Background
တနင်္သာရီတိုင်းဒေသကြီးအတွင်း ငါးမျိုးစိပ်သစ်များ တိုးခဲျ့မွေးမြူနိုင် တနင်္သာရီဒေသကြီးအတွင်း ငါးမျိုးစိပ်အသစ်များ တိုးခဲျ့မွေးမြူနိုင် ကြောင်း မြိတ်ကျွန်းစု ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသန ပြုလုပ်ချက် များမှ သိရသည်။ '' တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ မွေးမြူရေးလုပ်ကိုင်သူ အရေ အတွက်က ပင်လယ်ပြင်က ငါးဖမ်းဆီး ထုတ်လုပ်သူ အရေအတွက်နဲ့ နှိုင်း ယှဉ်ရင် ရာခိုင်နှုန်းအတော်နည်းနေပါသေးတယ်။ ကုန်းတွင်းပိုင်းက စီးဆင်း လာတဲ့ ထားဝယ်မြစ်၊ ပလောက်မြစ်၊ တနင်္သာရီမြစ်နဲ့ လေညှာမြစ်တို့ရဲ့ မြစ်ဝ ဒေသ များနဲ့ မြိတ်ကျွန်းတန်းတွေ အကြားမှာ ငါး-ပုစွန်တွေ နေထိုင် ကျက်စားစရာ ရေပြင်ကြီးလည်း ဖြစ်ထွန်းတည်ရှိနေပါတယ်။ အဲဒီဧရိယာမှာ ရေနေသတ္တဝါတွေ မွေးမြူခြင်း၊ ပင်လယ်ရေမှော် တို့လို ဈေးကွက်ဝင် ရေနေအပင်တွေ စိုက်ပျိုး လုပ်ကိုင်ဖို့ သင့်လျော်တဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် ငါးမျိုးစိပ် အသစ်တွေဖြစ်တဲ့ ငါးပါးနီ၊ ပင်လယ်ငါးရံ့ (Cobai)၊ ပင်လယ်မျှော့၊ ဂုံး၊ ခရု ယောက်သွားနဲ့ စားကမာတို့ကို မွေးမြူ နိုင်ပါတယ် '' ဟု မြိတ်ကျွန်းစု ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဦးဟန်ထွန်းက ပြောကြားသည်။ ခင်မျိုးသွယ်
မွေးမြူရေးငါးများ ယခင်ပေါက်ဈေးထက် လျှော့ချဝယ်ယူ ရခိုင်ဒေသမှ ကကတစ်ငါးများသိသာစွာကမြန်မာနိုင်ငံအတွင်း မွေးမြူ ထုတ်လုပ်လျက်ရှိသော ငါးများကို ယခင် ပေါက်ဈေးများ ထက် ၁ ပိသာ လျှင် ၂၅ဝ ကျပ်ခန့်လျှော့ချဝယ်ယူ လျက် ရှိနေကြောင်း ငါးမွေးမြူသူများ ထဲက သိရသည်။ '' Exporters တွေ ဘက်က ငွေ ဈေးတည်ရှိပေါ်မူတည်ပြီး 2F အရွယ် ၁ ပိသာကို ၂၃ဝဝ ကျပ်အထိ ပေးဝယ် ခဲ့တာတွေ့ရှိခဲ့ပါ တယ်။ နောက်ပိုင်းမှာ ငွေဈေးကကျ၊ Buyer တွေဘက် က လည်း ဥပုသ်လလည်းဖြစ်ခဲ့ တာကြောင့် ငါးအရောင်းအဝယ်ဈေးတွေ လျော့ရင်း ၂၂ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်လာတယ်။ အခု ဥပုသ်လလည်း ကျော်ခဲ့ပါပြီ၊ လက်ရှိမှာ 2F အရွယ် ငါး ၁ ပိသာကို ၂ဝ၅ဝ ကျပ် နဲ့ ဝယ်ယူမှုရှိတဲ့ အတွက် ငါး ၁ ပိသာကို ၂၅ဝ ကျပ် လောက် ကျသွားပါတယ်။ တစ်ဖက်က