Main menu

Background

Tuesday, 18 Oct 2011

               ၂၀၁၁ အောက်တိုဘာလ ၈ ရက်၊ မန္တလေးတိုင်းဒေသကြီး၊ လယ်ယာ ထွက်ကုန်ရုံးအစည်းအဝေးခန်းမမှာ သစ်သီးဝလံဟင်းသီးဟင်းရွက်အသင်းနှင့် သရက် အစုအဖွဲ့၊ ဖရဲသခွားအစုအဖွဲ့၊ ပျိုးဥယျာဉ်အစု အဖွဲ့များ ဆွေးနွေးပွဲပြုလုပ်ရာ ဆွေးနွေးပွဲသို့ လယ်ယာထွက်ကုန် ဒုတိုင်းဒေသကြီး မန်နေဂျာ ဦးကျော်ဦး၊ နည်းပညာ ပေးရေးဌာန (၁)မှ ဒေါ်ခင်မြင့်မြင့်သန်း၊ သစ်သီးဝလံအသင်းဥက္ကဌ ဦးကိုကိုထွေး၊ အတွင်းရေးမှူး ဦးကျော်စိုးနိုင်နဲ့ အသင်းဝင်များ၊ သရက်အစုအဖွဲ့မှ အတွင်းရေးမှူးနဲ့ အသင်းဝင်များ၊ ဖရဲသခွားအစုအဖွဲ့မှ ဒုဥက္ကဌနဲ့ အသင်း ဝင်များ၊ ပျိုးဥယျာဉ်အစုအဖွဲ့မှ ဥက္ကဌနဲ့ အသင်းဝင်များ တက်ရောက်ကြတယ်လို့ သိရပါတယ်။                   အဆိုပါ ဆွေးနွေးပွဲမှ အသင်းရဲ့ ရှေ့လုပ်ငန်းများ ဆွေးနွေးခြင်း၊ အသင်းရုံး ခန်းဖွင့်လှစ်ရန် မြေနေရာ ရှာဖွေခြင်း၊ မြေနေရာရှာဖွေရန် ကော်မတီများ ဖွဲ့စည်းခြင်း၊ ဖရဲသခွားစိုက်ပျိုးသူများအတွက် သင်တန်းများ ဖွင့်လှစ်နိုင်ရန် ဆွေး နွေးခြင်း၊ အစုအဖွဲ့များမှ လစဉ်ဆွေးနွေးပွဲများပြုလုပ်၍ အသင်းသို့ ပြန်လည် တင်ပြခြင်း၊ အခက်အခဲများ တင်ပြခြင်းတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အေးအေးတင့့််

Wednesday, 24 Aug 2011

ရန်ကုန်သွားတဲ့ ကျောက်ဆည် ငရုတ်                 ကျောက်ဆည်မြို့ဝန်းကျင် ကျေးရွာများမှ ကျောက်ဆည်မြို့ဈေးကွက်အတွင်း သို့ ငရုတ်များ အဝင်ကောင်းနေပါတယ်။ သာမိုငရုတ် တစ်ပိဿာ ကျပ် ၁၆၅ဝ ၊ ဒီမွန် ငရုတ်တစ်ပိဿာ ၁၇၂၅ကျပ်၊ ရိုးရိုးမိုးထောင်ငရုတ် တစ်ပိဿာ ကျပ် ၁၇ဝဝ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။                   မိုးထောင်ငရုတ်ကို မုံရွာ၊ မကွေးဒေသများက စွဲပြီး၊ သာမို၊ ဒီမွန်ငရုတ်ကို ရန်ကုန်သို့ အဓိကထားတင်ပို့ကြောင်း သိရပါတယ်။ နေ့စဉ် ပိဿာ ၈ဝဝ-၁ဝဝဝ အထိအဝယ်ရှိပြီး၊ ရန်ကုန်သို့ ကားခ တစ်ပိဿာ ၆ဝ ကျပ်၊ ၆၅ ကျပ် ဖြစ်ကြောင်း သိရပါတယ်။ ဝါဝါခင်

