Background
ပဲခူးတိုင်းဒေသကြီး(ပြည်)မှ ပန်းထိမ်မနိုင်ပန်းများ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်ရေး ဆောင်ရွက်နေ မိုးရာသီကာလဖြစ်တဲ့ ဇွန်လမှ သြဂုတ်လအထိမှာ ပန်းထိမ်မနိုင်ပန်း များ ထွက်ရှိတဲ့ကာလဖြစ်ပါတယ်။ ပဲခူး တိုင်းဒေသကြီး (ပြည်) ဒေသအတွင်း ပေါင်းတည်နှင့် နတ်တလင်းမြို့နယ်များ တွင် ပန်းထိမ်မနိုင်ပန်းများကို အများ ဆုံးစိုက်ပျိုးကြပြီး အဖြူရောင်အပြင် ခရမ်းရောင်ကိုပါ စိုက်ပျိုးကာ စီးပွားဖြစ် အနေနဲ့ ဧက ၃ဝဝ ကျော်ခန့် စိုက်ပျိုး ထားကြောင်းသိရပြီး အခြားမြို့နယ်များ တွင်လည်း ဧကအနည်းငယ်စီ စိုက်ပျိုး ကြောင်း သိရပါတယ်။ ပန်းထိမ်မနိုင် ၁ ဧကစိုက်ပျိုးရင် ကုန်ကျစရိတ်အနေနဲ့ ၃ သိန်းနီးပါးခန့် ကုန်ကျပြီး ၁ ဧကပန်းခိုင် ၄ သောင်းခန့် ထွက်ရှိကြောင်း သိရပါတယ်။ စိုက်ပျိုးသူမှ ပန်းဒိုင်သို့ တစ်ခိုင်ပျမ်းမျှ ရောင်းဈေး ၂၅ ကျပ်နှုန်းနဲ့တွက်ရင် ၁ဝ သိန်း ရရှိနိုင်သဖြင့် တစ်ဧကအကျိုးအမြတ်မှာ ၇ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။ ပန်း ဒိုင်များမှ တိုင်းဒေသကြီးအတွင်း ဈေး ကွက်များသို့ ဖြန့်ဖြူးသည့်အပြင် မကွေး၊ ရန်ကုန်၊ ပဲခူးနှင့် ဘားအံမြို့များသို့ပါ တင်ပို့ရောင်းချကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး (ပြည်) ဒေသ အတွင်းရှိ ပန်းစိုက်ပျိုးသူများအား ပန်းထိမ်မနိုင်ပန်းများ တိုးခဲျ့စိုက်ပျိုး ရေးကို လယ်ယာထွက်ကုန်ဝန်ထမ်း များမှ ကွင်းဆင်း၍ စိုက်ပျိုးတောင်သူများနှင့် ဆွေးနွေးစည်းရုံး ဆောင်ရွက် ခဲ့ပြီးဖြစ်သည့်အပြင် ပြည်တွင်းဈေး ကွက်မှသည် ပြည်ပဈေးကွက်သို့ပါ တိုက်ရိုက်တင်ပို့ရောင်းချနိုင်ရေးအတွက် ပန်းအသင်းအဖွဲ့များနဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အိဆွေဇင်
