Main menu

Background

Tuesday, 12 Oct 2010

ကင်းမွန်များဝယ်ယူရန် ပြည်ပဝယ်လက်ကိုယ်စားလှယ်အဝယ်ဒိုင်များရောက်ရှိ         တနင်္သာရီတိုင်းဒေသကြီး မြိတ် ဒေသထွက် ကင်းမွန်များဝယ်ယူရန် ပြည်ပဝယ်လက်ကိုယ်စားလှယ် အဝယ် ဒိုင်များမြိတ်မြို့ သို့ရောက်ရှိလာကြောင်း ဒေသခံ ရေလုပ်ငန်းရှင်များထံမ ကြားသိရသည်။     '' မြိတ်ဘက်မှာကင်းမွန်တွေက အောက်တိုဘာလဆိုရင် ပေါ်ပြီ။ ဖမ်း ဆီးနိုင်တဲ့ ရာသီချိန်က အောက်တိုဘာလကနေ မတ်လအထိဆိုတော့ ၅ လလောက်ကြာပါတယ်။ ပြည်ပ ဝယ် လက် ကိုယ်စားလှယ်အဝယ် ဒိုင်တွေက ရာသီချိန် ရောက်ရင် မြိတ်ဒေသရဲ့ ပင်လယ်ကမ်းခြေအထိဆင်းပြီး မြေငှား တဲထိုးပြီး ကင်းမွန်တွေဝယ်စုကြတယ်။ ရတဲ့ကင်းမွန်တွေကို ပြုတ်ခြောက် ပြုလုပ်ပြီး တရုတ်ကိုပြန်ပို့ ကြတယ်။ သူတို့ဝယ်တဲ့ အရွယ်တွေ ကဆိုဒ်သေး တွေပါ။ ဝယ်တဲ့စနစ်က မနှစ်ကဆိုရင်ဗန်းတစ်ဗန်းကို ကျပ်တစ်သောင်းခွဲ ကနေ နှစ်သောင်း အထိရှိပါတယ်။ ဗန်း တစ်ဗန်းမှာ အချိန်တစ် ဆယ်လောက်ပါ တတ်တယ်။ ကင်းမွန် အရွယ်က ဆိုဒ်စုံ တယ်။ သောင်းပြောင်းယူစနစ်နဲ့ ဝယ် တာ တွေ့ရတယ်။ ဈေးနှုန်းကျတော့ အရွယ်ကြီးရင် ဈေးနည်း နည်းပိုပေးပြီး အရွယ်သေးရင်ဈေး နည်း နည်းလျော့ ပေးတယ်။ မနှစ်က ပြည်ပ ဝယ်လက် ကိုယ်စားလှယ်အဝယ်ဒိုင် ၇ ခုဆင်းပြီး လာဝယ်တယ်။ ဒီနှစ်လည်း ပြည်ပ ဝယ်လက် ကိုယ်စားလှယ်အဝယ်ဒိုင် ၉ ခုလောက်လာမယ်ကြားတယ်။စက်တင် ဘာလ ၃ဝ ရက်နေ့မှာဘဲ အဝယ်ဒိုင် ၃ ခုလောက်က တဲတွေထိုးပြီး ပြုတ် အိုးတွေ၊ နေလှန်းစင်တွေ ပြင်ဆင်နေ ကြပြီ '' ဟု မြိတ်အခြေစိုက် ရေလုပ်ငန်း ကုမ္ပဏီကြီးတစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။                                                                                                                               ခင်မျိုးသွယ်