Wednesday, 24 Aug 2011

ရာသီအလိုက် စိုက်ပျိုးနေသော ဟင်းသီးဟင်းရွက်စီးဆင်းမှု                   ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ၁၄ မြို့နယ်အနက် လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်း၊ ပြည်တို့မှ နေ့စဉ်ဟင်းသီးဟင်းရွက်များအား ကား ၁ဝ စီးမှ ၁၅ စီးအထိ တင်ပို့လျက်ရှိပါတယ်။ မီးရထားဖြင့်လည်း လက်ပံတန်း၊ သဲကုန်းမြို့နယ် ပုတီးကုန်း၊ ဆင်မြီးဆွဲတို့မှ နေ့စဉ် ရထားတွဲ ၁ တွဲမှ ၃ တွဲအထိ တင်ပို့လျက်ရှိပါတယ်။ ဟင်းသီးဟင်းရွက်စိုက် ပျိုးမှုကတော့ မိုးဦးကျ ဇွန်၊ ဇူလိုင်လမှ အောက်တိုဘာ လအတွင်း သခွား၊ ဗူး၊ ပဲတောင့်ရှည်၊ ဖရုံသီး၊ ကျောက်ဖရုံ၊ ကြက်ဟင်းခါး၊ နံနံပင်၊ မုန်လာဥ အစရှိတဲ့ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးတင်ပို့ပြီး၊ မိုးကုန်ဆောင်းအကူး ဒီဇင်ဘာလမှ မေလအထိကတော့ ကြက်သွန်နီ၊ မုန်လာဥ၊ နံနံပင်၊ ခရမ်းသီး၊ ခရမ်းြွကတ်နဲ့ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီများ စိုက်ပျိုးတင်ပို့လျက်ရှိပါတယ်။                    ခြံသီးနံှများအနေနဲ့ ရှောက်၊ သံပုရာ၊ ကြောင်လျှာသီးများကတော့ သီးနံှပေါ်ချိန်များမှာ လှိုင်လှိုင် တင်ပို့နိုင်ပါတယ်။ အလားတူ ဖူးစားပြောင်းကတော့ တစ်ကွက်ခုတ်၊ တစ်ကွက်စိုက်နဲ့ ရာသီမရွေး စိုက်ပျိုးလျက်ရှိပါတယ်။ ဖူးစားပြောင်း မျိုးများကတော့ ဝက်ဆီ၊ သကြားပြောင်းများ အစိုက်များကြောင်း သိရှိရပါတယ်။ ဒါကြောင့် ပဲခူးတိုင်းဒေသကြီး အနောက် ပိုင်းမှ ရန်ကုန်သို့ နေ့စဉ်ဟင်းသီးဟင်းရွက်တန်ချိန် ၂ဝဝ မှ ၃ဝဝ ခန့် ပုံမှန်တင်ပို့လျက် ရှိပါကြောင်းနဲ့ သီးနံှလှိုင်လှိုင်ပေါ် ချိန်နှင့် သီးနံှ အထွက်ဆုံးချိန်မှာ အနည်းငယ်ကွာခြားမှုရှိတာကြောင့် ဗီတာမင်အတွက် လိုအပ်တဲ့ဟင်းသီးဟင်းရွက်အတွက် မပူပင်ရကြောင်း ရေးသားလိုက်ရပါတယ်။ ခေတ္တရာဟင်္သာ 

