Main menu

Background

Sunday, 12 Dec 2010

 ရုရှားမှမြန်မာရေထွက်ကုန်များ ဝယ်ယူရန်ကမ်းလှမ်းလာ                      ရုရှားမှ မြန်မာရေထွက်ကုန်များ ဝယ်ယူရန် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံရေထွက်ကုန်နှင့် ပို့ကုန် လုပ်ငန်းရှင်များအသင်းမှ သိရသည်။ '' ရုရှားက ရေထွက်ကုန်တွေ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ရာမှာ မြန်မာပြည်က ဖမ်းဆီးတင်ပို့တဲ့ ငါးရှဉ့်ကို ပို စိတ်ဝင်စားတာ တွေ့ရတယ်။ ရုရှား ကငါးရှဉ့်ကို ဂျပန်အကြိုက်ပုံစံမျိုး၊ ဆိုလို တာက မြန်မာက ပို့လိုက်တဲ့ငါးရှဉ့်ကို တရုတ်တွေက စူပါဆိုဒ်ဖြစ်အောင် အကောင်ကြီးအောင် ပြန်မွေး၊ ဂျပန် စတိုင်ထုတ်ပြီး အခြားနိုင်ငံတွေကို ပြန်ပို့ ရောင်းချနေတာပါ။တရုတ်ရောင်းတဲ့ ငါးရှဉ့်ရဲ့မူရင်းက မြန်မာငါးရှဉ့်ဆိုတာ ရုရှားကသိနေတဲ့ အခြေအနေမှာ ရှိတယ်။ ၂ဝဝ၆ ခုနှစ်လောက်က ရုရှား ဈေးကွက်ကို မြန်မာ ရေထွက်ကုန်တွေ တင်ပို့ခဲ့ရပြီး တစ်ခုထပ်ပြီးဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့အတွက် ရေထွက်ကုန် တွေ ရုရှားကိုပိုမိုတင်ပို့နိုင်မယ့် အခွင့် အလမ်းတွေ ရရှိလာမှာ ဖြစ်ပါတယ်။ ရုရှားဈေးကွက်မှာ မြန်မာထုတ်ကုန်တွေ ရေရှည်ဈေးကွက်ရရှိဖို့က စားသုံးသူ လက်ခံမှုအပေါ်မူတည်သလို မြန်မာ ရေထွက်ကုန် ထုတ်လုပ်သူတွေအနေ ဖြင့်လည်း အရည်အသွေးပြည့် စံချိန် စံညွှန်း ပြည့်ထုတ်လုပ်ဖို့လိုအပ်ပါတယ်'' ဟု ယင်းအသင်းမှ အတွင်းရေးမှူး ဦးထွန်းအေးကပြောကြားသည်။                           ခင်မျိုးသွယ်

Sunday, 12 Dec 2010

တရုတ်ပို့မည့် ရေထွက်ကုန်များအတွက် တရုတ်နိုင်ငံ၏ ခွင့်ပြုလက်မှတ်ပါရန်လို             တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမည့်ရေထွက်ကုန်ပစ္စည်းများအတွက် ၂ဝ၁၁ ခုနှစ် နှစ်ဆန်းကစတင်၍ တရုတ် နိုင်ငံ၏ ခွင့်ပြုလက်မှတ်နှင့်ခွင့်ပြုချက်ရ စက်ရုံများဖြစ်ရန် လိုအပ်ကြောင်းသိရသည်။          '' ၂ဝ၁၁ ခုနှစ်နှစ်ဆန်းကစပြီး မြန်မာကပို့တဲ့ရေထွက်ကုန်တွေမှာ တရုတ်နိုင်ငံရဲ့ခွင့်ပြုချက်မပါဘဲ တင်ပို့တဲ့ စက်ရုံတွေကို လက်မခံဘူးလို့ ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်မြန်မာနိုင်ငံကနေ တရုတ်ကို ရေထွက်ကုန် တင်ပို့သူတွေ အနေနဲ့ သူတို့တောင်းခံတဲ့ သက်သေခံလက်မှတ်တွေပေးပို့ထားဖို့ လိုပါတယ်။ အဲ့ဒီလက်မှတ် အတွက် သူတို့ဆီက အဖွဲ့တစ်ဖွဲ့က လာစစ်ပါမယ်။ တရုတ်အဖွဲ့က မြန်မာရေထွက်ကုန်တွေမှာ မာကျူရီ၊ ကတ်မီယမ်၊ ခရိုမီယမ်၊ အာဆင်းနစ်၊ မယ်လမင်း၊ ဒိုင်အောက်စင်၊ မာလကိုက်ဒရင်း စသည်ဖြင့် ၁၃ မျိုးကို စစ်ဆေးမှာပါ '' ဟုငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အလားတူEU သို့တင်ပို့သည့် ရေထွက်ကုန်များအတွက် EU အဖွဲ့၏ ခွင့်ပြုချက်ရရှိရန်၊ မြန်မာစက်ရုံ များကပြင်ဆင်စစ်ဆေးခံခဲ့ရာ ၂ဝ၁ဝ နှစ်ဆန်းမှစ၍ မြန်မာရေထွက်ကုန်များ EU ဈေးကွက်သို့ တရားဝင်တင်ပို့ ခွင့် ရရှိခဲ့ပြီးဖြစ်သည်။                                                                                                                         ခင်မျိုးသွယ် 

