Main menu

Background

Tuesday, 25 Aug 2015

     ယွမ်ငွေကြေးတန်ဖိုး ချတဲ့အတွက် ဖြစ်ပေါ်ရတဲ့  ဈေးကွက်ကသောင်းကနင်းဖြစ်မှုက စတော့ဈေးကွက်တွေရဲ့ ရက်သတ္တပတ်အလိုက်ကျဆင်းမှုကို နှစ် နှစ်အတွင်းအဆိုးဆုံးသို့   ရောက်ရှိစေခဲ့ပါတယ်။ ထို့အတူ ငွေကြေးတန် ဖိုး တွေကလည်း ယခုရာစုနှစ်အတွင်း ကျဆင်းမှု ကာလအရှည်ကြာဆုံးဖြစ်ခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စတော့ဈေးကွက်တွေရဲ့ အတက်အကျမတည်ငြိမ်မှု ကနှစ်နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုး ရိမ်မှုတွေမြင့်တက်နေချိန်မှာ အမေရိကန် ပြည်ထောင်စုက စက်တင်ဘာလမှာ အတိုးနှုန်းကို မြှင့်တင်ပေးမယ်ဆိုတဲ့ သတင်းကြောင့်  ဒေါ်လာနဲ့ထားရှိတဲ့ အက်ဆက်တွေကို  ဝယ်ယူဖို့ပြောင်းလဲ ကြိုးပမ်းလာတာကို  တွေ့ရပါတ ယ်။

Tuesday, 18 Aug 2015

တရုတ်ယွမ်
    တရုတ် နိုင်ငံခြားငွေရောင်းဝယ်ရေးဌာန (China Foreign Exchange Trading System) မှာ သြဂုတ်လ ၁၄ ရက်နေ့က တရုတ်ယွမ်ငွေကြေးရဲ့တန်ဖိုးကို အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ သုည ဒသမ ၃၅ ရာခိုင်နှုန်းြ ပန်လည် မြှင့်တင်ပြီး  တစ်ဒေါ်လာကို ၆ ဒသမ ၃၉၇၅ ယွမ်နှုန်း ရှိခဲ့ပါတယ်။

Thursday, 13 Aug 2015

     ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့်  ပြည်တွင်းငွေလဲနှုန်းများ သည် ယခုတစ်ပတ်တွင် ရေလွှမ်းမိုးနစ်မြုပ်မှုများနှင့်အတူ  အနည်းငယ်ပြန်လည် မြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Thursday, 2 Jul 2015

ဘာလင်
လာမယ့်ငါးရက်အတွင်း ဂရိ အစိုးရက သူရဲ့မြီရှင်တွေနဲ့ဆွေးနွေး ညှိနှိုင်းရာမှာ အဖြေတစ်ခုခုကို မရ ခဲ့ပါက  ဂရိနိုင်ငံအနေနဲ့ယူရိုဇုန်မှ မလွဲမသွေ    ထွက်ခွာရတော့မှာဖြစ်  ကြောင်း ဇွန်လ ၂၆ ရက်နေ့က ဂျာမနီနိုင်ငံမှ အီးယူကော်မရှင်နာGuenther Oettinger  ရဲ့ပြောကြား ချက်ကို ကိုးကားပြီးရိုက်တာသတင်း မှာဖော်ပြပါတယ်။
စင်ကာပူ

Tuesday, 23 Jun 2015

ယခင်    ရက်သတ္တပတ်အကုန်က             စေ့စပ်ညှိနှိုင်းမှုများပျက်ပြားပြီး   ေ<ကး ပြန်လည်မပေးဆပ်နိုင်တဲ့အဖြစ်ဆိုးမျိုး ကြုံရဖို့ ရက်သတ္တပတ်အလိုသာရှိတော့ တဲ့နောက်ပိုင်း     ဂရိနိုင်ငံက အီးယူ- အိုင်အမ်အက်ဖ်မြီရှင်တွေ ကြွေးမြီကိစ္စ ဆွေးနွေးပွဲတွေ   ပြန်လည်စတင်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားရုန်းကန်လျက်ရှိပါ တယ်။
မြီရှင်တို့အနေဖြင့်   ''အဖြစ်မှန်နဲ့ ပိုမိုနီးစပ်ကြဖို့'' ဂရိဝန်ကြီးချုပ် အလက် ဇီဆီပရာက   တိုက်တွန်းပြောကြားပြီး နောက်ပိုင်းဆွေးနွေးပွဲများကို    ''မည် သည့်အချိန်မဆို'' ပြန်စဖို့  ဂရိနိုင်ငံက အသင့်ရှိကြောင်း ဂရိအစိုးရကပြောပါ တယ်။