Tuesday, 28 Jun 2011

သီးနံှစိုက်ချိန် မန်းဓာတ်မြေသြဇာဈေးကွက် အရောင်းသွက်ဈေးတက်           မန္တလေးဈေးကွက်ရှိ တရုတ်ဓာတ်မြေသြဇာဈေးနှုန်းများ မြင့်တက်လာတာကို တွေ့ရပါတယ်။ သီးနံှစိုက်ပျိုး ရာသီ အရောင်းသွက် ဈေးတက်လေ့ရှိတဲ့ ကာလဖြစ်သော်လည်း ယခုနှစ် အတွက် လက်ရှိအချိန်မှာ ထူးခြားစွာနဲ့ ဈေးမြင့်လာတာကိုတွေ့ရပါတယ်။ ဈေးမြင့်လာရခြင်းအကြောင်းမှာ တရုတ်နိုင်ငံတွင် ဓာတ်မြေသြဇာ တင်ပို့မှု စည်းကမ်းများ တင်းကျပ်လာခြင်းကြောင့်လို့ သိရပါတယ်။ ယခုရက်ပိုင်း တရုတ်ထုတ်ဓာတ်မြေသြဇာများရဲ့ ဈေးနှုန်းများကတော့ ယူရီးယားပန်းဖူး တံဆိပ်မှာ ၂၁၄ဝဝ ကျပ်၊ ရွှေတောင် တံဆိပ် ၂၁၈ဝဝ ကျပ်၊ တီစူပါ GTSP ၄၆ ရာခိုင်နှုန်း သံကွင်းတံဆိပ်မှာ ကျပ် ၂၇၅ဝဝ၊ GTSP ၁၆ ရာခိုင်နှုန်းမှာ ကျပ် ၁ဝ၇ဝဝ၊ GTSP ၁၂ ရာခိုင်နှုန်းမှာ ကျပ် ၉၇ဝဝ၊ ကွန်ပေါင်း (၁၅း၁၅း၁၅) ကျပ် ၂၅၅ဝဝ၊ အာမို (၁၅း၁၅း၁၅ )မှာ ကျပ် ၃၈ဝဝဝ ဈေးရှိတယ်လို့ သိရပါတယ်။ ယခင်ရက်များနှင့်စာလျှင် တစ်အိတ်ကို ၅ဝဝ ကျပ်ဝန်းကျင် ဈေးပိုလာတာကို တွေ့ရပြီး အရောင်းအဝယ်မှာ စတင်ကောင်းမွန်လာပြီဖြစ်ကြောင်း ဓာတ်မြေသြဇာပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဝါဝါခင်

Tuesday, 28 Jun 2011

မန်းသို့ စီးသွားတဲ့ မုံရွာဆီးလက်ကျန်              မုံရွာဆီးပွဲရုံများမှာ ဆီးလက်ကျန် နည်းပါးသွားပြီး ဂိုဒေါင်တွေရှင်းနေပြီလို့ သိရပါတယ်။ မုံရွာမှ မန်းသို့ တစ်နေ့ ဆီးပိဿာချိန် ၁ဝဝဝဝ ဝန်းကျင် စီးဆင်းလျက်ရှိပြီး တန်ဆာခတစ်ပိဿာ ၁၂ ကျပ်နှုန်းဖြင့် တင်ပို့ရကြောင်း သိရပါတယ်။              ပြီးခဲ့တဲ့ ဆီးရာသီအရ မုံရွာတစ်နယ်လုံးဆီးပိဿာချိန် သိန်း ၂ဝဝ ခန့် ထွက်ခဲ့ပါတယ်။ ဆီးဈေးနှုန်းအနေနဲ့ သြင်္ကန်မတိုင်မီ ပေါက်ဈေးတစ်ပိဿာ ၁၇ဝ ကျပ်၊ ၁၈ဝ ကျပ်နှင့် သြင်္ကန်ပြီး တစ်ပိဿာ ၂၃ဝ ကျပ်၊ ၂၄ဝ ကျပ်မှ တဖြည်းဖြည်းတက်လာကာ ဒီနေ့ပေါက်ဈေး ကျပ် ၃ဝဝ နဲ့ အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။  ခင်မြင့်မြင့်သန်း

Tuesday, 28 Jun 2011

မြကျောက်ပြီးတော့ ရင်ကွဲ ဈေးချိုချိုနဲ့ အရောင်းအဝယ်သွက်             ဧပြီနောက်ဆုံးပတ်မှာ စတင်အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပြည်မြို့ရဲ့သရက်သီးဈေးကွက်မှာ မြကျောက်သရက်နဲ့ ရင်ကွဲ သရက်များ အရောင်းအဝယ်ဖြစ်နေဆဲရှိပါတယ်။ ဧပြီ၊ မေနဲ့ ဇွန်လပထမပတ်အထိ မြကျောက်များအရောင်းအဝယ် ကောင်းခဲ့ပြီး ဇွန်နောက်ဆုံးပတ်မှာတော့ မြကျောက်သရက်သီး ရှားပါးလာခဲ့တာကြောင့် ရင်ကွဲသရက်များ နေရာယူလာတာကို တွေ့ရပါတယ်။ ယခုနှစ်သရက်သီးအထွက်ကောင်းတာကြောင့် သရက်သီးပေါများပြီး ရင်ကွဲသရက် အမျိုးအစား မှာ အလုံးအကြီး အသေးအလိုက် တစ်လုံးလျှင် ၁ဝ ကျပ် မှ ၅ဝ ကျပ်ထိရှိကာ ဈေးနှုန်းချိုချိုနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။                    အိဆွေဇင်

Tuesday, 28 Jun 2011

မန်းဈေးကွက်ရဲ့ ဒူးရင်းသီး                ထိုင်းဒူးရင်းသီးများ ရန်ကုန်မှတစ်ဆင့် မန်းသို့ Express ကားများနဲ့ ဝင်ရောက်လာပါတယ်။ ဒူးရင်းသီးတစ်လုံး ရန်ကုန်- မန်း တန်ဆာခ ကျပ် ၂ဝဝ ပေးရပြီး ၂ ရက်ခြားလုံးရေ ၁ဝဝဝ ခန့် ဝင်ရောက်ကြောင်း သိရပါတယ်။ ပွဲရုံဈေးအရ တစ်လုံး အနိမ့်ဆုံး ၃ဝဝဝ ကျပ်မှ အမြင့်ဆုံး ၆ဝဝဝ ကျပ်အထိဈေး နှုန်းရှိပြီး လက်လီရောင်းချသူများ အနေနဲ့ တစ်လုံးကို ၈ဝဝဝ ကျပ်၊ ၁ဝဝဝဝ ကျပ်အထိ အရောင်းအဝယ်ရှိပါတယ်။ ဒူးရင်းသီးရောင်းချသူများက မန်းဈေးကွက် အပြင် မေမြို့၊ နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်အထိ ခရီးစဉ်အဆင့်ဆင့် ရောင်းချသွားကြပါတယ်။ ထိုင်းဒူးရင်းသီးက သံတောင် ထွက် ဒူးရင်းထက် အရသာကောင်း ပိုချိုပြီးအသားထူ၊ အလုံးလှလို့ အရောင်း အဝယ်ကောင်းကြောင်း သိရပါတယ်။   ခင်မြင့်မြင့်သန်း

Tuesday, 28 Jun 2011

သရက်အခံပျိုးပင်အတွက် အဝယ်များတာကြောင့် ရွှေကူသရက်စေ့များ အရောင်းသွက်         ယခုအချိန်ဟာ သရက်သီးအရောင်းသွက်တဲ့ကာလဖြစ်ပါတယ်။ စားသုံးသူများကြောင့် သရက်သီးအရောင်း သွက်သလို စိုက်ပျိုးထုတ်လုပ်သူများအတွက် သရက်စေ့မျိုး လိုအပ်တာကြောင့် သရက်စေ့ဟာလည်း ဈေးကွက်တစ်ခု အနေနဲ့ ရပ်တည်နေတာကို တွေ့ရပါတယ်။ ရွှေကူ (ငအိုး) ဘက်မှလာသော သရက်သီးအမှည့်လွန်များကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ၁ဝ ရာခိုင်နှုန်းအမြတ်ယူပြီး ရောင်းချပေးနေတယ်လို့ သိရပါတယ်။           ယင်းရွှေကူသရက်စေ့တစ်စေ့ကို လက်ရှိပေါက်ဈေး ၃၅ ကျပ်နှုန်းဖြင့် အရောင်းသွက်ကြောင်း သိရပါတယ်။ မန္တလေးနဲ့ အနီးပတ်ဝန်းကျင်သရက်စိုက်ပျိုးသူများက အခံပျိုးပင်အဖြစ် အဝယ်သွက်သလို နေပြည်တော်ရှိ သရက်စိုက် ပျိုးသောခြံများက ယခုနှစ်အစေ့တစ်သိန်းကျော်ဝယ်ယူကြောင်း မန္တလေးတိုင်းဒေသကြီး သစ်သီးဝလံအသင်း တာဝန်ရှိ သူတစ်ဦးက ပြောပါတယ်။ ကျော်ဇင်သန်း 

