Background
မွေးမြူရေးစခန်းများကို အခြေခံ၍ အစာထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်မည် ပြည်ပပညာရှင်များလာရောက်သင်ကြားပြသပေးမည့် မွေးမြူရေးစခန်းနေရာများကို အခြေခံ၍အစာ ထုတ်လုပ်နည်း သင်တန်းကို ရွှေပြည်သာမြို့နယ် လှော်ကားငါးလုပ်ငန်းစခန်းတွင် နိုဝင်ဘာလ ၂၄ ရက်တွင်စတင် ဖွင့်လှစ်မည်ဖြစ်သည်။ '' မွေးမြူရေးနေရာစခန်းများကို အခြေခံတဲ့ အစာထုတ်လုပ်နည်းသင်တန်းကို ဖိလစ်ပိုင်နိုင်ငံက ပညာရှင် ၂ ဦးက လာရောက်သင်ကြားပေးမှာပါ။ အဲဒီသင်တန်းအတွက် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက ဝန်ထမ်း ၁ဝ ယောက်နဲ့ မြန်မာနိုင်ငံငါးမွေးမြူရေးအသင်းက ၁ဝ ဦးစုစုပေါင်း ၂ဝ ဦးကို အခမဲ့တက်ရောက်ခွင့် ပြု မှာပါ'' ဟု ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုသည့် ငါးမွေးမြူရေးအသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် ရေချိုငါးမွေးမြူရေးအသင်းတို့ရှိ ဖုန်းနံပါတ် ၆၈၃၆၅၈ သို့ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။ ယင်းသင်တန်းကို အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့က ထောက်ပံ့မှုဖြင့် ဖွင့်လှစ်သည်ဟုဆိုသည်။ ခင်မျိုးသွယ်
အီးယူဈေးကွက်သို့ ရေထွက်ကုန်များကို ပုံစံ (၆) မျိုးဖြင့် တင်ပို့နေ မြန်မာနိုင်ငံမှထုတ်လုပ်တင်ပို့သည့် ရေထွက်ကုန်များကို အီးယူ ဈေးကွက်များက ဝယ်ယူလျက်ရှိရာ မြန်မာနိုင်ငံက ထုတ်လုပ် တင်ပို့သူများ အနေဖြင့် ပုံစံ (၆) မျိုးဖြင့် တင်ပို့ရောင်းချလျက် ရှိနေကြောင်း သိရသည်။ '' အီးယူဈေးကွက်ရဲ့ နိုင်ငံပေါင်း ၃ဝ ခန့်ကို မြန်မာရေထွက်ကုန်တွေ တင်ပို့ရာမှာ တန်ဖိုးမြှင့်ကုန်အဖြစ် ပြုပြင်ထုတ်လုပ်တင်ပို့ခြင်း၊ အရှင်တင်ပို့ ခြင်း၊ အေးခဲတင်ပို့ခြင်း၊ ဆားနယ်တင်ပို့ခြင်း၊ ငါးကြိတ်သားပြုလုပ်တင်ပို့ခြင်း၊ ကျပ် တိုက်တင်ပို့ခြင်းဆိုပြီး ပုံစံ (၆) မျိုးနဲ့ တင်ပို့နေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ရေလုပ်ငန်းရှင် တွေအနေနဲ့ ပြည်ပဈေးကွက်များသို့ ရေထွက် ကုန်များ ရောင်းချရာမှာ ငါးအမျိုးအစားပေါင်း (၂ဝဝ) ကျော်ရှိနေပါတယ်'' ဟု ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ အီးယူ ဈေးကွက်သို့ မြန်မာရေထွက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံ (၈) ရုံမှ တင်ပို့လျက်ရှိပြီး မကြာမီကာလများအတွင်း နောက်ထပ်စက်ရုံ (၅) ရုံခန့်မှလည်း