မန်းဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ လိုက်ချီးနဲ့ မင်းဂွတ်သီးဈေးကွက် မန္တလေးမြို့ သစ်သီးပွဲရုံများမှာတော့ လားရှိုး၊ မိုးကုတ်ကလာတဲ့ လိုက်ချီးသီးနဲ့ မော်လမြိုင်၊ တောင်ငူကလာတဲ့ မင်းဂွတ်သီးများ ဝင်ရောက်လျက်ရှိပါတယ်။ လိုက်ချီးသီးကို ဝါးပိုများနဲ့ထည့်သွင်းပြီး တစ်နေ့ ပျမ်းမျှ ပို ၅ဝ - ၄ဝ ဝင်ရောက်လျက်ရှိပြီး ရောင်းချမှုအနေနဲ့ကတော့ ပိဿာချိန်ရောင်းလျှင် တစ်ပိဿာ ၆ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၁၂ဝဝ ကျပ်၊ ၁၅ဝဝ ကျပ်နှုန်းဖြင့် အလုံးအရွယ်နှင့် ဝင်ရောက်မှုအပေါ်မူတည် ရောင်းချပါတယ်။ အစည်းအနေနဲ့ကတော့ တစ်စည်းလျှင် ၁၅ဝ ကျပ်- ၅ဝဝ ကျပ်-၆ဝဝ ကျပ်ရောင်းချပြီး တစ်စည်းကို အလုံး ၅ဝ - ၁ဝဝ ပါရှိကြောင်း သိရပါတယ်။ မင်းဂွတ်သီးကတော့ တောင်ငူသီးထက် မော်လမြိုင်သီးက ပို၍ အရသာကောင်းမွန်ပါတယ်။ မင်းဂွတ်သီးကို အသားသေတ္တာဖြင့် ထုပ်ပိုး ထည့်သွင်းပြီး တစ်သေတ္တာကို အလုံး ၃ဝဝ မှ ၄ဝဝ ကျော် ပါရှိပါတယ်။ ရောင်းဈေးအနေနဲ့ကတော့ အလုံးအကြီးအသေးပေါ်မူတည်ပြီး တစ်လုံး လျှင် ၈ဝ ကျပ်၊ ၁ဝဝ ကျပ်၊ ၁၂ဝ ကျပ် နှုန်းဖြင့်ရောင်းချကြောင်းသိရပါတယ်။ အေးအေးမြင့်
အိန္ဒိယ အိုင်တီကုမ္ပဏီတို့က ပြည်တွင်းဈေးကွက်ကို ဦးပြန်လှည့် လုပ်ငန်းကြီးထွားဖို့နဲ့ စီးပွားရေးအခွင့်အလမ်းသစ်တွေ ရရှိဖို့အတွက် အိန္ဒိယ အိုင်တီကုမ္ပဏီတွေက ပြည်တွင်းဈေးကွက်ကို ပြန်လည် ဦးလှည့်လာပါတယ်။ အိန္ဒိယနဲ့ တရုတ်မှာ အိုင်တီအတွက် သုံးစွဲတာက လွန်ခဲ့တဲ့ လေးနှစ်လောက်က လူတစ်ဦးဟာ သူ့ဝင်ငွေရဲ့ တစ်ရာခိုင်နှုန်းပင် မပြည့်ခဲ့ပေမဲ့ ယခုအခါ ခုနစ်ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။ အစိုးရက ကျန်းမာရေး၊e- governance နဲ့ ပညာရေး ကဏ္ဍတွေမှာ သုံးစွဲလာတဲ့အတွက် လာမဲ့ငါးနှစ်အတွင်းမှာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားကြောင်း Zensar Technologies ရဲ့ ဒုတိယ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ် ဂါနက်နာတာရာဂျန်က ပြောပါတယ်။ ဘုံဘေစတော့ဒိုင်မှာ မှတ်ပုံတင်ထားတဲ့ Zensar ကုမ္ပဏီဟာ လွန်ခဲ့တဲ့ သုံးလပတ်က ၂၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါတယ်။ ဝင်ငွေတိုးလာရတဲ့အထဲမှာ အများစုက အိန္ဒိယကုမ္ပဏီတွေက အိုင်တီအသုံးပြုတာ များလာလို့ ဖြစ်ပါတယ်။ အိန္ဒိယမှာ အိုင်တီဝန်ဆောင်မှုကို အကြီးကျယ်ပေးနေတဲ့ တာတာအတိုင်ပင်ခံ လုပ်ငန်းTCS ) က iON- a cloud ကွန်ပျူတာစနစ်တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်က ပြည်တွင်းရှိ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း တွေအတွက် ဖြစ်ပါတယ်။ iON ဟာ လာမဲ့ငါးနှစ်အတွင်းမှာ ဒေါ်လာ တစ်ဘီလီယံ ဖိုးအထိ ဖြစ်ထွန်းလာမယ်လို့ TCS က ခန့်မှန်းပါတယ်။ အိန္ဒိယ ဆော့ဖ်ဝဲထုတ်လုပ်မှုက ၂ဝ၁ဝ-၁၁ ခုနှစ်မှာ ၁၄ ရာခိုင်နှုန်း တိုးတက်ပြီး ရူပီး ၁၅၇ ဘီလီယံ ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လာမဲ့ သုံးနှစ်အတွင်းမှာ အစိုးရရဲ့ အိုင်တီ အသုံးပြုမှုက လက်ရှိ ဒေါ်လာ ၁ ဘီလီယံ (ရူပီး ၄၅ ဘီလီယံ) ရှိနေရာမှ နှစ်စဉ် ၃ ဒသမ ၅ ဘီလီယံ ရှိလာမယ်လို့ ခန့်မှန်းပါတယ်။ Source: businessstandard.com
ဂျပန်နိုင်ငံကို ပါကစ္စတန်သရက်သီးတင်ပို့ဖို့ ရေငွေ့ ပူပေးခြင်း အဆင့်သတ်မှတ်ချက်က အဟန့်အတားဖြစ်
ဂျပန်နိုင်ငံကို ယခုနှစ်မှာလည်း ပါကစ္စတန်သရက်သီး တင်ပို့ ရဖွယ်မရှိဘူးလို့ အရာရှိများက ဆိုပါတယ်။ အသီးရဲ့ အသားထိုးပိုး ကာကွယ်တဲ့ ရေငွေ့ပူပေးခြင်း Vapour Heat Treatment (VHT) သတ်မှတ်ချက်ဟာ ပါကစ္စတန် သရက်သီး တင်သွင်းဖို့ ဂျပန်နိုင်ငံတကာအာဏာပိုင်များက သတ်မှတ်တဲ့ အခြေခံအချက် ဖြစ်တယ်လို့ ပါကစ္စတန်အစိုးရအရာရှိများက ဆိုပါတယ်။ ဂျပန် နိုင်ငံက ပါကစ္စတန်သရက်သီးတင်သွင်းမှုကို ၁၆ နှစ်တိုင် ပိတ်ပင် ထားရာမှ ပြန်လည်တင်သွင်းခွင့်ပြုခဲ့ပေမဲ့ VHT သတ်မှတ်ချက်က တော့ ဆက်လက်သတ်မှတ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံမှာကို စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ VHT စက်ရုံမရှိသေးဘူးလို့ ဆိုပါတယ်။ ဂျပန်အကူအညီနဲ့ တည်ထောင် ထားတဲ့ ကရာချိက VHT စက်ကလည်း တစ်ကြိမ်ကို သရက်သီး ၂၅ ကီလိုသာ ဆောင်ရွက်နိုင်စွမ်းရှိလို့ အဲဒီလိုပြုပြင်ထားပြီး ပြည်ပ တင်ပို့နိုင်ဖို့ မရရှိနိုင်သေးတဲ့ အခြေအနေဖြစ်ပါတယ်။ ပါကစ္စတန် အာဏာပိုင်များအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပင် VHT ဆောင်ရွက်မှုအခြေအနေကို သတိထားလာမိခဲ့ကြပေမဲ့ စက်ပစ္စည်း တပ်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ ဂျပန်ပြည်ပကုန်သွယ်ရေး အရာရှိ များက ဆိုပါတယ်။
