Background
မန္တလေးသစ်သီးဈေးကွက်မှာ ပန်းသီးများ ဈေးငြိမ်ပြီး အရောင်း သွက်ပါတယ်။ နာနတ်သီးကတော့ ရာသီမဟုတ်တဲ့အတွက် အရောင်း အေး၊ ဈေးအေးနေပါတယ်။ ဖရဲသခွားက အဝင်များတဲ့အတွက် ဈေးချို ပြီး ရာသီအေးလို့ အရောင်းအဝယ်လည်းအေးပါတယ်။ လိမ္မော်သီးက ဈေးကောင်းအရောင်းသွက်နေပြီး လိမ္မော်ဈေးနှုန်းကတော့ မိုးကုတ်သီး ပေါ်မူတည်ပါတယ်။ မိုးကုတ်သီးအဝင်များရင် ဈေးချိုပြီး၊ အဝင်နည်းရင် ဈေးမြင့်ပါတယ်။
မြန်မာ့ဖရဲကို တရုတ်နိုင်ငံဘက်မှ ရောင်းချနိုင်သလောက် ဝယ်ယူနေခြင်း များကြောင့် ဖရဲအရည်အသွေး ကောင်း ရင် ကောင်းသလိုအမြင့်ဆုံးဈေးထိ ရရှိ နိုင်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ အစေ့မဲ့ ဖရဲနဲ့ ရိုးရိုးဖရဲများကို မန္တလေး မြို့မှတစ်ဆင့် မူဆယ် ၁၀၅ မိုင်သို့ ရောင်းချလျက်ရှိပါတယ်။
နေပြည်တော်တပ်ကုန်းမြို့ဟာ ဖရဲကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး၊ နိုဝင်ဘာလမှာတော့ အဓိက အများဆုံး စိုက်ကြပါတယ်။ ညောင်ကိုင်း၊ ကျေးချောင်း၊ ခရမ်းစပ်ကုန်း၊ ကျားသေအိုင်၊ မကျီးပင်၊ ညောင်လွတ်၊ အင်ပင်၊ ညောင်ပင်သာတို့မှာ အများဆုံးစိုက်ပျိုးပြီး ဧက ၇၀၀ ကျော်စိုက်ထားကြောင်း သိရပါတယ်။ တောင်သူ များစိုက်တဲ့ မျိုးကတော့ ၈၅၅၊ ၁၆၈ မျိုးဖြစ်ကြောင်း သိရပါတယ်။ တစ်ဧက အပင်ဝင်ဆံ့မှု ၁၅၀၀ ဝန်းကျင်ခန့်ဖြစ်ပြီး တစ်လုံး အလေးချိန် ၁၀ ကီလိုမှ ၁၃ ကီလိုထိဈေးရှိပြီး ဈေးကွက်ဝင် ဖရဲသီးဖြစ်တယ်လို့ ကုန်သည်အဖွဲ့များမှ ပြောပါတယ်။ မူဆယ်မှာ ရိုးရိုးဖရဲတစ်ကီလို ၃ ယွမ် ရရှိခဲ့ ကြောင်း သိရပါတယ်။ တပ်ကုန်းတောင်သူများဟာ စုဖွဲ့ပြီးကားငှားကာ မူဆယ်သို့ တက်လေ့တက်ထ ရှိကြပါတယ်။ ရောင်းချတဲ့အခါမှာလည်း တစ်ဦးနဲ့တစ်ဦး တိုင်ပင်ပြီး တရုတ်ကုန်သည်များကို မူဆယ်ဈေးကွက်မှာပဲ ကြိုက်ရောင်း ကြိုက်ဝယ်ရောင်းချခဲ့တယ်လို့ ဖရဲတောင်သူမှ ပြောပါတယ်။ ခင်မောင်ဆွေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်း ပခုက္ကူ၊ ရေစကြို၊ မုံရွာ၊ မန္တလေးကားလမ်းပေါ် ရှိ ဟောက်အို ကျေးရွာအနောက်ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ သစ်ခေါက်ဆိပ်၊ ပိတ်သင်းကပ်၊ ဝက်ကတော့ စတဲ့ ကျေးရွာအုပ်စု ၃ ရွာဟာ တစ်ရွာနဲ့တစ်ရွာ ကပ်လျက်ရှိပြီး