Main menu

Background

Monday, 15 Nov 2010

ရေထွက်ကုန်တင်ပို့မှု မနှစ်ကထက် ဝင်ငွေပိုများလာ         ပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်း၊ ဒေါ်လာဈေးနိမ့်ကျနေ ခြင်းတို့ကြောင့် တင်ပို့သူများအတွက် အခက်အခဲရှိနေ သော်လည်း ရေထွက်ကုန်တင်ပို့သူများ အနေဖြင့် မနှစ်ကအနေအထားထက် တင်ပို့မှုများခဲ့သဖြင့် ဝင်ငွေပိုများ သည့် အနေအထားရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။       '' ဂျပန်ကလည်း ယန်းငွေတွေချ ၊ အမေရိကန်ကလည်း ငွေဈေးတွေချပြီး သူတို့ရဲ့ထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်ကို တိုးနိုင်အောင်စီစဉ်နေပုံရတယ်။ ဒါကြောင့် ဒေါ်လာဈေးကအတော်ကျနေပြီး ပြည်တွင်းက တင်ပို့သူတွေ တွက်ချေ မကိုက်တဲ့ အနေအထားကြောင့် အတားအဆီးတွေ ရှိနေသလိုဖြစ်နေပါတယ်။ သို့သော်လည်း ရေထွက်ကုန်တင်ပို့သူများအနေဖြင့် မနှစ်ကအနေအထားထက် တင်ပို့မှု များခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်။ မနှစ်ကအောက်တိုဘာလအထိ ပြည်ပတင်ပို့မှုက ဝင်ငွေဒေါ်လာ ၂၅၁ ဒသမ ၆၈၇ သန်းဘဲ ရခဲ့ပေမဲ့ ဒီနှစ်မှာ အောက်တိုဘာလအထိ ရရှိငွေကဒေါ်လာ ၃၂၂ ဒသမ ၂၄၄ သန်းဖြစ်တဲ့အတွက် ဒေါ်လာသန်း ၇ဝ ကျော် ပိုရထားတဲ့အနေအထားရှိပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။       အဆိုပါ ရရှိငွေများမှာ မူဆယ်မှ ဒေါ်လာ ၄ဝ ဒသမ ၉၉၃ သန်း၊ မြဝတီက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ ကော့သောင်းက ဒေါ်လာ ၁၁ ဒသမ ၄၈၉ သန်း၊ စစ်တွေက ဒေါ်လာ ၄ ဒသမ ၁၂၂ သန်း၊ မြိတ်က ဒေါ်လာ ၅၆ ဒသမ ၁၉ဝ သန်း၊ မောင်တောက ဒေါ်လာ ၃ ဒသမ ဝ၇၆ သန်း၊ တမူးက ဒေါ်လာ ဝ ဒသမ ၁ဝ၉ သန်းနှင့် ပုံမှန်ကုန်သွယ်ရေးက ဒေါ်လာ ၂ဝ၁ ဒသမ ၆၅၂ သန်းတို့ ဖြစ်ကြောင်း သိရသည်။                                                                                                                                 ခင်မျိုးသွယ် 

