Main menu

Background

Thursday, 1 Jun 2017

        အမေရိကန် ပြည်ထောင်စုဗဟို ဘဏ်က ဗဟိုဘဏ်အတိုးနှုန်းများကို မြှင့်တင်ရာတွင် ဖြည်းဖြည်းခြင်းသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်မူဝါဒ ချမှတ်ရေး အစည်းအဝေးက ဆုံးဖြတ်ချက်ချထား ခြင်းနှင့် Moody's ကြွေးမြီ အဆင့်သတ် မှတ်ရေးအဖွဲ့က တရုတ်နိုင်ငံ၏ ကြွေးမြီ အဆင့်သတ်မှတ်ချက်ကို လျှော့ချသတ်မှတ်ပြီးနောက်ပိုင်း တရုတ်အစိုးရ က ဒေါ်လာငွေကြေးများကို ပြန်လည် ရောင်းချခြင်း စသည့်အချက်များေ ကြာင့် မေ ၂၅ ရက်တွင် အာရှငွေကြေးများ၏ တန်ဖိုးမြင့်တက်ခဲ့သည်။

Monday, 8 May 2017

     ကုန်စည်ဈေးနှုန်းများ ဆက် လက်ကျဆင်းနေမှုက ကမ္ဘာ့စီးပွားရေး ကြံ့ခိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည့်အတွက မေ ၅ ရက် တွင် အာရှငွေကြေး အများစု၏ တန်ဖိုး ကျဆင်းခဲ့သည်။ အမေရိကန်ပြည်ေ ထာင်စု ၏ အလုပ်အကိုင် အခြေအနေမှာလည်း မတ်လအတွင်းက ကျဆင်းထားပြီဖြစ် ရာ အလုပ်အကိုင်အခြေအနေ အစီရင် ခံစာမထုတ်ပြန်မီ ဈေးကွက်ရှိ ရင်းနှီး မြှုပ်နှံသူတို့က သတိထား၍ လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိ သည်။ ဧပြီလ တွင် ပျမ်းမျှခြင်းအားဖြင့် အလုပ်အကိုင် ပေါင်း ၁၈၅၀၀၀ ကို ဖန်တီးနိုင်လိမ့်မည် ဟု စီးပွားရေးပညာရှင်တို့က ခန့်မှန်း သည်။အရှေ့တောင်အာရှ နိုင်ငံများနှင့် နှစ်ဖက်အပြန်အလှန် ငွေကြေးဖလှယ် မှု သဘောတူ စာချုပ် ခ

Thursday, 30 Mar 2017

      အမေရိကန်ပြည်ထောင်စုက ကျန်းမာရေးစောင့်ရှောက်မှုဥပဒေမူ ကြမ်းကို မဲခွဲဆုံးဖြတ်မှုမတိုင်မီ မတ် ၂၄ ရက်က အာရှဒေသရှိငွေကြေးအများစု ၏ တန်ဖိုးက အတက်အကျမရှိတန့်နေ ရာမှ အနည်းငယ်ကျဆင်းခဲ့သည်။ ယခု ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ကြမ်းကို ကြည့်၍ ဒေါ်နယ်ထရမ့် ဆောင်ရွက်လျက်ရှိသော အခွန်လျှော့ ချမှုနှင့် အခြေခံအဆောက်အအုံဆိုင် ရာ စီးပွားရေးဖွံ့ဖြိုးမှုမူဝါဒများကို အကောင်အထည်ဖော်ရာတွင် နှောင့် နှေးကြန့်ကြာ မှုများရှိလာမည်ကို ရင်းနှီး မြှုပ်နှံသူတို့က စိုးရိမ်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က ယခင်ရက်သတ္တပတ်အတွင်းက အတိုးနှုန်း များမြှင့်တင်ပေးပြီး တဖြည်းဖြည်းချင်း လည်း ထပ်မံတိုးမြှင့်ပေး သွားဦးမည် ဖြစ်