ဆက်လက်တင်ပို့နိုင်တော့မည် ဖြစ်သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်)၁။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၁ဝဝဝ-၁၂ဝဝဝ၂။ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၉ဝဝဝ-၁ဝဝဝဝ၃။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၈၅ဝဝ-၉ဝဝဝ၄။ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၇ဝဝဝ-၈ဝဝဝ၅။ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁၁ဝဝဝ-၁၂ဝဝဝ၆။ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ၇။ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁ဝ၅ဝဝ-၁၁ဝဝဝ၈။ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၅ဝဝဝ-၆ဝဝဝ၉။ ငါးကျီးကြပ်တိုက်ကြီး ။ ၁၂ဝဝဝ-၁၃ဝဝဝ၁ဝ။ ငါးကျီးကြပ်တိုက်သေး ။ ၁ဝဝဝဝ-၁၁ဝဝဝ၁၁။ ငါးမြွေထိုးခြောက် ။ ၅၅ဝဝ-၆ဝဝဝ၁၂။ ငါးရံ့ခြောက်ကြီး ။ ၁၆ဝဝဝ-၁၈ဝဝဝ၁၃။ ငါးရံ့ခြောက်လတ် ။ ၁ဝဝဝဝ-၁၁ဝဝဝ၁၄။ ငါးရံ့လုံးခြောက် ။ ၄ဝဝဝ-၄၅ဝဝ၁၅။ ငါးကွမ်းရှပ်ခြောက် ။ ၆ဝဝဝ-၆၅ဝဝ၁၆။ ငါးပုတ်သင်ခြောက် ။ ၃ဝဝဝ-၃၅ဝဝ၁၇။ ငါးတံခွန်လုံးခြောက် ။ ၁ဝဝဝ-၁၂ဝဝ၁၈။ ကလိန်ခြောက် ။ ၃ဝဝဝ-၃၅ဝဝ၁၉။ ငါးမန်းသားတွဲခြောက် ။ ၆ဝဝဝ-၆၅ဝဝ၂ဝ။ ငါးနှပ်ချိုခြောက် ။ ၂၅ဝဝ-၃ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၄-၁၁-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၄-၁၁-၂၀၁၀) ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပံုံံ နိမ့် မြင့်၁။ ငါးကျည်း ပိဿာ ၁၅ဝဝ ၄ဝဝဝ၂။ ငါးခူ ။ ၁၅ဝဝ ၄ဝဝဝ၃။ ငါးမြစ်ချင်း ။ ၁၅ဝဝ ၂၂ဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ ၄ဝဝဝ၅။ ငါးရံ့ ။ ၂၅ဝဝ ၄၅ဝဝ၆။ ငါးတန် ။ ၁၇ဝဝ ၂၅ဝဝ၇။ ငါးသလောက် ။ ၃၅ဝဝ ၁၇ဝဝဝ၈။ ငါးရှဉ့် ။ ၂၅ဝဝ ၃၅ဝဝ၉။ ငါးခေါင်းပွ ။ ၁၅ဝဝ ၂၇ဝဝ၁ဝ။ ကကတစ် ။ ၂၅ဝဝ ၆၅ဝဝ၁၁။ တီလားဗီးယား ။ ၁၂ဝဝ ၁၈ဝဝ၁၂။ ကသပေါင်း ။ ၂ဝဝဝ ၇၅ဝဝ၁၃။ ပုစွန်ကျော့ ။ ၁၄ဝဝ ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၁၄ဝဝဝ
မူဆယ်က ငါးရှဉ့်တင်ပို့မှု တစ်လတန် ၁ဝဝဝ ခန့်ရှိနေ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေး စခန်းက ငါးရှဉ့်တင်ပို့မှုမှာ တစ်လ တန် ၁ဝဝဝ ခန့် ရှိနေကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်အသင်းမှ သိရသည်။ '' အခုအချိန်က မြန်မာပြည် အထက်ပိုင်းရော မြန်မာပြည်အောက်ပိုင်း မှာပါ ငါးရှဉ့်အကောင်ကြီးတွေ ထွက်နေ တဲ့ ရာသီပါ။ အထက်နဲ့ အောက်အရပ် က တက်လာတဲ့ငါးရှဉ့်တွေက မန္တလေး Check Point မှာဆုံပါတယ်။ မန္တလေးက တစ်ဆင့် မူဆယ်ကို