Background
အမေရိကန် ပြည်ထောင်စု ဗဟို ဘဏ် အတိုးနှုန်းမြှင့်တင်ရေး ကိစ္စကို ဆုံးဖြတ်ချက် မချနိုင်သည့်အတွက် ထွန်းသစ်စ အာရှငွေကြေးများ၏ ဝယ် လိုအားကို ပိုမိုမြင့်မားလာစေသဖြင့် စက်တင်ဘာ ၂၃ရက်တွင် ကုန်ဆုံးသည့် ရက်သတ္တပတ်အတွင်း အာရှငွေကြေး များ၏ တန်ဖိုးများ မြင့်တက်ခဲ့သည်။ အမေရိကန်ဗဟိုဘဏ် အရာရှိ များက ၂၀၁၇ ခုနှစ်အတွင်း အတိုးနှုန်း မြှင့်တင်ပေးမည့် အကြိမ်အရေအတွက် ကိုလည်း သုံးကြိမ်မှ နှစ်ကြိမ်အထိ ရှိမည် ဟုလျှော့ချခန့်မှန်းပြီးနောက် အာရှ ငွေကြေးများ၏ တန်ဖိုးက နှစ်လ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။တရုတ်ယွမ်ကို အပြည်ပြည်ဆိုင် ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ အထူး ထုတ်လုပ်ခွင့် (Special Drawing Right
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအသီးသီးရှိ အဓိက ဗဟိုဘဏ်တွေက ထောက်ပံ့ကူညီနိုင် မယ့် စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့စိုးရိမ်မှု နဲ့ ေ ရနံ ဈေးနှုန်းများကျဆင်းမှုတို့ကြောင့် စွန့်စားမှုများတဲ့ အာ ရှငွေကြေးတွေကိုဝယ်ယူဖို့ ရင်းနှီးမြှုပ်နှံသူတွေက တွန့်ဆုတ်လျက်ရှိပါတယ်။ ဒါကြောင့် စက်တင်ဘာ ၁၅ ရက်မှာ ထွန်း သစ်စ အာရှငွေ ကြေးအများစု တန်ဖိုးကျဆင်းပါတယ်။ အမေရိကန်ဗဟိုဘဏ်နဲ့ ဂျပန်ဗဟို ဘဏ်တို့က စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်မှာ မူဝါဒတွေကို ပြန်လည်သုံးသပ်မှာ ြ ဖစ်ပါတယ်။ အိန္ဒိယပို့ကုန်တွေကို အထောက်အကူဖြစ်စေဖို့အတွက် ရူပီးငွေကြေးကို တန်ဖိုးချမယ်လို့ စီးပွားရေးနှင့် ကူးသန်းရေ
အာရှငွေကြေး အများစုက သြဂုတ် ၂၅ ရက်မှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် ပြည် ထောင်စု ဗဟိုဘဏ် အတိုးနှုန်းနဲ့ ပတ် သက်ပြီး အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌက ဘယ်လို ဆောင်ရွက်ဦးမယ် ဆိုတာ ကို ရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်နေ သေးတဲ့အတွက် တန်ဖိုးမြင့်တက်မှု အနည်းငယ်သာရှိခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စု ဗဟို ဘဏ်က ၂၀၁၅ခုနှစ် ဒီဇင်ဘာက ဗဟို ဘဏ် အတိုးနှုန်းကို ဆယ်နှစ်အတွင်း ပထမ ဆုံး အကြိမ်အဖြစ် တိုးမြှင့်ပေးခဲ့ ပါတယ်။ ယခုနှစ်အတွင်း အတိုးနှုန်း ထပ်မံ တိုးမြှင့်ပေးဖို့ ရှိ/မရှိက မရေမရာ ရှိနေဆဲ ဖြစ်ပါတယ်။ အမေရိကန် ဗဟိုဘဏ်များရဲ့ နှစ်ပတ်လည် ကွန်ဖရင့်ကို ဝိုင်ယိုမင်း ပြည်နယ်၊ ဂျက်ကဆန်ဟိုး မှာ သြဂုတ
ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများ ဆက်လက်မြင့်တက်ခဲ့ရာ အမြင့် ဆုံးရောင်းဈေးအဖြစ် ကျပ်၁၂၀၀ သို့ရောက်ရှိခဲ့ကြောင်း သိရသည်။ ဈေးကွက်တွင် အဝယ်လိုက်လာသဖြင့် ဈေးမြင့်တက်လာရခြင်းဖြစ်သည်ဟု ဆိုသည်။ "ဈေးကွက်ထဲမှာ အဝယ်ပြန်လိုက်လာတာ နှစ်ပတ်လောက်ရှိနေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက အဝယ်လိုက်နေတာပါ။ ဈေးပြန်တက်လာတဲ့အတွက် ဈေး ကွက်ထဲမှာ ပြန်ပြီးလှုပ်လာ တယ်။ နိုင်ငံတကာမှာလည်း ေ ဈးမြင့် တက်လာတဲ့အတွက် ပြည်တွင်းငွေလဲနှုန်းတွေ မြင့်တက်လာရတာပါ။ သွင်းကုန်တွေကလည်း များလာ တော့ သွင်းကုန်အတွက် ဝယ်ကြတာများပါတယ်"ဟု ဈေးကွက်အတွင်း ဝယ်ရောင်း ပြုလုပ်နေသူတစ်ဦး က ပြော ကြားခဲ့သည်။ ပြည်တွင်းငွေလဲစင်တာများတွင် သြဂုတ် ၁၅ ရ
အမေရိကန်ဒေါ်လာက အာရှပစိဖိတ် ငွေကြေးများနဲ့ဖလှယ်ရာမှာ သြဂုတ် ၁၁ရက်မှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် ကုန်သည်တွေက အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းသတ်မှတ်မယ့်ကာလကို ရှင်းလင်း ပြတ်သား စွာ သိနိုင်မယ့်အချက်ပြတွေကို စောင့်ဆိုင်းလေ့လာနေတဲ့အတွက်တန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်ထားသလို ဖြစ်ခဲ့ပါတယ်။ဇွန်လအတွက် ထုတ်ပြန်တဲ့အမေရိကန် အလုပ်အကိုင် ကိန်းဂဏန်းတွေကို သြဂုတ် ၁၂ ရက်က ထုတ်ပြန် ခဲရာ မူလခန့်မှန်းချက်ထက် ကျော်လွန်တဲ့အတွက် ယခုနှစ်အတွင်းမှာ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတွေ မြှင့်တင်ပေးလိမ့်မယ်လို့ ခန့်မှန်း ကြပါတယ်။ ဒါကြောင့် ဒေါ်လာတန်ဖိုးက ပြန်လည် ဦးမော့လာပါတယ်။ဒါပေမယ့် ဆက်တိုက်ထုတ်ပြန်ခဲ့တဲ့ဒုတိ
ယွမ်ငွေတန်ဖိုး တဖြည်းဖြည်း မြင့်တက်လာမှုကို အကြောင်းပြုပြီး ဇူလိုင် ၂၂ ရက်မှာ ထွန်းသစ်စငွေ ကြေးအများစုရဲ့ တန်ဖိုးတွေမြင့်တက် ခဲ့ပါတယ်။ ဒါပေမယ့် လာမယ့်ရက် သတ္တပတ်မှာ အမေရိကန်နဲ့ ဂျပန်ဗဟို ဘဏ်တွေက မူဝါဒချမှတ်မှာကို ရင်းနှီး မြှုပ်နှံသူတွေက စောင့်ကြည့်လေ့လာ နေတဲ့အတွက် ဒေသတွင်း ငွေကြေး တွေရဲ့ တန်ဖိုးက ရက်သတ္တပတ် အလိုက်ကြည့်ရင် တန်ဖိုးကျဆင်းမယ့် အလားအလာ ကို တွေ့နေရပါတယ်။
