Main menu

Background

Tuesday, 30 Nov 2010

 စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၂၆-၁၁-၂ဝ၁ဝ)                                          ဈေးနှုန်း(ကျပ်)စဉ် ငါးအမျိုးအမည်               ရေတွက်ပုံ           နိမ့်              မြင့် ၁။ ငါးကျည်း                        ပိဿာ           ၂ဝဝဝ            ၅၅ဝဝ၂။ ငါးခူ                                 ။               ၂ဝဝဝ              ၅၅ဝဝ၃။ ငါးမြစ်ချင်း                          ။                ၁၈ဝဝ            ၂၂ဝဝ၄။ ငါးကြင်း                             ။                ၂၃ဝဝ            ၄၂ဝဝ၅။ ငါးရံ့                                 ။                ၂၅ဝဝ              ၅၅ဝဝ၆။ ငါးတန်                              ။                ၁၇ဝဝ             ၂၄ဝဝ၇။ ငါးသလောက်                      ။                ၂ဝဝဝ          ၁၈၅ဝဝ၈။ ငါးရှဉ့်                               ။                 ၂၅ဝဝ            ၃၅ဝဝ၉။ ငါးခေါင်းပွ                          ။                 ၁၅ဝဝ          ၂၇ဝဝ၁ဝ။ ကကတစ်                        ။                  ၂၅ဝဝ          ၆၅ဝဝ၁၁။ တီလားဗီးယား                   ။                  ၁ဝဝဝ        ၁၈ဝဝ၁၂။ ကသပေါင်း                       ။                 ၂ဝဝဝ          ၇၅ဝဝ၁၃။ ပုစွန်ကျော့                        ။                  ၁၄ဝဝ        ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ်                      ။                  ၆ဝဝဝ         ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး                     ။                 ၁ဝဝဝဝ       ၁၄ဝဝဝ

Tuesday, 30 Nov 2010

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေလုပ်ငန်းကုမ္ပဏီ ထပ်မံဖွဲ့စည်းလျက်ရှိ          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ ရေထွက်ပစ္စည်းများနဲ့ ပြည်ပဝင်ငွေရှာဖွေ ပေးလျက်ရှိတဲ့ ဒေသခံ ရွှေပုသိမ်ရေလုပ်ငန်းကုမ္ပဏီ၊ အဏ္ဏဝါထွန်း ရေလုပ်ငန်း ကုမ္ပဏီ၊ ခိုင်ရွှေစင်ရေလုပ်ငန်းကုမ္ပဏီတို့အပြင် ယခု ၂ဝ၁ဝ နိုဝင်ဘာလက ကွန်းအဏ္ဏဝါ ရေလုပ်ငန်းကုမ္ပဏီ ထပ်မံဖွဲ့စည်းပြီးစီးကြောင်း သိရပါတယ်။ ယခင်ကွန်းအဏ္ဏဝါငါးပုစွန်အဝယ်ဒိုင်မှ အိတ်စပို့ ရေချို၊ ရေငန်ငါးပုစွန်များကို နှစ်စဉ် ရန်ကုန်မှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုရှိသော်လည်း ယခုဒေသခံ လုပ်ငန်းရှင်များမှ ပြည်ပသို့တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးနဲ့ ဈေးကွက်ပိုမို ကျယ်ပြန့် လာစေရန် ရေရှည်အကျိုးစီးပွားအတွက် ရည်ရွယ်လျက် ကွန်းအဏ္ဏဝါ ရေလုပ်ငန်း ကုမ္ပဏီဖွဲ့စည်းပြီး ပြည်ပပို့ကုန် ရေထွက်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင် နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရပါတယ်။ ငပုတောမြို့နယ်အတွင်းရှိ ပြင်ခရိုင်၊ သက္ကယ်သောင်၊ ဒီဒူးကုန်း၊ ငှက်ပေါက်၊ ဘုန်းတော်ပြည့်၊ ကျေးရွာများမှာ အများဆုံးလာရောက် ရောင်းချလျက် ရှိတဲ့ အိတ်စပို့ ငါးသလောက်၊ ငါးမုတ်၊ ကကတစ်၊ ကက္ကူရံ၊ ကျောက်ငါး၊ ကျားပုစွန်၊ မြီးနီပုစွန်များကို နှစ်ပတ်လည်ရောင်းဝယ်လျက် ပြည်ပသို့ တင်ပို့လျက်ရှိကြောင်း၊ သိရပါတယ်။ မင်းမင်းဦး