Tuesday, 21 Mar 2017

     အမေရိကန်ပြည်ထောင်စု လုပ်ငန်း ရှင်များ၏ ဖေဖော်ဝါရီအတွင်း အလုပ်အကိုင်ခန့်ထားမှုမှာ မျှော်လင့်ထားသည်ထက်ပိုမိုခဲ့ကြောင်း ပုဂ္ဂလိက အလုပ်အကိုင် အစီရင်ခံစာတစ်ခုထွက် ပေါ်ခဲ့ပြီးနောက် ပိုင်း အစိုးရက ထုတ်ပြန် မည့်အလုပ် အကိုင်ကိန်းဂဏန်းများ ထွက်ပေါ်လာ ချိန်တွင်လည်း အလားတူ တိုးတက်မှု မျိုးရှိလာနိုင်သည့်အတွက် မတ် ၁၀ ရက်က အာရှငွေကြေးများ တန်ဖိုးကျ ဆင်းခဲ့သည်။

Wednesday, 15 Mar 2017

    အမေရိကန်ပြည်ထောင်စု လုပ်ငန်း ရှင်များ၏ ဖေဖော်ဝါရီအတွင်း အလုပ် အကိုင်ခန့်ထားမှုမှာ မျှော်လင့်ထားသည် ထက်ပိုမိုခဲ့ကြောင်း ပုဂ္ဂလိက အလုပ်အကိုင် အစီရင်ခံစာတစ်ခုထွက် ပေါ်ခဲ့ပြီးနောက် ပိုင်း အစိုးရက ထုတ်ြ ပန် မည့်အလုပ် အကိုင်ကိန်းဂဏန်းများ ထွက်ပေါ်လာ ချိန်တွင်လည်း အလားတူ တိုးတက်မှု မျိုးရှိလာနိုင်သည့်အတွက် မတ် ၁၀ ရက်က အာရှငွေကြေးများ တန်ဖိုးကျ ဆင်းခဲ့သည်။မတ် ၁၄ ရက်နှ င့် ၁၅ ရက်တွင် ကျင်းပမည့် အမေရိကန်ဗဟိုဘဏ်၏ နှစ်ရက်ကြာ အစည်းအဝေးတွင် အတိုး နှုန်းမြှင့်တင်ပေးလိမ့်မည်ဟူသော ရင်း နှီးမြှုပ်နှံသူတို့၏ ယုံကြည်ချက်မှာ ပိုမို မြင့်တက်လာခဲ့သည်။ ဥရောပ ဗဟို ဘဏ် (အီးစီဘီ) အစည်းအဝေးမှာလည်း ကျင်းပချိန်နီးနေ

Wednesday, 8 Mar 2017

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Friday, 24 Feb 2017

        အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က နောက်တစ်ကြိမ်အတိုးနှုန်း တိုးမြှင့်ရေးနှင့် ပတ်သက်၍ မရေရာမှု များရှိနေသည့်အတွက် ဖေဖော်ဝါရီ ၁၆ ရက်မှာ အဓိကငွေကြေးများနှင့်ဖလှယ်ရာ၌ ဒေါ်လာတန်ဖိုးကျဆင်းခဲ့သည်။ အမေရိကန် ဗဟိုဘဏ်ကနောက်တစ်ကြိမ်တွင် ကျင်းပမည့်အစည်းအဝေး၌ အတိုးနှုန်းမြှင့်တင်ရေးကိစ္စနှင့်ပတ်သက်၍ ပြတ်ပြတ်သားသားပြောကြားခြင်းမရှိသည့်အတွက် လာမည့်တစ်လအတွင်းအမေရိကန်ဗဟိုဘဏ်အတိုး နှု န်းကို တိုးမြှင့်ပေးလိမ့်မည်မဟုတ်ဟု ရင်းနှီးမြှုပ်နှံသူတို့က လျှော့ချခန့်မှန်းကြသည်။ ဖေဖော်ဝါရီ ၁၅ ရက်က ကွန်ဂရက် ကြားနာစစ်ဆေးမှုတွင် ယယ်လင်က ပြောကြားရာ၌ တိုင်းပြည် စီးပွားရေး ကောင်းမွန်လာပြီး အလုပ်အကိုင် ရရှိမှု မြင့်မားကာ ဈေ