Tuesday, 12 Oct 2010

အင်းအိုင်များက ငါးဖမ်းဆီးချိန်ဖြစ်သဖြင့် ကုန်တက်များတိုးလာ          အင်းအိုင်များက ငါးဖမ်းဆီးချိန်ဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီးက ငါးတင်ပို့မှုအနေဖြင့် ကုန်တက် များတိုးလာကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) က သိရသည်။      '' ဧရာဝတီတိုင်းဒေသကြီးက ငါးတင်ပို့မှုဟာ ပြီးခဲ့တဲ့လထက် တိုးလာတာကို တွေ့ရပါတယ်။ ဒီအချိန်ဟာ အင်းအိုင် ဖော်ချိန် လို့သိရပါတယ်။ ရန်ကုန်ကို ကားလမ်းနဲ့ရောရေလမ်းကပါ ရေထွက်ကုန်တွေ တင်ပို့ခဲ့ရာမှာ အောက်တိုဘာလ တစ်လလုံး အနေနဲ့ ပိဿာချိန် ၄ဝဝဝဝဝ ခန့် တင်ပို့ပေးခဲ့ရပါတယ်။ အပတ်စဉ်ရေလမ်းက ဝင်ရောက်မှုမှာ ပထမပတ်ထဲမှာ ပိဿာ ၁ဝ၆၆ဝဝ ခန့်၊ ဒုတိယပတ်မှာ ပိဿာ ၅၇ဝ၇ဝ ခန့်၊ တတိယပတ်မှာ ပိဿာချိန် ၇၅ဝ၁ဝ ခန့်၊ စတုတ္ထပတ်မှာ ပိဿာချိန် ၇၆၇ဝဝ ခန့်နောက်ဆုံး ပတ် ထဲမှာ ပိဿာချိန် ၈၈၄ဝဝ ခန့် ဝင်ရောက်ခဲ့ပါတယ်'' ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။       '' တော်သလင်း၊ သီတင်းကျွတ်ဆို အင်းဖော်ချိန်ဖြစ်ပေမဲ့ အရင်နှစ်ကထက်စာရင် ငါးဖမ်းဆီးရရှိမှု လျော့နည်းပါတယ်။ဒီနှစ်ဟာ မိုးနောက်ကျပြီး ငါးနေငါးထိုင်ကွင်းတွေဆီ ရေဝင်ရောက်တာ လျော့နည်းလို့လား၊ ငါးသားပေါက်ချိန် နောက်ကျလို့လား၊ နောက်မိုးကိုစောင့်နေတာလားတော့မသိပါဘူး'' ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဝါရင့် အင်းသူကြီးတစ်ဦးကသုံးသပ်ပြောကြားသည်။ ခင်မျိုးသွယ်

Tuesday, 12 Oct 2010

လစဉ်ဂဏန်းပျော့ ပျမ်းမျှတန် ၇၀ ခန့်တင်ပို့နေရ          မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်လျက်ရှိသော ကဏန်း ပျော့များကို လစဉ်ပျမ်းမျှတန် ၇ဝ ခန့် တင်ပို့ နေရကြောင်း ကဏန်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။       '' ကဏန်းပျော့ဈေးကွက်က ပုံမှန်ဘဲသွားနေပါတယ်။ ဒီထက် ဈေးကွက် ပိုမိုရရှိအောင်လည်း ထုတ်လုပ် သူတွေက ကြိုးစား နေကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကဏန်းပျော့ မွေးမြူရေးဇုန်ကနေ ကုမ္ပဏီကြီး ၂ ခုက တစ်လကို တန် ၄ဝ နဲ့ တန် ၅ဝ ကြားတင်ပို့မှုရှိနေသလို အခြားကုမ္ပဏီ ၂ ခုကလည်း တစ်လကို ၁ဝ တန်ကျော်စီ လောက်တင်ပို့နေကြ တာပါ။ ပျမ်းမျှနှုန်း နဲ့တွက်ရင် ရန်ကုန်ကဏန်းပျော့မွေးမြူရေး ဇုန်ကနေ တစ်လကို ပျမ်းမျှတန် ၇ဝ ခန့် ပြည်ပကို တင်ပို့နေရ ပါတယ်။ စက်ရုံတွေရဲ့ကုန်ကြမ်း လိုအပ်မှုက အပြည့်ဖြည့်ထား နိုင်တဲ့ အနေအထားရှိပါတယ်။ ဈေးနှုန်းရရှိမှုက အကောင်အကြီး အသေးမျှပြီး ၁ ကီလိုကို ၆ ဒေါ်လာ ဝန်းကျင်မှာ ရှိနေပါတယ်'' ဟု ကဏန်းအသင်းဥက္ကဌ ဦးနှင်းဦးက ပြောပြသည်။                                                                                                                                              ခင်မျိုးသွယ်