Tuesday, 30 Nov 2010

 ရန်ကုန်မြို့တွင်း ငါးစားသုံးမှု တစ်ရက် ပိသာ ၃၇ သိန်းရှိနေ           ယခုအပတ်အတွင်း ငါးဈေးကြီးများသို့တက်သည့် ငါးကုန်တက်စာရင်းများအရ ရန်ကုန်မြို့ခံလူထု၏ ငါးစားသုံးမှုမှာ တစ်ရက်လျှင် ပျမ်းမျှ ပိသာ ၇၃ သိန်းရှိနေကြောင်း နိုဝင်ဘာ၂၃ ရက်ကပြုလုပ်သည့် အစည်းအဝေး မှသိရသည်။         '' ဒီအပတ်ထဲမှာ ရန်ကုန်မြို့ခံလူထုရဲ့ ငါးစားသုံးမှုဟာ တစ်ရက်ကို ပိသာချိန် ၃၇ သိန်းရှိပြီး ရန်ကုန်ကနေ နယ်ဒေသတွေကို သွားတဲ့ငါးရယ်၊ အအေးခန်းစက်ရုံတွေက ဝယ်ယူတဲ့ငါးပိသာချိန်က တစ်ရက်ကို ပိသာချိန် ၆ ဒသမ ဝ၅ သိန်းရှိနေပါတယ်။ အဲဒီပိသာ ၆ ဒသမ ဝ၅ သိန်းမှာ နယ် တွေကိုသွားတဲ့ ရေချိုငါးက ပိသာ ၂ ဒသမ ၈၇ သိန်းနဲ့ အအေးခန်းစက်ရုံတွေက ဝယ်ယူတဲ့ရေငန် ငါးပိသာ ၃ ဒသမ ၁၈ သိန်းတို့ဖြစ်ပါတယ်။ အဲဒီစာရင်းဇယားတွေအရ မွေးမြူရေးငါးက စံပြငါးဈေး၊ အင်းစိန်၊ ပုဇွန်တောင်နဲ့ ဒလငါးဈေးတွေကိုတစ်ရက်ပျမ်းမျှ ပိသာ ၉၁ဝဝဝ ခန့် အဝင်ရှိနေ ပါတယ်'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။          ယခုအပတ်အတွင်း ငါးဈေးကြီးများ၏လက်ကားတစ်ပိသာဈေးနှုန်းများမှာ ငါးရံ့-၂ဝဝဝ ကျပ်၊ ငါးရွှေ-၁၁၆ဝ ကျပ်၊ ငါးယောင် (၅၅ဝ-၇၉ဝ )ကျပ်၊ ငါးဇင်းပြား -၅၆၇ ကျပ်နဲ့ ငါးခေါင်းပွ-၁၂ဝဝ ကျပ်တို့ဖြစ်သည်။                              ခင်မျိုးသွယ် 

