍ ခြောက်သွေ့ကောင်းမွန်သန့်စင် သော ကွမ်းသီးဖတ်များကိုသာ  ဝယ်ယူကြောင်း သိရသည်။ ကွမ်းသီးဖတ်ပန်းကန်   ပြုလုပ်ပုံ အဆင့်ဆင့်မှာ  ယေဘုယျအားဖြင့်   ဦးစွာပထမ ကွမ်းသီး ဖတ်များကို စုဆောင်းပြီးနောက် သန့်ရှင်း  အောင်ပြုလုပ်သည်။ သန့်ရှင်းအောင် ပြုလုပ်ရာ တွင် ဖုန်မှုန့်နှင့်အခြားသော အကျိုးအပဲ့၊ အပျက် အစီးများကို ဖယ်ရှားရန်အတွက် ကွမ်းသီးဖတ်များ ကို ရေနှင့်စင်ကြယ်အောင်  သေချာဆေးကြော သည်။ ရေဆေးပြီးနောက်တွင် ရေစင်အောင်သေ ချာပြန်စစ်ရန် လိုသည်။ သို့မှသာ ကွမ်းသီးဖတ်များ ကို ပုံစံခွက်(mold)ထဲသို့ ထည့်သွင်းပုံဖော်ရာတွင် အစေးများ ထွက်ခြင်းမရှိဘဲ ရရှိလာသည့် ကုန် ချောပန်းကန်များတွင် အစင်းကြောင်းများ ကင်း စင်ပြီး ချောမောသေသပ်လှပသော ပန်းကန်များ ရရှိမည်ဖြစ်သည်။  ကွမ်းသီးဖတ်များကို ဆေးကြော သန့်စင်ရာတွင်လည်း ဓာတုပစ္စည်းဆေးဝါးများ သုံးစွဲထားခြင်းမရှိသည့်အတွက်   ပိုမိုခိုင်ခန့်မှုရှိ သည်။ ၎င်းကွမ်းသီးဖတ်များကို သဘာဝလေဖြင့် အခြောက်ခံသည်။    တစ်ချိန်တည်းမှာ   ပင် အခြောက်ခံပြီးသား ကွမ်းသီးဖတ်များကို လက်ဖြင့် ဆွဲဖြန့်ပေးပြီး ညီညာသွားအောင် ပြုလုပ်ပေးရ သည်။ ထိုနောက် ပန်းကန်ပုံသဏ္ဌာန်ရရှိဖို့အတွက် ကွမ်းသီးဖတ်များကို အပူဖိအားပေးစက် heat Press)ကိုသုံး၍ ပုံဖော်ရသည်။ အပူဖိအားပေးစက် (Heat Press)ကို သုံးရာတွင် လိုချင်သည့်ပန်းကန် အရွယ်အစား၊ ပုံစံအမျိုးအစား၊ ပုံသဏ္ဌာန်ပေါ်မူ တည်၍ အပူချိန်နှင့် အချိန် Temperature and Time)ကိုညှိပေးရန် လိုအပ်သည်။ ပြီးနောက် ရရှိ လာသော ကုန်ချောပန်းကန်များကို အနားသတ် လေးတွေ ညှိပေးရသည်။               

 ယင်းတန်ဖိုးမြှင့်ထုတ်ကုန်  (Value Added Products) တစ်ခါသုံး   ကွမ်းသီးဖတ်ပန်းကန်ကို ပုံစံ အမျိုးမျိုးဖြင့် ထုတ်လုပ်လျက်ရှိသည်။  ထို့ပြင်ရရှိလာသော ကုန်ချောကွမ်းသီးဖတ် ပန်းကန်များကို သိုလှောင်(ျအသမေါန)ရာတွင်လည်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု (ီငမနခအ သ် ှကညူငါ့အ)ရှိသည့်နေရာနှင့် အစိုဓာတ် (သြငျအကမန)များသည့်နေရာများတွင် မထားသင့်ပါ။ ၎င်းပန်း ကန်များကို အေးပြီးခြောက်သွေ့၍ ပုံမှန်အခန်း အပူချိန်ရှိသောနေရာတွင်  ထိန်းသိမ်းထားမည် ဆိုပါက ယင်းကွမ်း သီးဖတ်ပန်းကန်များ၏သက် တမ်း(ှ့နူ်-ူင်န)  တစ်နှစ်မှ သုံးနှစ်အထိ ကြာရှည် ခံမှုရှိကြောင်း လေ့လာချက်အရတွေ့ရသည်။ယနေ့ခေတ်ကာလတွင်  