Wednesday, 8 Dec 2010

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ်   အမျိုးအမည်                            ရေတွက်ပုံ                              ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)             ပိဿာ                             ၁၆ဝဝဝ-၁၇ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)              ။                                 ၁၁ဝဝဝ-၁၁၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)               ။                                  ၉ဝဝဝ-၉၅ဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)              ။                                   ၇၅ဝဝ-၈၅ဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)                     ။                                 ၁၁ဝဝဝ-၁၂ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                      ။                                   ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)                      ။                                  ၁၁ဝဝဝ-၁၁၅ဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                      ။                                   ၆ဝဝဝ-၇ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                          ။                                  ၁၆ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                       ။                                  ၁ဝဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက်                            ။                                    ၄၅ဝဝ-၅ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး                              ။                                 ၁၅ဝဝဝ-၁၆ဝဝဝ၁၃ ငါးရံ့ခြောက်လတ်                            ။                                  ၁ဝဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက်                              ။                                      ၄ဝဝဝ-၄၅ဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                           ။                                     ၆ဝဝဝ-၆၅ဝဝ၁၆ ငါးပုတ်သင်ခြောက်                          ။                                     ၃၂ဝဝ-၃၄ဝဝ၁၇ ငါးတံခွန်လုံးခြောက်                         ။                                     ၁ဝဝဝ-၁၂ဝဝ၁၈ ကလိန်ခြောက်                               ။                                   ၃၈ဝဝ-၄ဝဝဝ၁၉ ငါးမန်းသားတွဲခြောက်                       ။                                     ၇ဝဝဝ-၇၅ဝဝ၂ဝ ငါးနှပ်ချိုခြောက်                              ။                                    ၃ဝဝဝ-၃၂ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၃-၁၂-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Wednesday, 8 Dec 2010

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၃-၁၂-၂ဝ၁ဝ)                                                                         ဈေးနှုှုန်း (ကျပ်)စဉ် ငါးအမျိုးအမည်                         ရေတွက်ပုံ            နိမ့်             မြင့်၁။ ငါးကျည်း                                    ပိဿာ           ၂ဝဝဝ         ၄ဝဝဝ၂။ ငါးခူ                                            ။               ၂ဝဝဝ          ၄ဝဝဝ၃။ ငါးမြစ်ချင်း                                     ။               ၁၈ဝဝ          ၂ဝဝဝ၄။ ငါးကြင်း                                        ။              ၂၃ဝဝ           ၄ဝဝဝ၅။ ငါးရံ့                                            ။               ၂၅ဝဝ           ၅၅ဝဝ၆။ ငါးတန်                                         ။               ၁၄ဝဝ          ၂၁ဝဝ၇။ ငါးသလောက်                                 ။               ၁၉ဝဝ         ၁၉၅ဝဝ၈။ ငါးရှဉ့်                                          ။               ၂၅ဝဝ           ၃၅ဝဝ၉။ ငါးခေါင်းပွ                                     ။                ၁၅ဝဝ         ၂၇ဝဝ၁ဝ။ ကကတစ်                                   ။                ၂၅ဝဝ          ၆၅ဝဝ၁၁။ တီလားဗီးယား                              ။                ၁ဝဝဝ          ၁၈ဝဝ၁၂။ ကသပေါင်း                                  ။                ၂ဝဝဝ          ၇၅ဝဝ၁၃။ ပုစွန်ကျော့                                   ။                ၁၄ဝဝ          ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ်                                 ။                ၆ဝဝဝ          ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး                                ။               ၁ဝဝဝဝ         ၁၄ဝဝဝ

