Background
စိုစွတ်သောရာသီတွင် ကွဲျ၊ နွားဒေါင့်သန်းရောဂါ ဖြစ်ပွားတတ်၍ မွေးမြူရေးသမားများ ဂရုပြုရန်လိုအပ် မန္တလေးတိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ မြင်းခြံခရိုင် မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်နှင့်ဆက်စပ်တဲ့ ကျေးရွာ အုပ်စုများမှ နွားများကိုကွင်းပြည့် ကာကွယ်ဆေးထိုးရန်စီမံချက် ချမှတ် ထားကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဦးထွန်း ကြည်က ''ဌာနက နှစ်စဉ်စီမံချက် ၃ မျိုး ဆောင်ရွက်ပေးတယ်။ ကွဲျ၊ နွား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ထိုးပေးတယ်။ ပေါင် ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးကို (၆) လတစ်ကြိမ်၊ ကွဲျ နွားလည်ချောင်း ကွဲရောဂါ ကာကွယ်ဆေးကို ၆ လ တစ်ကြိမ်ထိုးပေးတယ်။ နှစ်စဉ်စီမံချက ချမှတ် လုပ်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။ ပြည်သူကို မွေးမြူရေး ဘက်ကနေ ပညာ ပေးမယ်။ ဒေါင့်သန်းရောဂါဖြစ်တဲ့ တိရစ္ဆာန်ကို တစ်နေရာက တစ်နေရာ ကျော်ပြီး ဖြတ်သန်းသွားလာခွင့် မပြုဖို့၊ အကယ်လို့ ရောဂါဖြစ်ပွားတယ်ဆိုတာ နဲ့ သတင်းပို့ပြီး သွားလာမှုကို ထိန်းချုပ် သင့်ပါတယ်။ သြဂုတ်လအတွင်းမှာ ငါန်းဇွန်မြို့နယ်က ကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တဲ့အတွက် ဒီရွာဒေသတွေနဲ့ ဆက်စပ်တဲ့ အုပ်စုတွေကို ကာကွယ် ဆေး မထိုးမနေရစီမံချက် ချမှတ်ရ ခြင်းဖြစ်ပါတယ်''လို့ ပြောပါတယ်။ ကွဲျ၊ နွားဒေါင့်သန်းရောဂါ လက္ခ ဏာများမှာ အပူချိန်မြင့်မားခြင်း၊ အဖျားတက်ခြင်း၊ အစာအိမ် ပြည့်ဖောင်း ခြင်း၊ အသက်ရှူမြန်ခြင်း၊ အခြားရောဂါ ဝင်လာပါက သွားလာတဲ့အခါ တုံ့ဆိုင်း ခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ သေဆုံး ပါက ဒွါရပေါက်များမှ သွေးယိုစီးခြင်း လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။ ကွဲျနွားဒေါင့်သန်းရောဂါမှာ လူကို ကူး စက်တတ်၍ ရောဂါ ဖြစ်ပွားမှုလက္ခဏာ များပေါ်ပေါက်ပါက သက်ဆိုင်ရာ ရယကရုံးများနှင့် မွေးမြူရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနသို့ အကြောင်း ကြားသင့်ကြောင်း သက်ဆိုင်ရာဌာနမှ ကြေညာချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ''ကွဲျ၊ နွား ဒေါင့်သန်းရောဂါပိုးက ဘက်တီးရီးယားပိုး ဖြစ်တဲ့အတွက် ပုံမှန်ကာကွယ်ဆေး ထိုးသင့်တယ်။ ရောဂါဖြစ်ပွားရင်လည်း သတင်းပို့ဖို့ လိုတယ်။ သေဆုံးတဲ့ နွားသားကိုလည်း မစားဖို့လိုအပ်ပါတယ်။ သေဆုံးတဲ့ နွားသားကို မြေကျင်းတူးပြီး၊ မီးရှို့ဖျက် ဆီးမြုပ်နံှရမယ်။ မြစ်ချောင်းထဲ မျှော တာမျိုး လုပ်သင့်ဘူး။ စနစ်တကျ သုတ်သင်ရှင်းလင်းဖို့ လိုအပ်ပါတယ်။ စနစ်တကျနဲ့ ကာကွယ်ဆေးလည်း မထိုး ထားဘူးဆို အပူပိုင်းဒေသတွေမှာ မိုးက လေကျချိန်ပေါ်ပေါက်လာတတ်ပါတယ်'' လို့ အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နွားကောင်ရေ ၂၂ သိန်းကျော်၊ ကွဲျ ကောင်ရေ ၁၃ သိန်းကျော် မွေးမြူမှုရှိ ရာ သက်ဆိုင်ရာမှ ကာကွယ်ဆေးများ ထိုးနံှပေးလျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
ပထမအကြိမ် ငှက်များဓာတ်ပုံပြပွဲ ကျင်းပမယ် ပထမအကြိမ် မြန်မာနိုင်ငံမှငှက်များ ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၁ဝ ရက်နေ့မှ ၁၂ ရက် နေ့အထိ ဗဟန်း မြို့နယ်ရှိ တော်ဝင်နှင်းဆီသီရိခန်းမမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံ ငှက်နှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းက ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး တော်ဝင်နှင်းဆီဖောင်ဒေးရှင်းနဲ့ Green Hearts Environment Networkု တို့ ပံ့ပိုးကျင်းပမှာဖြစ်ပါတယ်။ ယင်းပြပွဲကျင်းပရခြင်းမှာ သက်ရှိဇီဝမျိုးစုံနှစ် အထိမ်းအမှတ်အဖြစ် ဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်သွား သော ငှက်မျိုးစိတ်များအကြောင်း၊ လက်ရှိရှင်သန်ကျက်စားနေသော ငှက်မိုျးစိတ်များအကြောင်း သိရှိစေချင်တာ ကြောင့်လို့ သိရပါတယ်။ အဲဒီဓာတ်ပုံပြပွဲမှာ ဓာတ်ပုံဆရာ ဇေမောင်သိန်း (ဘူမိ၊ငြိမ်း)ရဲ့ ၆ နှစ်တာကာလအတွင်း မြန်မာပြည်အနံှ့မှာရိုက်ကူးထားတဲ့ ငှက်မိုျးစုံတွေရဲ့ ဓာတ်ပုံ ၁၅ဝ ဝန်းကျင်ကိုလည်း ထည့်သွင်းပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငှက်များဓာတ်ပုံပွဲကရရှိတဲ့ ရန်ပုံငွေ တွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။ လွင်လွင်သိန်း
မန္တလေး ငါးဒိုင်များသို့ အင်းငါး၊ ချောင်းငါးများ လှိုင်လှိုင်ဝင် မန္တလေးငါးဒိုင်များသို့ ရေကျချိန်တွင် အင်းငါး၊ ချောင်းငါးများ လှိုင်လှိုင် ဝင်လျက်ရှိပါတယ်။ အင်းငါး၊ ချောင်းငါးများမှာ ဈေးပေါပြီး ရာသီချိန်ဖြစ်ခြင်း ကြောင့် ဝယ်ယူသူများလျက်ရှိကြောင်း သိရပါတယ်။ ''ဒီအချိန်မှာ အင်းငါး၊ ချောင်းငါး လှိုင်လှိုင်ဝင်ချိန်ဆိုတော့ မွေးမြူရေးငါး များများမဖော်ကြဘူး။ အစာဈေးလည်းမြင့်နေတော့ များများ မဖော်ရဲဘူး။ ရန်ကုန် ဘက်ကလည်း ရေငန်ငါးရော မွေးမြူရေးငါးရော အဝင်နည်းနေတယ်။ အရင်က တန်ချိန် ၃ဝ လောက်အဝင်ရှိရာက ၉ တန်၊ ၁ဝ တန်လောက်ပဲ အဝင်ရှိတော့ တယ်။ ကုန်တင်တဲ့တန်ချိန် လျှော့ချလိုက်တဲ့အတွက် ကားအထွက်နည်းပြီး