Tuesday, 12 Oct 2010

 မြိတ်ကျွန်းစုတွင် ရေထွက်ကုန် (၈) မျိုး မွေးမြူလာ      မြန်မာနိုင်ငံတောင်ဘက်အစွန်းပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသများတွင် ရေထွက်ကုန် (၈)မျိုးကို မွေးမြူ လုပ်ကိုင်လာကြောင်း ဒေသခံရေလုပ်ငန်းကုမ္ပဏီများထဲက ကြားသိရသည်။       '' ကျောက်ငါးကို လှောင်အိမ် ၆၄၃ လုံးနဲ့ မွေးမြူထားပါတယ်။ အလားတူ လှောင်အိမ်မွေး စနစ်နဲ့ ကကတစ် တွေကိုလည်း ၁၂၅ လုံး မွေးထားပါတယ်။ ရေငန်ပုစွန်များကို ဧက ၇၈ဝ ခန့်၊ ကျောက်ပုစွန်ကို ၁ဝ ဧက၊ ကင်းပုစွန်ကို ၄ ဧက၊ ကဏန်းပျော့ကို ၁၂၃၇ ဧက၊ ဂျင်းခရုကို ဧက ၂ဝ၊ ပင်လယ်ရေမှော်ကို ၁၃ ဧကခန့်မွေးမြူ လုပ်ကိုင်နေပါတယ်'' ဟု မြိတ်ဒေသ အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီ ကြီးတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။           တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများနှင့် ရေလုပ်ငန်းရှင်များသည် ငါး၊ပုစွန်များကို ပင်လယ် ပြင်မှ အစဉ် အဆက် အလွယ်တကူဖမ်းဆီးရရှိခဲ့သည့် အနေအထားများကြောင့် မွေးမြူရေးလုပ်ငန်းများကို စိတ် ဝင်စားမှု အားနည်းခြင်း၊ နည်းပညာ ရပ်များကို မသိရှိခြင်းတို့ကြောင့် သက်ဆိုင်ရာ၏ဦးဆောင်မှုနှင့် ပံ့ပိုးပေးမှုများ လိုအပ်နေသေးကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံသုံးသပ် ပြောကြားသည်။                                                                                                                   ခင်မျိုးသွယ်