နာမည်ကျော် ဓားအမျိုးမျိုး၊ ကတ်ကြေးအမျိုးမျိုး၊ တူအမျိုးမျိုး၊ တံစဉ်၊ ပေါက်ပြား၊ တူရွင်း၊ ပေါက်ဆိန်၊ ရဲဒင်း၊ ဆိတ်ချို၊ ပဲခွပ်၊ လက်သမားသုံးဆောက်အမျိုးမျိုး၊ လွန်းအမျိုးမျိုး၊ တောင်သူသုံးပစ္စည်းများကို ထုတ်လုပ်လျက်ရှိပါတယ်။ သစ်ခေါက်ဆိပ်၊ ပိတ်သင်းကပ်၊ ဝက်ကတော့စတဲ့ ရွာ ၃ ရွာဟာ မိသားစုလိုက် မိရိုးဖလာလုပ်ကိုင်ကြ တဲ့ လက်မှုပညာနဲ့ မြန်မာ့ရိုးရာ ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးကြကြောင်း၊ ရွာလုံးကျွတ်နီးပါး၊ ပန်းပဲလုပ်ငန်းကို နံနက် ၄ နာရီခန့်ရောက်ပြီဆိုရင် တူသံ၊ ပေသံ၊ တညံညံနဲ့ ပန်းပဲလုပ်ကိုင်ကြရာမှာ စက်မှုဇုန်အလား ထင်မှားရကြောင်း၊ ပန်းပဲလုပ်ငန်းဆိုပေမယ့် အသေးစား ပစ္စည်းတွေသာလုပ်တာပြန်ပြီး အော်ဒါအမှာများ လက်ခံဆောင်ရွက်ကြောင်း၊ သံတံဆိပ်တုံးများကိုလည်း အထူးလက်ခံဆောင် ရွက်ပေးကြောင်း၊ ရွာထဲကငွေကြေး တတ်နိုင်သူများက ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်နဲ့ လည်းကောင်း၊ ကျေးရွာအတွင်းက ထွက်သမျှ ပန်းပဲပစ္စည်းများကို ဝယ်ယူပြီး၊ နယ်လှည့်ရောင်းချသူများကို အဟောင်းပေး၊ အသစ်ယူစနစ်နဲ့လည်းကောင်း၊ အမြတ် တစ်ဝက်ယူစနစ်ဖြင့် လည်းကောင်း၊ မုံရွာ၊ မန္တလေး၊ ပခုက္ကူမြို့များရှိ ကုန်မာဆိုင်များနဲ့ တန်ခိုးကြီးဘုရားပွဲတော်များကို တင်ပို့ ရောင်းချကြကြောင်း၊ လုပ်သားတစ်ဦးအနေနဲ့ တစ်နေ့ ၁၅၀၀ ကျပ် - ၂၅၀၀ ကျပ် - ၃၀၀၀ ကျပ်နှုန်းနဲ့ ကျွမ်းကျင်မှုအလိုက် ရရှိကြကြောင်း ဒေသခံပန်းပဲသမားတစ်ဦးက ပြောပြပါတယ်။ သစ်ခေါက်ဆပ်၊ ပိတ်သင်းကပ်၊ ဝက်ကတော့ကျေးရွာထွက် ပန်းပဲပစ္စည်းများကို အနိမ့်ဆုံး ၃၀၀ ကျပ်မှ ၈၀၀၀ ကျပ်နှုန်းနဲ့ လက်လီ၊ လက်ကားဝယ်ယူရရှိနိုင်ပါကြောင်း ...... အောင်မြိုင်
၂၀၁၁-၂၀၁၂ ခုနှစ်ထွက် မန္တလေး ဖရဲသီးများဟာ ၂၀၁၁ အောက်တိုဘာလဆန်းမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံကို စတင်တင်ပို့နေပါပြီ။ သခွားမွှေးတွေ လည်း အောက်တိုဘာလကုန် နိုဝင်ဘာ လဆန်းလောက်မှာ ဖြိုင်ဖြိုင်ထွက်တော့ မယ်လို့ ဖရဲ၊ သခွားစိုက်တောင်သူများက ပြောပါတယ်။ တင်ပို့နေတဲ့ ဖရဲသီးများ အနေနဲ့ တပ်ကုန်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ ကူမဲ၊ မြစ်သားဒေသထွက်သီးများ ဖြစ်ပါတယ်။ ကျောက်ဆည်၊ တံတားဦး၊ နွားထိုးကြီး၊ မြင်းခြံ စတဲ့ မန္တလေးတိုင်း ဒေသကြီးထွက် ဖရဲသီးများလည်း ဈေးကွက်ကိုဝင်လာဖို့ တာစူနေကြပြီလို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးထွက် ဖရဲသီးများ အောက်တိုဘာ ပထမ ပတ်မှ ဒုတိယပတ်အထိ နှစ်ပတ်အတွင်း ကားစီးရေ ၉၀ ကျော်၊ တန်ချိန် ၁၈၀၀ ကျော်နဲ့ စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ မြင်းမူ၊ မြောင်၊ လှည်းကူး၊ ကျိုက်ထို၊ ဘီးလင်းစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တို့မှလည်း နှစ်ပတ်အတွင်း တရုတ်ကို ကားစီးရေ ၈၀ ကျော် တင်ပို့ပြီးပြီလို့ သိရပါတယ်။ တရုတ်ပြည်ဈေးကွက်မှာ အစေ့မဲ့ဖရဲတစ်ကီလို ၄ ဒသမ ၅ ယွမ်မှ ၆ ဒသမ ၅ ယွမ် ထိရှိပြီး ရိုးရိုးဖရဲတစ်ကီ လိုမှာ ၄ ဒသမ ၅ ယွမ်မှ ၅ ယွမ်ထိ ဈေးပေါက်နေပြီး တင်ပို့ဖို့ တာစူနေတဲ့ သခွားဈေးကွက်မှာ တစ်ကီလို ၃ ဒသမ ၅ ယွမ်မှ ၄ ယွမ်ထိ ရနေလို့ ပေါ်ဦး ပေါ်ဖျားမှာထွက်တဲ့ ဖရဲ၊ သခွားဈေး ကွက်ကောင်းလို့ တောင်သူများ တွက် ခြေကိုက်လျက် ရှိပါတယ်။ ဒါပေမယ့် ဈေးကွက် အစ၊ အဆုံး တည်ငြိမ်နေ အောင် ထိန်းသိမ်းဖို့လည်းလိုပါတယ်လို့ ဖရဲ၊ သခွားတောင်သူများက ဆိုပါတယ်။ နိုင်ထွန်း-မန္တလေး
သစ်သီးဝလံ ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွန့်က ဒီနှစ် ဖရဲရာသီကစပြီး သစ်သီးဝလံကုန် စည်ဒိုင်မှာ ကျင့်သုံးသွားမယ့်အစီအစဉ်နဲ့ပတ်သက် ပြီး အောက်တိုဘာလအတွက်ပြုလုပ်တဲ့ နယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ " ဖရဲ သီးရာသီအတွက် ဖရဲသီးကြည့်စင် တိုးချဲ့တည်ဆောက်ပြီးစီးပြီး ရောင်းဝယ်ရာမှာ မည်သည့်နိုင်ငံ သားမဆို လာရောက်ဝယ်ယူခွင့်ရှိပေမယ့် ရောင်းသူအနေနဲ့ မြန်မာနိုင်ငံသားဖြစ်ရမယ်။ ကုန်စည်ဒိုင် အသင်းဝင်ဖြစ်ဖို့လည်းလိုတယ်၊ ရောင်းချမယ့် အသင်းဝင် ထင်သာမြင်သာဖြစ်စေရန် ယခုနှစ် ဖရဲရာသီကစပြီး လည်ဆွဲကတ်နဲ့ ဝတ်စုံထုတ်ပေး ထားမယ်၊ ရောင်းချချိန်မှာ လည်ဆွဲကတ်နဲ့ ဝတ်စုံ တွေ ဝတ်ဆင်ရောင်းချရမယ်၊ စစ်ဆေးရေးအဖွဲ့ တွေလဲဖွဲ့စည်းပြီး လိုက်လံစစ်ဆေးရန် စီစဉ်ထား တယ်"လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုစီစဉ်ရတာကတော့ တရုတ်နိုင်ငံက ဖရဲ သခွားကုန်သည်များဟာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဖရဲသီး၊ သခွားသီးများ ဝင်ရောက်စိုက်ပျိုးခြင်းနဲ့ပတ်သက်ပြီး မြန်မာလူမျိုး မဟုတ်သူ နိုင်ငံခြားသားများကိုယ်တိုင် တရားဝင်နည်းလမ်း နဲ့မဟုတ်ဘဲ တစ်နှစ်ထက်တစ်နှစ်ပမာဏ များပြား စွာနဲ့ ဖရဲနဲ့သခွားများကို မြန်မာကုမ္ပဏီအမည်များ နဲ့ ဝင်ရောက်စိုက်ပျိုးနေကြတာကြောင့် ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာလည်း ရာခိုင်နှုန်းပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပါတယ်။ စိုက်ပျိုးထွက် ရှိလာတဲ့ ဖရဲသခွားများကို ၎င်းင်းတို့ကိုယ်တိုင် ၎င်းင်းတို့ အချင်းချင်း စိတ်ကြိုက်ရောင်းချနေကြပြီး မြန်မာနိုင်ငံသားများ စိုက်ပျိုးရာက ထွက်ရှိလာတဲ့ ဖရဲ၊ သခွားသီးများကို ဝယ်ယူမှုမပြုခြင်း၊ ဈေးမတရား နှိမ်ပေးခြင်းနဲ့ ကျယ်ဂေါင်ရောက်မှ မတန်တဆဈေးလျှော့ပေးခြင်းများကို မြန်မာတောင်သူများ အပေါ်အမြဲတမ်းလို လုပ်ဆောင်ကြတဲ့ အတွက်ဖြစ် ပါတယ်လို့ ဦးစိုင်းမောင်ညွန့်က ပြောပါတယ်။ ကုန်စည်ဒိုင်ရှိ ပွဲရုံများကလည်း ပွဲခ ၅ ရာခိုင် နှုန်းယူထားကြပေမယ့် တစ်ဖက်နိုင်ငံ ကုန်သည် များကို မလွန်ဆန်ရဲတာကြောင့် တောင်သူများ နစ်နာမှုမရှိစေရေး ရာနှုန်းပြည့် လုပ်ဆောင်ပေး နိုင်ခြင်းမရှိကြဘူးလို့ ဆိုကြတာတွေလည်း ကြား နေရပါတယ်။ သစ်သီးကုန်စည်ဒိုင်အပိုင်းက ကုန်သည်များတောင်သူများ၊ သစ်သီးပွဲရုံများက လိုက်နာရမယ့် စည်းကမ်းချက ်များကို အများထင်သာမြင်သာ ရှိ စေရန် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်အသိပေးထား ရန် လိုအပ်ပါတယ်။ စည်းကမ်းချက်များ ကောင်းမွန်သော်လည်း တိကျစွာ မလိုက်နာတာကြောင့် ပြဿနာများ ပေါ်ပေါက်နေတယ်လို့သိရပါတယ်။ ကုန်စည်ဒိုင်နဲ့ ပွဲရုံများဟာ မိမိအကျိုးတစ်ခုတည်း ကိုသာမကြည့်ဘဲ တောင်သူအကျိုးရော နိုင်ငံ အကျိုးပါကြည့်ပြီး လုပ်ဆောင်ပေးကြပါရန် တိုက်တွန်းပြောကြားလိုက်ရပါတယ်။ Source: နကသ(မူဆယ်) ချမ်းမြေ့မောင်
