Main menu

Background

Friday, 20 May 2011

လာမည့်နှစ် ကြံဝယ်သည့် စက်ရုံနှင့် ကုမ္ပဏီများဈေးနှုန်း ကွာဟချက်နည်းစေလို                လာမည့်နှစ်တွင် ကြံစိုက်ဧကပိုမည်ဖြစ်ရာ ကြံဝယ်ယူသည့်စက်ရုံနှင့် ကုမ္ပဏီများမှ ဝယ်ဈေးနှုန်း ကွာဟချက် နည်းစေ လိုကြောင်း ကန့်ဘလူမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားကြောင်း သိရပါ တယ်။ ''ဒီနှစ်မှာ စက်ရုံက ကြံတစ်တန်ကို ကျပ် ၁၈ဝဝဝ နဲ့ သယ်ယူစရိတ် အပါအဝင် ကျပ် ၂၂ဝဝဝ နဲ့ဝယ်တော့ ကုမ္ပဏီ ဈေးနှုန်းနဲ့ကွာဟနေတယ်။ ကုမ္ပဏီဈေးနှုန်းက ကြိုတင်ထုတ်တဲ့ပေါ်မူတည်ပြီး ဈေးသတ်မှတ်ပေးသွားတာ။ စက်ရုံဝယ်ဈေးနှုန်းကို လာမယ့်နှစ်မှာ ကြံတစ်တန် ကျပ် ၃ဝဝဝဝ ပေးဝယ် မယ်ဆို ကွာဟချက်နည်းသွားမယ်။ ဈေးနှုန်းကွာဟချက်များနေရင် သကြားစက်နဲ့ တောင်သူတွေအနေ နဲ့ ကြံစိုက်ဧကလျော့သွားနိုင်တယ်''လို့ ကန့်ဘလူမြို့နယ်မှ ကြံစိုက်တောင်သူတစ်ဦးက ပြောပါတယ်။               ပြည်တွင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ကြံစိုက်ဧက အများဆုံးစိုက်ပျိုးမှုရှိပြီး တစ်ဧကလျှင် ကြံတန် ၂ဝ-၃ဝ ကြား ထွက်ရှိပါက ဈေးနှုန်းကွာဟမှုကြောင့် တောင်သူများ အမြတ်နည်းနိုင်ကြောင်း၊ ယခုနှစ်တွင် ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့ နယ်တွင် စက်ရုံသွင်းမည့် ကြံစိုက်ဧက စုစုပေါင်း ၁၁၁၁၇ ဧကရှိပြီး ထပ်၍တိုးထွက်ရန်နှင့် တိုးခဲျ့စိုက်မည်ဖြစ်၍ တောင်သူများ အဆင်ပြေစေရန် ကြံဝယ်ဈေးနှုန်း ကွာဟချက်နည်းစေလိုကြောင်း သိရပါတယ်။                                            ဇူူးးဇူူးး 

Friday, 20 May 2011

ကုန်စိမ်းတို့၏ မာယာ                         ကုန်စိမ်းဆိုတာ ကိုင်တွယ်ထိန်းသိမ်းရောင်းဝယ်ရာမှာ အခြားကုန်ပစ္စည်းများထက် ပိုမိုဂရုစိုက်ရပြီး ပိုမိုယုယရတဲ့ပစ္စည်းမျိုး ဖြစ်ပါတယ်။ သူ့မှာ ရေ၊ ရေငွေ့တို့နဲ့ဖွဲ့စည်းထားပြီး လတ်ဆတ်မှု၊ လန်းဆန်းမှုတို့ဟာ သူတို့ရဲ့အသက်ပဲဖြစ်ပါတယ်။ ကိုင်တွယ်ပုံ ထားသိုပုံတို့မှာလည်း သီးသန့်အထူးနည်းပညာများရှိပါတယ်။ သူတို့ရဲ့သက်တမ်းဟာ လည်းအချိန်နဲ့ပြောင်းပြန်အခိုျးကျတယ်လို့ သင်္ချာသဘောအရ ပြောနိုင်ပါတယ်။                        မူလအပင်မှ ခူးဆွတ်နုတ်သိမ်းပြီးတဲ့ ရိတ်သိမ်းချိန်လွန် ကာလစလိုက်တာနဲ့ ကုန်စိမ်းတို့ရဲ့သဘောက အနုတ် လက္ခဏာ စပြတော့တာပါပဲ။ ဒါကိုအမြန်ဆုံးထွက်အောင် ရောင်းနိုင်ရင် ဈေးကောင်းရပြီ။ ကြာလေလေ ရေငွေ့ဆုံးရှုံးလေ အရည်အသွေး ကျလေ အလေးချိန်တွေပါကျပြီး အရေအတွက်တွေလျော့နည်းသွားတတ်ပါတယ်။ ဒါ့ကြောင့် သူတို့မှာ ပါဝင်ဖွဲ့စည်းထားတဲ့ ရေဟာတန်ဘိုးရှိတဲ့ရေများဖြစ်ကြပါတယ်။ ဥပမာ ကြက်သွန်နီကို ယခုလိုထွက်ပေါ်စအချိန်မှာ ရောင်းချခြင်းဟာပါဝင်တဲ့ရေကို ပါ ရောင်းချခြင်းနဲ့တူပါတယ်။ ရေနဲ့ဖွဲ့စည်းထားတဲ့သီးနံှဆိုတော့ ၆ လ၊ ၇ လခန့် သိုလှောင်ရင်ရေငွေ့ဆုံးရှုံးသွားပြီး ထက်ဝက်နီးပါး အလေးချိန် လျော့နည်းသွားတတ်ပါတယ်။ အဲဒီအချိန်မှာ မူလဈေးထက် အခိုျးကျဈေးတက်ရမယ်ဆိုပေမဲ့ ဈေးကွက်ဈေးနှုန်းက ပြောလို့မရပါဘူး။ အဲဒီကာလရဲ့ ဝယ်လိုအား ရောင်းလိုအားက ရှိပါသေးတယ်။ ဒါကြောင့် ကုန်စိမ်းကို အမှန်စိုက်ပျိုးထွက်ရှိမှုအပေါ် ပြည်တွင်းဖူလုံမှုအတွက် စိတ်ချရပါကပြည်တွင်းဖြစ်စေ၊ ပြည်ပ ဖြစ်စေ ထုတ်ရောင်းမယ်ဆိုရင် ရိတ်သိမ်းပြီးရေငွေ့မရှုံးခင် ရေဓာတ်မဆုံးခင် နှစ်လ သုံးလအတွင်း အများဆုံး လျာထား တင်ပို့ရောင်းချပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းဆင်ခြေလျောဆင်းသလို ခပ်ဆဆနဲ့ရောင်းသွားရင် ကုန်စိမ်းမှာ ပါဝင်ဖွဲ့စည်း ထားတဲ့ရေမှ ဒေါ်လာအဖြစ် ပြောင်းလဲမြင်တွေ့ရနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။ မောင်မောင်အေး

Friday, 20 May 2011

သာယာဝတီငှက်ပျောခိုင်များ ရန်ကုန်ပို့                     ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) သာယာဝတီမြို့နယ်အတွင်း စိုက်ပျိုးတဲ့ အစ္စရေးငှက်ပျောမျိုးနဲ့ ဂျပန်ရွှေဝါငှက် ပျောမိုျးများဈေးကွက်သို့ ဝင်ရောက် နေပြီဖြစ်ပါတယ်။ သာယာဝတီမြို့ရဲ့ အရှေ့ဘက်ရှိသီးနံှခြံများမှ ယနေ့ခေတ် စားနေတဲ့ အစ္စရေးငှက်ပျောမျိုးနဲ့ ဂျပန် ရွှေဝါငှက်ပျောမျိုးများကို ရက်ပတ် အလိုက်ခုတ်၍ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်နေပြီ ဖြစ်ပါတယ်။ အစ္စရေးမျိုးမှာတစ်ခိုင်လျှင် ၁ဝ ဖီး၊ ၁၁ ဖီးထွက်ပြီး အနည်းဆုံး ငှက်ပျောတစ် ခိုင်ကို တစ်သောင်းကျပ်ခန့်ရရှိပါတယ်။ ဂျပန်ရွှေဝါမျိုးကတော့ ခုနစ်ဖီး၊ ရှစ်ဖီး ခန့်သာ ထွက်ရှိပေမဲ့လည်း လူကြိုက် များတဲ့အတွက် တစ်ခိုင်လျှင် ကျပ်တစ်သောင်းခန့်ရကြောင်း သိရပါတယ်။ စိုက်ပိုျးသောခြံများမှာ သဘာဝ မြေသြဇာများဖြင့် စိုက်ပျိုးကြခြင်းဖြစ် ကြောင်း သိရပါတယ်။ ငှက်ပျောများ အပြင် ပိန္နဲသီး၊ မာလကာ၊ နာနတ်တို့ ကိုလည်း ရန်ကုန်သစ်သီးဈေးကွက်ကို ရက်အပတ်လိုက် တင်ပို့ရောင်းချနိုင်နေ ပြြီဖစ်ကြောင်း သိရ ပါတယ။် တင်မာဆွေ 