Monday, 15 Nov 2010

မန်းဈေးကွက်မှာ မွေးမြူရေးအစားအစာဈေးငြိမ်နေ        အောက်တိုဘာလနှင့် နိုဝင်ဘာလ နှစ်လအတွင်း မန္တလေးဈေးကွက်မှာ မွေးမြူရေးအစာဈေးနှုန်း တည်ငြိမ်လျက် ရှိကြောင်း သိရပါတယ်။ ပြောင်းဖတ်၊ ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်၊ ဝါစေ့ဖတ်နှင့် ဖွဲနုဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ် လျက်ရှိပြီး စားကွဲဈေးနှုန်းမြင့်တက်လာပါတယ်။      ''အခါတိုင်း ဒီအချိန်ဆို ဈေးကျနေကျ။ ကုန်ပစ္စည်းအသစ်ပေါ်ရင် ဈေးပြန်ကျရမှာ။ ပြည်ပအထွက်နည်းနေတဲ့ အတွက် ဒီရက်ပိုင်းအရောင်းအဝယ်လည်းပါးတယ်။ ပြည်တွင်းဈေးကွက်ဘဲ အရောင်းအဝယ်ရှိနေတယ်။ ဝယ်လက်အတွက် အဆင်ပြေတာပေါ့။ ပြည်ပကဝင်တဲ့ ပဲပုပ်ဈေးဆက်ငြိမ်နေပြီး စားကွဲဈေးကပြန်ကျနိုင်တယ်'' လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာဒုတိယပတ်အတွင်း ဈေးနှုန်းများမှာပြောင်း ၅၄ ပိဿာတစ်အိတ်ကို ၁၅ဝဝဝ ကျပ်၊ ၁၆ဝဝဝ ကျပ်၊ပဲဖတ် တစ်ပိဿာကို ၈၈ဝ ကျပ်၊ ၉ဝဝ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၇၈ဝ ကျပ်၊ ၈ဝဝ ကျပ်၊ နေကြာဖတ်တစ်ပိဿာ ၆ဝဝ ကျပ်၊ ပန်းနှမ်းဖတ် တစ်ပိဿာ ၆၄ဝ ကျပ်၊ ဝါစေ့ဖတ် တစ်ပိဿာ ၃၈ဝ ကျပ်၊ ဖွဲနုတစ်ပိဿာကို ၃၅ဝ ကျပ်၊ ၃၇ဝ ကျပ်၊ ပဲပုပ် ၈၄ဝ ကျပ်၊ ၈၅ဝ ကျပ်၊ ဆန်ကွဲပိဿာ ၃ဝ ပါတစ်အိတ်ကို ၁၂ဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။                                                                                 ဇူးဇူး 

Monday, 15 Nov 2010

 ပြည်ပကြိုက်ဧရာရေထွက် ပုစွန်ဈေးကွက်      ဧရာဝတီတိုင်းဒေသကြီးရဲ့ ပြည်ပ ပို့ကုန်ပုစွန်များကို ချောင်းသာ ကမ်းခြေ ကျေးရွာများတွင် အဝယ်ဒိုင်များ ဖွင့် လှစ်ပြီး ပြည်ပသို့ ပုစွန်အရှင်များ တင်ပို့လျက် ရှိနေပါတယ်။ ချောင်းသာ၊ ရွှေ သောင်ယံ၊ ဂျိတ်လတ်၊ သဇင်၊ ငွေ ဆောင်၊ငရုတ်ကောင်း၊ ဆင်မ၊ မော်တင် အနောက်ဘက်ကမ်းခြေ ပင်လယ်ပိုင်း ဒေသများမှ ဖမ်းဆီးရမိသော ဒေသ ခေါ် အစိမ်းရောင်ပုစွန်၊ ကျောက်ပုစွန်၊ နုံးပုစွန်၊ ဖလားဝါးပုစွန်၊ ကျောက်ဘီလူး ပုစွန်၊ ပုလဲပေါက်ပုစွန်များကို နှစ်ပတ် လည်ရောင်းဝယ်လျက်ရှိကြောင်း သိရ ပါတယ်။ ဂရမ် ၁၅ဝ မှ ၁၅ဝဝ အထက် ပုစွန်များကို ဈေးကွက်တွင် တစ်ပိဿာ ၁၂ဝဝဝ ကျပ်မှ ၂၇ဝဝဝ ကျပ်ဈေးနဲ့ ဝယ်ယူပြီး မိုးတွင်း တစ်လကို ကုန်ချိန် ၆ဝဝ၊ ၇ဝဝ တင်ပို့နိုင်သော်လည်း ပွင့်လင်းရာသီ နိုဝင်ဘာလမှ မေလ အထိ ကုန်ချိန် ၉ဝဝ၊ ၁ဝဝဝ အထက် ပိုမိုတင်ပို့နိုင်ကြာင်း သိရပါတယ်။ ဝယ်ယူရရှိတဲ့ ပုစွန်အရှင်များကို အငန် ဓါတ် ဝ ဒသမ ဝ၂ဝ ကန်ထဲမှာ ရေကို အောက်ဆီဂျင် လွှတ်ကာ ၂၄ နာရီ အပြည့် စက်မောင်းမွေးမြူထားရှိပြီး (၁/၂)ရက်တစ်ကြိမ် ရန်ကုန်သို့တင်ပို့ပြီး ရန်ကုန်မှ တစ်ဆင့်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။                                                                                                                                    မင်းမင်းဦး

