Main menu

Background

Tuesday, 28 Sep 2010

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ်    အမျိုးအမည်                                ရေတွက်ပုံ                     ဈေးနှုန်း(ကျပ်)  ၁။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)                ပိဿာ                      ၁၁ဝဝဝ-၁၂ဝဝဝ၂။ ဖျာပုံပုစွန်ချိုခြောက်သေး(ရှယ်)                    ။                          ၁၁ဝဝဝ-၁၂ဝဝဝ၃။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)                    ။                              ၉ဝဝဝ-၉၅ဝဝ၄။ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)                   ။                              ၈ဝဝဝ-၉ဝဝဝ၅။ မြိတ်ပုစွန်ခြောက် (လတ်)                           ။                           ၁၂ဝဝဝ-၁၃ဝဝဝ၆။ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                            ။                               ၉ဝဝဝ-၉၅ဝဝ၇။ ရခိုင်ပုစွန်ခြောက် (ရှယ်)                            ။                           ၁ဝ၅ဝဝ-၁၁ဝဝဝ၈။ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                            ။                               ၅ဝဝဝ-၆ဝဝဝ၉။ ငါးကျီးကြပ်တိုက်ကြီး                                ။                           ၁၃ဝဝဝ-၁၅ဝဝဝ၁ဝ။ ငါးကျီးကြပ်တိုက်သေး                             ။                            ၁၁ဝဝဝ-၁၂ဝဝဝ၁၁။ ငါးေြွမထိုးခြောက်                                   ။                                ၄၅ဝဝ-၅ဝဝဝ၁၂။ ငါးရံ့ခြောက်ကြီး                                     ။                             ၁၆ဝဝဝ-၁၇ဝဝဝ၁၃။ ငါးရံ့ခြောက်လတ်                                   ။                             ၁ဝဝဝဝ-၁၁ဝဝဝ၁၄။ ငါးရံ့လုံးခြောက်                                     ။                                ၄၅ဝဝ-၅ဝဝဝ၁၅။ ငါးကွမ်းရှပ်ခြောက်                                  ။                                 ၇၅ဝဝ-၈ဝဝဝ၁၆။ ငါးပုတ်သင်ခြောက်                                  ။                                 ၃ဝဝဝ-၃၅ဝဝ၁၇။ ငါးတံခွန်လုံးခြောက်                                 ။                                 ၁ဝဝဝ-၁၂ဝဝ၁၈။ ကလိန်ခြောက်                                       ။                                  ၃ဝဝဝ-၃၅ဝဝ၁၉။ ငါးမန်းသားတွဲခြောက်                               ။                                  ၇ဝဝဝ-၇၅ဝဝ၂ဝ။ ငါးနှပ်ချိခြောက်                                      ။                                  ၃၅ဝဝ-၄ဝဝဝ ဘုရင့်နောင်ကုန်စည်ဒိုင်မှ(၂၄-၉-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Tuesday, 28 Sep 2010

