Main menu

Background

Tuesday, 20 Jun 2023

စီးပွားရေး ပြန်လည်နှေးကွေးလာခြင်း၊ ငွေ ကြေးတန်ဖိုး   ကျုံ့လာမည်ကို ကြောက်ရွံ့ခြင်းနှင့် စွန့်စားတတ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက တရုတ်နိုင်ငံ၏ ငွေကြေးဈေးကွက်အပေါ်  ဖိအား များပေးကာ အစုရှယ်ယာဈေးနှုန်းများနှင့် ယွမ်ငွေ တန်ဖိုးကို ကျဆင်းစေလျက်ရှိသည်။  ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တရုတ်အစိုးရက  ၎င်း၏ ကိုဗစ် (၁၉)ကန့်သတ်ချက်များကို   လုံးဝရုပ်သိမ်းပြီး နောက် စီးပွားရေး ပြန်လည်ကောင်းမွန်လာခဲ့သော် လည်း ပြန်လည် နာလန်ထူမှု နှေးကွေးကျဆင်းလာ သည်ဟု Nikki Asia တွင် ဖော်ပြထားသည်။   စီးပွားရေးကို ပြန်လည်မြှင့်တင်ရေး ကြိုးစားရန် ငွေကြေး လှုံ့ဆော်မှုကို အသုံးပြုခြင်းက ယွမ်ငွေကို ပ

Monday, 5 Jun 2023

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ကမ္ဘာ့ရွှေဈေးသည် အပြောင်း အလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် မေ  ၂၅ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၆၀ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ မေ ၃၁ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၅၆ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည် လည်း မေ ၂၅ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၀၆၁၀ဝ၀ ပေါက်ဈေးရှိခဲ့ရာမှ မေ ၃၁ ရက်တွင် ကျပ် ၃၀၅၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။

Monday, 5 Jun 2023

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်၌ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် သာ အရောင်းအဝယ်ပြုလုပ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်း ကိစ္စနှင့်ပတ်သက်၍ လက်ရှိ သတ်မှတ်နှုန်းထားကို ပြောင်းလဲမည်မဟုတ်ဘဲ ဘဏ် ငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား တိုးမြှင့်ရောင်းချပေးမည်ဖြစ်ကြောင်း မေ ၂၆ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

Tuesday, 23 May 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေရေး အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက်ပံ့ပိုးပေး လျက်ရှိကြောင်း သိရသည်။
ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် ပြင်ပဈေးအတိုင်း ရောင်းဝယ်မှုများ  ပြုလုပ် နေသည့် လိုင်စင်ရ ငွေလဲကောင်တာများကိုလည်း အရေး ယူမှုများ ပြုလုပ်လျက်ရှိ သည်။

Thursday, 30 Mar 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း သိရသည်။

ပြည်တွင်း ရွှေနှင့် ငွေကြေးဈေးကွက်တည်ငြိမ်‌စေရန်အတွက် ဗဟိုဘဏ်အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Wednesday, 1 Mar 2023

ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ ၂၂ ရက်အထိ နှစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ စတော့ရှယ်ယာ အရောင်းအဝယ်ဖြစ်မှုမှာ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၁၈၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်စတော့အိပ်ချိန်း (YSX) မှ သိရ သည်။
အဆိုပါ ကာလအတွင်း အရောင်းအဝယ်ဖြစ်မြောက်သည့် ရှယ်ယာစောင်ရေ စုစုပေါင်းမှာ ၆၅၄၇၆ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၁၈၇ ဒသမ ၆၁ သန်း ရှိခဲ့ခြင်း ဖြစ်သည်။

Wednesday, 1 Mar 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေ ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက် ပံ့ပိုး ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် ဗဟိုဘဏ်အနေဖြင့် ပြင်ပဈေးအတိုင်း ရောင်းဝယ်မှုများ ပြုလုပ် နေသည့် လိုင်စင်ရ ငွေလဲကောင်တာများကိုလည်း အရေးယူမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

Tuesday, 21 Feb 2023

ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၅၆ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၈ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ  ၁၈၈၁ ဒေါ်လာဖြစ်ခဲ့သည်ကို  တွေ့ရှိရ သည်။ ပြည်တွင်းရွှေဈေးသည်လည်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈၇၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ  ဖေဖော်ဝါရီ ၈ ရက်တွင် ကျပ် ၂၈၅၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။

Thursday, 19 Jan 2023

လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း  ဒေါ်လာအရောင်းအဝယ်မှာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ်အေးနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံက သိရသည်။
မြန်မာနိုင်ငံ‌တော်ဗဟိုဘဏ်အနေဖြင့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းပြီး ဒေါ်လာဈေးနှုန်း တည်ငြိမ်မှုကို ပျက်ပြားစေနိုင်သည့် ကိစ္စရပ်များကို စစ်ဆေးဆောင်ရွက်လျက်ရှိသော ကြောင့် ဒေါ်လာဈေးမှာ ဖြစ်သင့်ဖြစ်ထိုက်သည့်နှုန်းထားကို တဖြည်းဖြည်း ရောက်ရှိလာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Monday, 9 Jan 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်ဆောင် ရွက်လျက်ရှိရာ ‌လက်ရှိ ပြည်တွင်းငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းငွေကြေးဈေးကွက် တည်ငြိမ်စေရန်အတွက် လက်ရှိ၌ လိုအပ်သည့် မူဝါဒဆိုင်ရာ တုံ့ပြန်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သို့သော် လက်ရှိတွင် ကျဆင်းနေသည့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကို မသမာသူများက ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ပြောင်းလဲမည်ဆိုသည့် ကောလဟလများ ထုတ်လွှင့်ကာ ဒေါ်လာဈေးဆွဲတင်ရန် ကြိုးစားနေမှုများရှိနေကြောင်း သိရသည်။

Pages