Wednesday, 6 Oct 2010

 စိုစွတ်သောရာသီတွင် ကွဲျ၊ နွားဒေါင့်သန်းရောဂါ ဖြစ်ပွားတတ်၍ မွေးမြူရေးသမားများ ဂရုပြုရန်လိုအပ်            မန္တလေးတိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနက ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ မြင်းခြံခရိုင် မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်နှင့်ဆက်စပ်တဲ့ ကျေးရွာ အုပ်စုများမှ နွားများကိုကွင်းပြည့် ကာကွယ်ဆေးထိုးရန်စီမံချက် ချမှတ် ထားကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဦးထွန်း ကြည်က ''ဌာနက နှစ်စဉ်စီမံချက် ၃ မျိုး ဆောင်ရွက်ပေးတယ်။ ကွဲျ၊ နွား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးကို တစ်နှစ်တစ်ကြိမ် ထိုးပေးတယ်။ ပေါင် ပုပ်၊ လက်ပုပ်ရောဂါ ကာကွယ်ဆေးကို (၆) လတစ်ကြိမ်၊ ကွဲျ နွားလည်ချောင်း ကွဲရောဂါ ကာကွယ်ဆေးကို ၆ လ တစ်ကြိမ်ထိုးပေးတယ်။ နှစ်စဉ်စီမံချက ချမှတ် လုပ်နေတဲ့လုပ်ငန်းဖြစ်ပါတယ်။ ပြည်သူကို မွေးမြူရေး ဘက်ကနေ ပညာ ပေးမယ်။ ဒေါင့်သန်းရောဂါဖြစ်တဲ့ တိရစ္ဆာန်ကို တစ်နေရာက တစ်နေရာ ကျော်ပြီး ဖြတ်သန်းသွားလာခွင့် မပြုဖို့၊ အကယ်လို့ ရောဂါဖြစ်ပွားတယ်ဆိုတာ နဲ့ သတင်းပို့ပြီး သွားလာမှုကို ထိန်းချုပ် သင့်ပါတယ်။ သြဂုတ်လအတွင်းမှာ ငါန်းဇွန်မြို့နယ်က ကျေးရွာတစ်ရွာမှာ ဖြစ်ပွားခဲ့တဲ့အတွက် ဒီရွာဒေသတွေနဲ့ ဆက်စပ်တဲ့ အုပ်စုတွေကို ကာကွယ် ဆေး မထိုးမနေရစီမံချက် ချမှတ်ရ ခြင်းဖြစ်ပါတယ်''လို့ ပြောပါတယ်။ ကွဲျ၊ နွားဒေါင့်သန်းရောဂါ လက္ခ ဏာများမှာ အပူချိန်မြင့်မားခြင်း၊ အဖျားတက်ခြင်း၊ အစာအိမ် ပြည့်ဖောင်း ခြင်း၊ အသက်ရှူမြန်ခြင်း၊ အခြားရောဂါ ဝင်လာပါက သွားလာတဲ့အခါ တုံ့ဆိုင်း ခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ သေဆုံး ပါက ဒွါရပေါက်များမှ သွေးယိုစီးခြင်း လက္ခဏာများ ဖြစ်ပေါ်တတ်ပါတယ်။ ကွဲျနွားဒေါင့်သန်းရောဂါမှာ လူကို ကူး စက်တတ်၍ ရောဂါ ဖြစ်ပွားမှုလက္ခဏာ များပေါ်ပေါက်ပါက သက်ဆိုင်ရာ ရယကရုံးများနှင့် မွေးမြူရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနသို့ အကြောင်း ကြားသင့်ကြောင်း သက်ဆိုင်ရာဌာနမှ ကြေညာချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ''ကွဲျ၊ နွား ဒေါင့်သန်းရောဂါပိုးက ဘက်တီးရီးယားပိုး ဖြစ်တဲ့အတွက် ပုံမှန်ကာကွယ်ဆေး ထိုးသင့်တယ်။ ရောဂါဖြစ်ပွားရင်လည်း သတင်းပို့ဖို့ လိုတယ်။ သေဆုံးတဲ့ နွားသားကိုလည်း မစားဖို့လိုအပ်ပါတယ်။ သေဆုံးတဲ့ နွားသားကို မြေကျင်းတူးပြီး၊ မီးရှို့ဖျက် ဆီးမြုပ်နံှရမယ်။ မြစ်ချောင်းထဲ မျှော တာမျိုး   လုပ်သင့်ဘူး။ စနစ်တကျ သုတ်သင်ရှင်းလင်းဖို့ လိုအပ်ပါတယ်။ စနစ်တကျနဲ့ ကာကွယ်ဆေးလည်း မထိုး ထားဘူးဆို အပူပိုင်းဒေသတွေမှာ မိုးက လေကျချိန်ပေါ်ပေါက်လာတတ်ပါတယ်'' လို့ အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။                    မန္တလေးတိုင်းဒေသကြီးအတွင်းတွင် နွားကောင်ရေ ၂၂ သိန်းကျော်၊ ကွဲျ ကောင်ရေ ၁၃ သိန်းကျော် မွေးမြူမှုရှိ ရာ သက်ဆိုင်ရာမှ ကာကွယ်ဆေးများ ထိုးနံှပေးလျက်ရှိကြောင်း သိရပါတယ်။                                            ဇူးဇူး  