Tuesday, 28 Jun 2011

နယ်စပ် သစ်သီးဝလံ ကုန်သွယ်မှု               ဇွန်လ ၁၅ ရက်မှ ၂၁ ရက်ကာလ အတွင်း နယ်စပ်မှ သစ်သီးဝလံ ကုန်သွယ်မှုကိုကြည့်မယ်ဆိုလျင် မူဆယ်၊ မောင်တောနဲ့ ချင်းရွှေဟော်နယ်စပ် များမှာ ကန်ဒေါ်လာ ဝ ဒသမ ၄၃၆ သန်းတန်ဖိုးရှိ သရက်သီးများကို မူဆယ်မှ တန် ၃၉၉ဝ ကျော်၊ မောင်တောမှ ၄၅ တန်ကျော်နဲ့ ချင်းရွှေဟော် မှ တန် ၅ဝ၊ စုစုပေါင်း ၄ဝ၈၅ တန်ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် ၁၁၆ တန်ကျော် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ယခင် အပတ်က တန် ၄၂၂ဝ ကျော်တင်ပို့မှု ရှိခဲ့ပေမယ့်၊ ယခုအပတ်မှာ ၄ဝ၈၅ တန် သာ တင်ပို့နိုင်ခဲ့ပြီး မောင်တောနယ်စပ် ကလည်း ယခင်အပတ်ကထက် ၄၅ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရ ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ဝ ဒသမ ၁၅ဝ သန်းတန်ဖိုးရှိ သရက် ပြားခြောက် ၁၆၉ တန်ကျော်တင်ပို့ခဲ့ပြီး ယခင်အပတ်တင်ပို့မှုထက် တန် ၃ဝ ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။               ကန်ပိုက်တီးနယ်စပ်မှ ယခုအပတ် မှာ ကျပ် ၁ဝ၅ သန်းတန်ဖိုးရှိ တစ်သျှူး ငှက်ပျော ၁ဝ၅ တန် တင်ပို့မှု ရှိခဲ့ပါ တယ်။ သွင်းကုန်ပိုင်းမှာတော့ မူဆယ် နယ်စပ်မှ ကန်ဒေါ်လာ ၁၅၉ဝဝ ကျော် တန်ဖိုးရှိ ပန်းသီး ၄၈ တန်ကျော် တင် သွင်းခဲ့ပြီး ယခင်အပတ်ကထက် တန် ၄ဝ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။

Tuesday, 28 Jun 2011

ပြည်ဈေးကွက်အတွင်း ခရမ်းချဉ်သီးများ ဈေးမြင့်ပေမယ့် အရောင်းအဝယ် ကောင်းနေ            ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်ထွက် ခရမ်းချဉ်သီးများ အဆက်မပြတ် ဝင်ရောက်လျက်ရှိတာကို တွေ့ရပါတယ်။ ယခင်လများက ဒေသထွက် ကိုင်းသီးနှင့် ရှမ်းသီး နှစ်မိုျးရှိပေမယ့် ယခုဒေသထွက်ကိုင်းသီးများတုံးချိန်တွင် ရှမ်းသီး တစ်မျိုးသာ အရောင်းအဝယ်ဖြစ်နေတာကို တွေ့ရပါတယ်။ ယခင်လများက ခရမ်းချဉ်သီးတစ်ပိဿာ ၁ဝဝဝ ကျပ်သာရှိခဲ့ပြီး ဇွန်လပထမပတ်တွင် တစ်ပိဿာ ၁၂ဝဝ ကျပ် မှယခုဇွန်လကုန်မှာတော့တစ်ပိဿာ ၁၄ဝဝ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါတယ်။ ဈေးမြင့်ပေမယ့် အဝယ်လိုက်ကာ အရောင်း အဝယ် ကောင်းလျက်ရှိကြောင်း သိရပါတယ်။ အိရွှေစင်

Pages