 ငါးစာအတွက် ရေပေါ်စာကို ပိုမိုအသုံးပြုလာ      အောက်မြန်မာပြည်ရှိ ငါးမွေးမြူသူများအနေဖြင့် လွန်ခဲ့သည့် ၂ လခန့်က ထုတ်လုပ်ခဲ့သည့် ငါးစာအတွက် ရေပေါ်စာကို စမ်းသပ် ကျွေးမွေးခဲ့ရာအကျိုးဖြစ်ထွန်းမှုများရှိသဖြင့် ရေပေါ်စာများကို ဝယ်ယူ အသုံးပြုမှု အားကောင်းလာကြောင်း မြန်မာနိုင်ငံ မွေးမြူရေး အဖွဲ့ချုပ်မှ သိရသည်။      '' ရေပေါ်စာကို စမ်းသပ်ကျွေးမွေးရာက အစာက အသားပြောင်းလဲနှုန်းကောင်းတဲ့အတွက် တစ်လကို ငါးအသား ၂၇ ကျပ်သားကနေ ၃ဝ ကျပ်သား လောက်အထိ တိုးလာတာတွေ့ရတယ်။ အစာလည်းလေလွင့်မှု အနည်းဆုံး ဖြစ်တာကြောင့် ငါးစာတွေရေထဲပျော်ဝင်ပြီး ရေထုညစ်ညမ်းမှုဖြစ်နိုင်ချေမရှိသလောက် တွေ့ခဲ့ရတဲ့အတွက် ရေပေါ်စာကို ဝယ်ယူကျွေးမွေး သူများလာတာတွေ့ရတယ်။ ဒါကြောင့် လက်ရှိထုတ်လုပ်နေသူက နောက်ထပ်စက်သစ်တစ်လုံး တိုးခဲျ့တပ်ဆင် ထုတ်လုပ်ဖို့ ပြည်ပမှာသွားရောက် ဝယ်ယူနေပါပြီ။ ဒါ့အပြင်အခြားအစာတောင့် ထုတ်လုပ်တဲ့ စက်ရုံသမားတွေ ကပါ ထုတ်လုပ်ဖို့ စီစဉ် နေပြီလို့သိပါတယ်'' ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဒုဥက္ကဌ ဦးဟန်ထွန်းက ပြောကြားသည်။ ၂ဝ၁ဝ ခုနှစ် တရားဝင် ထုတ်ပြန် ထားသည့် စာရင်းများအရ မြန်မာနိုင်ငံတွင် ငါးမွေးကန်ဧက ၂၁ဝဝဝဝ ကျော်ရှိပြီး အဆိုပါ ရေပေါ်စာများမှာ ငါးများသာမက ပုစွန်များကိုပါ ကျွေးမွေးနိုင်သည်ဟု ဆိုသည်။                                  ခင်မျိုးသွယ်

Tuesday, 28 Sep 2010

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး     (၂၄-၉-၂၀၁၀)                                                         ဈေးနှုန်း (ကျပ်)စဉ်           ငါးအမျိုးအမည်              ရေတွက်ပုံ              နိမ့်                   မြင့်၁။            ငါးကျည်း                       ပိဿာ              ၂ဝဝဝ               ၄၇ဝဝ၂။             ငါးခူ                              ။                   ၂ဝဝဝ                ၄၇ဝဝ၃။           ငါးမြစ်ချင်း                         ။                   ၁၅ဝဝ               ၂၃ဝဝ၄။            ငါးကြင်း                           ။                  ၂ဝဝဝ                 ၄ဝဝဝ၅။               ငါးရံ့                             ။                  ၂ဝဝဝ                 ၄၅ဝဝ၆။             ငါးတန်                            ။                  ၁၅ဝဝ                 ၃၃ဝဝ၇။          ငါးသလောက်                      ။                  ၃ဝဝဝ               ၁၆ဝဝဝ၈။              ငါးရှဉ့်                            ။                  ၂ဝဝဝ                ၂၈ဝဝ၉။           ငါးခေါင်းပွ                          ။                   ၁၅ဝဝ               ၂၈ဝဝ၁ဝ။           ကကတစ်                        ။                    ၂၅ဝဝ               ၆ဝဝဝ၁၁။         တီလားဗီးယား                     ။                    ၁၂ဝဝ              ၂ဝဝဝ၁၂။           ကသပေါင်း                       ။                    ၂၅ဝဝ               ၇၅ဝဝ၁၃။            ပုစွန်ကျော့                       ။                    ၁၂ဝဝ               ၁၆ဝဝ၁၄။            ပုစွန်စပ်ထုပ်                     ။                    ၆ဝဝဝ               ၈ဝဝဝ၁၅။            ပုစွန်ထုပ်ကြီး                    ။                   ၁ဝဝဝဝ            ၂ဝဝဝဝ

Tuesday, 28 Sep 2010

Crab World မှ ကဏန်းပျော့တန် ၄ဝခန့် လစဉ် တင်ပို့နေ     Crab World မှ ကဏန်းပျော့များကို လစဉ်တန် ၄ဝ ခန့် ပြည်ပနိုင်ငံများသို့ တင်ပို့နေရကြောင်း ကဏန်း လုပ်ငန်းရှင် များ အသင်းမှသိရသည်။'' ကဏန်းပျော့ထုတ်လုပ်ဖို့အတွက် တနင်္သာရီတိုင်းနဲ့ ဧရာဝတီတိုင်းကကုန်ကြမ်းတွေဝယ်ယူ အသုံးပြုပါတယ်။ လုပ်ငန်းစတင်လည်ပတ်တဲ့ ၂ဝဝ၈ ခုနှစ်မှာ တစ်လကို တန် ၂ဝ လောက်ပျမ်းမျှ တင်ပို့ခဲ့ရပါတယ်။ နောက်တစ်နှစ် မှာ ၁ဝ တန်လောက်တိုးပြီးလုပ်ကိုင်လာရသလို၊ ဒီနှစ်မှာ တန် ၄ဝ လောက်လစဉ် တင်ပို့ လာရပါတယ်။ ဈေးကွက်အနေနဲ့ ဟောင်ကောင်၊ ဂျပန်၊ တရုတ်(တိုင်ပေ)စတဲ့ ၃ နိုင်ငံကို တင်ပို့နေရပါတယ်'' ဟု လုပ်ငန်းရှင် ဦးဖေဝင်းကအတည်ပြု ပြောကြားသည်။     ကဏန်းမှ ကဏန်းပျော့ထုတ်လုပ်ရန်အတွက် (၈ဝ ဂရမ်နှင့် ၁ဝဝ ဂရမ်) ကြား ကဏန်းများကို အောက်ဆီဂျင်ပေး၍ လန်းအောင ်ပြုလုပ်ကာ ကန်ထဲရှိခြင်းတောင်းတွင်ထည့်ကာ သက်တမ်းပြည့်သည့်အချိန်တွင် အရေခွံလဲစေရန် အတွက် ၁၄ ရက်မှ ရက် ၄ဝ အတွင်း အစာကျွေးမွေးရသည်။ ယင်းမှ အခွံ့လဲသည့် အရည်ပျော့ကဏန်းကို ရေချိုတွင်အောက်စီဂျင်ပေး၍ စိမ်ထားကာ လိုအပ်သည့် အချိန်တွင် အေးခဲမှု ပြုလုပ်ကြသည်ဟု ဆိုသည်။                                                               ခင်မျိုးသွယ်

Tuesday, 28 Sep 2010

 တရုတ်ပြည်သို့ ပင်လယ်ကဏန်းတန် ၅၀၀ ခန့်လစဉ် တင်ပို့မှုရှိနေ      မြန်မာနိုင်ငံမှ ဖမ်းဆီးရရှိသောပင်လယ်ကဏန်းများကို လစဉ် တန်၅ဝဝ ခန့် နယ်စပ်ကုန်သွယ်ရေး စခန်း ကတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့မှုရှိနေသည်ဟု ဆိုသည်။      '' ကဏန်းကုန်သည်တွေအနေနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဘက်ကို ကဏန်းတင်ပို့ရာမှာ လစဉ်တန် ၅ဝဝ ခန့်ရှိနေပါတယ်။ အဲဒီပင်လယ် ကဏန်းတွေကို မူဆယ်က ကုန်သည်တွေက ရခိုင်ပြည်နယ်ဘက်ကနေ ဝယ်ယူစုဆောင်းတယ်လို့ သိရပါတယ်။ကဏန်းလေလံဈေးနှုန်းကိုတော့မူဆယ် ၁ဝ၅ မိုင်က သတ်မှတ်ပေးတာပါ '' ဟုကဏန်းတင်ပို့သူတစ်ဦးကပြောကြားပါတယ်။       ၂ဝ၁ဝ ခုနှစ်ဧပြီလ ၁ ရက်မှစက်တင်ဘာလ ၁၇ ရက်နေ့အထိ ကဏန်းပျော့တင်ပို့မှုက ဒေါ်လာ ၄ဒသမ ၆၄ဝ သန်းကိုလည်းကောင်း၊ မူဆယ်တင်ပို့မှုက ဒေါ်လာ ၄ ဒသမ ၆၉၅ သန်း ကိုလည်းကောင်း၊မြဝတီတင်ပို့မှုက ဝ ဒသမ ၅၄၄ သန်းကိုလည်းကောင်း၊ Air Line တင်ပို့မှုက ဒေါ်လာ ၅ ဒသမ ၃၆၈ သန်းကိုလည်းကောင်း၊ မြိတ်တင်ပို့မှုက ဒေါ်လာ ဝဒသမ ဝ၈၃ သန်း ကိုလည်းကောင်း၊ကော့သောင်းတင်ပို့မှုက ဒေါ်လာ ဝဒသမ ၁၁၁ သန်းကို လည်းကောင်း စုစုပေါင်း ဒေါ်လာ ၁၅ ဒသမ ၄၄၁သန်းရရှိထားပြီးဖြစ်ကြောင်းသိရသည်။                                                                                                      ခင်မျိုးသွယ်