Wednesday, 6 Oct 2010

 ပထမအကြိမ် ငှက်များဓာတ်ပုံပြပွဲ ကျင်းပမယ်       ပထမအကြိမ် မြန်မာနိုင်ငံမှငှက်များ ဓာတ်ပုံပြပွဲကို အောက်တိုဘာလ ၁ဝ ရက်နေ့မှ ၁၂ ရက် နေ့အထိ ဗဟန်း မြို့နယ်ရှိ တော်ဝင်နှင်းဆီသီရိခန်းမမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။      အဆိုပါဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံ ငှက်နှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းက ကြီးမှူးကျင်းပခြင်း ဖြစ်ပြီး တော်ဝင်နှင်းဆီဖောင်ဒေးရှင်းနဲ့ Green Hearts Environment Networkု တို့ ပံ့ပိုးကျင်းပမှာဖြစ်ပါတယ်။ ယင်းပြပွဲကျင်းပရခြင်းမှာ သက်ရှိဇီဝမျိုးစုံနှစ် အထိမ်းအမှတ်အဖြစ် ဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်သွား သော ငှက်မျိုးစိတ်များအကြောင်း၊ လက်ရှိရှင်သန်ကျက်စားနေသော ငှက်မိုျးစိတ်များအကြောင်း သိရှိစေချင်တာ ကြောင့်လို့ သိရပါတယ်။ အဲဒီဓာတ်ပုံပြပွဲမှာ ဓာတ်ပုံဆရာ ဇေမောင်သိန်း (ဘူမိ၊ငြိမ်း)ရဲ့ ၆ နှစ်တာကာလအတွင်း မြန်မာပြည်အနံှ့မှာရိုက်ကူးထားတဲ့ ငှက်မိုျးစုံတွေရဲ့ ဓာတ်ပုံ ၁၅ဝ ဝန်းကျင်ကိုလည်း ထည့်သွင်းပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငှက်များဓာတ်ပုံပွဲကရရှိတဲ့ ရန်ပုံငွေ တွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ  လုပ်ငန်းများမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။                                                                                                                                                               လွင်လွင်သိန်း

Wednesday, 6 Oct 2010

 မန္တလေး ငါးဒိုင်များသို့ အင်းငါး၊ ချောင်းငါးများ လှိုင်လှိုင်ဝင်        မန္တလေးငါးဒိုင်များသို့ ရေကျချိန်တွင် အင်းငါး၊ ချောင်းငါးများ လှိုင်လှိုင် ဝင်လျက်ရှိပါတယ်။ အင်းငါး၊ ချောင်းငါးများမှာ ဈေးပေါပြီး ရာသီချိန်ဖြစ်ခြင်း ကြောင့် ဝယ်ယူသူများလျက်ရှိကြောင်း သိရပါတယ်။     ''ဒီအချိန်မှာ အင်းငါး၊ ချောင်းငါး လှိုင်လှိုင်ဝင်ချိန်ဆိုတော့ မွေးမြူရေးငါး များများမဖော်ကြဘူး။ အစာဈေးလည်းမြင့်နေတော့ များများ မဖော်ရဲဘူး။ ရန်ကုန် ဘက်ကလည်း ရေငန်ငါးရော မွေးမြူရေးငါးရော အဝင်နည်းနေတယ်။ အရင်က တန်ချိန် ၃ဝ လောက်အဝင်ရှိရာက ၉ တန်၊ ၁ဝ တန်လောက်ပဲ အဝင်ရှိတော့ တယ်။ ကုန်တင်တဲ့တန်ချိန် လျှော့ချလိုက်တဲ့အတွက် ကားအထွက်နည်းပြီး သယ်ယူစရိတ် ကိုက်၊ မကိုက် စောင့်ကြည့်နေကြတာလည်း ပါတာပေါ့။ ငါးအဝင် နည်းပေမဲ့ ဈေးမတက်ဘူး။ ပုံမှန်ဈေးနဲ့ပဲ အရောင်းအဝယ်လုပ်တယ်။ အရောင်း အဝယ်တော့ အေးသွားတာပေါ့။ အင်းငါး၊ ချောင်းငါးက ရာသီပေါ်လည်းဖြစ်ပြီး ဈေးလည်း သက်သာတော့ အဝယ်များတယ်'' လို့ ကမ္ဘာကျော် ငါးရောင်းဝယ်ရေး မှ ဦးကျော်ကပြောပါတယ်။     ယခုတစ်ပတ်တွင် ငါးဒိုင်များသို့ ငါးဝင်ရောက်မှုနည်းခြင်းကြောင့် မန္တလေး မြို့ပေါ်တွင်သာ တွင်ကျယ်စွာ ရောင်းချမှုရှိပြီး နယ်ဘက်သို့ ဖြန့်ချိမှုမရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်တွင် ဝင်ရောက်သည့် ငါးများမှာ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးအုံတုံ၊ ငါးကြင်းဖြူ၊ ငါးမျက်စံနီများ သာ ဝင်ရောက်မှုရှိကြောင်း ပုစွန်များမှာ ပုံမှန်ဈေးဖြင့် အနည်းငယ်သာဝင်ရောက်ကြောင်း သိရပါတယ်။ဇူးဇူး