သယ်ယူစရိတ် ကိုက်၊ မကိုက် စောင့်ကြည့်နေကြတာလည်း ပါတာပေါ့။ ငါးအဝင် နည်းပေမဲ့ ဈေးမတက်ဘူး။ ပုံမှန်ဈေးနဲ့ပဲ အရောင်းအဝယ်လုပ်တယ်။ အရောင်း အဝယ်တော့ အေးသွားတာပေါ့။ အင်းငါး၊ ချောင်းငါးက ရာသီပေါ်လည်းဖြစ်ပြီး ဈေးလည်း သက်သာတော့ အဝယ်များတယ်'' လို့ ကမ္ဘာကျော် ငါးရောင်းဝယ်ရေး မှ ဦးကျော်ကပြောပါတယ်။ ယခုတစ်ပတ်တွင် ငါးဒိုင်များသို့ ငါးဝင်ရောက်မှုနည်းခြင်းကြောင့် မန္တလေး မြို့ပေါ်တွင်သာ တွင်ကျယ်စွာ ရောင်းချမှုရှိပြီး နယ်ဘက်သို့ ဖြန့်ချိမှုမရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ဝင်ရောက်သည့် ငါးများမှာ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးအုံတုံ၊ ငါးကြင်းဖြူ၊ ငါးမျက်စံနီများ သာ ဝင်ရောက်မှုရှိကြောင်း ပုစွန်များမှာ ပုံမှန်ဈေးဖြင့် အနည်းငယ်သာဝင်ရောက်ကြောင်း သိရပါတယ်။ဇူးဇူး
ငါးမြစ်ချင်းများရောင်းဝယ်မှု ပုံမှန်ပြန်ရှိလာ စက်တင်ဘာလပထမပတ်နှင့် ဒုတိယပတ်တို့တွင် ဝယ်ယူမှုရပ်နားခဲ့သောငါးမြစ်ချင်းများကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရောင်းဝယ်မှုပုံမှန်ပြန် ရှိလာ ပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ သည့် သားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။ '' စက်တင်ဘာလ ပထမပတ်နဲ့ဒုတိယပတ်တို့မှာ ငွေဈေးနှုန်းအပြောင်း အလဲ တွေနဲ့ ဒေါ်လာဈေးကျဆင်းမှုတွေကြောင့် ပြည်ပတင်ပို့သူတွေဟာ ငါးမြစ်ချင်း ဝယ်ယူမှုကို ရပ်နားခဲ့ကြပါတယ်။ ဒါ့အပြင် ငါးမြစ်ချင်း ဝယ်ယူ စားသုံးတဲ့ အရှေ့ အလယ်ပိုင်းဒေသတွေရဲ့ ဥပုသ်လတွေဖြစ်တာကလဲ တစ်ကြောင်းအနေနဲ့ ပါဝင်နေပါတယ်။ အခုအခါမှာ ဒေါ်လာဈေးလည်း တည်ငြိမ်လာပြီဖြစ်တဲ့အတွက် ပို့ကုန် လုပ်ငန်းရှင်များအနေနဲ့ ငါးမြစ်ချင်းများ ရောင်းဝယ်မှုပုံမှန်ပြန်ရှိလာတာ တွေ့ရပါ တယ် '' ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဈေးကွက်အတွင်းကုမ္ပဏီများ၏ ငါးမြစ်ချင်း ငါးဝယ်ယူမှုအခြေအနေမှာ 2 : UP အရွယ်ငါးမြစ်ချင်း တစ်ပိသာ လျှင် ၂၁ဝဝ ကျပ်ဖြင့် ငွေဇာပုလဲ၊ ငွေပင်လယ်နှင့် သုံးပွင့်ဆိုင် ကုမ္ပဏီတို့က ဝယ်ယူခဲ့သည်။ အဆိုပါ 2 : UP အရွယ်ဈေးနှုန်းကို မူတည်ထား၍အရွယ်ကြီးများကို ၁ဝဝ ကျပ်စီ တိုး၍လည်းကောင်း၊ အရွယ်သေးများကို ၁ဝဝ ကျပ်စီလျော့၍လည်းကောင်း ဝယ်ယူလျက်ရှိသည်။ ယခုအပတ်အတွင်း အဏ္ဏဝါလွှမ်းကုမ္ပဏီက အရွယ်သေးငါးမြစ်ချင်းများကိုသာ ဝယ်ယူခဲ့သည်ဟုဆိုသည်။ ခင်မျိူးသွယ်