Tuesday, 30 Nov 2010

 ရေထွက်ပို့ကုန်တင်ပို့မှုက ၅ဝ ရာခိုင်နှုန်းကျော် အကောင်အထည်ဖော်ပြီး              ရေထွက်ပို့ကုန်ပစ္စည်းများ တင်ပို့မှုက ရရှိငွေမှာ ၅ဝ ရာခိုင်နှုန်းကျော်အကောင်အထည်ဖော်ထားပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ကငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးကပြောကြားသည်။             '' ရေထွက်ကုန်ပစ္စည်းတွေကို ပုံမှန်ကုန်သွယ်ရေး၊ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊မြိတ်၊ မောင်တောနဲ့ တမူးနယ်စပ် ကုန်သွယ်ရေးနဲ့လေကြောင်းလိုင်းတို့ကနေ တင်ပို့နေပါတယ်။ ၂ဝ၁ဝ ဧပြီ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ရေထွက်ပစ္စည်း တင်ပို့မှုကလည်း ရရှိငွေမှာ ဒေါ်လာ ၃၅၄ ဒသမ ၅၇ဝ သန်းပါ၊ ရေထွက်ပစ္စည်းတင်ပို့မှုကလည်း ရရှိဖို့ လျာထားငွေက ဒေါ်လာ သန်း ၇ဝဝ ဖြစ်တဲ့အတွက် အကောင်အထည်ဖော်ပြီးတဲ့ရာခိုင်နှုန်းက ၅ဝ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။                 ထို့အတူ အသင်းများအနေဖြင့် လျာထား သတ်မှတ်ချက်အလိုက် အကောင်အထည်ဖော်ပြီးစီးမှုမှာ ကဏန်းလုပ်ငန်း ရှင်များ အသင်းအနေဖြင့် ၆၂ ဒသမ ၈၂ ရာခိုင်နှုန်း၊ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းအနေဖြင့် ၆၄ ဒသမ ၃၄ ရာခိုင်နှုန်းတို့ အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း သိရသည်။                                                                                   ခင်မျိုးသွယ်

Tuesday, 30 Nov 2010

 ငါးမြစ်ချင်းနှင့် အခြားရောင်းတန်းဝင်ငါးများ တွဲမွေးမြူလာ               ငါးမြစ်ချင်း မွေးမြူသူများ အနေ ဖြင့် အခြားရောင်းတန်းဝင် ငါး များ ကို ငါးမြစ်ချင်းနှင့် တွဲမွေးမြူလာ ကြောင်း သိရသည်။           '' ငါးမြစ်ချင်းကို ပုံမှန်ဝယ်လက် နိုင်ငံတွေက ဘာသာရေးပွဲတော်တွေ၊ အခြားအစားထိုး စားသုံးနိုင်တဲ့ ဒေသထွက်ငါးတွေ၊ ငွေဈေးအခြေ အနေတွေကြောင့် ဝယ်ယူမှု ရပ်သွား တာမျိုးတွေ တစ်ခါတစ်ရံ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးနဲ့ ငါးဖော်ချိန်နဲ့ တိုးတဲ့ ငါးမြစ်ချင်း မွေးမြူ ထုတ်လုပ်သူ တွေအနေနဲ့ အရှုံးပေါ်တတ်ပါတယ်။ ဒီအခြေအနေကို ကြိုတင် ကာကွယ် တဲ့ ျအနေနဲ့ အချို့မွေးမြူသူတွေက ဝယ်လက်ရှိ၊ ငါးသားပေါက်လည်း အလွယ်ရ၊ ဈေးအမြင့်လည်းရတဲ့ငါးမျိုးတွေနဲ့ ရောမွေးလာကြပါတယ်။ ကုမ္ပဏီကြီး တစ်ခုဆို မနှစ်ကစပြီး ရောမွေးခဲ့တဲ့ အတွက် အရှုံးမရှိ အမြတ်ရတယ်လို့ ပြောပြလာပါတယ်။ အခုလို ငါးမြစ်ချင်း နဲ့ ရောင်းတန်းဝင်ငါးတွေ တွဲမွေးသူ တွေ အတွက်တော့ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ အရှုံးပေါ်ခဲ့တဲ့ ငါးမြစ်ချင်း အတွက် ထေမိကြပါတယ်'' ဟု ရန်ကုန် တိုင်းဒေသကြီး အခြေစိုက် ရေချိုငါး မွေးမြူသူ တစ်ဦးကပြောပြသည်။               ပြည်ပဈေးကွက်သို့ အများဆုံး တင်ပို့နေရသည့် ငါးမြစ်ချင်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အဓိကမွေးမြူထုတ်လုပ်လျက်ရှိပြီး ယင်းဒေသများတွင် ဧကတစ်သိန်းခွဲခန့် မွေးမြူထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။                       ခင်မျိုးသွယ်