Wednesday, 6 Oct 2010

 ငါးမြစ်ချင်းများရောင်းဝယ်မှု ပုံမှန်ပြန်ရှိလာ    စက်တင်ဘာလပထမပတ်နှင့် ဒုတိယပတ်တို့တွင် ဝယ်ယူမှုရပ်နားခဲ့သောငါးမြစ်ချင်းများကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရောင်းဝယ်မှုပုံမှန်ပြန် ရှိလာ ပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ သည့် သားငါး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲမှ သိရသည်။   '' စက်တင်ဘာလ ပထမပတ်နဲ့ဒုတိယပတ်တို့မှာ ငွေဈေးနှုန်းအပြောင်း အလဲ တွေနဲ့ ဒေါ်လာဈေးကျဆင်းမှုတွေကြောင့် ပြည်ပတင်ပို့သူတွေဟာ ငါးမြစ်ချင်း ဝယ်ယူမှုကို ရပ်နားခဲ့ကြပါတယ်။ ဒါ့အပြင် ငါးမြစ်ချင်း ဝယ်ယူ စားသုံးတဲ့ အရှေ့ အလယ်ပိုင်းဒေသတွေရဲ့ ဥပုသ်လတွေဖြစ်တာကလဲ တစ်ကြောင်းအနေနဲ့ ပါဝင်နေပါတယ်။ အခုအခါမှာ ဒေါ်လာဈေးလည်း တည်ငြိမ်လာပြီဖြစ်တဲ့အတွက် ပို့ကုန် လုပ်ငန်းရှင်များအနေနဲ့ ငါးမြစ်ချင်းများ ရောင်းဝယ်မှုပုံမှန်ပြန်ရှိလာတာ တွေ့ရပါ တယ် '' ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။     စက်တင်ဘာလ ၂၈ ရက်နေ့က ဈေးကွက်အတွင်းကုမ္ပဏီများ၏ ငါးမြစ်ချင်း ငါးဝယ်ယူမှုအခြေအနေမှာ 2 : UP အရွယ်ငါးမြစ်ချင်း တစ်ပိသာ လျှင် ၂၁ဝဝ ကျပ်ဖြင့် ငွေဇာပုလဲ၊ ငွေပင်လယ်နှင့် သုံးပွင့်ဆိုင် ကုမ္ပဏီတို့က ဝယ်ယူခဲ့သည်။ အဆိုပါ 2 : UP အရွယ်ဈေးနှုန်းကို မူတည်ထား၍အရွယ်ကြီးများကို ၁ဝဝ ကျပ်စီ တိုး၍လည်းကောင်း၊ အရွယ်သေးများကို ၁ဝဝ ကျပ်စီလျော့၍လည်းကောင်း ဝယ်ယူလျက်ရှိသည်။ ယခုအပတ်အတွင်း အဏ္ဏဝါလွှမ်းကုမ္ပဏီက အရွယ်သေးငါးမြစ်ချင်းများကိုသာ ဝယ်ယူခဲ့သည်ဟုဆိုသည်။           ခင်မျိူးသွယ်