အစာဈေးက အမြင့်တွေနဲ့ ကျွေးခဲ့ရပြီး ငါးဈေးမှာ ကျတဲ့အတွက် တစ်နှစ်လုံး အနေနဲ့ ခြုံပြောရရင် ငါးမွေးသူတွေ အခက်အခဲတွေ့ရတဲ့ နှစ်တစ်နှစ်ပါ။ အခု လောလောဆယ် ငါးအရွယ်သေး တွေကို အအေးခန်း စက်ရုံအချို့နဲ့ ပြည်တွင်း ဈေးကွက်က ဝယ်ယူမှုရှိနေ တဲ့အတွက် ငါးအရွယ်ကြီး တွေက အရောင်းထိုင်း အဝယ်ဆိုင်းတော့ ဈေး လျော့ပေးပြီး ရောင်းရပါတယ်'' ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်က အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်ပြော ကြားသည်။ ယခုအပတ်အတွင်း ငါးမြစ်ချင်း အရွယ်သေးများကို ငွေဇာပုလဲ၊ အဏ္ဏဝါ လွမ်းနဲ့သုံးပွင့်ဆိုင်ကုမ္ပဏီတို့ ဝယ်ယူ လျက် ရှိသည်ဟု ဆိုသည်။ ခင်မျိုးသွယ်
ရခိုင်ဒေသမှ ကကတစ်ငါးများသိသာစွာကုန်တက်ရှိ ရခိုင်ဒေသမှ ကကတစ်များ ဖမ်း ဆီးရရှိမှုများယခုနှစ်အတွင်း သိသာစွာ ကုန်တက်ရှိနေကြောင်း အဏ္ဏဝါဒေဝီ ကုမ္ပဏီက တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ '' အရင်က ဧရာဝတီတိုင်းဒေသ ကြီးရဲ့ ရေပြင်တွေအတွင်းမှာ အများ အပြားဖမ်းယူရရှိခဲ့တဲ့ ကကတစ် ငါး တွေဟာ ၂ဝဝ၈ခုနှစ် မှာ ကျရောက်ခဲ့ တဲ့ နာဂစ်မုန်တိုင်းဖြစ်ပေါ်ကျရောက်ပြီး တဲ့ နောက်ပိုင်းမှာ ကကတစ်တွေက ဧရာဝတီတိုင်းဒေသကြီးရဲ့ ပင်လယ်ပြင် မှာ ပျောက်သွားသလိုရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကုန်တက်မရှိသလောက်ဘဲ လို့ ပြောလို့ရနိုင်ပါတယ်။ ၂ဝ၁ဝ ကျမှ ရခိုင်ဒေသ ပင်လယ်ပြင် တွေကနေ ပေါပေါများများ ပြန်ဖမ်းလို့ရတာတွေ့ရ ပါတယ်။ ကျွန်မအထင်တော့ မုန်တိုင်း ကြောင့် ဧရာဝတီ ဘက်က ပျောက်သွား ပြီး ရခိုင်ဘက်ရွေ့သွားတယ်လို့ ထင် ပါတယ်။ ရန်ကုန်အအေးခန်းတွေကို ဝင်သမျှ ကကတစ်ငါးဟာ ရခိုင်ဘက် က ဖမ်းလို့ရတဲ့ ကက တစ်တွေက ရာခိုင်နှုန်း အများဆုံးပါ''ဟု ယင်း ဘကုမ္ပဏီက ဒေါ်တိုးနန္ဒာတင်က ပြော ကြားသည်။ မြန်မာနိုင်ငံက ဖမ်းဆီးရမိသည့် ကကတစ်ငါးများကို မလေးရှားနိုင်ငံ သို့ အများဆုံးတင်ပို့နေရကြောင်း သိရ သည်။ ခင်မျိုးသွယ်