Tuesday, 30 Nov 2010

 ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် အမှုဆောင်အဖြစ် လုပ်ကိုင်လိုပါက လျှောက်လွှာတင်နိုင်              မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် လုပ်ကိုင်လိုသည့် ဆန္ဒရှိပါက လျှောက်လွှာတင်နိုင် ကြောင်း MFF  မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကပြောကြားသည်။             '' ဒီနှစ်မှာ ဗဟိုအလုပ်အမှုဆောင်အသစ်ရွေးချယ်မှာဖြစ်ပါတယ်။ MFF ရဲ့ နှစ်ပတ်လည်အစည်းအဝေး ကို ၂ဝ၁၁ ခုနှစ်ဇန်နဝါရီတတိယပတ်(သို့မဟုတ်) စတုထ္ထပတ်အတွင်းမှာ ပြုလုပ်မှာပါ။MFF ရဲ့အလုပ်အမှု ဆောင်တွေကို ခန့်အပ် တာမိုျး မဟုတ်ဘဲ ရွေးချယ်တင်မြှောက်တာမျိုး ဖြစ်တာကြောင့် ဗဟိုအလုပ်အမှုဆောင် အဖြစ် လုပ်ကိုင်လိုသူတွေက လျှောက်လွှာတင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ ဝန်ကြီးဌာနရဲ့ပံ့ပိုးမှု၊ အဖွဲ့ချုပ်ဥက္ကဌရဲ့ အကူအညီပေးမှု၊ အလုပ်အမှုဆောင်တွေရဲ့ဝိုင်းဝန်းဆောင်ရွက်မှုတို့ကြောင့် ယခုလို အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်''ဟု MFF မှ အထွေထွေအတွင်းရေးမှူးဦးဝင်းကြိုင်က ပြောကြားသည်။            မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးမပြုလုပ်ခင်MFF လက်အောက်ရှိ ညီနောင် အသင်းများ၊ ပြည်နယ်တိုင်းဒေသကြီးများခရိုင်၊ မြို့နယ်များရှိ နှစ်ပတ်လည်အစည်းအဝေးများကို ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထား ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရသည်။                                                                        ခင်မျိုးသွယ်

Thursday, 25 Nov 2010

 ရေချိုပုစွန် ၁ ဧကလျှင် ပိသာ ၃ဝဝခန့် ထွက်ရှိပြီ         ရေချိုပုစွန်မွေးမြူမှုက ၁ ဧကလျှင် ပိသာ ၃ဝဝခန့် ထွက်ရှိလာပြီဖြစ်ကြောင်း ဇာတိမာန် ပုစွန်မွေးမြူရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ပြော ကြားခဲ့သည်။          ''၁၉၉၁-၉၂ ခုနှစ်လောက် ပုစွန် စမွေးတုန်းကတော့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။ မျိုးပုစွန်ရဖို့ မြုံး ထောင်တဲ့သူတွေဆီက၊ ငါးလုပ်ငန်း ဦးစီးဌာနက ဝယ်ယူခဲ့ရတာ တွေရှိခဲ့ပါတယ်။ အခုတော့ ကိုယ်တိုင်ပုစွန် သား ပေါက်တွေပါ ထုတ်လုပ်ပေးနိုင်ပါပြီ။ အရင်က ပုစွန်အစာကျွေးရင် အချပ် လိုက်ကျွေးတယ်။ အဲဒီတုန်းကတော့ ပိသာ ၆ဝ လောက်ထွက်ပါတယ်။ အဲဒီ လိုကျွေးတာထက် တန်းချကျွေးခြင်းဖြင့် အစာ အလေအလွင့်နည်းပြီး ကုန်ထွက် တက်လာတာကို တွေ့ရပါတယ်။ ငါးနဲ့ ပုစွန်ရောမွေးရင်တောင် ပုစွန်ကုန်ထွက် က ပိသာ ၁၅ဝ ခန့်ထွက် ရှိပါတယ်'' ဟု ဇာတိမာန်ပုစွန်မွေးမြူရေးလုပ်ငန်းက ဦးမြင့်စိုးက ပြောပြသည်။ ကမ္ဘာ့ ရေချိုပုစွန် ထုတ်လုပ်မှု စံနှုန်းများအရ ၁ ဧကလျှင် တစ်တန် (ပိသာ ၆ဝဝ ခန့်) ထွက်ရှိသော်လည်း မြန်မာနိုင်ငံ၏ ရေချိုပုစွန်မွေးမြူမှုမှာ ၁ ဧကပေါ်တွင် ပုစွန်ထည့်သွင်း မွေးမြူ သည့် ကောင်ရေပေါ်တွင်မူတည်၍ ကွာခြားချက် ရှိနိုင်ကြောင်း သိရသည်။                                                                                           ခင်မျိုးသွယ်