စားသောက်ဆိုင် များ၊ မုန့်ဆိုင်များတွင် တစ်ခါသုံး ပလတ်စတစ် ပန်းကန်များကို တွင်ကျယ်စွာ အသုံးပြုလာကြသည် ကို တွေ့နိုင်သည်။  တစ်ခါသုံး ပန်းကန်များ ဟုဆိုရာတွင် အမျိုးအစား မြောက်မြားစွာရှိသည်။ စားသောက်ဆိုင် အသေး(ှောူ ျွနျအကေမညေအျ) များတွင် အသုံးပြုသည့်အပြင် ကုမ္ပဏီများ၊ ထမင်း စားခန်းများတွင် သစ်သီးဝလံများ အလှထည့်စရာ ပန်းကန်အဖြစ်လည်း အသုံးပြုကြသည်။ 
တစ်ခါ သုံး ကွမ်းသီးဖတ်ပန်းကန်နှင့် တစ်ခါ သုံး ပလတ်စတစ်ပန်းကန်ကို နှိုင်းယှဉ်ကြည့်မည် ဆိုပါက  ကွမ်းသီးဖတ်ပန်းကန်သည် သဘာဝ ပစ္စည်းများမှ ထုတ်လုပ်ထားသည့်အတွက် ဆွေး မြည့်ပြိုကွဲလွယ်ပြီး ပလတ်စတစ်ပန်းကန်ကို ဓာတု ပစ္စည်းများဖြင့် ပေါင်းစပ်ထုတ်လုပ်ထားရှိသည့် အတွက် မြေသြဇာအဖြစ်သို့ အပြည့်အဝ ပြန်လည် ရောက်ရှိရန် ကြာမြင့်ပြီး ဓာတုအြွကင်းအကျန်များ ကြောင့် ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းမှုမျာ စွာရှိနေနိုင်သည်။ 
ကွမ်းသီးဖတ်ပန်းကန်များသည် သဘာဝမှ ရရှိသည့် အော်ဂဲနစ်ပစ္စည်း(ဥမါညေငခ) ဖြစ်သည့် အတွက်  အချိန်တိုအတွင်း   မြေသြဇာအဖြစ်သို့ တစ်ဖန်ပြန်လည်ဖြစ်ပေါ်စေသည်။ ထို့ပြင် အသုံး ပြုခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင်လည်း ရိုးရှင်း လွယ်ကူပြီး ပြည့်ဝစွာပြန်လည်၍ ဆွေးမြည့်နိုင် သောကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချခြင်းဖြင့် အကျိုးပြုနိုင်သည်။ ကွမ်းသီးဖတ် ပန်းကန်များသည် အလွန်မာကျောပြီး  ပူသော အစားအစာများကို  ထည့်သွင်းအသုံးပြုရာတွင် လည်း ကောင်းစွာခံနိုင်ရည်ရှိသည့်အပြင် ပျော့ ခြင်း၊ ကွဲထွက်သွားခြင်း မရှိသည်ကိုလည်း တွေ့ရှိ ရသည်။ ထို့အပြင် အသုံးပြုပြီး၍ စွန့်ပစ်သောအခါ တွင်လည်း ဆွေးမြည့်ပျက်စီးလွယ်၍ သဘာဝ ဂေဟစနစ် (Ecosystem)ကိုအကျိုးပြုသည့် ထုတ် ကုန် တစ်ခုဖြစ်အောင် ဖန်တီးထုတ်လုပ်ထားသည် ဟုလည်း လေ့လာချက်များအရ သိရသည်။
ယခုအခါ နိုင်ငံတော်အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း များကို အလေးထား မြှင့်တင်ဆောင်ရွက်လျက် ရှိရာ  အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပြပွဲများ Myanmar MSMEs products Exhibition)) ကျင်းပ၍ အမျိုးသားဆုNational Awardsများ ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိသကဲ့သို့  တန်ဖိုးမြှင့် ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ကိုပိုမိုဖြစ်ပေါ်စေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မှုကိုလည်း အထောက်အကူပြုစေမည်ဖြစ်သည်။ 