ဘုရင့်နောင် ကုန်စည်ဒိုင်၏ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းစဉ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း(ကျပ်)၁ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရှယ်) ပိဿာ ၁၂ဝဝဝ-၁၃ဝဝဝ၂ ဖျာပုံပုစွန်ချိုခြောက်သေး (ရှယ်) ။ ၁ဝဝဝဝ-၁၁ဝဝဝ၃ ဖျာပုံပုစွန်ချိုခြောက်ကြီး (ရိုးရိုး) ။ ၉၅ဝဝ-၁ဝဝဝဝ၄ ဖျာပုံပုစွန်ချိုခြောက်သေး (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ၅ မြိတ်ပုစွန်ခြောက် (လတ်) ။ ၁၂ဝဝဝ-၁၃ဝဝဝ၆ မြိတ်ပုစွန်ခြောက် (ရိုးရိုး) ။ ၈ဝဝဝ-၉ဝဝဝ၇ ရခိုင်ပုစွန်ခြောက် (ရှယ်) ။ ၁ဝ၅ဝဝ-၁၁ဝဝဝ၈ ရခိုင်ပုစွန်ခြောက် (ရိုးရိုး) ။ ၅ဝဝဝ-၆ဝဝဝ၉ ငါးကျီးကြပ်တိုက်ကြီး ။ ၁၂ဝဝဝ-၁၃ဝဝဝ၁ဝ ငါးကျီးကြပ်တိုက်သေး ။ ၁ဝဝဝဝ-၁၁ဝဝဝ၁၁ ငါးမြွေထိုးခြောက် ။ ၅ဝဝဝ-၆ဝဝဝ၁၂ ငါးရံ့ခြောက်ကြီး ။ ၁၆ဝဝဝ-၁၈ဝဝဝ၁၃ ငါးရံ့ခြောက်လတ် ။ ၁၁ဝဝဝ-၁၂ဝဝဝ၁၄ ငါးရံ့လုံးခြောက် ။ ၄၅ဝဝ-၅ဝဝဝ၁၅ ငါးကွမ်းရှပ်ခြောက် ။ ၆၅ဝဝ-၇ဝဝဝ၁၆ ငါးပုတ်သင်ခြောက် ။ ၃ဝဝဝ-၃၃ဝဝ၁၇ ငါးတံခွန်လုံးခြောက် ။ ၁ဝဝဝ-၁၂ဝဝ၁၈ ကလိန်ခြောက် ။ ၂၈ဝဝ-၃ဝဝဝ၁၉ ငါးမန်းသားတွဲခြောက် ။ ၆၅ဝဝ-၇ဝဝဝ၂ဝ ငါးနှပ်ချိုခြောက် ။ ၃ဝဝဝ-၃၅ဝဝဘုရင့်နောင်ကုန်စည်ဒိုင်မှ(၈-၁ဝ-၂ဝ၁ဝ)ရက်နေ့ စုံစမ်းရရှိသောဈေးနှုန်းများ ဖြစ်ပါသည်။
စံပြငါးဈေးကြီး၏ ငါးဈေးနှုန်းအမျိုးမျိုး(၈-၁၀-၂၀၁၀) ဈေးနှုနှုန်း (ကျပ်)စဉ် ငါးအမျိုးအမည် ရေတွက်ပုံ နိမ့်် မြင့်၁။ ငါးကျည်း ပိဿာ ၁၈ဝဝ ၃၅ဝဝ၂။ ငါးခူ ။ ၁၈ဝဝ ၃၅ဝဝ၃။ ငါးမြစ်ချင်း ။ ၁၅ဝဝ ၂၄ဝဝ၄။ ငါးကြင်း ။ ၂ဝဝဝ ၄ဝဝဝ၅။ ငါးရံ့ ။ ၂ဝဝဝ ၄၅ဝဝ၆။ ငါးတန် ။ ၁၈ဝဝ ၃၅ဝဝ၇။ ငါးသလောက် ။ ၃ဝဝဝ ၁၆ဝဝဝ၈။ ငါးရှဉ့် ။ ၁၈ဝဝ ၃၅ဝဝ၉။ ငါးခေါင်းပွ ။ ၁၅ဝဝ ၂၈ဝဝ၁ဝ။ ကကတစ် ။ ၂ဝဝဝ ၆ဝဝဝ၁၁။ တီလားဗီးယား ။ ၁၃ဝဝ ၂ဝဝဝ၁၂။ ကသပေါင်း ။ ၂ဝဝဝ ၈ဝဝဝ၁၃။ ပုစွန်ကျော့ ။ ၁၄ဝဝ ၂ဝဝဝ၁၄။ ပုစွန်စပ်ထုပ် ။ ၆ဝဝဝ ၈ဝဝဝ၁၅။ ပုစွန်ထုပ်ကြီး ။ ၁ဝဝဝဝ ၁၄ဝဝဝ(၈-၁ဝ-၂ဝ၁ဝ)
တနင်္သာရီတိုင်းဒေသကြီးတွင် ငါးအလွန်အကျွံဖမ်းဆီးမှုမျးကို ထိန်းချုပ်ရန် လိုအပ်လာ တနင်္သာရီတိုင်းဒေသကြီးသည် ငါးအလွန်အကံျွဖမ်းဆီးမှုများကို ထိန်းချုပ်ရန် လိုအပ်လာသော ဒေသတစ်ခုဖြစ်လာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။ '' တနင်္သာရီတိုင်း ဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ရေလုပ်ငန်းဆိုင်ရာ တင်ပြ ချက်များအရ တနင်္သာရီတိုင်းဒေသကြီး၏ ငါးပုစွန် ထုတ်လုပ်မှုမှာ ၁၉၉၇-၉၈ ခုနှစ်တွင် ငါးပုစွန်တန်ချိန်ပေါင်း ၂၇၉၁၁ဝ ရရှိခဲ့ရာမှာ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်တွင် ငါးပုစွန်တန်ချိန် ပေါင်း ၇၆၆၂၂ဝ အထိ တိုးတက်ရရှိလာတာကို တွေ့ရပါတယ်။ ၂ဝဝ၅-၂ဝဝ၆ ခုနှစ်မှာ တနင်္သာရီ တိုင်းဒေသကြီး၏ ငါးထုတ်လုပ်မှုမှာ ၁၉၇၉- ၈ဝ ခုနှစ်က သုတေသနတွက်ချက်ရရှိသည့် နှစ်စဉ်တည်ရှိရမည့် တန်ချိန် ၅၂၈၃၅ဝ ထက် ကျော်လွန်နေတာကို တွေ့ရှိရပါတယ်။ အဲဒီနှစ်မှာ နိုင်ငံခြား ငါးဖမ်းရေယာဉ် (၁၉၇)စီးက ဖမ်းဆီးတဲ့ ငါးတန်ချိန် ၈၇၈၇၈ ဒသမ ၄ ပါဝင်နိုင်ပါတယ်။ ဒါ့ကြောင့် ငါးအလွန်အကံျွ ဖမ်းဆီးမှုများကို ထိန်းချုပ်ရန်လိုအပ်တဲ့ ဒေသတစ်ခုဖြစ်တာ တွေ့ရပါတယ်'' ဟု မြိတ်ကျွန်းစုထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးဟန်ထွန်းက ပြောကြားခြင်းဖြစ်သည်။ ၁၉၇၉-၈ဝ ခုနှစ်က တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပင်လယ်ပြင်ကို သုတေသနရေယာဉ် R.VDr.Fridtjot Nansen ဖြင့် တိုင်းတာချက ်အရ ရေအနက် မီတာ ၂ဝဝ အတွင်းတည်ရှိနေသော ရေပေါ် အလွှာတင် ကျက်စား သည့် ငါးနှင့် ရေအောက်ပင်လယ်တွင် ကျက်စားသည့် ငါးနှစ်စဉ်တည်ရှိမည့် တန်မှာ ၅၂၈၃၅ဝ ဖြစ်ပြီး နှစ်စဉ် ထုတ်လုပ် နိုင်မည့် ငါးတန်ချိန်မှာ ၄၅၄၅ဝဝ ဖြစ်သည်ဟုဆိုသည်။ ခင်မျိုးသွယ်
ကင်းမွန်များဝယ်ယူရန် ပြည်ပဝယ်လက်ကိုယ်စားလှယ်အဝယ်ဒိုင်များရောက်ရှိ တနင်္သာရီတိုင်းဒေသကြီး မြိတ် ဒေသထွက် ကင်းမွန်များဝယ်ယူရန် ပြည်ပဝယ်လက်ကိုယ်စားလှယ် အဝယ် ဒိုင်များမြိတ်မြို့ သို့ရောက်ရှိလာကြောင်း ဒေသခံ ရေလုပ်ငန်းရှင်များထံမ ကြားသိရသည်။ '' မြိတ်ဘက်မှာကင်းမွန်တွေက အောက်တိုဘာလဆိုရင် ပေါ်ပြီ။ ဖမ်း ဆီးနိုင်တဲ့ ရာသီချိန်က အောက်တိုဘာလကနေ မတ်လအထိဆိုတော့ ၅ လလောက်ကြာပါတယ်။ ပြည်ပ ဝယ် လက် ကိုယ်စားလှယ်အဝယ် ဒိုင်တွေက ရာသီချိန် ရောက်ရင် မြိတ်ဒေသရဲ့ ပင်လယ်ကမ်းခြေအထိဆင်းပြီး မြေငှား တဲထိုးပြီး ကင်းမွန်တွေဝယ်စုကြတယ်။ ရတဲ့ကင်းမွန်တွေကို ပြုတ်ခြောက် ပြုလုပ်ပြီး တရုတ်ကိုပြန်ပို့ ကြတယ်။ သူတို့ဝယ်တဲ့ အရွယ်တွေ ကဆိုဒ်သေး တွေပါ။ ဝယ်တဲ့စနစ်က မနှစ်ကဆိုရင်ဗန်းတစ်ဗန်းကို ကျပ်တစ်သောင်းခွဲ ကနေ နှစ်သောင်း အထိရှိပါတယ်။ ဗန်း တစ်ဗန်းမှာ အချိန်တစ် ဆယ်လောက်ပါ တတ်တယ်။ ကင်းမွန် အရွယ်က ဆိုဒ်စုံ တယ်။ သောင်းပြောင်းယူစနစ်နဲ့ ဝယ် တာ တွေ့ရတယ်။ ဈေးနှုန်းကျတော့ အရွယ်ကြီးရင် ဈေးနည်း နည်းပိုပေးပြီး အရွယ်သေးရင်ဈေး နည်း နည်းလျော့ ပေးတယ်။ မနှစ်က ပြည်ပ ဝယ်လက် ကိုယ်စားလှယ်အဝယ်ဒိုင် ၇ ခုဆင်းပြီး လာဝယ်တယ်။ ဒီနှစ်လည်း ပြည်ပ ဝယ်လက် ကိုယ်စားလှယ်အဝယ်ဒိုင် ၉ ခုလောက်လာမယ်ကြားတယ်။စက်တင် ဘာလ ၃ဝ ရက်နေ့မှာဘဲ အဝယ်ဒိုင် ၃ ခုလောက်က တဲတွေထိုးပြီး ပြုတ် အိုးတွေ၊ နေလှန်းစင်တွေ ပြင်ဆင်နေ ကြပြီ '' ဟု မြိတ်အခြေစိုက် ရေလုပ်ငန်း ကုမ္ပဏီကြီးတစ်ခုမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။ ခင်မျိုးသွယ်
အင်းအိုင်များက ငါးဖမ်းဆီးချိန်ဖြစ်သဖြင့် ကုန်တက်များတိုးလာ အင်းအိုင်များက ငါးဖမ်းဆီးချိန်ဖြစ်သဖြင့် ဧရာဝတီတိုင်းဒေသကြီးက ငါးတင်ပို့မှုအနေဖြင့် ကုန်တက် များတိုးလာကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) က သိရသည်။ '' ဧရာဝတီတိုင်းဒေသကြီးက ငါးတင်ပို့မှုဟာ ပြီးခဲ့တဲ့လထက် တိုးလာတာကို တွေ့ရပါတယ်။ ဒီအချိန်ဟာ အင်းအိုင် ဖော်ချိန် လို့သိရပါတယ်။ ရန်ကုန်ကို ကားလမ်းနဲ့ရောရေလမ်းကပါ ရေထွက်ကုန်တွေ တင်ပို့ခဲ့ရာမှာ အောက်တိုဘာလ တစ်လလုံး အနေနဲ့ ပိဿာချိန် ၄ဝဝဝဝဝ ခန့် တင်ပို့ပေးခဲ့ရပါတယ်။ အပတ်စဉ်ရေလမ်းက ဝင်ရောက်မှုမှာ ပထမပတ်ထဲမှာ ပိဿာ ၁ဝ၆၆ဝဝ ခန့်၊ ဒုတိယပတ်မှာ ပိဿာ ၅၇ဝ၇ဝ ခန့်၊ တတိယပတ်မှာ ပိဿာချိန် ၇၅ဝ၁ဝ ခန့်၊ စတုတ္ထပတ်မှာ ပိဿာချိန် ၇၆၇ဝဝ ခန့်နောက်ဆုံး ပတ် ထဲမှာ ပိဿာချိန် ၈၈၄ဝဝ ခန့် ဝင်ရောက်ခဲ့ပါတယ်'' ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ '' တော်သလင်း၊ သီတင်းကျွတ်ဆို အင်းဖော်ချိန်ဖြစ်ပေမဲ့ အရင်နှစ်ကထက်စာရင် ငါးဖမ်းဆီးရရှိမှု လျော့နည်းပါတယ်။ဒီနှစ်ဟာ မိုးနောက်ကျပြီး ငါးနေငါးထိုင်ကွင်းတွေဆီ ရေဝင်ရောက်တာ လျော့နည်းလို့လား၊ ငါးသားပေါက်ချိန် နောက်ကျလို့လား၊ နောက်မိုးကိုစောင့်နေတာလားတော့မသိပါဘူး'' ဟု ဧရာဝတီတိုင်းဒေသကြီးမှ ဝါရင့် အင်းသူကြီးတစ်ဦးကသုံးသပ်ပြောကြားသည်။ ခင်မျိုးသွယ်