Tuesday, 28 Sep 2010

 အောက်မြန်မာပြည်မှ ငါးသားပေါက် သိန်းပေါင်း ၃ သောင်းခန့် ထုတ်လုပ်နေ        အောက်မြန်မာပြည်ရှိ ပုဂ္ဂလိက ငါးသားဖောက်စခန်းများမှာ တစ်နှစ်လျှင် ပျမ်းမျှငါးကောင်ရေ သိန်းသုံးသောင်း ခန့် ထုတ်လုပ် ်လျက်ရှိသည်။        '' အောက်မြန်မာပြည် ပုဂ္ဂလိက ငါးသားဖောက်စခန်းတွေအနေနဲ့ ခရမ်းမြို့နယ်မှာ ငါးသားဖောက် စခန်းကြီး ၅ခု၊ အလတ်စား ငါးသားဖောက်စခန်း ၂ဝ ခုနဲ့ ပေါင်းလိုက်ရင် ငါးသားဖောက်စခန်း ၂၅ ခု၊ တွံတေးမြို့နယ်မှာ ငါးသားဖောက်စခန်းကြီး ၂ ခုနဲ့ အလတ်စား ၁ဝ ခု၊ ပဲခူးမြို့မှာ ၁ ခု၊ စုစုပေါင်းသားဖောက်စခန်း ၄ဝ ခန့်က နေ တစ်နှစ်ကို ပျမ်းမျှငါးကောင်ရေ သိန်းပေါင်း သုံးသောင်းခန့် ထုတ်လုပ်နေရပါတယ်။ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ ငါးမုတ်မည်း၊ တီးလားဗီးယား၊ ငါးတန် စသည့် ငါးမျိုးတွေကို သားဖောက်တာပါ။ အဲဒီငါးတွေအနက် ငါးမြစ်ချင်းကို ၈ဝ ရာခိုင်နှုန်းခန့် သားဖောက်ကြပါတယ်''ဟု ပုဂ္ဂလိကငါးသားဖောက် ပညာရှင် တစ်ဦးကပြောကြားသည်။          အောက်မြန်မာပြည် ငါးသားဖောက်စခန်းများအနက် ပုဂ္ဂလိကငါးသားဖောက်ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းခန့်ကိုခရမ်းမြို့နယ်မှ ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။                                                                  ခင်မျိုးသွယ်

Tuesday, 28 Sep 2010

 ရေချိုပုစွန်သားပေါက်နှင့် အသားတိုးထုတ်လုပ်မှုအတွက် အလုပ်ရုံဆွေးနွေးပွဲလုပ်ရန်လို       ရေချိုပုစွန်သားပေါက်နှင့် အသားတိုးထုတ်လုပ်ရန် မွေးမြူမှုအတွက် Training Work Shop လုပ်ရန်လိုအပ်ကြောင်း ပုစွန်လုပ်ငန်း ရှင်များအသင်းမှ အတွင်းရေးမှူး ဦးမြင့်စိုးကပြောကြားသည်      '' ရေချိုပုစွန်သားပေါက်ထုတ်လုပ်တာရော အသားတိုးမွေးမြူတာရော နည်းပညာလိုအပ်နေလို့ပါ။ လက်ရှိအသုံးပြုနေတဲ့ နည်းတွေကရေချိုပုစွန်မွေးမြူရေးအတွက် အောင်မြင်အောင် နည်းပညာ ခိုင်ခိုင်မာမာ မရှိသေးတာပါဘဲ။ အရင်က မွေးမြူခဲ့တဲ့ ရေချိုပုစွန်တွေမှာလည်း တိကျတဲ့နည်းပညာမရှိခဲ့ဘူး။ နည်းပညာအားနည်းမှုက တစ်ပိုင်တစ်နိုင်အနည်း အကျဉ်းမွေးမြူတာမျိုးမှာ မသိသာဘူး။ စီးပွားဖြစ်မွေးတာမျိုးဆိုရင် သိသာတယ်။ အချို့ကန်သမားတွေက မွေးတာ  နှစ်၂ဝ-၃ဝ  ရှိပြီဆိုတာမျိုးကိုပဲ အတွေ့အကြုံလို့ပြောကြတာ။ အတွေ့ အကြုံဆိုတာယူတတ်မှရတာပါ။ အလုပ်ရုံဆွေးနွေးပွဲအတွက် ပြည်ပပညာရှင်မှ မဟုတ်ပါဘူး။ ပြည်တွင်း ပုဂ္ဂလိကပိုင်းက ပညာရှင်တွေနဲ့လည်း ဆွေးနွေးပွဲတွေ လုပ်နိုင်ပါတယ်။ ဒါမှ သုံးနှစ်လောက် ကျဆင်းလာခဲ့တဲ့ ရေချိုပုစွန် မွေးမြူရေးက နာလန်ပြန်ထူလာနိုင်မှာပါ '' ဟု အဆိုပါ ပုဂ္ဂိုလ်ကထပ်လောင်းပြောကြားသည်။                                                  ခင်မျိုးသွယ်