Wednesday, 8 Dec 2010

 ငါးမြစ်ချင်းနှင့် ပုစွန်စမ်းသပ်မွေးမြူရာ တွက်ခြေကိုက်မှုရှိ                     ရေချိုငါးမွေးမြူသူများထဲမှ အခိုျ့ငါးမြစ်ချင်းမွေးမြူသူများမှာ ပုစွန်နှင့်ရော၍ စမ်းသပ်မွေးမြူရာ စီးပွားရေး အရ တွက်ခြေကိုက်မှုရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ပြုလုပ်သည့် အစည်းအဝေးကသိရသည်။ '' ဒီနှစ်ထဲမှာ ရေချိုငါးမွေးမြူသူ တွေအနေနဲ့ ငါးမြစ်ချင်း ချည်းဘဲ မွေးမြူတာထက် ပုစွန်ပါရောမွေးတာ မျိုးကို စမ်းသပ်လုပ်ကိုင်လာသူတွေ ရှိလာပါတယ်။ မွေးတဲ့ပုံစံက ငါးမြစ်ချင်းကိုကျွေးတဲ့ ဘေးထွက်အစာကျန်နဲ့ ပုစွန်ကိုမွေးကြ တာပါ။ ပုစွန်ကိုသီးသန့်အစာမကျွေးကြပါဘူး။ ပုစွန်ကိုအရွယ်သေး ထုတ်ရောင်း ကြတာ တွက်ခြေကိုက်ပါတယ်။ ပုစွန်နဲ့ ရောထားတဲ့အတွက် မွေးကန်ရဲ့ ရေအရည်အသွေးကိုတော့ ပိုပြီးဂရုစိုက်ရပါတယ်။ရည်ရွယ်တာကတော့ ငါးမြစ်ချင်း တစ်ပိသာကို အရင်းက ၁၇ဝဝ ကျပ်လောက်ရှိပါတယ်။ ကိုယ်ဖော်ရောင်းတဲ့ အချိန် မှာ ငါးမြစ်ချင်းက ဈေးထိုးကျနေတာမိုျးနဲ့ ကြုံခဲ့ရင် ပုစွန်ရောင်းရငွေနဲ့ ထေနိုင်အောင်ပါ '' ဟု ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် ရေချိုငါးနှင့် ပုစွန် စမ်းသပ်မွေးမြူ သူ တစ်ဦးကသတင်းပေးပြောကြားသည်။၏                    ရေချိုငါးများအနက် ငါးမြစ်ချင်းငါးကို ပြည်ပတင်ပို့နိုင်ရန် အဓိက မွေးမြူကြသည့် ရန်ကုန်တိုင်း ဒေသကြီး တွံတေး၊ ခရမ်း၊ထန်းတပင်မြို့နယ်၊ ဧရာဝတီ တိုင်း ဒေသကြီး မအူပင်၊ ဓနုဖြူ ၊ ပန်းတနော်မြို့နယ်နှင့် ပဲခူးတိုင်း ဒေသကြီး အနောက်ပိုင်းတို့ရှိ ငါးမွေးမြူသူများကို ယင်းသတင်းအား လက်ဆင့်ကမ်းပေးနိုင်ရန် လိုအပ်ကြောင်း MFF  မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။                                                                                                                 ခင်မျိုးသွယ်

Wednesday, 8 Dec 2010

  ငါးဈေးများသို့ ငါးသလောက်အဝင်များလာ             ရန်ကုန်စံပြငါးဈေးကြီးနှင့် တကွ အခြားငါးဈေးများသို့ ငါးသလောက်များ ကုန်တက်ကောင်းကောင်းဖြင့် အဝင် များလာကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။             '' ဒီရက်ထဲမှာ စံပြငါးဈေး၊ ဒလငါးဈေး၊ အင်းစိန်၊ ပုဇွန်တောင်ငါးဈေး တွေကို ငါးသလောက်တွေအတော် ဝင် ရောက်နေပါတယ်၊ ရာသီပေါ် ငါးဖြစ် တာကြောင့် ငါးသလောက် အဝင်များ တဲ့ အချိန်ဆို အအေးခန်းစက်ရုံ တွေက ပါ မွေးမြူရေးငါးတွေ အဝယ်ရပ်ပြီး ငါးသလောက်ကို ရသလောက်ဝယ်ယူတဲ့ သဘောရှိပါတယ်။ ငါးသလောက်ကို ပေါ်ချိန်မှာ ရသလောက် ဝယ်ယူ အေးခဲထားပြီး ရှားပါးချိန်လောက်မှာ ပြန်ထုတ်ရောင်းရင် အကျိုးအမြတ် များကြတာကြောင့် ငါးသလောက် ပေါ်ချိန်ဆို အအေးခန်းစက်ရုံတွေက မလွတ်တမ်း ဝယ်တတ်ကြပါတယ်။ ဒီနှစ်ဆိုရင် အခြားဝယ်လက်တွေကပါ ငါးသလောက် ရသလောက်ဝယ်ပြီး မူဆယ်က တစ်ဆင့် တင်ပို့နေတယ် ကြားရပါတယ်'' ဟု စံပြငါးဈေးရှိ ငါးဒိုင် တစ်ခုမှသိရသည်။ ငါးသလောက်မှာ ဖျာပုံ၊ ပုသိမ်ငဝန်မြစ်၊ တိုးမြစ်၊ ပန်းတနော်၊ ရွှေလောင်း စသည့် ဧရာဝတီတိုင်း ဒေသ ကြီးမှ လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ တွံတေး-ကဝက်ကင်း ကျေးရွာများမှလည်း ထွက်ရှိပြီး ယခု အခါ ၁ ပိသာလျှင် (၂၅ဝဝ-၄ဝဝဝ) ကျပ်အတွင်း ရောင်းချလျက် ရှိသည်။                                                         ခင်မျိုးသွယ်