ဂျပန်နိုင်ငံမှာရှိတဲ့ ပါကစ္စတန် အရာရှိများဟာ ပါကစ္စတန် သရက်သီးတင်သွင်းမှုကို ၁၆ နှစ်ကြာ ပိတ်ပင်ထားခြင်းကို ဖယ်ရှားဖို ကြိုးစားမှုဟာ ရလဒ်ကောင်း မထွက်လာသေးဘူးလို့ တိုကျိုရှိ ပါကစ္စတန်သံရုံး အရာရှိတစ်ဦးက ဆိုပါတယ်။ ပါကစ္စတန်နိုင်ငံ ဟာ ဂျပန်ကို သရက်သီးတင်ပို့ဖို့ နောက်ထပ်အခွင့်အလမ်း ဆုံးရှုံးနေ ဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အကယ်လို့သာ ပါကစ္စတန်အာဏာပိုင် များက ဂျပန်သတ်မှတ်ချက်တွေ ပြည့်မိအောင်ဆောင်ရွက်ဖို့ VHT စက်တစ်လုံး တည်ဆောက်ပေးမယ်ဆိုရင် ဂျပန်နိုင်ငံကို ကောင်း ကောင်း တင်ပို့နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ Source: thrnews.com.pk
ရှမ်းပြည်နယ်တောင်ပိုင်းမှာ သရက်သီးများ အရည်အသွေးကောင်းလို့ ဈေးကောင်းရခဲ့ မေလကုန်ပိုင်းက ဈေးကွက် တင်ပို့ဖို့ ပြင်ဆင်နေတဲ့ ရှမ်းပြည် နယ်တောင်ပိုင်း သရက်သီးဟာ ဇွန် ၁၁ ရက်က ကားကြီးတစ်စီး နဲ့ ခြင်း ၁ဝဝဝ မူဆယ်ဈေးကွက် သို့ စပြီးတင်ပို့တာ တွေ့ရပါတယ်။ ခြင်းတစ်ခြင်း သရက်သီး ၁၂ ဒသမ ၅ ကီလို ဂရမ်မှ ၁၃ ကီလိုဂရမ်အထိ အလေးချိန် ရှိပြီး၊ ခြင်းအလွတ်ကတော့ ၈ဝဝ ဂရမ်လေးတယ်လို့ သိရပါတယ်။ ကျောက်ဆုံ၊ ရွှေသံလွင်၊ ကမ္ဘော ဇခြံ ၃ ခြံက ကားတစ်စီးပေါင်း ပြီး တင်ပို့တာဖြစ်လို့ ကျောက်ဆုံ နဲ့ ကမ္တောဇခြံများမှ ခြင်း ၄ဝဝ စီနှင့် ရွှေသံလွင်ခြံက ခြင်း၂ဝဝ တင်ဖြစ်တယ်လို့ သိရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန် ရောက် တာနဲ့ ပလတ်စတစ်ခြင်းမှ တစ် ဆင့် ကုမ္ပဏီတံဆိပ်ပါ စက္ကူဂျပ် ဖာများဖြင့် ၁၅ ကီလိုဂရမ်ဝန်း ကျင်အလေးချိန်များဖြင့် ပြောင်း လိုက်ပါတယ်။ ကျောက်ဆုံနဲ့ ကမ္ဘောဇခြံများမှ ၂ဝဝ ဖာစီ၊ ရွှေသံလွင်မှ ၅ဝ ဖာကို ကွမ်ကျိုး တိုက်ရိုက်ချိတ်ဆက် တင်ပို့ တယ်လို့သိရပါတယ်။ ဒီနှစ် တော့ ကမ္ဘောဇခြံက အလုံးညီ ပြီး ပယ်သီးနည်းတာကြောင့် ကွမ်ကျိုးဈေးကွက်က ၁၈၉ဝဝ ယွမ် (ကျပ် ၂၂ သိန်းကျော်) ရပြီး၊ ဖာအရေအတွက် တူတဲ့ ကျောက်ဆုံခြံကတော့ ၁၅ဝ၈၃ ယွမ် (ကျပ် ၁၈ သိန်းနီးပါး) ရတယ်လို့သိရပါတယ်။ ရွှေသံလွင် ကတော့ အထွက်နည်းတဲ့ အတွက် ၄၅၅ဝ ယွမ် (ကျပ် ၅ သိန်းကျော်)ပဲရပါတယ်။ ကျန် တဲ့အသီးကိုတော့ မူဆယ်ဈေး ကွက်မှာပဲ ချရောင်းခဲ့တယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း တစ်ဖာကို ၆ဝ ယွမ် (၇ဝ၈ဝ ကျပ်) မှ ၇ဝ ယွမ် (၈၂၆ဝ ကျပ်) နှုန်းရတာကြောင့် တစ်ကီ လို ၄ ယွမ်အထက် ရပါတယ်။ ငွေဈေးက တစ်ယွမ်ကို ဇွန် ၁၁ ရက်ပေါက်ဈေး ၁၁၈ ကျပ်ရှိတာ ကြောင့် ၄၇၂ ကျပ်အထက်ရပါတယ်။ သရက်သီး အလုံးလှတာ ကြောင့် တစ်လုံးကို ၄ဝဝ ဂရမ် အထက်ရှိတာကြောင့် ဈေး ကွက်အရောက် တစ်လုံးကို ၂၂ဝ ကျပ်အထက်ရနေတယ်လို့ သိရပါတယ်။ ဒေသတွင်းမှာဘဲ ချရောင်းမယ်ဆိုရင် တစ်လုံးကို ၁ဝဝ ကျပ်အထက်ဈေးသာ ရတာရယ်၊ ထွက်သမျှ သရက်သီး ဒေသတွင်းစားမကုန်တာကြောင့် ပျက်စီးဆုံးရှုံးမှု များနိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့် ဇွန် ၁၄ ရက်နေ့မှာလည်း ထပ်မံပြီး ၆၅ဝ ဖာတင်ပို့တယ်လို့ သိရပါတယ်။ တစ်ချိန်က အင်တော၊ ကျောက်ဂူဒေသမှာ သရက်သီး တစ်လုံး ၃ ကျပ်ပင် ဝယ်ယူမယ့် သူမရှိတဲ့ အခြေအနေကနေ ယခု ရှမ်းပြည်နယ်တောင်ပိုင်း သရက်သီးတွေ အရည်အသွေး ကောင်းလို့ ဈေးကောင်းရနေ တာတွေ့ရတော့ ဖိုးသာအောင် တို့ ခြံရှင်တွေ ပြုံးပျော်မဆုံးဖြစ် နေတာ တွေ့ရကြောင်းပါ။ ဖိုးသာအောင်-တောင်ကြီး
ပေါ် ဦးပေါ်ဖျား ပန်းတိမ်မနိုင်ပန်းများ ဈေးကောင်းပြီး အရောင်းအဝယ်ဖြစ်နေ ပြည်ပန်းဈေးကွက် အတွင်း တွင် ယခင်အပတ်အထိ ဂန္ဓမာ ပန်းများသာ အများဆုံးနေရာယူ ရောင်းဝယ်နေကြရာမှ ယခုရက်ပိုင်းအတွင်း ပန်တိမ်မနိုင်ပန်းများ စတင် ဝင်ရောက်လာတာကို တွေ့ရပါတယ်။ရွှေတောင်၊ ပြည်၊ ဇီးကုန်း၊ ပေါင်းတည်နှင့် သဲကုန်း မြို့နယ်များတွင် စီးပွားဖြစ် အများအပြား စိုက်ပျိုးကြပြီး ပြည်ဈေးကွက်နှင့် ရန်ကုန်ဈေး ကွက်သို့ပါ တင်ပို့ရောင်းချကြ ပါတယ်။ ပန်းတိမ်မနိုင်ပန်း တစ်ခိုင်လျှင် အခိုင်အကြီးအသေး ပေါ်မူတည်၍ ၁၅ဝကျပ်မှ ၂ဝဝ ကျပ်ဈေးအထိရောင်းဝယ်လျက် ရှိကြပါတယ်။ ဈေးကောင်းပေမဲ့ ပေါ်ဦးပေါ်ဖျားအချိန် အထွတ် အမြတ်ထားပြီး ဘုရားပန်းပူဇော် သူများရှိသလို ရန်ကုန်ဈေးကွက် သို့ပါ တင်ပို့ရောင်းချရသည့် အတွက် အရောင်းအဝယ် ကောင်းကြောင်း သိရပါတယ်။ အိဆွေဇင်