Tuesday, 28 Sep 2010

အောက်မြန်မာပြည်မှ ငါးသားပေါက် သိန်းပေါင်း ၃ သောင်းခန့် ထုတ်လုပ်နေ       အောက်မြန်မာပြည်ရှိ ပုဂ္ဂလိက ငါးသားဖောက်စခန်းများမှာ တစ်နှစ်လျှင် ပျမ်းမျှငါးကောင်ရေ သိန်းသုံးသောင်းခန့် ထုတ်လုပ် လျက်ရှိသည်။        '' အောက်မြန်မာပြည် ပုဂ္ဂလိက ငါးသားဖောက်စခန်းတွေအနေနဲ့ ခရမ်းမြို့နယ်မှာ ငါးသားဖောက် စခန်းကြီး ၅ခု၊ အလတ်စား ငါးသားဖောက်စခန်း ၂ဝ ခုနဲ့ ပေါင်းလိုက်ရင် ငါးသားဖောက်စခန်း ၂၅ ခု၊ တွံတေးမြို့နယ်မှာ ငါးသားဖောက် စခန်းကြီး ၂ ခုနဲ့ အလတ်စား ၁ဝ ခု၊ ပဲခူးမြို့မှာ ၁ ခု၊ စုစုပေါင်းသားဖောက်စခန်း ၄ဝ ခန့်က နေ တစ်နှစ်ကို ပျမ်းမျှငါးကောင်ရေ သိန်းပေါင်း သုံးသောင်းခန့် ထုတ်လုပ်နေရပါတယ်။ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးသိုင်းခေါင်းပွ၊ ငါးမုတ်မည်း၊ တီးလားဗီးယား၊ငါးတန် စသည့် ငါးမျိုး တွေကို သားဖောက်တာပါ။ အဲဒီငါးတွေအနက် ငါးမြစ်ချင်းကို ၈ဝ ရာခိုင်နှုန်းခန့် သားဖောက်ကြပါတယ်''ဟု ပုဂ္ဂလိက ငါးသား ဖောက် ပညာရှင် တစ်ဦးကပြောကြားသည်။        အောက်မြန်မာပြည် ငါးသားဖောက်စခန်းများအနက် ပုဂ္ဂလိကငါးသားဖောက်ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းခန့်ကိုခရမ်းမြို့နယ်မှ ထုတ်လုပ်လျက်ရှိကြောင်း သိရပါသည်။                                                                                        ခင်မျိုးသွယ်