တရုတ်နိုင်ငံက ထုတ်ပြန်လိုက် တဲ့ စီးပွားရေး ကိန်းဂဏန်းတွေအရ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုနှုန်းက ခန့်မှန်းထားတာထက် ပိုမို တိုးတက်ခဲ့တာကို တွေ့ရပါတယ်။ အလားတူ အာရှအီကွီတီရှယ် ယာ ဈေး ကွက်တွေကလည်း ခိုင်မာလာတဲ့ အတွက် ဒေသတွင်းငွေကြေး အများစု ရဲ့ တန်ဖိုးတွေက ဇူလိုင် ၁၅ ရက်မှာ မြင့်တက်လာတာကို တွေ့ရပါတယ်။စီးပွားရေး တည်ငြိမ်မှုရစေဖို့ အတွက် တရုတ်အစိုးရက တိုးမြှင့်ပြီး ကြိုးပမ်း ဆောင်ရွက်ခဲ့တဲ့အတွက် ဒုတိယသုံးလပတ်မှာ တရုတ်စီးပွားရေး က ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ မူလခန့်မှန်းချက်ထက် ပိုမိုတိုးတက်ခဲ့ တာကို တွေ့ရ ပါတယ်။ စက်မှုထုတ်ကုန် နဲ့ လက်လီ ရောင်းချမှု အခြေအနေ
အမေရိကန်ပြည်ထောင်စုဗဟို ဘဏ်ရဲ့ မူဝါဒအစည်းအဝေးကျင်းပ တော့မယ့်အချိန်နဲ့ ဗြိတိန်နိုင်ငံမှာလည်း ဥရောပမှဗြိတိန်နိုင်ငံနုတ်ထွက်ရေး အတွက် မဲပေးဆုံးဖြတ်တော့မယ့် အချိန်နီးကပ်လာတဲ့အတွက် ရင်းနှီး မြှုပ်နှံ သူတွေက သတိထားပြီး အလုပ်လုပ်နေကြပါတယ်။ ဒါကြောင့် ရက် သတ္တပတ်အလိုက် နှိုင်းယှဉ်ရင်တန်ဖိုး မြင့်တက်ခဲ့တဲ့ အာရှငွေကြေးအချို့ တန်ဖိုးကျဆင်းခဲ့တဲ့အတွက် ဇွန် ၁၀ ရက်က အာရှငွေကြေးအများစုရဲ့ တန်ဖိုးများ ကျဆင်းခဲ့တာကို တွေ့ရပါ တယ်။ ဇွန် ၂၃ ရက်မှာ ကျင်းပမယ့် ဗြိတိန်နိုင်ငံရဲ့ ဆန္ဒခံယူပွဲအတွက်စိုးရိမ် မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စွန့်စားမှုအန္တရာယ်များတဲ့ သက်သေခံ ငွေချေးစာရွက်စာတမ်းများ ဝ
ထွန်းသစ်စ အာရှငွေကြေး အများစုက မေ ၂၇ ရက်မှာနေ့ အလိုက် တန်ဖိုးမြင့်တက်လာကြပြီး ရက်သတ္တ ပတ်အလိုက် နှိုင်းယှဉ်ကြည့်ရင်လည်း တန်ဖိုးမြင့်တက်နေတာကို တွေ့ရပါ တယ်။ ဒါပေမယ့် အမေရိကန်ဗဟို ဘဏ်ဥက္ကဋ္ဌရဲ့ သဘောထားက အမေ ရိကန် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်း မြှင့်တင်ပေး မပေးဆိုတဲ့အချက်အပေါ် သြဇာသက်ရောက်မှုရှိနေတဲ့အတွက် ရင်းနှီး မြှုပ်နှံသူတွေက ငွေကြေးမူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ ဂျနက်ယယ်လင်ရဲ့ ဝေဖန်ပြော ကြားချက်ကို စောင့်ကြည့်ပြီး သတိထား ဆောင်ရွက်လျက်ရှိပါတယ်။