Monday, 15 Nov 2010

 ငါးရှဉ့် ၁ တန် ပျမ်းမျှဒေါ်လာ ၂၅ဝဝ ခန့်ရရှိနေ      မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ငါးရှဉ့်များကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ယခုနှစ်အတွင်း ငါးရှဉ့် ၁ တန်လျှင် ပျမ်းမျှဒေါ်လာ ၂၅ဝဝ ခန့် ရရှိနေကြောင်း ငါးရှဉ့်လုပ် ငန်းရှင်များ အသင်းမှ သိရသည်။     '' ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ဆန်းပိုင်းမှာ ရတဲ့ဝင်ငွေပမာဏဟာ ယခင် (၂ဝဝ၉-၂ဝ၁ဝ )ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီလမှာ ရတဲ့ပမာဏနဲ့ တူညီနေ တာကြောင့် ငါးရှဉ့်တင်ပို့မှုက ရရှိငွေ ဒေါ်လာ ၁၅ သန်းဟာ ယခင်နှစ် ကထက် ၂ လခန့်စောပြီး ရထားပြီး ဖြစ်ပါတယ်။ မန္တလေးစစ်ဆေးရေး Check Point  ကနေ ငါးရှဉ့်ကား ၃- ၄ စီး မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန် သွယ်ရေးစခန်းကို ပုံမှန်တင်ပို့ ရောင်းချနေပါတယ်။ ဒီနှစ်မှာ ငါးရှဉ့်တစ်တန် ကို ပျမ်းမျှဒေါ်လာ ၂၅ဝဝ ဝန်းကျင် ရရှိခဲ့ပြီး မနှစ်က ဒေါ်လာ ၁၈ဝဝ ခန့်ပဲ ရရှိခဲ့တာကြောင့် ဒီနှစ်က ယခင်နှစ် ကထက် ကုန်တက်နည်းပေမယ့် အမေ ရိကန်ဒေါ်လာ ရရှိမှု ပိုမိုရရှိထားပါ တယ် '' ဟု ယင်းအသင်း၏ ဥက္ကဌ ဦးဘသော် က ပြောကြားသည်။     ၂ဝ၁ဝ ခုနှစ်အောက်တိုဘာလ ၃၁ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းက ဒေါ်လာ ၁၄ ဒသမ ၆၃၁ သန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်း၊ လေကြောင်းလိုင်း ဖြင့် တင်ပို့မှုက ဒေါ်လာ ဝ ဒသမ ဝ၅၆ သန်း၊ စုစုပေါင်းဒေါ်လာ ၁၄ ဒသမ ၇၂၄ သန်း ရရှိထားပြီးဖြစ်သည်။ ခင်မျိုးသွယ်