Friday, 3 Feb 2017

တရုတ်ယွမ်
    တရုတ်နှစ်သစ်ကူးပွဲတော် မတိုင် မီ အရောင်းအဝယ်ပါးသဖြင့် ဇန်နဝါရီ ၂၆ ရက်က အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းပြီး တရုတ်ယွမ်ငွေကြေးတန်ဖိုး ခိုင်မာလာသည်။ တရုတ်ဗဟိုဘဏ်က ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း ကို အမေရိကန် တစ်ဒေါ်လာလျှင် ၆ ဒသမ ၈၅၈၈ ယွမ်နှုန်းသတ်မှတ်ခဲ့ရာ ယခင်နေ့က သတ်မှတ်ခဲ့သော အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၅၉၆ ယွမ်နှုန်းနှင့် နှိုင်းယှဉ် ပါက ဒေါ်လာတန်ဖိုး ကျဆင်းပြီး ယွမ်တန်ဖိုးမြင့်တက်ခဲ့ သ ည်။ ငွေလက်  ငင်းဈေးကွက်တွင် အမေရိကန်တစ် ဒေါ်လာကို ၆ ဒသမ ၈၆၉၁ ယွမ်နှုန်း ဖြင့် ဈေးဖွင့်ခဲ့ပြီး ၆ ဒသမ ၈၇၉၉ ယွမ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

Monday, 23 Jan 2017

ဇန်နဝါရီ ၂၀ ရက်တွင် အာရှငွေ ကြေးအများစု တန်ဖိုးမြင့်တက်လာ သည်။ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျနက်ယယ်လင်၏ ဝေဖန်သုံးသပ်ချက် များက အများမျှော်မှန်းထားသလောက် ပြင်းထန်မှု မရှိတော့သဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံ၏ စတုတ္ထသုံးလပတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အများ ခန့်မှန်းထားသည်ထက် အနည်းငယ် တိုးတက်ကောင်းမွန်လာသည့်အတွက် ကြောင့်လည်းကောင်း ယခုကဲ့သို့ မြင့် တက်လာခြင်းဖြစ်သည်။

Thursday, 19 Jan 2017

   အမေရိကန်ပြည်ထောင်စု ရွေး ချယ်ခံသမ္မတ     ဒေါ်နယ်ထရမ့်၏ သတင်းစာရှင်းလင်းပွဲပြီးနောက် ဇန်န ဝါရီ ၁၂ ရက်မှာ အာရှငွေကြေး အများစု ၏တန်ဖိုးများ  မြင့်တက်လာသည်ကို တွေ့ရသည်။  အမေရိကန်သမ္မတတာဝန် ကို လွှဲပြောင်းယူတော့မည့် ထရမ့်သည် ဇန်နဝါရီ ၁၁ ရက်တွင် သတင်းစာရှင်း လင်းပွဲကို ကျင်းပရာတွင် ဖွံ့ဖြိုးတိုးတက် ရေးမူဝါဒများကို  အသေးစိတ်ပြော ကြားခြင်း၊ အခွန်လျှော့ချမှုနှင့်  အခြေခံ အဆောက်အအုံ အသုံး စရိတ်နှင့် ပတ် သက်၍ အကျယ်တဝင့် ရှင်းလင်းပြော ကြားခြင်း  မရှိသည့်အတွက် ရင်းနှီးမြှုပ်နှံ သူတို့ စိတ်ပျက်စရာဖြစ်ခဲ့သည်။

Pages