Tuesday, 23 Nov 2010

 မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က လေဘေးသင့် ရေလုပ်သားများအား သိန်း ၁ဝဝဝ ကျော် ထောက်ပံ့      ရခိုင်ပြည်နယ်စစ်တွေ၊ ပေါက်တော၊ မြေပုံ၊ မင်းတုန်း၊ ကျောက်ဖြူစသည့် ဂီရိမုန်တိုင်းသင့်ဒေသများရှိ ရေလုပ်သားများအတွက် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က ကျပ်သိန်း ၁ဝဝဝ ကျော်ဖိုး ထောက်ပံ့လှူဒါန်းပြီးဖြစ် ကြောင်း ထုတ်ပြန် ခဲ့သည်။    '' ငါးလုပ်ငန်းအဖွဲ့ချုပ်က ၂ ကြိမ်လှူဒါန်းရာမှာ ပထမအကြိမ်မှာငါးဖမ်းပိုက် ၂၄၁ ဒသမ ၃၅၁ သိန်းဖိုးနဲ့ ဒုတိယအကြိမ်မှာ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဌာနက တစ်ဆင့် ငါးဖမ်းပိုက်ပစ္စည်းတွေကို ကျပ် ၇၂၄ ဒသမ ၄၂၅ သိန်း ပေးပို့ လှူဒါန်းပြီးဖြစ်ပါတယ်။ ဒါ့အပြင်ညီနောင်အသင်းတွေဖြစ်တဲ့ ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်းရှင်များအသင်းက ကျပ်သိန်း ၅ဝ၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်းက ကျပ်သိန်း ၅ဝ၊ စုစုပေါင်းကျပ်သိန်း ၁ဝဝဝ ကျော်ဖိုးလှူဒါန်းခဲ့ပြီးဖြစ်ပါတယ်'' ဟုMFF  အတွင်းရေးမှူး-၂ ဦးဘသော်က ပြောကြားသည်။     အဆိုပါမုန်တိုင်းကြောင့် စစ်တွေခရိုင်ငါးဦးစီးရုံးနှင့် မြေပုံမြို့နယ်ငါးလုပ်ငန်း ဦးစီးမှူးရုံးတို့ပျက်စီးခဲ့ပြီး၊ မြို့နယ်အလိုက်ပျက်စီးဆုံးရှုံးမှုများမှာ ပေါက်တောမြို့နယ် တွင် ကမ်းနီးစက်တပ်ရေယာဉ် ၁၈၂ စီး၊ စက်မဲ့ရေယာဉ် ၁၃၅ စီး၊ ကျားပိုက် ၁၂၉ လက်၊ မျောပိုက် ၁၂၂ လက်၊ ပုစွန်ကန် ၁၃ဝဝဝ ဧကကျော်၊ ကျောက်ဖြူ မြို့နယ်တွင် မွေးကန် ၁၅ဝဝဝ ဧကနှင့် မြေပုံမြို့နယ်တွင် ပုစွန်ကန် ၁ဝဝဝဝ ဧက ကျော်၊ ကမ်းနီးစက်လှေအစီး ၅ဝ၊ စက်မဲ့အစီး ၃ဝဝ၊ ငါးဖမ်းကိရိယာ ၈၅ဝ တို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။                                                                                                              ခင်မျိုးသွယ်

