Main menu

Background

နောင်ရေးကောင်းဖို့ ထောပတ်သီးပင်စိုက်ကြစို့

Tue, 11/05/2024 - 11:28 -- journal_editor

ပြင်ဦးလွင်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီးအတွင်း၌ တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ၃၅၃၈ ပေရှိ ကာ  သင့်တင့်အေးမြသည့်   ရာသီဥတုကို   ပိုင်ဆိုင်ထားသည့် မြို့လေးတစ်မြို့ဖြစ်သည်။ မြို့ခံလူအများသည် နှစ်ရှည်သီးနှံပင် နှင့် ရာသီအလိုက် သီးနှံပင်များကို စိုက်ပျိုးပြီး အသက်မွေးဝမ်း ကျောင်းပြုကြသည်။ အောက်တိုဘာ ၂၄ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင်  ဆရာမောင်အေး ချမ်း၏  မြန်မာနိုင်ငံထွက်  အေးခဲထောပတ်သီး အနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူပြီးဖြစ်၍တင်ပို့သွားနိုင် ရန်စီစဉ်နေကြောင်း  ရေးသားဖော်ပြထားသည့် သတင်းအား ဖတ်ရှုလိုက်ရသည့်အတွက်  ထောပတ်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချနေသည့် တောင်သူများအတွက် ဝမ်းသာပီတိဖြစ်ရသည်။ 
ထောပတ်သီးနှံသည်   စားသောက်ကုန်တစ်မျိုး   အဖြစ် သာမက အသား၊ အခွံ၊ အသီးအဆုံး လူများ၏ အသားအရေ လှပ မှုနှင့်  ဆေးဝါးများအတွက် အထူးအသုံးဝင်သည်။ ယခုအခါ ပြင်ဦးလွင်မြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူ များမှ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလျက်ရှိပြီး ထောပတ်အသင်း အစုဖွဲ့ကာ လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ ပြင်ဦးလွင်မြို့ နယ်တွင် ထောပတ်စိုက်ဧက ၃၀၉ ဧကရှိပြီး ရိတ်သိမ်းနိုင်မှုမှာ ဧက ၁၅၀ ရှိသည်။ 
တစ်ဧကလျှင် အပင်ရေ ၁၀ဝ၊ ပင်ခြား၊ တန်းခြား (20’×20’) စိုက်စနစ်ဖြင့် စိုက်ပျိုးနိုင်သည်။ အပင်တစ်ပင် အထွက်နှုန်းမှာ အသီးအလုံးရေ  ၇၀ ထွက်ရှိ၍ တစ်ဧက အပင်၁၀ဝဆိုလျှင် အလုံးရေ ၇၀ဝ၀ ထွက်ရှိသည်။ သက်တမ်းရင့်လေ အသီးအထွက် နှုန်းများလေဖြစ်သည်။  ထောပတ်သီးနှံသည် စတင်စိုက်ပျိုးပြီး သက်တမ်းလေးနှစ်ကြာလျှင် အသီးစတင် ခူးဆွတ်ရသည်။ ထောပတ်သီးနှံ၏ တစ်ဧက ကုန်ကျစရိတ်မှာ ပျိုးပင်အမျိုးအစား အလိုက် တစ်ပင်လျှင် အနိမ့်ဆုံး ကျပ် ၈၀ဝ၀၊ အမြင့်ဆုံး ကျပ် ၂၀ဝ၀ဝ-၂၃၀ဝ၀ ဈေးရှိ၍ အနိမ့်ဆုံး ကျပ် ၈၀ဝ၀ နှင့်တွက်လျှင် ပျိုးပင်ဖိုး ကျပ် ကျပ် ၈၀ဝ၀ဝ၀၊ စိုက်ကျင်းတူး၊ ရေပိုက်သွယ်၊ စက် ရေတွင်းတူး ကုန်ကျစရိတ် ကျပ် ၃၀ဝ၀ဝ၀ဝ၊ စုစုပေါင်း ကုန်ကျ စရိတ်  ကျပ် ၃၈၀ဝ၀ဝ၀ ကုန်ကျကြောင်း သိရသည်။ ယခု လက်ရှိ ထွက်ပေါ်နေသော ထောပတ်သီးမှာ ပြင်ဦးလွင်ဈေးကွက်တွင် ဒေသမျိုးနှင့် နိုင်ငံခြားမျိုးဟူ၍ နှစ်မျိုးရှိသည်။ 