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်)၁။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၁ဝဝဝ-၁၂ဝဝဝ၂။ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁၁ဝဝဝ-၁၂ဝဝဝ၃။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၉ဝဝဝ-၉၅ဝဝ၄။ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ၅။ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁၂ဝဝဝ-၁၃ဝဝဝ၆။ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၉ဝဝဝ-၉၅ဝဝ၇။ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁ဝ၅ဝဝ-၁၁ဝဝဝ၈။ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၅ဝဝဝ-၆ဝဝဝ၉။ ငါးကျီးကြပ်တိုက်ကြီး ။ ၁၃ဝဝဝ-၁၅ဝဝဝ၁ဝ။ ငါးကျီးကြပ်တိုက်သေး ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၁။ ငါးမြွေထိုးခြောက် ။ ၄၅ဝဝ-၅ဝဝဝ၁၂။ ငါးရံ့ခြောက်ကြီး ။ ၁၆ဝဝဝ-၁၇ဝဝဝ၁၃။ ငါးရံ့ခြောက်လတ် ။ ၁ဝဝဝဝ-၁၁ဝဝဝ၁၄။ ငါးရံ့လုံးခြောက် ။ ၄၅ဝဝ-၅ဝဝဝ၁၅။ ငါးကွမ်းရှပ်ခြောက် ။ ၇၅ဝဝ-၈ဝဝဝ၁၆။။ ငါးပုတ်သင်ခြောက် ။ ၃ဝဝဝ-၃၅ဝဝ၁၇။ ငါးတံခွန်လုံးခြောက် ။ ၁ဝဝဝ-၁၂ဝဝ၁၈။ ကလိန်ခြောက် ။ ၃ဝဝဝ-၃၅ဝဝ၁၉။ ငါးမန်းသားတွဲခြောက် ။ ၇ဝဝဝ-၇၅ဝဝ၂ဝ။ ငါးနှပ်ချိုခြောက် ။ ၃၅ဝဝ-၄ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁-၁ဝ-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၁-၁၀-၂၀၁၀) ဈေးနှုန်း(ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ နိမ့် မြင့်၁။ ငါးကျည်း ပိဿာ ၂ဝဝဝ ၄ဝဝဝ၂။ ငါးခူ ။ ၂ဝဝဝ ၄ဝဝဝ၃။ ငါးမြစ်ချင်း ။ ၁၆ဝဝ ၂၄ဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ ၄၂ဝဝ၅။ ငါးရံ့ ။ ၂ဝဝဝ ၄၅ဝဝ၆။ ငါးတန် ။ ၁၈ဝဝ ၃၃ဝဝ၇။ ငါးသလောက် ။ ၃ဝဝဝ ၁၆ဝဝဝ၈။ ငါးရှဉ့် ။ ၂ဝဝဝ ၃ဝဝဝ၉။ ငါးခေါင်းပွ ။ ၁၆ဝဝ ၂၈ဝဝ၁ဝ။ ကကတစ် ။ ၂၅ဝဝ ၆ဝဝဝ၁၁။ တီလားဗီးယား ။ ၁၃ဝဝ ၂ဝဝဝ၁၂။ ကသပေါင်း ။ ၂၅ဝဝ ၈ဝဝဝ၁၃။ ပုစွန်ကျော့ ။ ၁၃ဝဝ ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၁၄ဝဝဝ
ဂဏန်းများ ချင်းရွှေဟော်မှ စတင် တင်ပို့ပြီ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ ၃ဝရက်နေ့က စတင်၍ မြန်မာနိုင်ငံက ဖမ်းဆီးရမိသည့်ကဏန်းများကို ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပထမဆုံးစွန့်ဦးတီထွင် ဈေးကွက်သစ်ရှာဖွေ တင်ပို့နိုင်ခဲ့ပြီ ဖြစ်ပါသည်။ '' သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်နဲ့မူဆယ်အခြေစိုက်ကုမ္ပဏီတစ်ခုကနေ ပထမဆုံးစမ်းသပ်တင်ပို့တာပါ။ လေလံဈေးကကဏန်းအရှင် မက်ထရစ် တန် တစ်တန်ကို ၂၅၅ဝ ဒေါ်လာရှိပါ တယ်။ မန္တလေး-မူဆယ်၊ မန္တလေး- ချင်းရွှေဟော်ဆိုပြီး