Tuesday, 23 Nov 2010

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ်   အမျိုးအမည်                            ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)              ပိဿာ        ၁၃ဝဝဝ-၁၄ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)                ။            ၁၁ဝဝဝ-၁၂ဝဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)                 ။             ၉ဝဝဝ-၁ဝဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)                ။             ၇ဝဝဝ-၈ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်)                       ။            ၁၁ဝဝဝ-၁၂ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                        ။             ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်)                        ။             ၁ဝ၅ဝဝ-၁၁ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                        ။               ၆ဝဝဝ-၇ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး                            ။               ၁၃ဝဝဝ-၁၅ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး                         ။               ၁ဝဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက်                               ။                ၆ဝဝဝ-၆၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး                                 ။              ၁၆ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ်                               ။              ၁ဝဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက်                                  ။               ၄၅ဝဝ-၅ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက်                              ။                ၆၅ဝဝ-၇၅ဝဝ၁၆ ငါးပုတ်သင်ခြောက်                             ။                ၃၃ဝဝ-၃၅ဝဝ၁၇ ငါးတံခွန်လုံးခြောက်                            ။                ၁ဝဝဝ-၁၂ဝဝ၁၈ ကလိန်ခြောက်                                  ။               ၃၅ဝဝ-၃၈ဝဝ၁၉ ငါးမန်းသားတွဲခြောက်                          ။               ၆၅ဝဝ-၇ဝဝဝ၂ဝ ငါးနှပ်ချိုခြောက်                                 ။              ၂၈ဝဝ-၃ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁၉-၁၁-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Tuesday, 23 Nov 2010

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိူး(၁၉-၁၁-၂ဝ၁ဝ)                                  ဈေး နှုန်း    (ကျပ်)စဉ် ငါးအမျိုးအမည်       ရေတွက်ပံုံံ           နိမ့််             မြင့်၁။ ငါးကျည်း                 ပိဿာ           ၁၈ဝဝ          ၄၅ဝဝ၂။ ငါးခူ                          ။               ၁၈ဝဝ           ၄၅ဝဝ၃။ ငါးမြစ်ချင်း                   ။               ၁၈ဝဝ          ၂၂ဝဝ၄။ ငါးကြင်း                      ။              ၂၃ဝဝ           ၄၂ဝဝ၅။ ငါးရံ့                          ။              ၂၅ဝဝ           ၅၅ဝဝ၆။ ငါးတန်                       ။              ၁၇ဝဝ           ၂၄ဝဝ၇။ ငါးသလောက်               ။              ၃၅ဝဝ          ၁၈၅ဝဝ၈။ ငါးရှဉ့်                        ။              ၂၅ဝဝ            ၃၅ဝဝ၉။ ငါးခေါင်းပွ                   ။              ၁၅ဝဝ            ၂၇ဝဝ၁ဝ။ ကကတစ်                 ။              ၂၅ဝဝ             ၆၅ဝဝ၁၁။ တီလားဗီးယား            ။              ၁၂ဝဝ            ၁၈ဝဝ၁၂။ ကသပေါင်း               ။               ၂ဝဝဝ            ၇ဝဝဝ၁၃။ ပုစွန်ကျော့                ။               ၁၄ဝဝ            ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ်              ။               ၆ဝဝဝ             ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး             ။              ၁ဝဝဝဝ            ၁၄ဝဝဝ

Pages