Tuesday, 28 Sep 2010

 ရေထွက်ကုန်တင်ပို့မှုက ဒေါ်လာ ၂၅၂ သန်းကျော်ရရှိ        မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်သည့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိရာ ဧပြီလ ၁ ရက်မှ စက်တင်ဘာလ ၁၇ ရက်နေ့အတွင်း ဒေါ်လာ ၂၅၂ သန်းကျော်ရရှိထားပြီးဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနက  တရားဝင် ထုတ်ဖော်ပြောကြားသည်။       '' မနှစ်က ရေထွက်ကုန်တင်ပို့မှုနဲ့ ဒီနှစ်တင်ပို့ရောင်းချနိုင်မှုကို နှိုင်းယှဉ်ရင် မနှစ်က ဧပြီ ၁ ရက်ကနေ စက်တင်ဘာလကုန်အထိ တင်ပို့မှုက ဒေါ်လာ ၂ဝ၆ ဒသမ ၄၈၇ သန်းရရှိခဲ့ပါတယ်။ ဒီနှစ်တင်ပို့မှုက ဒေါ်လာ  ၂၅၂ ဒသမဝဝ၆ သန်း ရထားပြီးပါပြီ။ နောက်ထပ် ၁၃ ရက်လောက် တင်ပို့နိုင်မှုက ရရှိမယ့် ဝင်ငွေကလည်း ရှိအုံးမယ်။လက်ရှိ အနေအထား အရကိုပဲ ဒေါ်လာ ၄၅ သန်းကျော်ပိုရထားတာနဲ့ပေါင်းရင် သန်း ၆ဝ ခန့်ပိုရရှိဖို့ ရှိပါတယ်'' ဟု ယင်းဌာနမှတာဝန်ရှိသူတစ်ဦးကပြောကြားသည်။          ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်း ၁ ရက်မှ ၁၇ ရက်နေ့အထိ တင်ပို့မှုမှ ဒေါ်လာ ၂၃ ဒသမ ၇၂၃ သန်းရရှိထား သည်ဟုဆိုသည်။                                                                                                         ခင်မျိုးသွယ်

Thursday, 23 Sep 2010

 ရန်ကုန်ဘက်မှ ငါးအဝင်နည်းလို့ မန္တလေးငါးဈေးနှုန်း ပြောင်းလဲ    မန္တလေးမြို့ သီရိမာလာဈေးသို့ ရန်ကုန်ငါး၊ ပုစွန်များ နေ့စဉ်ဝင်ရောက်လျက်ရှိရာမှယခုတစ်ပတ်တွင် ငါးအဝင်နည်း လာခြင်းကြောင့် ဈေးနှုန်းပြောင်းလဲလာကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ငါးတင်ဆောင်သယ်ယူသည့် ကုန်တင်တန်ချိန် ပြောင်းလဲလိုက်ခြင်းကြောင့် ကားများအထွက်နည်း၍ ငါးအဝင်နည်းလာကြောင်း၊ ကားများကို နဂိုမူလပုံစံအတိုင်းသာ တင်ဆောင်ရန် ပြန်လည်ပြုပြင်လျက်ရှိကြောင်းသိရပါတယ်။ ''အရင်က ငါးတင်ယာဉ် ၃ တန်ကားကို တန်ပိုတင်လို့ရအောင် ပြန်ပြုပြင်ထားကြတာ။ အခု နိုဝင်ဘာလကစပြီး နဂိုတန်ချိန်အတိုင်း တင်ဆောင်ရမှာဖြစ်တဲ့အတွက် ကားတွေ ပြန်ပြုပြင်နေတာ။ အခါတိုင်း နေ့စဉ် ကား ၁ စီး၊ ၂ စီးကြား မန္တလေးကိုအဝင်ရှိခဲ့တယ်။ အခုလက်ရှိထွက်နေတာ ၂ရက်၊ ၃ရက်နေ့မှ ကား ၁ စီးလောက်ထွက်ပြီး တန်ချိန်လည်းလျော့တယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ငါးအဝင်နည်းပြီး ဈေးနှုန်းတက်လာခဲ့တယ်'' လို့ ကမ္ဘာကျော် ငါးရောင်းဝယ်ရေးမှဦးကျော်က ပြောပါတယ်။မန္တလေးမြို့ရှိ ငါးဒိုင်များသို့ ရန်ကုန်ဘက်မှ ငါးကြင်း၊ ငါးအုံတုံ၊ ငါးတန်၊ ပုစွန်နဲ့ ငါးသလောက်များ ဝင်ရောက်မှုရှိပြီး မန္တလေးမြို့ရှိ ငါးကုန်များနဲ့ ဧရာဝတီမှ ငါးကြင်း၊ တီလားဗီးယား၊ ငါးတန်၊ ငါးခူများ ဝင်ရောက်မှုရှိပါတယ်။ငါးဈေးနှုန်းမှာ ရေခဲဈေးနဲ့ သက်ဆောင်ခစရိတ်ကြောင့် ၁ဝရာခိုင်နှုန်းနီးပါး ဈေးမြင့်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ဇူးဇူ

Pages