မြန်မာနိုင်ငံသည် သယံဇာတပြွေါကယ်ဝ သည့်အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များကို နိုင်ငံ တကာအဆင့်မီသည်အထိ အရည်အသွေးကောင်း အောင် ထုတ်လုပ်နိုင်မည်ဆိုပါက  ပြည်တွင်း၌ သာမက ပြည်ပဈေးကွက်ထိ ထိုးဖောက်ဝင်ရောက် နိုင်မည်ဖြစ်ပြီး နိုင်ငံခြားဝင်ငွေကိုလည်း တိုး တက် စေမည်ဖြစ်သည်။ တန်ဖိုးမြှင့်  ထုတ်ကုန်များကို ထုတ်လုပ်ခြင်းဖြင့်လည်း  နိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှင့် အလုပ်အကိုင်  အခွင့်အလမ်းများ ပိုမိုရရှိနိုင်ရေးအတွက်   အထောက်အပံ့ကောင်း တစ်ခု ဖြစ်နိုင်သည်။ 
သို့ဖြစ်ပါ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်ရေးကိုလည်း စဉ်ဆက်မပြတ် ကြိုး ပမ်းဆောင်ရွက်သင့်သည်။ တစ်ခါသုံး ကွမ်းသီး ဖတ်ပန်းကန် တန်ဖိုးမြှင့်ထုတ်ကုန်ကို ပြည်တွင်း၌ သာမက ပြည်ပထိ   တင်ပို့ရောင်းချလျက်ရှိရာ အာဖလာတော့ဆင် (Aflatoxin)မှိုဆိပ်ပါဝင်မှု ရှိ/မရှိ စမ်းသပ်စစ်ဆေးပြီး မှိုဆိပ်ကင်းစင်မှုရှိမှ သာ တင်ပို့ရသည့်အတွက် ယင်းထုတ်ကုန်ပစ္စည်း ကို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်သည်။ 
 တစ်ခါသုံး ကွမ်းသီးဖတ်ပန်းကန်များ ထုတ် လုပ်ရာတွင် ဓာတုပစ္စည်း (Chemicals)များကို အသုံးပြုထားခြင်းမရှိသည့်အတွက်  စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြု နိုင်သည့်ထုတ်ကုန်တစ်ခုဖြစ်သည်။ ယနေ့ခေတ် ကာလတွင် ပြည်သူအများစုသည် ကျန်းမာရေးကို အလေးထားလာကြသည်နှင့်အညီ သဘာဝဂေဟ စနစ်နှင့် လိုက်လျောညီထွေမှုရှိသော ထုတ်ကုန် ပစ္စည်းများကို ရွေးချယ်ဝယ်ယူ  သုံးစွဲလာတတ် ကြသည်။ 
သို့ဖြစ်ပါ၍ တစ်ခါသုံး တန်ဖိုးမြှင့်ထုတ်ကုန် ကွမ်းသီးဖတ်ပန်းကန်သည်  စွန့်ပစ်ပစ္စည်းကို လျှော့ချနိုင်ခြင်း (Reduce)၊  ပြန်လည် အသုံးပြု နိုင်ခြင်း (Reuse) ပြုပြင်ပြောင်းလဲခြင်းဖြင့် ထုတ် လုပ်ထားခြင်း (Recycle)နှင့် သဘာဝပတ်ဝန်း ကျင်ကိုပါ အကျိုးပြုနိုင်သော ထုတ်ကုန်ပစ္စည်း တစ်ခုဖြစ်ပါကြောင်း စားသုံးသူပြည်သူများ သိရှိ နိုင်စေရန်နှင့် ဝယ်ယူအားပေးနိုင်ပါရန် ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပါသည်။

 

ယုယုအောင် (CTQM)