လစဉ်ဂဏန်းပျော့ ပျမ်းမျှတန် ၇၀ ခန့်တင်ပို့နေရ မြန်မာနိုင်ငံက မွေးမြူထုတ်လုပ်လျက်ရှိသော ကဏန်း ပျော့များကို လစဉ်ပျမ်းမျှတန် ၇ဝ ခန့် တင်ပို့ နေရကြောင်း ကဏန်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။ '' ကဏန်းပျော့ဈေးကွက်က ပုံမှန်ဘဲသွားနေပါတယ်။ ဒီထက် ဈေးကွက် ပိုမိုရရှိအောင်လည်း ထုတ်လုပ် သူတွေက ကြိုးစား နေကြပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ကဏန်းပျော့ မွေးမြူရေးဇုန်ကနေ ကုမ္ပဏီကြီး ၂ ခုက တစ်လကို တန် ၄ဝ နဲ့ တန် ၅ဝ ကြားတင်ပို့မှုရှိနေသလို အခြားကုမ္ပဏီ ၂ ခုကလည်း တစ်လကို ၁ဝ တန်ကျော်စီ လောက်တင်ပို့နေကြ တာပါ။ ပျမ်းမျှနှုန်း နဲ့တွက်ရင် ရန်ကုန်ကဏန်းပျော့မွေးမြူရေး ဇုန်ကနေ တစ်လကို ပျမ်းမျှတန် ၇ဝ ခန့် ပြည်ပကို တင်ပို့နေရ ပါတယ်။ စက်ရုံတွေရဲ့ကုန်ကြမ်း လိုအပ်မှုက အပြည့်ဖြည့်ထား နိုင်တဲ့ အနေအထားရှိပါတယ်။ ဈေးနှုန်းရရှိမှုက အကောင်အကြီး အသေးမျှပြီး ၁ ကီလိုကို ၆ ဒေါ်လာ ဝန်းကျင်မှာ ရှိနေပါတယ်'' ဟု ကဏန်းအသင်းဥက္ကဌ ဦးနှင်းဦးက ပြောပြသည်။ ခင်မျိုးသွယ်
မြိတ်ကျွန်းစုတွင် ရေထွက်ကုန် (၈) မျိုး မွေးမြူလာ မြန်မာနိုင်ငံတောင်ဘက်အစွန်းပိုင်းရှိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသများတွင် ရေထွက်ကုန် (၈)မျိုးကို မွေးမြူ လုပ်ကိုင်လာကြောင်း ဒေသခံရေလုပ်ငန်းကုမ္ပဏီများထဲက ကြားသိရသည်။ '' ကျောက်ငါးကို လှောင်အိမ် ၆၄၃ လုံးနဲ့ မွေးမြူထားပါတယ်။ အလားတူ လှောင်အိမ်မွေး စနစ်နဲ့ ကကတစ် တွေကိုလည်း ၁၂၅ လုံး မွေးထားပါတယ်။ ရေငန်ပုစွန်များကို ဧက ၇၈ဝ ခန့်၊ ကျောက်ပုစွန်ကို ၁ဝ ဧက၊ ကင်းပုစွန်ကို ၄ ဧက၊ ကဏန်းပျော့ကို ၁၂၃၇ ဧက၊ ဂျင်းခရုကို ဧက ၂ဝ၊ ပင်လယ်ရေမှော်ကို ၁၃ ဧကခန့်မွေးမြူ လုပ်ကိုင်နေပါတယ်'' ဟု မြိတ်ဒေသ အခြေစိုက် ရေလုပ်ငန်းကုမ္ပဏီ ကြီးတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများနှင့် ရေလုပ်ငန်းရှင်များသည် ငါး၊ပုစွန်များကို ပင်လယ် ပြင်မှ အစဉ် အဆက် အလွယ်တကူဖမ်းဆီးရရှိခဲ့သည့် အနေအထားများကြောင့် မွေးမြူရေးလုပ်ငန်းများကို စိတ် ဝင်စားမှု အားနည်းခြင်း၊ နည်းပညာ ရပ်များကို မသိရှိခြင်းတို့ကြောင့် သက်ဆိုင်ရာ၏ဦးဆောင်မှုနှင့် ပံ့ပိုးပေးမှုများ လိုအပ်နေသေးကြောင်း အဆိုပါ ပုဂ္ဂိုလ်က ထပ်မံသုံးသပ် ပြောကြားသည်။ ခင်မျိုးသွယ်