Friday, 20 May 2011

မန်းဈေးကွက်အတွင်းက ဆေးတို့သရက်                        ဆေးတို့သရက်များ မန်းဈေးကွက်အတွင်း နေရာမိုျးစုံတွင် မင်းမူနေတာတွေ့ရပါတယ်။ လေေြွကသရက်သီး များနဲ့ မရင့်မှည့်သေးတဲ့ စိန်တစ်လုံး၊ ရွှေဟင်္သာသရက်များ ဈေးကောင်းရရန်၊ ဦးဦးဖျားဖျား ငွေပေါ်စေရန် ရည်ရွယ်ချက်များနဲ့ အီသလင်းခေါ် ဟော်မုန်းဆေးကို ရေနဲ့ရောပြီး အစီးအညှာကို ဆေးတို့၍ ဈေးကွက်အတွင်း ရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။                     မှည့်ဆေးတို့ထားတဲ့ သရက်သီးကအညှာမဲပြီး အရောင်က အစိမ်းနဲ့ အဝါရောင်ကွက်ပြီး မှည့်ကြောင်း၊ မူလအရသာနှင့် အရည်အသွေးပျက်စီးပြီး အသီးပုတ်မြန်ခြင်းများ ဖြစ်တတ် ကြောင်းနှင့် မှည့်ဆေးတို့သည့် အီသလင်းဆေးကို ထိုင်းနိုင်ငံမှ ဝင်ရောက်ကြောင်း တိုင်းသစ်သီးဝလံအသင်း ဥက္ကဌနှင့် သရက်အစုအဖွဲ့ဥက္ကဌတို့၏ ပြောပြချက်အရ သိရှိရပါတယ်။ မှည့်ဆေး တို့ခြင်းကြောင့် ပြည်တွင်းပြည်ပ ဈေးကွက်ထိခိုက်ခြင်းမရှိစေရန် ပစ္စည်းမှန်၊ အရည်အသွေးမှန်၊ ဈေးမှန်၊ အရောင်းအဝယ် မှန်ကန်စေရေး သစ်သီးဝလံအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။                                   ခင်မြင့်မြင့်သန်း

Friday, 20 May 2011

စင်ကာပူသွားတဲ့ မန်းသရက်                   ဧပြီလ ၂၇-၂၈ ရက်မှစ၍ စိန်တလုံးသရက်များ စင်ကာပူသို့ လေကြောင်း လိုင်းဖြင့် တင်ပို့နေပြီး စတင်ပို့သည်မှ ယနေ့အထိ ၆ တန်ကျော် တင်ပို့ပြီးဖြစ်ကြောင်း သိရပါတယ်။ မန်းမှ ရန်ကုန်သို့ Express  ကား (ရာဇာထွန်း) ယာဉ်လိုင်း နှင့်တင်ပို့ပြီး သယ်ခ တစ်ဖာနှုန်း ၇ဝဝ ကျပ်မှ ၈ဝဝ ကျပ်နှုန်းဖြင့် တင်ရကြောင်း၊ သရက်ဂျပ်ဖာများ လူထိုင်သည့်ခုံနေရာပေးပြီး တင်ပို့ခွင့်ရတဲ့အတွက် အဲယားကွန်း အအေးဓာတ်ကြောင့် သရက်သီးများ အပူဒဏ်မခံရဘဲ သယ်ယူရာတွင် အဆင် ပြေကြောင်းနဲ့ နေ့စဉ်သရက်သီးရရှိမှုပေါ်မူတည်ပြီး ဖာ ၁ဝဝ မှ ၃ဝဝ ကျော်အထိ တင်ပို့ပြီး စနေ၊ တနင်္ဂနွေရက်များတွင် နားကြောင်း သရက်အစုအဖွဲ့ဥက္ကဋ္ဌ သဇင်နွယ်ခြံပိုင်ရှင် ဒေါ်သန်းသန်းဆွေက ပြောပါတယ်။ ခင်မြင့်မြင့်သန်း

Friday, 20 May 2011

ရာသီချိန်သရက်သီးဈေးကွက် ရောင်းအားတက်                 ယခုအချိန်တွင် မူဆယ် ၁ဝ၅ မိုင် သစ်သီးဝလံကုန်စည်ဒိုင်တွင် အရောင်း အဝယ် အကောင်းဆုံးသီးနံှမှာ သရက်သီးဖြစ်ပါတယ်။ ကျောက်ဆည်၊ အုန်းချော၊ ဟန်မြင့်မိုရ်နှင့် စဉ့်ကိုင်မြို့နယ်များမှ မေ ၆ ရက်မှ ၁၂ ရက်ထိ တင်ပို့လျက်ရှိသော သရက်သီးတန်ချိန် စုစုပေါင်းမှာ ၃၃၆၉ ဒသမ ၅ မက်ထရစ် တန်ဖြစ်ပြီး စိန်တစ်လုံးအိတ်စွပ်သရက်သီးမှာ ၁၁၇၈ မက်ထရစ်တန်၊ ရွှေဟင်္သာသရက်မှာ ၁၃၂၃ ဒသမ ၅ မက်ထရစ်တန်နှင့် အကြမ်းသီးမှာ ၈၆၈ မက်ထရစ်တန် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။                    ဈေးနှုန်းမှာ စိန်တစ်လုံးအိတ်စွပ်သီး တစ်တန်ကို ၇၃၉ ဒေါ်လာ၊ ရွှေဟင်္သာ အိတ်စွပ်သီးမှာ ၆၉၃ ဒေါ်လာနဲ့ အကြမ်းသီးမှာ ၄၃၁ ဒေါ်လာဖြစ်ပြီး တစ်ဖက် နိုင်ငံမှ ဝယ်လိုအားကောင်းနေသည့်အတွက် တစ်ရက်ကို တန်ချိန် ၂၅ဝ မှ ၅ဝဝ ကြား ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။     ခွန်မင်းသန့်

Friday, 20 May 2011

မော်လမြိုင်နတ်စမ်းကြက်မောက် လှိုင်လှိုင်ပေါ်ပြီ                   နတ်စမ်းကျေးရွာဟာ ကိုျက်မရောမြို့နယ် ဘိန်းမျောကျေးရွာအုပ်စု၊ မော်လမြိုင် ကျိုက်မရောကားလမ်းမပေါ်တွင် ရှိပါတယ်။ နတ်စမ်းကြက်မောက်သီးဟာ မော်လမြိုင်ဈေးကွက်မှာ ယခုမေလဆန်းပိုင်း လှိုင်လှိုင်ဝင်ရောက် နေချိန်ဖြစ်လို့ မော်လမြိုင်ရှိပွဲရုံများအပြင် လမ်းဘေးဆိုင်ခွဲလေးများတွင် ဈေး နှုန်းခိုျသာစွာဖြင့် ရောင်းချနေကြပါတယ်။                    နတ်စမ်းကြက်မောက်သီးဟာ ယိုးဒယားကြက်မောက်သီးကဲ့သို့ အစေ့ ကျွတ်ပြီး အရသာမှာ အချိုစူးသော အရသာရှိပါတယ်။ ယိုဒယားကြက်မောက်သီး တစ်ကီလို ၁၅ဝဝ ကျပ်၊ နတ်စမ်းကြက်မောက် အလုံး ၁ဝဝ ကို လုံးသေး ၂ဝဝဝ ကျပ်၊ လုံးကြီး ၃ဝဝဝ ကျပ်နဲ့ ဝယ်ယူရောင်းချနေကြပါတယ်။ ၎င်းကြက်မောက်သီးဟာ ဈေးနှုန်းသက်သက်သာသာနဲ့ များများစားရလို့ ရန်ကုန်ဈေးကွက် ကို တင်ပို့ရောင်းချပါတယ်။ သန်းးသန်းးဝင်

Friday, 20 May 2011

ဈေးကောင်းရတဲ့ ရမည်းသင်းစပျစ်                   မန်းသစ်သီးပွဲရုံတွေမှာ သရက်တွေအဝင်များနေသလို မိုးစပျစ်တွေလည်း အဝင်းများနေတယ်လို့ စပျစ်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။ အဝင်များတာ ကတော့ မိုးလာရင်အထားမခံတာကြောင့် အချိန်မီခူးကြရလို့ ဖြစ်ပါတယ်။ တစ်နေ့အဝင် ၄ ပိဿာဝင် စပျစ်ဖာ ၃ဝဝဝ၊ ၄ဝဝဝ ခန့်ရှိပါတယ်။ မနှစ်က ဒီအချိန် စပျစ်ဈေးက ၄ ပိဿာဝင်စပျစ်ညိုဝိုင်းတစ်ဖာ ၁၅ဝဝ ကျပ်၊ ၂ဝဝဝ ကျပ် ခန့်ရှိပါတယ်။ ယခုနှစ်မှာ စပျစ်ညိုဝိုင်းတစ်ဖာ ၄ဝဝဝ ကျပ်၊ ၄၅ဝဝ ကျပ်၊ စပျစ်အချွန်းတစ်ဖာ ၅ဝဝဝ ကျပ် ရှိပြီးရမည်းသင်းစပျစ်များဖြစ်ကြတယ်လို့ သိရပါတယ်။ အေးအေးတင့််