ကား ၄ စီးခန့် တက်နေပါတယ်။ ကားတစ်စီးကို ငါးရှဉ့် ၈ တန်ခန့် သယ်ယူကြတာကြောင့် တစ်ရက်ကို ပျမ်းမျှ ၃၂ တန်ခန့်မူဆယ်ကို ဝင်ရောက်နေပါတယ်။ ငါးရှဉ့်ထွက်တဲ့ ရာသီဆို မူဆယ်က ငါးရှဉ့်တင်ပို့မှုက တစ်လကို တန် ၁ဝဝဝ ခန့်ရှိနေပါတယ်'' ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဧပြီလ ၁ ရက်မှအောက်တိုဘာလ ၃၁ ရက်နေ့အထိ ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၁၄ ဒသမ ၇၂၄ သန်းရရှိထားပြီးဖြစ်ရာ နယ်စပ်စခန်းများအလိုက် တင်ပို့ထားမှုမှာ မူဆယ် နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ၁၄ ဒသမ ၆၃၁ သန်း၊ မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းက ဒေါ်လာ ဝ ဒသမ ဝ၃၇ သန်းနှင့်လေကြောင်းလိုင်းက ဒေါ်လာ ဝ ဒသမ ဝ၅၆ သန်းကျော်တို့ ဖြစ်သည်ဟု ဆိုသည်။ ထို့အတူ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းကလည်း သြဂုတ်လထိ ငါးရှဉ့်တင်ပို့မှုက ဝင်ငွေဒေါ်လာ ၁ဝဝ၄ဝဝ ရရှိထားပြီးဖြစ်သည်။ ခင်မျိုးသွယ်
ရေလုပ်ငန်းမွေးမြူရေးဆိုင်ရာ ဘွဲ့လွန်ပညာရပ်အတွက် သင်တန်းသားများ အစ္စရေးက ခေါ်ယူ ရေလုပ်ငန်း မွေးမြူရေးဆိုင်ရာဘွဲ့လွန်ပညာရပ်အတွက် သင်တန်းသားများကို အစ္စရေးနိုင်ငံက ခေါ်ယူပြီဖြစ်သည်။ '' ဒီသင်တန်းအတွက် သင်တန်းသားအကန့်အသတ်မရှိပါဘူး၊ အသက်ကန့်သတ်ချက်လည်းမပါ ပါဘူး၊ တက်ရောက်မယ့်သူဟာဘွဲ့ရဖြစ်ရမယ်။ သက်ဆိုင်ရာလုပ်ငန်းထဲမှာ ၂ နှစ်အနည်းဆုံးလုပ်သက် ရရှိရမယ်။ အင်္ဂလိပ်စာကျွမ်းကျင်ရမယ်။ ငါးလုပ်ငန်းအဖွဲ့ချုပ်မှာ လျှောက်လွှာတင်ရမယ်။ အရည်အချင်းအစစ်ဆေးခံရမယ်။ အောင်ရင်တက်လို့ရပြီ။ အရည်အချင်းစစ်ဆေးခံပြီး အောင်မြင်တဲ့ သင်တန်းသားကို အစ္စရေးက စားစရိတ်၊ နေစရိတ် အခမဲ့တာဝန်ယူတယ်။ သင်တန်းက ၁နှစ်ပြီးတာနဲ့ Final Project ကို အောင်မြင်အောင် လုပ်ပေးနိုင်ရမယ်။ ပြီးရင်အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်ရမယ်''ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးနှင်းဦးက ပြောကြားသည်။ အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများသည် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်သို့ နိုဝင်ဘာလ ၁ဝ ရက် နေ့အမီဆက်သွယ်ရမည် ဖြစ်ပြီး အသေးစိတ်စုံစမ်းလိုပါက ဖုန်းနံပါတ် ၆၈၃၆၅၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ခင်မျိုုးသွယ်