နှစ်လမ်းရှိရာမှာ ချင်းရွှေဟော် စခန်းကနေ တင်ပို့သူတွေ အနေနဲ့ မန္တလေး ကနေ ရေပူ ချက်ပွိုင့် မှာဝင်ရောက်စစ်ဆေး ခံပြီး ချင်းရွှေ ဟော်ကို ပို့ရာမှာ ညနေပိုင်း က ကားစထွက်ရင် နောက်တစ်နေ့ မနက်ပိုင်းဆို ရောက်ပါတယ်။ လမ်းခရီးမှာအသေအ ပျောက်နည်းတာတွေ့ရပါတယ်။ ပထမ ဆုံးတင်ပို့တာ ၃ ဒသမ ၆ တန်ပါ။ တစ်လကို တန် ၁ဝဝ လောက်တင်ပို့ နိုင်ဖို့ မျှော်မှန်းလုပ်ကိုင်နေတယ်လို့ သိရပါတယ်'' ဟုချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းက တင်ပို့သူများအနေဖြင့် ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၂၃ ရက်အထိ ကဏန်းများ တင်ပို့ခဲ့သည့် အတွေ့အကြုံများအရမူဆယ် ဈေးကွက်နှင့်မခြား ဈေးကွက် ခိုင်မာမှု ရှိကြောင်း သိရသည်။ ခင်မျိုးသွယ်
ရေချိုငါးတင်ပို့မှုက ၅ဝ ရာခိုင်နှုန်းခန့် အကောင်အထည်ဖော်ထားနိုင်ပြီ မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်လျက်ရှိသော ရေခိုျငါးများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရာတွင် လျာထားသတ်မှတ်ငွေ၏ ၅ဝ ရာခိုင်နှုန်းခန့်ကို အကောင်အထည်ဖော်ထားနိုင်ပြီဖြစ်ကြောင်း ရေခိုျငါးမွေးမြူရေး အသင်းကသိရသည်။ '' ရေချိုငါးတွေဖြစ်တဲ့ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ ၊ ငါးသိုင်းခေါင်းပွ၊ တီလားဗီယား၊ ငါးတန်၊ ထိုင်းငါးခုံးမ၊ ငါးမုတ် စတဲ့မွေးမြူရေးငါးတွေကို ပြည်ပနိုင်ငံတွေဆီ တင်ပို့ရောင်းချမှုကနေ ရရှိငွေကို ဒေါ်လာ ၁၂၅ သန်းရရှိရ မယ်လို့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ပါတယ်။ ဘဏ္ဍာနှစ်အတွင်း ဧပြီလကနေ စက်တင် ဘာလ အထိ ၆ လအတွင်း တင်ပို့မှုကနေ ဒေါ်လာ ၆၁ သန်းကျော်ရရှိထားပြီးပါပြီ၊ ရာခိုင်နှုန်းအနေနဲ့ အကောင်အထည် ဖော်နိုင်မှုက ၄၈ ဒသမ ၉၂ ရာခိုင်နှုန်းပါ၊ ရေချိုငါးတွေကို စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ပုံမှန်ကုန်သွယ်ရေးတို့ကနေ တင်ပို့နေတာပါ'' ဟု ရေခိုျငါးမွေးမြူရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ မြန်မာနိုင်ငံက အဓိကတင်ပို့ရောင်းချလျက်ရှိသော ရေခိုျငါးများအနက် ငါးမြစ်ချင်းငါးများကို ရွှေ့ပြောင်း လုပ်သားများဖြစ်သည့် ဘင်္ဂါလီလူမိုျးများ အများဆုံးစားသုံးသည်ဟုဆိုသည်။ ခင်မျိုးသွယ်