Wednesday, 6 Oct 2010

ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည်                         ရေတွက်ပုံ          ဈေးနှုန်း(ကျပ်)၁။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်)        ပိဿာ          ၁၁ဝဝဝ-၁၂ဝဝဝ၂။ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်)         ။            ၁၁ဝဝဝ-၁၂ဝဝဝ၃။ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး)           ။                 ၉ဝဝဝ-၉၅ဝဝ၄။ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး)         ။                  ၈ဝဝဝ-၉ဝဝဝ၅။ မြိတ်ပုစွန်ခြောက် (လတ်)                 ။               ၁၂ဝဝဝ-၁၃ဝဝဝ၆။ မြိတ်ပုစွန်ခြောက် (ရိုးရိုး)                  ။                  ၉ဝဝဝ-၉၅ဝဝ၇။ ရခိုင်ပုစွန်ခြောက် (ရှယ်)                  ။               ၁ဝ၅ဝဝ-၁၁ဝဝဝ၈။ ရခိုင်ပုစွန်ခြောက် (ရိုးရိုး)                  ။                   ၅ဝဝဝ-၆ဝဝဝ၉။ ငါးကျီးကြပ်တိုက်ကြီး                       ။                 ၁၃ဝဝဝ-၁၅ဝဝဝ၁ဝ။ ငါးကျီးကြပ်တိုက်သေး                   ။                 ၁၁ဝဝဝ-၁၂ဝဝဝ၁၁။ ငါးမြွေထိုးခြောက်                         ။                     ၄၅ဝဝ-၅ဝဝဝ၁၂။ ငါးရံ့ခြောက်ကြီး                           ။                  ၁၆ဝဝဝ-၁၇ဝဝဝ၁၃။ ငါးရံ့ခြောက်လတ်                         ။                   ၁ဝဝဝဝ-၁၁ဝဝဝ၁၄။ ငါးရံ့လုံးခြောက်                           ။                      ၄၅ဝဝ-၅ဝဝဝ၁၅။ ငါးကွမ်းရှပ်ခြောက်                       ။                      ၇၅ဝဝ-၈ဝဝဝ၁၆။။ ငါးပုတ်သင်ခြောက်                     ။                        ၃ဝဝဝ-၃၅ဝဝ၁၇။ ငါးတံခွန်လုံးခြောက်                     ။                        ၁ဝဝဝ-၁၂ဝဝ၁၈။ ကလိန်ခြောက်                           ။                        ၃ဝဝဝ-၃၅ဝဝ၁၉။ ငါးမန်းသားတွဲခြောက်                  ။                        ၇ဝဝဝ-၇၅ဝဝ၂ဝ။ ငါးနှပ်ချိုခြောက်                          ။                        ၃၅ဝဝ-၄ဝဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၁-၁ဝ-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။

Wednesday, 6 Oct 2010

စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၁-၁၀-၂၀၁၀)                                    ဈေးနှုန်း(ကျပ်)စဉ် ငါးအမျိုးအမည်       ရေတွက်ပုံ        နိမ့်            မြင့်၁။ ငါးကျည်း                ပိဿာ         ၂ဝဝဝ          ၄ဝဝဝ၂။ ငါးခူ                         ။             ၂ဝဝဝ           ၄ဝဝဝ၃။ ငါးမြစ်ချင်း                 ။             ၁၆ဝဝ          ၂၄ဝဝ၄။ ငါးကြင်း                    ။             ၂ဝဝဝ          ၄၂ဝဝ၅။ ငါးရံ့                         ။              ၂ဝဝဝ         ၄၅ဝဝ၆။ ငါးတန်                     ။               ၁၈ဝဝ         ၃၃ဝဝ၇။ ငါးသလောက်            ။               ၃ဝဝဝ         ၁၆ဝဝဝ၈။ ငါးရှဉ့်                       ။                ၂ဝဝဝ         ၃ဝဝဝ၉။ ငါးခေါင်းပွ                 ။                 ၁၆ဝဝ         ၂၈ဝဝ၁ဝ။ ကကတစ်               ။                ၂၅ဝဝ          ၆ဝဝဝ၁၁။ တီလားဗီးယား         ။                 ၁၃ဝဝ         ၂ဝဝဝ၁၂။ ကသပေါင်း             ။                 ၂၅ဝဝ          ၈ဝဝဝ၁၃။ ပုစွန်ကျော့              ။                   ၁၃ဝဝ        ၁၈ဝဝ၁၄။ ပုစွန်စပ်ထုပ်            ။                  ၆ဝဝဝ          ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး           ။                 ၁ဝဝဝဝ        ၁၄ဝဝဝ

Pages