ဈေးကောင်းစောင့်တဲ့ ရွှေဟင်္သာ မန္တလေးတိုင်းဒေသကြီးအတွင်းကထွက်တဲ့ သရက် တွေဟာမူဆယ်ကို ဆက်ပြီးတက်နေပါတယ်။ အခုချိန်မှာ စိန်တလုံး ကုန်သလောက်ရှိတဲ့အတွက် ရွှေဟင်္သာ၊ အကြမ်း မျိုးစုံ အတက်များနေပါတယ်။ စဉ့်ကိုင်ဘက်က ရွှေဟင်္သာ တွေဟာ ခြံတစ်ခြံမှာ တစ်ဝက်သာခူးပြီး တင်ရသေးတာ ကြောင့် တစ်ဝက်လောက်အပင်မှာ ကျန်သေးတယ်လို့ သိရပါတယ်။ နောက် ၁ဝရက်လောက်ဆို အကုန်တင်နိုင်ပြီ ဖြစ်ပါတယ်။ ဒီရက်ပိုင်းမူဆယ်ဈေး အိတ်စွပ်ရွှေဟင်္သာ တစ်ဖာ ၆၅ ယွမ်(ကျပ် ၇၆၇ဝ) ရိုးရိုး၊ မျိုးစုံသီးတွေက ၂ဝ၊ ၂၅၊ ၃ဝ ယွမ် (ကျပ် ၂၃၆ဝ၊ ၂၉၅ဝ၊ ၃၅၄ဝ) သာရှိပါတယ်။ ဒီရက်ပိုင်း ဈေးနည်းနည်းတက်လာတော့ ခြံထဲမှာ ကျန်တဲ့တစ်ဝက်ကို ဈေးကောင်းရဖို့ မျှော်လင့်ချက်နဲ့ စောင့်နေရတယ်လို့ ဆိုပါတယ်။ မန္တလေးကွင်းတွေအားလုံး ကုန်သွားရင် ညောင်ပင် ဝင်းဘက်ကပဲကျန်မယ်။ အဲဒီအခါမှာ သရက်ပိုရှားလာတဲ့ အတွက် ပိုဈေးကောင်းရနိုင်တယ်လို့ သိရပါတယ်။ ရိုးရိုး သီးတွေကမိုးများတဲ့အတွက် မိုးရေစီးကြောင်းတွေ ပါတာ ကြောင့် ဈေးနိမ့်တယ်လို့ သိရပါတယ်။ ဇွန် ၁၂ ရက်နေ့အထိ သရက် ၁၆ မိုင်ဂိတ် ဖြတ်သန်းစီးဆင်းမှုမှာ စိန်တစ်လုံး တန်ချိန် ၂၈၄၄၊ ရွှေဟင်္သာ ၁၄၆၅တန်၊ သရက်မျိုးစုံ ၁၂၂၂၄ တန် ဖြတ်သန်းလျက်ရှိကြောင်း သိရပါတယ။် အေးအေးတင့််
မန်း ပန်းဈေးကွက် မန်းပန်းဈေးကွက်တွင် သစ္စာပန်းများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မန္တလေးမြို့နှင့် အနီးတစ်ဝိုက်၌ ပြင်ဦးလွင်၊ ပုသိမ်ကြီး၊ မတ္တရာနယ်များမှ စိုက်ပျိုးသည့် ဟော်လန်၊ သစ်ခွ၊ ဒေသအခေါ် ရေစိုစပ်ကြားတို့ ယခုအချိန်တွင် စတင်ဝင်ရောက်လျက်ရှိပါတယ်။ ဈေးကွက် အနေအထားကတော့ ၂ ထပ်ပွင့်ကြီး ၅ ခက်တစ်စည်း ပန်းရောင်၊ အဖြူ၊ အနီ ၆ဝဝ ကျပ်၊ အဝါ တစ်စည်း ၅ဝဝ ကျပ်၊ အပွင့်သေး ၅ ခက်တစ်စည်း ၃၅ဝ ကျပ်-၃ဝဝ ကျပ်ဈေးများနဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုလောလောဆယ် ပန်းဒိုင်များ မှလည်း ဝါဆိုကာလနီးတဲ့အတွက် ခြံအထိ သွားရောက်ဝယ်ယူကြပြီး ပန်းဈေးမှာ ဝယ်ဈေးနဲ့ ရောင်ဈေးကွာခြားချက် သိပ်မရှိကြောင်း သိရပါတယ်။ ဝါဆိုခါနီး တစ်ပတ်အလိုမှာ ပျဉ်းမနား၊ မိတ္ထီလာ၊ မြင်းခြံ၊ စစ်ကိုင်းနယ်များသို့လည်း သစ္စာပန်းများ လှိုင်လှိုင်တင်ပို့ရ ကြောင်း လက်လီ၊ လက်ကား ဖြန့်ဖြူးလျက်ရှိတဲ့ ပန်းဒိုင်မှ သိရပါတယ်။ ခင်ပပနိုင်
တိုင်းရင်းဆေးထဲက ပွေးကိုင်းဈေးကွက် ပခုက္ကူမြို့နယ်ထဲက မြစ်ခြေ၊ ပေါက်တော နယ်ဘက်မှ တိုင်းရင်းဆေးဘက်ဝင် ပွေးကိုင်းတွေစိုက်ကြပါတယ်။ ယာခင်း ကုန်းတွေပေါ်မှာ စိုက်သလို ရေကျသွားတဲ့ ကျွန်းတွေပေါ်မှာလည်း မြေပဲနဲ့ သီးညှပ်စိုက်ကြပါတယ်။ တစ်ဧကကို မျိုးစေ့ ၂ ပြည်သုံးစွဲရပြီး မျိုးစေ့တစ်ပြည်ကို ၃၅ဝဝ ကျပ်ရှိပါတယ်။ စိုက်ပြီး တစ်လခွဲဆိုရင် အောက်လက်ရွက်ရင့်တွေက စပြီသိမ်းရပါတယ်။ ရွက်သပ်ခ၊ ရွက်ခူးခက တစ်မနက်ကို ၄ဝဝ ကျပ် ပေးရပါတယ်။ တစ်လကို နှစ်ကြိမ်ခန့် အရွက်ခူးပေးရပါတယ်။ ခူးပြီးတဲ့အရွက်တွေကို နေပြပြီး ပွေးကိုင်းခြောက် ကိုင်း ပါရင် တစ်ပိဿာ ကျပ် ၁၃ဝဝ နဲ့ အရွက်ခြောက်သီးသန့်ဆိုရင် တစ်ပိဿာ ကျပ် ၁၅ဝဝ ဈေးပေါက်ပါတယ်။ ဖူးတံအပွင့်ထွက် လာရင် အကြီးမခံဘဲ အသီးအဖြစ်မရောက်အောင် ချိုးပြစ်ရပါတယ်။ အပင်နဲ့ အရွက်သန်အောင်လို့ပါ။ ပေါက်တောရွာရှိ ပွဲစားများက စုဝယ်သိမ်းပြီး မန္တလေးတိုင်းရင်းဆေးဈေးကွက်ကို တင်ပို့တယ်လို့ သိပါတယ်။ MMA
ပြည် မြကျောက်သရက် အရောင်းသွက်နေဆဲ ပြည်မြို့ရဲ့ သရက်သီးဈေးကွက်မှာ ဧပြီ နောက်ဆုံးပတ်က စတင်အရောင်း အဝယ်ဖြစ်ခဲ့ပြီး မေလတစ်လလုံး ဈေးကွက်အတွင်း သရက်သီးများ လှိုင်လှိုင် ဝင်ရောက်လာမှုကြောင့် ဈေးနှုန်းချို သာကာအရောင်းသွက်ခဲ့ပါတယ်။ဒေသ ရဲ့နာမည်ကျော် မြကျောက်သရက်မှာ တုံးစပြုလာပြီဖြစ်တာကြောင့် ဈေးပြန် လည် မြင့်တက်လာတာကို တွေ့ရပါ တယ်။ မြကျောက်တစ်လုံးကို ပေါ်စအချိန်က ၄၅ဝ-၅ဝဝ ကျပ်ရှိကာ လှိုင်လှိုင်ပေါ်ချိန်တွင် ၇ဝ ကျပ်အထိ ဈေး ကျဆင်းခဲ့ပေမယ့် ယခုရက်ပိုင်းမှာတော့ ၁၅ဝ-၂ဝဝ ကျပ်အထိ ဈေးပြန်တက် လာခဲ့ပြီး အရောင်းသွက်နေဆဲလို့ သိရ ပါတယ်။ အိဆွေဇင်