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ TPIS ရုံးခန်းတာဝန်ခံနဲ့ ဝန်ထမ်းများ ဟာ တောင်ကြီးမြို့ရှိ TPIS ရုံးခန်းမှာ ကယားပြည်နယ်၊ ဒီမောဆိုးမြို့နယ် ပန်းမန်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ဥက္ကဋ္ဌ ဦးရဲမွန်နဲ့ အဖွဲ့အား နိုဝင်ဘာ ၉ ရက်မှာ ဆွေးနွေးခဲ့ပါ တယ်။ ဦးရဲမွန်ရဲ့ တင်ပြချက်များမှာ ဆူးမဲ့နှင်းဆီ ပျိုးပင်များအား ပန်း ရောင်းသူများမှတစ်ဆင့် မှာယူစိုက်ပျိုးခဲ့သဖြင့် ပွင့်လာတဲ့အခါ တန်ဖိုး နည်းပြီး၊ ဈေးကွက်မဝင်တဲ့ ကျောက်နှင်းဆီများဖြစ်လာကြောင်း၊ နှင်းဆီပင် များမှာလည်း ဆူးမဲ့မဖြစ်ဘဲ ဆူးများပါဝင်ကြောင်း၊ ဂန္ဓမာပန်းဟာလည်း ဈေးကွက်ကြိုက်နှစ်သက်တဲ့ မျိုးများဖြစ်မလာလို့ ဆုံးရှုံးမှုများရှိခဲ့ခြင်းကြောင့် မျိုးမှန်ကန်စွာရရှိနိုင်ရေး ဆွေးနွေးခဲ့ပါတယ်။ တောင်ကြီးမြို့ TPIS ရုံးခန်းမှ တာဝန်ခံနဲ့ ဝန်ထမ်းများဟာ ပန်းမန် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ကလောဇုန်၊ ဟဲဟိုးနဲ့ ချိတ်ဆက်ပြီး ဂန္ဓမာပန်းပျိုးပင် လေးသောင်းအား စိုက်ပျိုးမယ့် ဒီမောဆိုး မြို့အရောက် ပေးပို့နိုင်ရေး၊ ပျိုးပင်များရဲ့ဈေးနှုန်းများ ညှိနှိုင်းပေးခြင်း၊ စိုက်ပျိုးမှုနည်းစနစ်နဲ့ ပိုးမွှားကာကွယ်နှိမ်နင်းရေး၊ အပင်၊ အပွင့်အားဆေး များ၊ သွင်းအားစုများ အသုံးပြုပုံတို့ကို နည်းပညာပေးဆွေးနွေးခဲ့ပါတယ်။ ဟဲဟိုးမှ ဂန္ဓမာပန်းပျိုးပင် လေးသောင်းကို နိုဝင်ဘာ ၁၂ ရက်မှစတင် ပြီး ဒီမောဆိုးမြို့နယ်၊ ကုန်းသာရွာသို့ တင်ပို့မှာဖြစ်ပါတယ်။ ဆူးမဲ့နှင်းဆီ ပျိုးပင်ရရှိရေးအတွက် အေးသာယာမြို့ရှိ ဆူးမဲ့နှင်းဆီ ပျိုးပင်စစ်မှန်စွာရရှိရေး၊ ဈေးနှုန်းနဲ့ ပျိုးပင်အရေအတွက်များ ကွင်းဆင်း ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီမောဆိုးမြို့နယ် ကုန်းသာရွာမှာ ဆူးမဲ့ နှင်းဆီပျိုးပင်ရေ ငါးရာ စိုက်ပျိုးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အောင်ကျော်-TPIS (တောင်ကြီး)
မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ သင့်တင့်မျှတတဲ့အတွက် သဘာဝအလျောက်ပေါက်နေတဲ့ သစ်ပင် များထဲက ပေပင်များမှ ပေသီးများကို တရုတ်ပြည်ကို တင်ပို့ခြင်းနဲ့ ပို့ကုန်ဝင်ငွေရရှိစေပါတယ်။ " ပေတစ်သီး၊ ကျီးသစ်သား" ဆိုတဲ့ စာဆိုအတိုင်း ပေပင်မှ ပေသီးများ တစ်ခါသီးပြီးပါက ပေပင်မှာ သေသွားပါတယ်။ ပေပင်တွေဟာ နှစ်ရှည်ပင်တွေဖြစ်ပြီး မြန်မာပြည်အနှံ့ပေါက်ရောက်ကာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှ ပေသီးအများအပြားထွက်ရှိကြောင်း သိရှိရပါတယ်။ သဘာဝပေပင်တွေရှိသလို မြန်မာဘုန်းတော်ကြီးကျောင်းတွေမှာလည်း ပေပင်တွေကို စိုက်ပျိုးကြကြောင်း သိရှိရပါတယ်။ ပေသီးကို တရုတ်နိုင်ငံမှာ စိတ်ပုတီး အကြီးစားပြုလုပ်ရာမှာ အသုံးပြုကြောင်း သိရှိရပါတယ်။ ပေပင်တွေမှ ထွက်ရှိတဲ့ ပေရည်အရသာမှာ ချိုပြီး ထန်းရည်များ ထန်းလျက်ချက်သလိုမျိုး ချက်နိုင်ပြီး ပေသီးမှာ ကွမ်းသီးအရွယ် ခန့်ရှိကြောင်း သိရှိရပါတယ်။ ပေသီးကို တရုတ်နိုင်ငံကို တင်ပို့ဖို့ ပို့ကုန်လိုင်စင်ခွင့်ပြုပေးခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံကိုတင်ပို့ဖို့ တန်ချိန် ၃၀ ကို ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။ပေသီး တင်ပို့မှုမှာ ပမာဏနဲ့တန်ဖိုးမှာ နည်းပါးသော်လည်း ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေတဲ့ ကုန်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ နန်းထွေးထွေးမေ
မြန်မာနိုင်ငံအရပ်ရပ်မှ သစ်သီးမျိုးစုံ (ဖရဲသီး၊ သခွားသီး၊ နာနတ်သီး၊ ဆီးသီး၊ စပျစ်သီး) ကို တစ်ဖက် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသောလုပ်ငန်းအား လက်ရှိအခြေအနေမှာ တောသူတောင် သားများဟာ ၎င်းင်းတို့ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ပြီး ကိုယ်တိုင်တက်ရောင်းသူ များကြကြောင်း၊ ကုန်သည်များ သွားဝယ်ပြီး ပြန်ရောင်းချမှုက နည်းကြောင်း၊ အများအားဖြင့် ကျေးလက်နေတောင်သူ များက စိုက်ပျိုးထုတ်လုပ်ပြီး လာရောက်ရောင်းချ တဲ့ အနေအထားဖြစ်တာကြောင့် ကုန်သွယ်ခွန် အား ထပ်မံလျှော့ချပေးစေလိုကြောင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ သစ်သီးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်မှ စက်တင်ဘာလကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ တန်ပိုနဲ့ပက်သက်၍လည်း သစ်သီးရဲ့ သဘာဝအနေအထားအရ စိုက်ပျိုးထုတ်လုပ်သူ များဟာ မြို့ပေါ်ရှိပွဲရုံများကဲ့သို့ ကတ္တားချိန်ပြီး တင်ခြင်းမဟုတ်ဘဲ စိုက်ခင်းမှသယ်ယူရခြင်းဖြစ်တာကြောင့် သတ်မှတ်တန်ချိန်နဲ့ အနည်းအများ ကွာခြားမှု ရှိနိုင်တဲ့အတွက် ၁၀ ရာခိုင်နှုန်းခန့်ထိ ကွာဟမှုကို