ဧရာဝတီတိုင်းဒေသကြီးမှ ငါးခြောက်များရန်ကုန်သို့ လှိုင်လှိုင်ဝင်စပြု ဧရာဝတီတိုင်းဒေသကြီး၏ ဒေသများဖြစ်သော ဘိုကလေး၊ လပွတ္တာ၊ ဖျာပုံ၊ ပုသိမ်၊ မော်ကျွန်း စသည့်ဒေသများ ၏ အဓိကထွက်ကုန် တစ်မျိုးဖြစ်သော ငါးခြောက်များမှာ စက်တင်ဘာလဆန်းမှစ၍ ရန်ကုန် သို့ လှိုင်လှိုင်ဝင်စ ပြုပြီဖြစ် ကြောင်း ဘုရင့်နောင်ဈေးရှိ ငါးခြောက်လက်ကားဒိုင်များမှ သိရသည်။ '' စက်တင်ဘာလ စတုတ္ထပတ်ထဲမှာ ငါးခြောက်ပိဿာ ချိန် ၂ဝဝဝဝ နီးပါး ရှိပါတယ်။ အလားတူ စက်တင်ဘာ လ တတိယပတ်မှာ ငါးခြောက်ပိသာချိန် ၉၃ဝဝ၊ စက်တင်ဘာလ ဒုတိယပတ်မှာ ငါးခြောက်ပိသာချိန် ၁၁ဝဝဝ ကျော်နဲ့ပထမ ပတ်မှာ ငါးခြောက်ပိသာ၁ဝဝဝဝ ခန့် စုစုပေါင်း ငါးခြောက်ပိသာချိန် ၅ဝဝဝဝ နီးပါးကို ရေကြောင်းကနေ တင်ပို့ ပေးခဲ့ရပါတယ် '' ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ (၁)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ဧရာဝတီတိုင်းမှ ဝင်ရောက်လာသည့် ငါးခြောက်များအနက် အာဗြဲခြောက်၊ ငါးပုတ်သင်ခြောက်နှင့်ငါး မြီးတန် သွယ်ခြောက်တို့ အများဆုံးပါဝင်ခဲ့သည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ငါးရှဉ့်တင်ပို့မှုက ၅ဝ ရာခိုင်နှုန်းခန့် အကောင်အထည်ဖော်ထားနိုင်ပြီ မြန်မာနိုင်ငံက ဖမ်းဆီးရရှိသည့် ငါးရှဉ့်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိရာ ၂ဝ၁ဝ ခုနှစ် ဧပြီလအတွင်း လျာထားသတ်မှတ်ငွေ၏ ၅ဝ ရာခိုင်နှုန်းနီးပါး အကောင်အထည်ဖော်ထားနိုင်ပြီ ဖြစ်ကြောင်း ငါးလုပ်ငန်းရှင်များ အသင်းမှ သိရသည်။ '' ငါးရှဉ့်တွေကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကို အဓိကတင်ပို့ရောင်းချခဲ့ပါတယ်။ ဧပြီလကနေသြဂုတ်လအထိ မူဆယ်ကုန်သွယ်ရေးစခန်း နဲ့ မြဝတီကုန်သွယ်ရေး စခန်းတို့ကနေတင်ပို့နေပြီး စက်တင်ဘာလဆန်းကစပြီး လေကြောင်းလိုင်းက ပါ တင်ပို့လာတာတွေ့ ရပါတယ်။ ငါးရှဉ့်အားလုံးတင်ပို့ရောင်းချမှုကနေ ဒေါ်လာ ၂၅ သန်း ရရှိရမယ်လို့ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားသတ်မှတ်ခဲ့ရာမှာ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ရရှိထားငွေက ဒေါ်လာ ၁၁ ဒသမ ၈၂၇ သန်းပါ၊ ရာခိုင်နှုန်းအားဖြင့် အကောင်အထည်ဖော်နှိုင်မှု မှာ ၄၇ ဒသမ ၃၁၂ ရာခိုင်နှုန်းဖြစ်တယ် '' ဟု ငါးရှဉ့်လုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။ အလားတူ အထက်မြန်မာပြည်ကချင်ပြည်နယ်၊ကာမိုင်းဒေသနှင့် အင်းတော် ကြီးဒေသတို့မှ ထွက်ရှိသည့် ငါးရှဉ့်များကို ကန်ပိုက်တီး စခန်းမှာ တင်ပို့ရောင်းချခဲ့ရာ ဧပြီလတွင် ၆ ဒသမ ၆တန်၊ မေလတွင် ၈ဒသမ ၁၆၉တန်၊ဇူလိုင်လတွင် ၃ ဒသမ ၈၆ တန်၊သြဂုတ်လတွင် ၁၆ ဒသမ၃၂၇တန်၊ စုစုပေါင်း ၃၄ တန်ကျော်ကို တင်ပို့ ရောင်းချခဲ့ကြောင်း ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းက တာဝန်ရှိသူတစ်ဦးထံက သိရသည်။ ခင်မျိုးသွယ်
