Main menu

Background

Monday, 20 Nov 2023

ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်း သာရှိကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံက သိရသည်။ ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကိစ္စနှင့် ပတ်သက်၍ လက်ရှိ သတ်မှတ်နှုန်းထားကို ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ်ငွေလဲကောင်တာများ တွင် နိုင်ငံခြားငွေ ငွေသားတိုးမြှင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့က ဈေးနှုန်း ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်နိုင်သည်ဟူသည့် မဟုတ်မမှန်သော ကောလာဟလများ ထုတ်လွှင့်ကာ မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ်ရန် ဆောင်ရွက်နေကြောင

Tuesday, 7 Nov 2023

ပြည်တွင်း ငွေကြေးဈေးကွက်မှာ လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ် ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူ များထံမှ သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လက်ရှိတွင် နိုင်ငံခြား ငွေကြေးဈေးကွက် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဆောင်ရွက်နေပြီး USD Liquidity/ MMK Liquidity ကို ပြည်တွင်း ဈေးကွက်သို့ ဘဏ်များမှတစ်ဆင့် ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

Monday, 23 Oct 2023

လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူ များထံက သိရသည်။ ဈေးကွက်အတွင်း လက်ရှိတွင် ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့က ဈေးနှုန်း ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရည် ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း   မြင့်တက်နိုင်သည်ဟူသည့်   မဟုတ်မမှန်သော ကောလာဟလများ ထုတ်လွှင့်ကာ မသိနားမလည်သူများအား လိမ်ညာအမြတ်ထုတ် ရန်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။

Tuesday, 10 Oct 2023

ပြည်တွင်း ငွေကြေးဈေးကွက်မှာ  လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ် သူများထံက သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း ငွေကြေးဈေးကွက် တည် ငြိမ်စေရေး၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီဖြင့် ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Monday, 11 Sep 2023

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်မှ ယခု စက်တင်ဘာလ ၆ ရက်အထိ စာရင်းဝင် ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၂၆၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရသည်။ အဆိုပါ ကာလအတွင်း အရောင်းအဝယ် ဖြစ်မြောက်သည့် ရှယ်ယာအစောင်ရေ စုစုပေါင်း ၉၇၈၂၄ စောင် ရှိပြီး တန်ဖိုးအားဖြင့် ကျပ် ၂၆၄ ဒသမ ၄၅ သန်း ရှိခဲ့ခြင်းဖြစ်သည်။

Monday, 11 Sep 2023

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက် ရှိရာ လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်၌ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ  ရောင်းဝယ်မှု ပြုလုပ်နေသူများကို တာဝန်ရှိသူများက အသွင်ယူ  ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကျဆင်းလာကြောင်း သိရသည်။

Thursday, 31 Aug 2023

သြဂုတ် ၁၀ ရက်မှ ၂၃ ရက်အထိ စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှု တန်ဖိုး ကျပ်သန်း ၄၃၀ ကျော်ရှိခဲ့ကြောင်း ရန်ကုန်စတော့ အိပ်ချိန်း YSX) မှ သိရသည်။

Monday, 14 Aug 2023

ပြည်တွင်း ငွေကြေးဈေးကွက်၌  လက်ရှိတွင် ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားငွေကြေး ရောင်း ဝယ်သူများထံက သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း ငွေကြေးဈေးကွက် တည် ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးနှင့် နိုင်ငံခြားငွေ ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းထားကြောင်း သိရသည်။

Monday, 31 Jul 2023

လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်မှာ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့်သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရ သည်။ လက်ရှိတွင်  ဝိသမလောဘသားများနှင့် ဈေးကစားသူအချို့က ဈေးနှုန်း ကမောက်ကမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နိုင်သည်ဟူသည့် မဟုတ်မမှန်သော ကောလာဟလများ ထုတ်လွှင့်ကာ မသိနားမလည်သူများအား   လိမ်ညာအမြတ်ထုတ်ရန်  ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထားသည်။

Monday, 3 Jul 2023

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက် ရှိရာ လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးနေကြောင်း သိရသည်။ 

Pages