Monday, 15 Nov 2010

 မွေးမြူရေးစခန်းများကို အခြေခံ၍ အစာထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်မည်    ပြည်ပပညာရှင်များလာရောက်သင်ကြားပြသပေးမည့် မွေးမြူရေးစခန်းနေရာများကို အခြေခံ၍အစာ ထုတ်လုပ်နည်း သင်တန်းကို ရွှေပြည်သာမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းတွင် နိုဝင်ဘာလ ၂၄ ရက်တွင်စတင် ဖွင့်လှစ်မည်ဖြစ်သည်။    '' မွေးမြူရေးနေရာစခန်းများကို အခြေခံတဲ့ အစာထုတ်လုပ်နည်းသင်တန်းကို ဖိလစ်ပိုင်နိုင်ငံက ပညာရှင် ၂ ဦးက လာရောက်သင်ကြားပေးမှာပါ။ အဲဒီသင်တန်းအတွက် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက ဝန်ထမ်း ၁ဝ ယောက်နဲ့ မြန်မာနိုင်ငံငါးမွေးမြူရေးအသင်းက ၁ဝ ဦးစုစုပေါင်း ၂ဝ ဦးကို အခမဲ့တက်ရောက်ခွင့် ပြု မှာပါ'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။      အဆိုပါသင်တန်းသို့ တက်ရောက်လိုသည့် ငါးမွေးမြူရေးအသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ရေချိုငါးမွေးမြူရေးအသင်းတို့ရှိ ဖုန်းနံပါတ် ၆၈၃၆၅၈ သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ယင်းသင်တန်းကို အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့က ထောက်ပံ့မှုဖြင့် ဖွင့်လှစ်သည်ဟုဆိုသည်။                                        ခင်မျိုးသွယ်

Wednesday, 10 Nov 2010

အီးယူဈေးကွက်သို့ ရေထွက်ကုန်များကို ပုံစံ (၆) မျိုးဖြင့် တင်ပို့နေ       မြန်မာနိုင်ငံမှထုတ်လုပ်တင်ပို့သည့် ရေထွက်ကုန်များကို အီးယူ ဈေးကွက်များက ဝယ်ယူလျက်ရှိရာ မြန်မာနိုင်ငံက ထုတ်လုပ် တင်ပို့သူများ အနေဖြင့် ပုံစံ (၆) မျိုးဖြင့် တင်ပို့ရောင်းချလျက် ရှိနေကြောင်း သိရသည်။     '' အီးယူဈေးကွက်ရဲ့ နိုင်ငံပေါင်း ၃ဝ ခန့်ကို မြန်မာရေထွက်ကုန်တွေ တင်ပို့ရာမှာ တန်ဖိုးမြှင့်ကုန်အဖြစ် ပြုပြင်ထုတ်လုပ်တင်ပို့ခြင်း၊ အရှင်တင်ပို့ ခြင်း၊ အေးခဲတင်ပို့ခြင်း၊ ဆားနယ်တင်ပို့ခြင်း၊ ငါးကြိတ်သားပြုလုပ်တင်ပို့ခြင်း၊ ကျပ် တိုက်တင်ပို့ခြင်းဆိုပြီး ပုံစံ (၆) မျိုးနဲ့ တင်ပို့နေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရေလုပ်ငန်းရှင် တွေအနေနဲ့ ပြည်ပဈေးကွက်များသို့ ရေထွက် ကုန်များ ရောင်းချရာမှာ ငါးအမျိုးအစားပေါင်း (၂ဝဝ) ကျော်ရှိနေပါတယ်'' ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ အီးယူ ဈေးကွက်သို့ မြန်မာရေထွက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ (၈) ရုံမှ တင်ပို့လျက်ရှိပြီး မကြာမီကာလများအတွင်း နောက်ထပ်စက်ရုံ (၅) ရုံခန့်မှလည်း ဆက်လက်တင်ပို့နိုင်တော့မည် ဖြစ်သည်ဟု ဆိုသည်။     ခင်မျိုးသွယ် 