Wednesday, 8 Dec 2010

သဘာဝမြစ် ငါးအကောင်ကြီးများ အထိအမိကောင်းလာ              ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သဘာဝမြစ်ငါးအကောင်ကြီးများ အထိအမိကောင်းလာကြောင်း ရေချိုငါး မွေးမြူရေးအသင်းမှ သိရသည်။                 '' နိုဝင်ဘာလနောက်ဆုံးပတ်ထဲမှာ သဘာဝမှာပေါက်ဖွားကြီးပြင်းတဲ့ မြစ်ငါးတန်တွေကို တိုးမြစ်ကြီးဘေး မှာရှိတဲ့ ကဝက်ကင်းရွာမှာ ၂ ပိသာ ၅ဝ၊ ၃ ပိသာခန့်ရှိတဲ့ အရွယ်ကြီးတွေကို အုပ်လိုက်ဖမ်းဆီးရမိကြပါတယ်။ ဖမ်းတဲ့သူ တစ်ဦးတစ်ဦးကို ၁ဝ ကောင်ကနေ ၂၅ ကောင်အထိ ဖမ်းဆီးရခဲ့ကြပါတယ်။ဒါ့အပြင် ဈေးအမြင့်ရှိတဲ့ ငါးမြင်းငါးတွေကိုလည်း သာမန်ထက်ပိုပြီး ဖမ်းဆီးရမိတဲ့ အနေအထားမှာရှိပါတယ်။ မြစ်ထဲမှာ သဘာဝငါးတွေထုတ်လုပ်မှု တိုးတက်လာတဲ့ အနေအထားရှိပါတယ်'' ဟု ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် ရေလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။               ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် သဘာဝငါးများကို ရေလမ်းခရီးမှ တစ်ဆင့် ရန်ကုန်သို့ တင်ပို့ ရောင်းချရာတွင် အောက်တိုဘာလအတွင်း ငါးပိသာချိန် ၄ဝဝဝဝဝ ခန့်ကိုလည်းကောင်း၊ နိုဝင်ဘာလ အတွင်း ငါးပိသာချိန် ၃၅ဝဝဝဝ ခန့်ကို လည်းကောင်း ရေကြောင်းပို့ဆောင်ရေးဌာန (ဧရာဝတီဌာနခွဲ) မှ ထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။                                                                                                                                          ခင်မျိုးသွယ်

Wednesday, 8 Dec 2010

 ငါးရှဉ့်တစ်တန်-ဒေါ်လာ ၄၂ဝဝ ရရှိလာ           မြန်မာနိုင်ငံမှ ဖမ်းဆီးရမိသည့် ငါးရှဉ့်များကို ပြည်ပသို့တင်ပို့ ရောင်းချရာတွင် ငါးရှဉ့်တစ်တန်လျှင် ဒေါ်လာ ၄၂ဝဝ ရရှိလာကြောင်း ငါးရှဉ့်လုပ်ငန်း ရှင်များ အသင်းက သိရသည်။           '' နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီအထိ အညာဘက်က ငါးရှဉ့်မထွက်တဲ့ ကာလတွေဖြစ်နေတာရယ်၊ တရုတ်နှစ်ကူးနီးလာတာရယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်း ဒေသကြီးတွေကတင်ပို့တဲ့ ငါးရှဉ့် နည်းသွားတာရယ်၊ ငါးရှဉ့်ဝယ်လိုအား လိုက်လာတာရယ် စတဲ့အခြေအနေ တွေကြောင့်ငါးရှဉ့်တစ်တန်ကို ဒေါ်လာ ၄၂ဝဝ အထိ ရလာတာပါ။ လောလောဆယ် မန္တလေးကနေမူဆယ်ကို တစ်နေ့ ငါးရှဉ့် ကားတစ်စီး လောက်ပဲ တက်နိုင် တဲ့ အနေအထားရှိပါတယ်'' ဟု ယင်း အသင်းမှ ဥက္ကဌ ဦးဘသော်ကပြောကြားသည်။            ငါးရှဉ့်များကို နိုဝင်ဘာလ ၂၈ ရက်နေ့အထိ မူဆယ်နယ်စပ် ကုန်သွယ် ရေးစခန်းမှ ဒေါ်လာ ၁၆ ဒသမ ဝ၁၁ သန်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်းနှင့် လေကြောင်းလိုင်းက ဒေါ်လာ ဝ ဒသမ ဝ၆၆ သန်းဖိုး တင်ပို့ခဲ့ရာ စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁၆ ဒသမ ၁၁၄ သန်းရရှိထားပြီး ဖြစ်သည်။ ခင်မျိုးသွယ်

