Background
မြန်မာ့ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ် ၁၉ မျိုးခန့်ရှိ မြန်မာ့ပင်လယ်ပြင်တွင် ကျောက်ငါးမျိုးစိတ် ၁၉ မျိူးခန့်ရှိကြောင်းငါးလုပ်ငန်းဦးစီးဌာနက သိရသည်။ '' ကျောက်ငါးက ဈေးကွက်ရှိနေတဲ့ငါးပါ။ ဖမ်းဆီးတာထက်မွေးမြူထုတ်လုပ်ရေးပိုင်းကို ပြုလုပ်နိုင်အောင် စမ်းသပ်သားဖောက်ခဲ့တာ ငါးလုပ်ငန်းဦးစီးဌာနက မနှစ်ကအောင်မြင်ခဲ့ပါတယ်။ ရေငန်ငါးမျိုးစိပ်တွေကို သားဖောက် ထုတ်လုပ်ရာမှာ ထူးခြားဆန်းကြယ်တဲ့ သဘာဝအလေ့အထတွေကို ရေငန်ငါးမိုျးတွေမှာ တွေ့ရှိရတတ် တာကြောင့် ရေချိုငါး သားဖောက် ရတာထက်ပိုပြီး ခက်ခဲပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်ငါးကို ဆေးထိုး သားဖောက်နည်းနဲ့ သားဖောက်လို့ ရပြီဖြစ်တဲ့အတွက် ပုဂ္ဂလိက မွေးမြူရေးသမားတွေလည်း စိတ်ဝင်စားရင် မွေးမြူလို့ရပါပြီ။ ကျောက်ငါးဟာ အမျိုး အစားအလိုက် ၁ ကေဂျီ (1 Kg)ကို ၄ ဒသမ ၅ ဒေါ်လာကနေ ၂၆ ဒေါ်လာအထိ ဈေးနှုန်း ရှိပါတယ်'' ဟု မြိတ်ဒေသ အခြေစိုက် ကျောက်ငါးမွေးမြူသူတစ်ဦးက ရှင်းပြသည်။ တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့နယ်တွင် ကျောက်ငါး မွေးမြူသူ (၄) ဦး က လှောင်အိမ်ပေါင်း (၆ဝဝ) ကျော်ဖြင့် မွေးမြူထားသည်ဟုဆိုသည်။ ခင်မျိုးသွယ်
ရေချိုငါးတင်ပို့မှုက ဒေါ်လာ ၇၆ သန်းခန့်ရရှိ မြန်မာနိုင်ငံအတွင်း မွေးမြူထုတ်လုပ်သည့်ရေချိုငါးများကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် နိုဝင်ဘာလ ၁၄ ရက်နေ့အထိ ဒေါ်လာ ၇၆ သန်းခန့်ရရှိထားပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်သည့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ '' ရေချိုငါးကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကနေဒေါ်လာ ၃ ဒသမ ၇၁၃ သန်းနဲ့ပုံမှန်ကုန်သွယ်ရေး ကနေ ဒေါ်လာ ၇၁ ဒသမ ၉၁၆ သန်းစုစုပေါင်း ဒေါ်လာ ၇၅ ဒသမ ၆၂၉ သန်းဖိုးတင်ပို့ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ ရေချိုငါးမှာ အဓိကတင်ပို့တာက ငါးမြစ်ချင်းငါးပါ၊ ငါးမြစ်ချင်းကို ရန်ကုန်၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီး (၃) ခုတို့မှာ အဓိက ထားမွေးမြူပြီး တစ်နိုင်ငံလုံးသို့ မွေးမြူရတဲ့ဧကတွေအနက် ဧက တစ်သိန်းခွဲခန့်ရှိနေပါတယ်။ ဒီနှစ်ထဲမှာ ရေချိုငါးတွေ မွေးမြူရာမှာ အမယ်သစ်အနေနဲ့ စူတန်ငါးကို မွေးမြူဥလာသလို ဈေးကွက်ရှိနေတဲ့ ငါးမုတ်ဖြူကိုလည်း တိုးခဲျ့မွေးလာကြပါတယ်။ဒါ့အပြင် ငါးမြစ်ချင်းနဲ့ပုစွန်ရော မွေးမြူမှုကိုလည်း စတင်စမ်းသပ် မွေးမြူနေကြပါပြီ'' ဟု ငါးလုပ်ငန်း ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ မြန်မာနိုင်ငံမှ ငါးမြစ်ချင်းများကို အဓိကဝယ်ယူသည့်နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ဒူဘိုင်းနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ ဖြစ်သည်။ ခင်မျိူးသွယ်
မြန်မာရေထွက်ကုန်ကို ဝယ်သူရောစားသုံးသူပါ လက်ခံမှုရှိနေ မြန်မာရေထွက်ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေးကွက်များသို့တင်ပို့ရောင်းချရာတွင် ဝယ်သူရော၊ စားသုံးသူများပါ လက်ခံမှုရရှိနေကြောင်း ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သိရသည်။ '' ရေထွက်ကုန်တွေကို ပြည်ပဈေးကွက်တွေကိုတင်ပို့တဲ့အခါ buyer ရော၊ စားသုံးသူပါလက်ခံမှုရရှိခဲ့ပါပြီ။ အထူးသဖြင့် မြန်မာ့ပုစွန်ကို အီးယူဈေးကွက်ကပဲလက်ခံစားသုံးနေပါပြီ။ ရေခိုျပုစွန်ဈေးကွက်က ဟောင်ကောင်၊ မလေးရှားနဲ့ ဂျပန်နိုင်ငံ တို့မှာလည်း ဈေးကွက်ရှိနေပါပြီ၊ ရေချိုပုစွန်မွေးမြူရေးမှာ မြန်မာက ၁ ဧကကို ၃ တန် ထွက်တယ်။ ထိုင်းမှာရေချိူ Tiger က ၁ ဧက ၅ တန်ထွက်တယ်၊ တရုတ်မှာ ရေချိုပုစွန်ဖြူကို ၁ ဧက ၁၅ တန် ထွက်အောင်မွေးရာက အခု ၂၁ တန် ထွက်နေပါပြီ။ သူတို့ရဲ့မွေးနည်းက ၁ ဧကမှာကောင်ရေများများနဲ့ မွေးကြတယ်လို့သိရတယ်။ ဂျပန်ဈေးကွက်က အခုချိန်ထိ ရေချိုပုစွန် Tiger ကို တစ်စိုက်မတ်မတ်ဝယ်ယူလိုကြတယ်။ မကြာခင်ကာလမှာ အာဆီယံ branded ထုတ်လုပ်မှု နည်းစနစ်တွေ တစ်ပုံစံတည်းဖြစ်ရမယ်ဆိုတဲ့ သတ်မှတ် ချက်တွေကိုမဖြစ်မနေသွားရတော့မှာဖြစ်တယ်။ ဒါ့ကြောင့် မြန်မာ ရေထွက်ကုန်ထုတ်လုပ်သူတွေက လက်ရှိရရှိပြီးသားဈေးကွက်ကို ဆက်ပြီးထိန်းသင့်ပါတယ်'' ဟု ယင်းအသင်းမှ အတွင်း ရေးမှူး ဦးထွန်းအေးက ပြောကြားခဲ့သည်။ မြန်မာရေထွက်ကုန်ပစ္စည်းတင်ပို့မှုက နိုဝင်ဘာလ ၁၄ ရက်အထိ ဒေါ်လာ ၃၄၁ ဒသမ ဝ၈၃ သန်းရရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ငါးမြစ်ချင်း ၁ ပိသာ ၂ဝဝဝ ကျပ်ဖြင့် ဝယ်ယူမှုရှိနေ ဗဟိုစံပြငါးဈေးကြီးတွင် ပြည်ပ သို့တင်ပို့ရောင်းချသည့် ငါးအရွယ် အစား ၂-ကစ ၁ပိသာလျှင် ၂ဝဝဝ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူမှုရှိနေ ကြောင်း ရေချိုငါး မွေးမြူသူများထံက သိရသည်။ '' ငါးမြစ်ချင်း 2-up Export အရွယ် ၁ပိသာကို ၂၂ဝဝ ကျပ်၊ ၂၃ဝဝ ကျပ်အထိရခဲ့တာလည်းရှိပါတယ်။ အခုလို ငွေဈေးကျ ပြည်ပဝယ်လက်ပါး တဲ့ အချိန်မှာတော့ ၁ ပိသာကို ၂ဝဝဝ ကျပ်ရှိတာကြောင့်အရှုံးပေါ်ပါတယ်။ ဒါပေမဲ့ ငါးသမားတိုင်း ရှုံးသလားဆို တော့လဲ မဟုတ်ပါဘူး။ အခုအချိန် အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း ငါးဖော်ရမဲ့သူတွေအနေနဲ့ ရှုံးနိုင်ပါ တယ်။ ဒီကာလရှေ့လတွေရယ်၊ ဒါမှမဟုတ် ၂ဝ၁၁ ခုနှစ်၊ ဇန်နဝါရီလ လောက်မှာ ကန်ဖော်ကြတဲ့ သူတွေကျ တော့ မရှုံးနိုင်ပါဘူး။ ပြည်ပတင်ပို့တဲ့ အခါ ဈေးမရလို့ပြည်တွင်းဈေးကွက်ထဲ ဖြန့် မယ်ဆိုတော့လဲ ပြည်တွင်းစားသုံး သူက ငါးမြစ်ချင်းအကောင်ကြီးရင် အကောင်ကြီးလို့ဆိုပြီး အကောင်လိုက် ဝယ် သူရှားတယ်။ ခုတ်သားလောက်ပဲ စားကြတာ။ ပြည်တွင်းဈေးကွက်က ၅ဝ သားအရွယ်တွေကိုပဲ အဝယ်များတတ်တယ်'' ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် 2- up အရွယ်ငါးမြစ်ချင်းများကို ၁ ပိသာ လျှင် (၂ဝဝဝ-၂ဝ၂၅) ကျပ်ဈေး ဖြင့် ငွေဇာပုလဲကုမ္ပဏီ၊ ငွေပင်လယ်ကုမ္ပဏီ နှင့် သုံးပွင့်ဆိုင်ကုမ္ပဏီတို့က ဝယ်ယူ လျက် ရှိသည်။ ခင်မျိူးသွယ်
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၃ဝဝဝ-၁၄ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁၁ဝဝဝ-၁၂ဝဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၉ဝဝဝ-၁ဝဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၇ဝဝဝ-၈ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁၁ဝဝဝ-၁၂ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁ဝ၅ဝဝ-၁၁ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၆ဝဝဝ-၇ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၃ဝဝဝ-၁၅ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁ဝဝဝဝ-၁၂ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၆ဝဝဝ-၆၅ဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၆ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁ဝဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၄၅ဝဝ-၅ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၆၅ဝဝ-၇၅ဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၃၃ဝဝ-၃၅ဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁ဝဝဝ-၁၂ဝဝ၁၈ ကလိန်ခြောက် ။ ၃၅ဝဝ-၃၈ဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၆၅ဝဝ-၇ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၂၈ဝဝ-၃ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁၂-၁၁-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး (၁၂-၁၁-၂ဝ၁ဝ) ဈေးနှုန်း(ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ နိမ့်် မြင့်၁။ ငါးကျည်း ပိဿာ ၂ဝဝဝ ၅၅ဝဝ၂။ ငါးခူ ။ ၂ဝဝဝ ၅၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၈ဝဝ ၂၂ဝဝ၄။ ငါးကြင်း ။ ၂၃ဝဝ ၄ဝဝဝ၅။ ငါးရံ့ ။ ၂၅ဝဝ ၄၅ဝဝ၆။ ငါးတန် ။ ၁၇ဝဝ ၂၂ဝဝ၇။ ငါးသလောက် ။ ၃၅ဝဝ ၁၇ဝဝဝ၈။ ငါးရှဉ့် ။ ၂၅ဝဝ ၃၅ဝဝ၉။ ငါးခေါင်းပွ ။ ၁၅ဝဝ ၂၇ဝဝ၁ဝ။ ကကတစ် ။ ၂၅ဝဝ ၆၅ဝဝ၁၁။ တီလားဗီးယား ။ ၁၂ဝဝ ၁၈ဝဝ၁၂။ ကသပေါင်း ။ ၂ဝဝဝ ၇ဝဝဝ၁၃။ ပုစွန်ကျော့ ။ ၁၄ဝဝ ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၁၄ဝဝဝ
ရေထွက်ကုန်တင်ပို့မှု မနှစ်ကထက် ဝင်ငွေပိုများလာ ပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ်တန်ဖိုး ကျဆင်းခြင်း၊ ဒေါ်လာဈေးနိမ့်ကျနေ ခြင်းတို့ကြောင့် တင်ပို့သူများအတွက် အခက်အခဲရှိနေ သော်လည်း ရေထွက်ကုန်တင်ပို့သူများ အနေဖြင့် မနှစ်ကအနေအထားထက် တင်ပို့မှုများခဲ့သဖြင့် ဝင်ငွေပိုများ သည့် အနေအထားရှိနေကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ '' ဂျပန်ကလည်း ယန်းငွေတွေချ ၊ အမေရိကန်ကလည်း ငွေဈေးတွေချပြီး သူတို့ရဲ့ထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်ကို တိုးနိုင်အောင်စီစဉ်နေပုံရတယ်။ ဒါကြောင့် ဒေါ်လာဈေးကအတော်ကျနေပြီး ပြည်တွင်းက တင်ပို့သူတွေ တွက်ချေ မကိုက်တဲ့ အနေအထားကြောင့် အတားအဆီးတွေ ရှိနေသလိုဖြစ်နေပါတယ်။ သို့သော်လည်း ရေထွက်ကုန်တင်ပို့သူများအနေဖြင့် မနှစ်ကအနေအထားထက် တင်ပို့မှု များခဲ့တယ်လို့ သုံးသပ်လို့ရပါတယ်။ မနှစ်ကအောက်တိုဘာလအထိ ပြည်ပတင်ပို့မှုက ဝင်ငွေဒေါ်လာ ၂၅၁ ဒသမ ၆၈၇ သန်းဘဲ ရခဲ့ပေမဲ့ ဒီနှစ်မှာ အောက်တိုဘာလအထိ ရရှိငွေကဒေါ်လာ ၃၂၂ ဒသမ ၂၄၄ သန်းဖြစ်တဲ့အတွက် ဒေါ်လာသန်း ၇ဝ ကျော် ပိုရထားတဲ့အနေအထားရှိပါတယ်'' ဟု ယင်းဌာနက တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။ အဆိုပါ ရရှိငွေများမှာ မူဆယ်မှ ဒေါ်လာ ၄ဝ ဒသမ ၉၉၃ သန်း၊ မြဝတီက ဒေါ်လာ ၄ ဒသမ ၆၁၃ သန်း၊ ကော့သောင်းက ဒေါ်လာ ၁၁ ဒသမ ၄၈၉ သန်း၊ စစ်တွေက ဒေါ်လာ ၄ ဒသမ ၁၂၂ သန်း၊ မြိတ်က ဒေါ်လာ ၅၆ ဒသမ ၁၉ဝ သန်း၊ မောင်တောက ဒေါ်လာ ၃ ဒသမ ဝ၇၆ သန်း၊ တမူးက ဒေါ်လာ ဝ ဒသမ ၁ဝ၉ သန်းနှင့် ပုံမှန်ကုန်သွယ်ရေးက ဒေါ်လာ ၂ဝ၁ ဒသမ ၆၅၂ သန်းတို့ ဖြစ်ကြောင်း သိရသည်။ ခင်မျိုးသွယ်
မန်းဈေးကွက်မှာ မွေးမြူရေးအစားအစာဈေးငြိမ်နေ အောက်တိုဘာလနှင့် နိုဝင်ဘာလ နှစ်လအတွင်း မန္တလေးဈေးကွက်မှာ မွေးမြူရေးအစာဈေးနှုန်း တည်ငြိမ်လျက် ရှိကြောင်း သိရပါတယ်။ ပြောင်းဖတ်၊ ပဲဖတ်၊ နှမ်းဖတ်၊ ပဲပုပ်၊ ဝါစေ့ဖတ်နှင့် ဖွဲနုဈေးနှုန်းမှာ အတက်အကျမရှိဘဲ ဈေးငြိမ် လျက်ရှိပြီး စားကွဲဈေးနှုန်းမြင့်တက်လာပါတယ်။ ''အခါတိုင်း ဒီအချိန်ဆို ဈေးကျနေကျ။ ကုန်ပစ္စည်းအသစ်ပေါ်ရင် ဈေးပြန်ကျရမှာ။ ပြည်ပအထွက်နည်းနေတဲ့ အတွက် ဒီရက်ပိုင်းအရောင်းအဝယ်လည်းပါးတယ်။ ပြည်တွင်းဈေးကွက်ဘဲ အရောင်းအဝယ်ရှိနေတယ်။ ဝယ်လက်အတွက် အဆင်ပြေတာပေါ့။ ပြည်ပကဝင်တဲ့ ပဲပုပ်ဈေးဆက်ငြိမ်နေပြီး စားကွဲဈေးကပြန်ကျနိုင်တယ်'' လို့ မွေးမြူရေး လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။ နိုဝင်ဘာဒုတိယပတ်အတွင်း ဈေးနှုန်းများမှာပြောင်း ၅၄ ပိဿာတစ်အိတ်ကို ၁၅ဝဝဝ ကျပ်၊ ၁၆ဝဝဝ ကျပ်၊ပဲဖတ် တစ်ပိဿာကို ၈၈ဝ ကျပ်၊ ၉ဝဝ ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ၇၈ဝ ကျပ်၊ ၈ဝဝ ကျပ်၊ နေကြာဖတ်တစ်ပိဿာ ၆ဝဝ ကျပ်၊ ပန်းနှမ်းဖတ် တစ်ပိဿာ ၆၄ဝ ကျပ်၊ ဝါစေ့ဖတ် တစ်ပိဿာ ၃၈ဝ ကျပ်၊ ဖွဲနုတစ်ပိဿာကို ၃၅ဝ ကျပ်၊ ၃၇ဝ ကျပ်၊ ပဲပုပ် ၈၄ဝ ကျပ်၊ ၈၅ဝ ကျပ်၊ ဆန်ကွဲပိဿာ ၃ဝ ပါတစ်အိတ်ကို ၁၂ဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ ဇူးဇူး
ပြည်ပကြိုက်ဧရာရေထွက် ပုစွန်ဈေးကွက် ဧရာဝတီတိုင်းဒေသကြီးရဲ့ ပြည်ပ ပို့ကုန်ပုစွန်များကို ချောင်းသာ ကမ်းခြေ ကျေးရွာများတွင် အဝယ်ဒိုင်များ ဖွင့် လှစ်ပြီး ပြည်ပသို့ ပုစွန်အရှင်များ တင်ပို့လျက် ရှိနေပါတယ်။ ချောင်းသာ၊ ရွှေ သောင်ယံ၊ ဂျိတ်လတ်၊ သဇင်၊ ငွေ ဆောင်၊ငရုတ်ကောင်း၊ ဆင်မ၊ မော်တင် အနောက်ဘက်ကမ်းခြေ ပင်လယ်ပိုင်း ဒေသများမှ ဖမ်းဆီးရမိသော ဒေသ ခေါ် အစိမ်းရောင်ပုစွန်၊ ကျောက်ပုစွန်၊ နုံးပုစွန်၊ ဖလားဝါးပုစွန်၊ ကျောက်ဘီလူး ပုစွန်၊ ပုလဲပေါက်ပုစွန်များကို နှစ်ပတ် လည်ရောင်းဝယ်လျက်ရှိကြောင်း သိရ ပါတယ်။ ဂရမ် ၁၅ဝ မှ ၁၅ဝဝ အထက် ပုစွန်များကို ဈေးကွက်တွင် တစ်ပိဿာ ၁၂ဝဝဝ ကျပ်မှ ၂၇ဝဝဝ ကျပ်ဈေးနဲ့ ဝယ်ယူပြီး မိုးတွင်း တစ်လကို ကုန်ချိန် ၆ဝဝ၊ ၇ဝဝ တင်ပို့နိုင်သော်လည်း ပွင့်လင်းရာသီ နိုဝင်ဘာလမှ မေလ အထိ ကုန်ချိန် ၉ဝဝ၊ ၁ဝဝဝ အထက် ပိုမိုတင်ပို့နိုင်ကြာင်း သိရပါတယ်။ ဝယ်ယူရရှိတဲ့ ပုစွန်အရှင်များကို အငန် ဓါတ် ဝ ဒသမ ဝ၂ဝ ကန်ထဲမှာ ရေကို အောက်ဆီဂျင် လွှတ်ကာ ၂၄ နာရီ အပြည့် စက်မောင်းမွေးမြူထားရှိပြီး (၁/၂)ရက်တစ်ကြိမ် ရန်ကုန်သို့တင်ပို့ပြီး ရန်ကုန်မှ တစ်ဆင့်ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး
ငါးရှဉ့် ၁ တန် ပျမ်းမျှဒေါ်လာ ၂၅ဝဝ ခန့်ရရှိနေ မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ငါးရှဉ့်များကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိရာ ယခုနှစ်အတွင်း ငါးရှဉ့် ၁ တန်လျှင် ပျမ်းမျှဒေါ်လာ ၂၅ဝဝ ခန့် ရရှိနေကြောင်း ငါးရှဉ့်လုပ် ငန်းရှင်များ အသင်းမှ သိရသည်။ '' ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ဆန်းပိုင်းမှာ ရတဲ့ဝင်ငွေပမာဏဟာ ယခင် (၂ဝဝ၉-၂ဝ၁ဝ )ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီလမှာ ရတဲ့ပမာဏနဲ့ တူညီနေ တာကြောင့် ငါးရှဉ့်တင်ပို့မှုက ရရှိငွေ ဒေါ်လာ ၁၅ သန်းဟာ ယခင်နှစ် ကထက် ၂ လခန့်စောပြီး ရထားပြီး ဖြစ်ပါတယ်။ မန္တလေးစစ်ဆေးရေး Check Point ကနေ ငါးရှဉ့်ကား ၃- ၄ စီး မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန် သွယ်ရေးစခန်းကို ပုံမှန်တင်ပို့ ရောင်းချနေပါတယ်။ ဒီနှစ်မှာ ငါးရှဉ့်တစ်တန် ကို ပျမ်းမျှဒေါ်လာ ၂၅ဝဝ ဝန်းကျင် ရရှိခဲ့ပြီး မနှစ်က ဒေါ်လာ ၁၈ဝဝ ခန့်ပဲ ရရှိခဲ့တာကြောင့် ဒီနှစ်က ယခင်နှစ် ကထက် ကုန်တက်နည်းပေမယ့် အမေ ရိကန်ဒေါ်လာ ရရှိမှု ပိုမိုရရှိထားပါ တယ် '' ဟု ယင်းအသင်း၏ ဥက္ကဌ ဦးဘသော် က ပြောကြားသည်။ ၂ဝ၁ဝ ခုနှစ်အောက်တိုဘာလ ၃၁ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းက ဒေါ်လာ ၁၄ ဒသမ ၆၃၁ သန်း၊ မြဝတီနယ်စပ် ကုန်သွယ်ရေး စခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်း၊ လေကြောင်းလိုင်း ဖြင့် တင်ပို့မှုက ဒေါ်လာ ဝ ဒသမ ဝ၅၆ သန်း၊ စုစုပေါင်းဒေါ်လာ ၁၄ ဒသမ ၇၂၄ သန်း ရရှိထားပြီးဖြစ်သည်။ ခင်မျိုးသွယ်