Wednesday, 10 Nov 2010

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                          ရေတွက်ပုံ                          ဈေးနှုန်း(ကျပ်)၁။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)       ပိဿာ                            ၁၁ဝဝဝ-၁၂ဝဝဝ၂။ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)         ။                               ၉ဝဝဝ-၁ဝဝဝဝ၃။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)          ။                                 ၈၅ဝဝ-၉ဝဝဝ၄။ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)        ။                                   ၇ဝဝဝ-၈ဝဝဝ၅။ မြိတ်ပုစွန်ခြောက် (လတ်)                ။                                ၁၁ဝဝဝ-၁၂ဝဝဝ၆။ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                 ။                                 ၈ဝဝဝ-၉ဝဝဝ၇။ ရခိုင်ပုစွန်ခြောက် (ရှယ်)                 ။                               ၁ဝ၅ဝဝ-၁၁ဝဝဝ၈။ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                 ။                                 ၅ဝဝဝ-၆ဝဝဝ၉။ ငါးကျီးကြပ်တိုက်ကြီး                     ။                                ၁၂ဝဝဝ-၁၃ဝဝဝ၁ဝ။ ငါးကျီးကြပ်တိုက်သေး                  ။                               ၁ဝဝဝဝ-၁၁ဝဝဝ၁၁။ ငါးမြွေထိုးခြောက်                       ။                                  ၅၅ဝဝ-၆ဝဝဝ၁၂။ ငါးရံ့ခြောက်ကြီး                         ။                               ၁၆ဝဝဝ-၁၈ဝဝဝ၁၃။ ငါးရံ့ခြောက်လတ်                       ။                               ၁ဝဝဝဝ-၁၁ဝဝဝ၁၄။ ငါးရံ့လုံးခြောက်                         ။                                ၄ဝဝဝ-၄၅ဝဝ၁၅။ ငါးကွမ်းရှပ်ခြောက်                      ။                                 ၆ဝဝဝ-၆၅ဝဝ၁၆။ ငါးပုတ်သင်ခြောက်                     ။                                 ၃ဝဝဝ-၃၅ဝဝ၁၇။ ငါးတံခွန်လုံးခြောက်                    ။                                  ၁ဝဝဝ-၁၂ဝဝ၁၈။ ကလိန်ခြောက်                          ။                                  ၃ဝဝဝ-၃၅ဝဝ၁၉။ ငါးမန်းသားတွဲခြောက်                  ။                                   ၆ဝဝဝ-၆၅ဝဝ၂ဝ။ ငါးနှပ်ချိုခြောက်                         ။                                  ၂၅ဝဝ-၃ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၄-၁၁-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Wednesday, 10 Nov 2010

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၄-၁၁-၂၀၁၀)                                        ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည်          ရေတွက်ပံုံံ            နိမ့်         မြင့်၁။ ငါးကျည်း                   ပိဿာ            ၁၅ဝဝ      ၄ဝဝဝ၂။ ငါးခူ                            ။                ၁၅ဝဝ      ၄ဝဝဝ၃။ ငါးမြစ်ချင်း                     ။                ၁၅ဝဝ      ၂၂ဝဝ၄။ ငါးကြင်း                        ။               ၂ဝဝဝ       ၄ဝဝဝ၅။ ငါးရံ့                            ။               ၂၅ဝဝ        ၄၅ဝဝ၆။ ငါးတန်                         ။                ၁၇ဝဝ      ၂၅ဝဝ၇။ ငါးသလောက်                 ။                 ၃၅ဝဝ     ၁၇ဝဝဝ၈။ ငါးရှဉ့်                          ။                  ၂၅ဝဝ      ၃၅ဝဝ၉။ ငါးခေါင်းပွ                     ။                   ၁၅ဝဝ     ၂၇ဝဝ၁ဝ။ ကကတစ်                   ။                   ၂၅ဝဝ      ၆၅ဝဝ၁၁။ တီလားဗီးယား              ။                    ၁၂ဝဝ     ၁၈ဝဝ၁၂။ ကသပေါင်း                 ။                    ၂ဝဝဝ      ၇၅ဝဝ၁၃။ ပုစွန်ကျော့                  ။                     ၁၄ဝဝ     ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ်                ။                     ၆ဝဝဝ      ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး               ။                    ၁ဝဝဝဝ      ၁၄ဝဝဝ