ခွင့်ပြုပေးနိုင်ရေး ညှိနှိုင်းပေးစေလို ကြောင်း၊ ကုန်သွယ် မှုမြှင့်တင်ရေးအတွက် သစ် သီးများများတင်ပို့နိုင်ရန် စိုက်ပျိုးထုတ်လုပ်သူများ အကျိုးရှိမှ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ သစ်သီး ဖြစ်တဲ့အတွက် အချိန်မကြန့်ကြာဖို့ လိုကြောင်း၊ အချို့ကိစ္စများတွင် ကြန့်ကြာမှုများရှိနေကြောင်း၊ သစ်သီးနဲ့စပ်လျဉ်းပြီး ကိုယ်တိုင်တင် ကိုယ်တိုင်လုပ် ရခြင်းမဟုတ်တာကြောင့် မစစ်ဘဲစေလွှတ်ရန် အာမ မခံနိုင်ပေမဲ့ မသမာမှု အလွန်နည်းပါး ကြောင်း၊ မသမာမှုကို ကားသမားသာ လုပ်ဖို့ရှိပါကြောင်း၊ မသမာမှုရှိနေလျှင် ကုန်သွယ်မှုမြှင့်တင် ရေးကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေနိုင်ပါကြောင်း၊ မသမာမှုအား တိတိကျကျ ပြင်း ပြင်းထန်ထန် အရေးယူသွားပါက ၅ ဦးထက်ပို အရေးယူရန်လိုမည်မဟုတ်ဘဲ ပုံမှန်ကုန်သွယ်လမ်း ကြောင်းပေါ် ရောက်ရှိလာကြမှာဖြစ်ပြီး အားလုံး အတွက် နိုင်ငံတော်အတွက် အကျိုးရှိစေမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ Source: နကသ (မူဆယ်) MIRT(MAPT)
မန္တလေးသစ်သီးဈေးကွက်ထဲကို ရှမ်းပြည်တောင်ပိုင်း အောင်ပန်း၊ ရွာငံနဲ့ ပြင်ဦး လွင်တို့ကထွက်တဲ့ ထောပတ်သီးတွေဟာ အောက်တိုဘာလဆန်းက စဝင်လာပါတယ်။ ထောပတ်သီးတွေဟာ အိတ်တွေနဲ့ဝင်တာဖြစ်ပြီး တစ်အိတ် အလုံး ၁၃၀ ဝန်းကျင်ပါတယ် လို့သိရပါတယ်။ ဝင်စက တစ်အိတ် ၁၂၀၀၀ ကျပ်ရှိပြီး၊ ယနေ့ တစ်အိတ် ၈၀၀၀ ကျပ်၊ ၉၀၀၀ ကျပ် ဈေးသာရှိတယ်။ တစ်လုံး ၁၀၀ ကျပ်အောက်သာရှိတယ်လို့ သိရပါတယ်။ ထောပတ်ဈေးကွက်က အတက်အကျမြန်တယ်။ မိုးရွာရင် ချက်ချင်းဈေးကျတယ်။ ချက်ချင်းအရောင်းအေးတယ်။ နေပူရင် ချက်ချင်းဈေးတက်ပြီး၊ ချက်ချင်း အရောင်းသွက် တယ်။ ရှမ်းပြည်ကထွက်တဲ့ ထောပတ်နဲ့ ပြင်ဦးလွင် ထောပတ်ဟာ အရွယ်တူပေမယ့် ရှမ်းသီးက အသီးကောင်း၊ အရသာကောင်းတယ်။ ထောပတ်ဟာ ဖေဖော်ဝါရီလလောက် ထိ သစ်သီးဈေးကွက်မှာရှိပေမယ့် နှစ်တိုင်းကတော့ ဒီဇင်ဘာလဆိုရင် ရှမ်းသီးက အထွက် များပြီး၊ အရသာလည်း ပိုကောင်းလာသလို ဈေးနှုန်းလည်းကောင်းလာတယ်။ အဲဒီအချိန်ဆို ထောပတ်သီးတစ်လုံး ၁၅၀ နဲ့ ၃၀၀ကြားရှိတယ်လို့ သစ်သီးပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရပါတယ်။ အေးအေးတင့့််