ချင်းရွှေဟော်မှ ကဏန်းအရှင် ၅၆ တန်ကျော်တင်ပို့ခဲ့ ၂ဝ၁ဝအောက်တိုဘာလအတွင်း ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ကဏန်းအရှင် ၅၆ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း ဟိန်းနဒီအောင် ကုမ္ပဏီက သိရသည်။ '' ကဏန်းအရှင်တင်ပို့ခွင့်ကို ဟိန်းနဒီအောင်ကုမ္ပဏီ အနေနဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်း ကနေ တစ်ရက်ကို ကား ၃ စီးတင်ပို့ခွင့်ရခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကဏန်းကို တန်ဖိုးမြှင့်ကုန်အဖြစ် ပြန်မွေးမြူပြီးမှ တင်ပို့တာပါ။ သဘာဝက ဖမ်းဆီးပြီးလာရောင်းတဲ့ ကဏန်းတွေကို ရွံှ့တွေစင်အောင် ရေဆေးရပါတယ်။ ချည်ထားတဲ့ကြိုး တွေ ကို ပြန်ပြောင်းပြီး ပါကင်ပုံလှအောင် လုပ်ရပါတယ်။ ပြီးရင် လှောင်အိမ်နဲ့ ပြန်မွေးပါတယ်။ အဲဒီအထဲကမှ အရည် အသွေးကောင်းတဲ့ ကဏန်းတွေကို ရွေးချယ်တင်ပို့ပါတယ်။ ဒီလမှာအဓိက ကုန်ကြမ်းယူတဲ့ ရခိုင် ပြည်နယ်မှာ မုန်တိုင်း ဒဏ်ကြောင့် လုပ်ငန်းရပ်ထားတဲ့ရက်တွေရှိခဲ့တယ်။ ဒါ့ကြောင့် ဒီလမှာ ခွင့်ပြုတန်မီအောင် မပို့နိုင်ပါဘူး။ နောက်လတွေမှာ ဒီထက် ပိုပြီး တင်ပို့နိုင်အောင် ကြိုးစားနေပါတယ်'' ဟု လုပ်ငန်းရှင် ဦးထွန်းလင်းစိုးက ပြောကြားသည်။ ယခုကဲ့သို့ မူဆယ်ဇုန်အပြင်ချင်းရွှေဟော်စခန်းမှပါ ကဏန်းတင်ပို့ခွင့်ပြုလိုက်သည့်အတွက် ဈေးကွက် ပြိုင်ဆိုင်မှု များ ဖြစ်ပေါ်လာပြီး ကုန်ကြမ်းဝယ်ယူရာ ဒေသတွင် ဈေးနှုန်း များ မြင့်တက်လာပြီး ရေလုပ်သားများ ပိုမို အကျိုးရှိလာ ကြောင်း ဒေသခံများထံက ကြားသိရပါသည်။ ခင်မျိုးသွယ်
ဂီရိမုန်တိုင်းသင့် ရေလုပ်သားများအား ရေလုပ်ငန်းအသင်း နှစ်ခုမှ ကျပ် သိန်း ၁ဝဝ လှူဒါန်း ဂီရိမုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်မှ ရေလုပ်သားများအား မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ခုျပ်အောက်ရှိ ရေလုပ်ငန်း အသင်း ၂ ခုမှ ကျပ်သိန်း ၁ဝဝ လှူဒါန်းခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ '' အောက်တိုဘာလ၂၂ ရက်က တိုက်ခတ်ခဲ့တဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ မြေပုံ၊ မင်းပြား၊ ကျောက်ဖြူ၊ ပေါက်တောမြို့နယ်တွေမှာရှိတဲ့ ငါးလုပ်ငန်းဦးစီးဌာနအချို့ရေလုပ်သားတွေရဲ့ နေအိမ်အချို့ နဲ့ ငါးဖမ်းပစ္စည်းတွေ ဆုံးရှုံးမှုရှိခဲ့ပါတယ်။ အဲဒီအတွက် ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်း ရှင်များအသင်းနဲ့ မြန်မာ နိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူများအသင်းတို့က ကျပ်သိန်း ၅ဝ စီစုစုပေါင်းကျပ်သိန်း ၁ဝဝ ကို လှူဒါန်းပေးခဲ့ပါတယ်'' ဟု ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါမုန်တိုင်းသင့် ရေလုပ်သားများအတွက် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း ကျပ် ၁၁၅ သိန်းကျော်ဖိုးရှိ မီတာ ၂ဝဝ အရှည် ကွင်းတားပိုက် ၁၉၃၁ ခု၊ ကျပ်သိန်း ၄ဝဝ ကျော်ဖိုးရှိ မီတာ ၄ဝဝ ကွင်းတားပိုက် ၃ဝ၁ ခု၊ ကျပ် ၇၅ သိန်းတန်ဖိုးရှိ ထိုင်းနိုင်ငံထုတ် ငါးဖမ်းပိုက်ကွန် ၄၇ဝ ခု၊ စုစုပေါင်း ကျပ်သိန်း၂၄ဝ ကျော်ဖိုးရှိ ငါးဖမ်းပစ္စည်းများကို အောက်တိုဘာလ ၂၇ ရက်နေ့က ပေးလှူခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ခင်မျိုးသွယ်
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၂ဝဝဝ-၁၃ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၉၅ဝဝ-၁ဝဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁၂ဝဝဝ-၁၃ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁ဝ၅ဝဝ-၁၁ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၅ဝဝဝ-၆ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၂ဝဝဝ-၁၃ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁ဝဝဝဝ-၁၁ဝဝဝ၁၁ ငါးေြွမထိုးခြောက် ။ ၅ဝဝဝ-၆ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၆ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၄၅ဝဝ-၅ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၆၅ဝဝ-၇ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၃ဝဝဝ-၃၃ဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁ဝဝဝ-၁၂ဝဝ၁၈ ကလိန်ခြောက် ။ ၂၈ဝဝ-၃ဝဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၆၅ဝဝ-၇ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၃ဝဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁၅-၁ဝ-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၁၅-၁ဝ-၂ဝ၁ဝ) ဈေးနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ နိမ့် မြင့်၁။ ငါးကျည်း ပိဿာ ၁၈ဝဝ ၃၂ဝဝ၂။ ငါးခူ ။ ၁၈ဝဝ ၃၂ဝဝ၃။ ငါးမြစ်ချင်း ။ ၁၅ဝဝ ၂၃ဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ ၄ဝဝဝ၅။ ငါးရံ့ ။ ၂ဝဝဝ ၄ဝဝဝ၆။ ငါးတန် ။ ၁၆ဝဝ ၂၂ဝဝ၇။ ငါးသလောက် ။ ၂၅ဝဝ ၁၆ဝဝဝ၈။ ငါးရှဉ့် ။ ၁၈ဝဝ ၃ဝဝဝ၉။ ငါးခေါင်းပွ ။ ၁၅ဝဝ ၂၈ဝဝ၁ဝ။ ကကတစ် ။ ၂ဝဝဝ ၅ဝဝဝ၁၁။ တီလားဗီးယား ။ ၁၂ဝဝ ၁၈ဝဝ၁၂။ ကသပေါင်း ။ ၂ဝဝဝ ၇ဝဝဝ၁၃။ ပုစွန်ကျော့ ။ ၁ဝဝဝ ၁၃ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၁၄ဝဝဝ