Wednesday, 8 Dec 2010

 ပင်လယ်ကမ်းခြေမှ Grouper ကျောက်ငါး ပို့ကုန်ဈေးကွက်              ဧရာဝတီတိုင်းဒေသကြီး၊ ပင်လယ်ပိုင်းဒေသများမှ ပြည်ပဈေးကွက်ဝင် ကျောက်ငါးအရှင်များကို တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရပါတယ်။ ကျောက်ငါးများကို ပွင့်လင်းရာသီ အောက်တိုဘာလမှ မိုးမကျခင် ဧပြီလအထိသာ ဈေးကွက်တွင် အရောင်းအဝယ်ရှိပြီး အကောင်သေးလျှင် ၃၅ ကျပ်သားမှ၊ အကောင်ကြီး တစ်ပိဿာကျော်အထိ ဖမ်းဆီးရမိကြောင်း သိရပါတယ်။ ချောင်းသာ၊ ငွေဆောင်ပင်လယ်ကမ်းခြေဒေသ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အများဆုံးဖမ်းဆီးရမိပြီး၊ အဝယ်ဒိုင်များမှ တစ်ပိဿာလျှင် ၁၃ဝဝဝ ကျပ်၊ ၁၄ဝဝဝ ကျပ် ဈေးပေးဝယ်ယူလျက်ရှိပြီး၊ ရန်ကုန်သို့တင်ပို့ရာတွင် ဖော့ပုံးတစ်ပုံးလျှင် ကျောက်ငါးအရှင် ၉ ပိဿာခန့်ကို ရေငန်ထည့်သွင်း၍ ၂ ရက်၊ ၃ ရက်တစ်ကြိမ် ပိဿာချိန် ၄ဝ-၅ဝ ခန့်ကို ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်းသိရပါတယ်။                     မင်းမင်းဦီး

Tuesday, 30 Nov 2010

 ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                            ရေတွက်ပုံ              ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)            ပိဿာ             ၁၆ဝဝဝ-၁၇ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)             ။                 ၁၁ဝဝဝ-၁၁၅ဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)              ။                  ၉ဝဝဝ-၉၅ဝဝဝ၄ ဖျာပုံပုစွန်ချိဲခြောက်သေး (ရိုးရိုး)             ။                    ၇၅ဝဝ-၈၅ဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)                    ။                 ၁၁ဝဝဝ-၁၂ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                     ။                   ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)                     ။                  ၁၁ဝဝဝ-၁၁၅ဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                     ။                    ၆ဝဝဝ-၇ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                          ။                 ၁၆ဝဝဝ-၁၈ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                      ။                  ၁ဝဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက်                           ။                     ၄၅ဝဝ-၅ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး                             ။                  ၁၅ဝဝဝ-၁၆ဝဝဝ၁၃ ငါးရံ့ခြောက်လတ်                           ။                   ၁ဝဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက်                             ။                      ၄ဝဝဝ-၄၅ဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                          ။                      ၆ဝဝဝ-၆၅ဝဝ၁၆ ငါးပုတ်သင်ခြောက်                         ။                       ၃၂ဝဝ-၃၄ဝဝ၁၇ ငါးတံခွန်လုံးခြောက်                        ။                       ၁ဝဝဝ-၁၂ဝဝ၁၈ ကလိန်ခြောက်                             ။                       ၃၈ဝဝ-၄ဝဝဝ၁၉ ငါးမန်းသားတွဲခြောက်                     ။                       ၇ဝဝဝ-၇၅ဝဝ၂ဝ ငါးနှပ်ချိုခြောက်                            ။                       ၃ဝဝဝ-၃၂ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၂၆-၁၁-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Pages