Wednesday, 10 Nov 2010

 မူဆယ်က ငါးရှဉ့်တင်ပို့မှု တစ်လတန် ၁ဝဝဝ ခန့်ရှိနေ       မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး စခန်းက ငါးရှဉ့်တင်ပို့မှုမှာ တစ်လ တန် ၁ဝဝဝ ခန့် ရှိနေကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းမှ သိရသည်။      '' အခုအချိန်က မြန်မာပြည် အထက်ပိုင်းရော မြန်မာပြည်အောက်ပိုင်း မှာပါ ငါးရှဉ့်အကောင်ကြီးတွေ ထွက်နေ တဲ့ ရာသီပါ။ အထက်နဲ့ အောက်အရပ် က တက်လာတဲ့ငါးရှဉ့်တွေက မန္တလေး Check Point  မှာဆုံပါတယ်။ မန္တလေးက တစ်ဆင့် မူဆယ်ကို ကား ၄ စီးခန့် တက်နေပါတယ်။ ကားတစ်စီးကို ငါးရှဉ့် ၈ တန်ခန့် သယ်ယူကြတာကြောင့် တစ်ရက်ကို ပျမ်းမျှ ၃၂ တန်ခန့်မူဆယ်ကို ဝင်ရောက်နေပါတယ်။ ငါးရှဉ့်ထွက်တဲ့ ရာသီဆို မူဆယ်က ငါးရှဉ့်တင်ပို့မှုက တစ်လကို တန် ၁ဝဝဝ ခန့်ရှိနေပါတယ်'' ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။        ဧပြီလ ၁ ရက်မှအောက်တိုဘာလ ၃၁ ရက်နေ့အထိ ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၁၄ ဒသမ ၇၂၄ သန်းရရှိထားပြီးဖြစ်ရာ နယ်စပ်စခန်းများအလိုက် တင်ပို့ထားမှုမှာ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၁၄ ဒသမ ၆၃၁ သန်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်းနှင့်လေကြောင်းလိုင်းက ဒေါ်လာ ဝ ဒသမ ဝ၅၆ သန်းကျော်တို့ ဖြစ်သည်ဟု ဆိုသည်။ ထို့အတူ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းကလည်း သြဂုတ်လထိ ငါးရှဉ့်တင်ပို့မှုက ဝင်ငွေဒေါ်လာ ၁ဝဝ၄ဝဝ ရရှိထားပြီးဖြစ်သည်။                                                                                         ခင်မျိုးသွယ်

Wednesday, 10 Nov 2010

ရေလုပ်ငန်းမွေးမြူရေးဆိုင်ရာ ဘွဲ့လွန်ပညာရပ်အတွက် သင်တန်းသားများ အစ္စရေးက ခေါ်ယူ     ရေလုပ်ငန်း မွေးမြူရေးဆိုင်ရာဘွဲ့လွန်ပညာရပ်အတွက် သင်တန်းသားများကို အစ္စရေးနိုင်ငံက ခေါ်ယူပြီဖြစ်သည်။     '' ဒီသင်တန်းအတွက် သင်တန်းသားအကန့်အသတ်မရှိပါဘူး၊ အသက်ကန့်သတ်ချက်လည်းမပါ ပါဘူး၊ တက်ရောက်မယ့်သူဟာဘွဲ့ရဖြစ်ရမယ်။ သက်ဆိုင်ရာလုပ်ငန်းထဲမှာ ၂ နှစ်အနည်းဆုံးလုပ်သက် ရရှိရမယ်။ အင်္ဂလိပ်စာကျွမ်းကျင်ရမယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ လျှောက်လွှာတင်ရမယ်။ အရည်အချင်းအစစ်ဆေးခံရမယ်။ အောင်ရင်တက်လို့ရပြီ။ အရည်အချင်းစစ်ဆေးခံပြီး အောင်မြင်တဲ့ သင်တန်းသားကို အစ္စရေးက စားစရိတ်၊ နေစရိတ် အခမဲ့တာဝန်ယူတယ်။ သင်တန်းက ၁နှစ်ပြီးတာနဲ့ Final Project  ကို အောင်မြင်အောင် လုပ်ပေးနိုင်ရမယ်။ ပြီးရင်အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရမယ်''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးနှင်းဦးက ပြောကြားသည်။        အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများသည် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်သို့ နိုဝင်ဘာလ ၁ဝ ရက် နေ့အမီဆက်သွယ်ရမည် ဖြစ်ပြီး အသေးစိတ်စုံစမ်းလိုပါက ဖုန်းနံပါတ် ၆၈၃၆၅၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။                                                                                                                                ခင်မျိုုးသွယ်

Pages