ဒေသမျိုးများအား အသီးတစ်လုံးခြင်း ရောင်းချပြီး ဈေးနှုန်း အနေဖြင့်  တစ်လုံးလျှင် အနိမ့်ဆုံး  ကျပ် ၃၀ဝ မှ အမြင့်ဆုံး ကျပ် ၇၀ဝ ‌ရောင်းချရပြီး နိုင်ငံခြားမျိုးများကို ါု နှင့်ရောင်းချပြီး လေး လုံးဆိုဒ် ၁ ါု လျှင် ကျပ် ၈၀ဝ၀ နှင့် ခြောက်လုံးဆိုဒ် ၁ ါု လျှင် ကျပ် ၆၀ဝ၀ ဖြင့် ရောင်းဝယ်လျက်ရှိသည်။   ထောပတ်သီးကို    မြန်မာနိုင်ငံတွင် ပြင်ဦးလွင်၊ တောင်ကြီး၊ မိုးကုတ်နှင့် အခြားဒေသ အနည်းငယ်တို့တွင် စိုက်ပျိုးလျက်ရှိပြီး ပြင်ဦးလွင်နှင့်‌  တောင်ကြီး တို့တွင် အဓိကထား စိုက်ပျိုးကြသည်။ ပြင်ဦးလွင်မြို့သည် တောင် ပေါ်မြို့တစ်မြို့ တစ်ခုဖြစ်သကဲ့သို့ ခရီးသွားဧည့်သည်များ  လာ ရောက်မှုများသော မြို့လေးတစ်မြို့ဖြစ်သည်။ ယခုလို‌ ထောပတ် သီးများ ထွက်ပေါ်နေချိန်တွင် လက်ဆောင်ပစ္စည်းအနေဖြင့် ခရီး သွားများမဖြစ်မနေ ဝယ်ယူသွားကြသည်။ ထောပတ်သီး ဝယ်ယူ ရာတွင်အနု၊ အရင့်ခွဲခြား ဝယ်ယူရန်နှင့် ရောင်းချသူများမှလည်း ရင့်မှည့်ချိန် မတန်သေးသည့်အသီးများကို ဈေးကွက်လိုအပ်ချက် အရ ခူးဆွတ်ပြီး မရောင်းချရန် လိုအပ်သည်။  
ယခုနှစ်တွင် စားသုံးသူရေးရာ ဦးစီးဌာနနှင့်  ပြင်ဦးလွင် ထောပတ် အစုအဖွဲ့တို့ပူးပေါင်းပြီး ပြင်ဦးလွင်မြို့နယ်ရှိ  ထောပတ် စိုက်ပျိုးသည့် ခြံများ လက်လီအရောင်းဆိုင်များအား ကွင်းဆင်း ကာ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ဦးလွင်မြို့သို့  လာရောက်လည်ပတ်သော  ခရီးသွားများအား  ထောပတ်သီး အမျိုးအစားအလိုက်  ရင့်မှည့်ချိန် ရာသီအလိုက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးလျက်ရှိသည်။ ထောပတ်သီး အမျိုးအစားအလိုက် ရင့်မှည့်ချိန်များမှာ ပီတာဆန်  မျိုးမှာ သြဂုတ်လနှင့် စက်တင်ဘာလတွင် မှည့်သည်။ ခူးဆွတ်ပြီး ရင့်မှည့်ရန် (၂- ၃) ရက် သာကြာပြီး Russel (ဝ၃၄/ဝ၃၄) မျိုးမှာ စက်တင်ဘာလတွင် ရင့်မှည့်သည်။ အမရာ (ဒေသမျိုး)မှာ စက် တင်ဘာလတွင် ရင့်မှည့်သည်။ ဘာဘေးနီးယား မျိုးမှာ အောက်တိုဘာလတွင် ရင့်မှည့်သည်။ ခူးဆွတ်ပြီး (၃-၅) ရက်ကြာလျှင် ရင့်မှည့်သည်။ ပင်ကာတန် မျိုးမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ရင့်မှည့်သည်။ ခူးဆွတ်ပြီး (၁၀-၁၅)ရက် ကြာလျှင် ရင့်မှည့်သည်။ ဟက်(စ်) မျိုးမှာ ဒီဇင်ဘာလတွင် ရင့်မှည့်သည်။ ခူးဆွတ်ပြီး (၇-၁၀)ရက်ကြာလျှင် ရင့်မှည့်သည်။ မြောက်ကျွန်းသူ (ဒေသမျိုး) မှာ  ဇန်နဝါရီလတွင် ရင့်မှည့်သည်။ ခူးဆွတ်ပြီး (၅-၇)ရက်ကြာလျှင် ရင့်မှည့်သည်။ ဒေသသီးမျိုးစုံမှာ  အောက်တိုဘာလတွင် ရင့်မှည့်သည်။  
ထို့ကြောင့် စားသုံးသူများမှ ထောပတ်သီး  ဝယ်ယူပါက  ထောပတ်သီးတွင် အညှာမပါလျှင် မဝယ်ယူမိရန်နှင့် ဝယ်ယူမိပါ က ၇၅ ရာခိုင်နှုန်းမှာ ပုပ်သွားတတ်သဖြင့် ငွေကြေးဆုံးရှုံးမှုဖြစ် နိုင်ကြောင်းနှင့် ရောင်းချသူများမှလည်း ရင့်မှည့်ချိန် မတန်သေး သည့် အသီးများကို ခူးဆွတ်ပြီး ဈေးကွက်တွင် ရောင်းချရန် မသင့် ကြောင်း အကြုံပြု ရေးသားလိုက်ပါသည်။

 

အောင်မင်းနိုင်