Tuesday, 23 Jun 2015

ဗဟိုဘဏ်အတိုးနှုန်း   တိုးမြှင့် ပေးမယ့်အချိန်က   ဈေးကွက်တွေက မျှော်လင့်ထားတဲ့    အချိန်ထက်ပိုပြီး နောက်ကျလိမ့်မယ်လို့ အမေရိကန်ဗဟို ဘဏ်က     ကြေညာလိုက်တဲ့အတွက်     ရေတိုမှာ အကျိုးအမြတ်များများရတဲ့ ဘွန်းစာချုပ်တွေက ရင်းနှီးမြှုပ်နှံသူတွေ ကိုဆွဲဆောင်ရာမှာ အထောက်အကူဖြစ် စေပါတယ်။    ဒါကြောင့်   ဒေါ်လာနဲ့ ဖလှယ်ရာမှာ ထွန်းသစ်စ  အာရှဈေး ကွက်တွေမှာရှိတဲ့ ငွေကြေးတွေ ဇွန်လ ၁၈ ရက်နေ့မှာ   တန်ဖိုးမြင့်တက်လာခဲ့ ပါတယ်။   အဓိကငွေကြေးခြောက်ခုနဲ့ ဖလှယ်ရာမှာ   အမေရိကန်ဒေါ်လာ တန်ဖိုးက  တစ်လအတွင်းအနိမ့်ဆုံးနှုန်း ကိုရောက်ရှိခဲ့ပါတယ်။

Tuesday, 23 Jun 2015

တစ်လအတွင်း အမြင့်ဆုံးအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၁၃၀၀ ကျပ် သို့ရောက်ရှိခဲ့ပြီးနောက် ဗဟိုဘဏ်နှင့်နိုင်ငံတော် အစိုးရမှတာဝန်ရှိသူများ၊ လွှတ် တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ ရာတွင် စက်သုံးဆီများနှင့်စားသုံးဆီသွင်းကုန်များအတွက် လိုအပ်သည့်နိုင်ငံခြား ငွေကို ဗဟိုဘဏ်နှုန်းထားအတိုင်း အကန့်အသတ်မရှိ ရောင်းချပေးရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ဆုံးဖြတ်ချက်များရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူး သန်းရောင်းဝယ်ရေးဘဏ်နှင့်ပုဂ္ဂလိကဘဏ် များအနေဖြင့် ယခုလ ၂၂ ရက်နေ့မှ စတင်၍ ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tuesday, 23 Jun 2015

 ယခုနှစ်အကုန်မှာ  အမေရိကန်ပြည်ထောင်စုရဲ့ အတိုးနှုန်းမြှင့်တင်မှုကြောင့်  တောင်ကိုရီးယားစီးပွားရေးကို ရိုက်ခတ်လာမယ့် ဆိုးကျိုးတွေအတွက် တောင်ကိုရီး ယားစီးပွားရေးပညာရှင်တွေက စိုးရိမ်လျက်ရှိကြောင်း ကိုရီးယားဟာရယ်သတင်း မှာ ဖော်ပြထားပါတယ်။

Wednesday, 17 Jun 2015

    ထိုင်းဗဟိုဘဏ်၏ အခြေခံစံထားအတိုးနှုန်းကို ယခင်အတိုင်း ၁ ဒသမ ရာခိုင်နှုန်းဖြင့်ဆက်လက်ထားရှိမှာဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးမူဝါဒ ကော်မတီ (Monetary Policy Committee-MPC)  ကဆုံးဖြတ်ခဲ့ ပါ တယ်။ လော လောဆယ်မှာ ဒီနှုန်းကဒေသတွင်းမှာ အနိမ့်ဆုံးနှုန်းဖြစ်တဲ့အတွက် သင့်တော်တဲ့ နှုန်းထားဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် မစ္စတာ ပရီဒီယာသွန် ဒီဝါကုလာရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။

Pages