Wednesday, 4 May 2011

မော်လမြိုင် ဒူးရင်းသီး လှိုင်လှိုင်ပေါ်ပြီ                 မွန်ပြည်နယ်ရဲ့ အဓိကထွက်ကုန်သီးနံှတစ်မျိုးဖြစ်တဲ့ ဒူးရင်းသီးဟာ စတင်ပေါ်ချိန် ဧပြီလဆန်းပိုင်း၌ မော်လမြိုင်မြို့ ဈေးကွက်တွင် အလုံးသေး တစ်လုံးကို ကျပ် ၃ဝဝဝ၊ အလုံး ကြီး တစ်လုံး ကျပ် ၆ဝဝဝ ကျပ်ရှိပြီး ထိုင်းဒူးရင်းသီးမှာ အလုံးသေး ကျပ် ၄ဝဝဝ၊ အလုံးကြီး ကျပ် ၇ဝဝဝ တို့ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                 ယခုအခါ မော်လမြိုင်ဈေးကွက်ရှိ ပွဲရုံများသို့ မြို့နယ်အသီးသီးမှ ဒေသ ထွက်ဒူးရင်းသီးတစ်နေ့ကို အလုံး ၆ဝဝဝ ခန့် ဝင်ရောက်လျက်ရှိသလို ထိုင်းမှ ဒူးရင်းသီးများလည်း တစ်ရက်ခြား မြဝတီကားဆင်းသော နေ့များမှာ လုံးရေ ၈ဝဝဝ ခန့် ဝင်ရောက်လျက်ရှိပါတယ်။ ဧပြီလ နောက်ဆုံးပတ် ဒေသထွက် ဒူးရင်းသီးတစ်လုံး လုံးသေး ၂ဝဝဝ ကျပ်၊ လုံးကြီး ၅ဝဝဝ ကျပ်ဖြင့် လည်းကောင်း၊ ထိုင်းဒူးရင်းသီးမှာ တစ်လုံးကို လုံးသေး ကျပ် ၃ဝဝဝ မှ လုံးကြီး ကျပ် ၆ဝဝဝ ထိ ရောင်းချနေကြောင်း၊ မော်လမြိုင်သစ်သီးပွဲရုံများ ဈေးကွက်က သိရပါတယ်။ သန်းသန်းဝင်း

Wednesday, 4 May 2011

သီရိမာလာပန်းဈေးကွက်သို့ ဝင်ရောက်လာသော တရုတ်ပန်း              မန္တလေးမြို့၊ သီရိမာလာပန်းဈေးကွက်သို့ ပြင်ဦးလွင်ပန်းများ ရှားပါးချိန်မှာ တရုတ်နိုင်ငံမှ လီလီပန်းနဲ့ ကာနေးရှင်းပန်းများ ဝင်ရောက်လာကြပါတယ်။ တစ်ရက်မှာ ဟိုင်းလတ်ကား သုံးစီးခန့် မူဆယ်ပန်းကုန်သည်များနှင့် မန္တလေးပန်းကုန်သည်တို့ ချိတ်ဆက်ပြီး ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ဟိုင်းလတ်ကားတစ်စီးမှာ ၁ ဒသမ ၈ တန်၊ ပန်းသေတ္တာကြီး ၁ဝ တာ၊ တစ်တာမှာ ၁၈ဝ ကီလိုဂရမ်ခန့်ရှိပြီး ပန်းစီးရေ ၈ဝ စီးရှိပါတယ်။ ဈေးနှုန်းက တစ်တာလျှင် ၂ဝ၄ဝဝဝ ကျပ်ဖြင့် ဝယ်ရပါတယ်။ သီရိမာလာပန်းဈေးကွက်မှ ကုန်သည်တစ်ဦးက ''ပြင်ဦးလွင်၊ လက်ကောင်းပန်းရှားပါးတဲ့အချိန်မှာ မူဆယ် ၁ဝ၅ မိုင်မှ တစ်ဆင့် မှာယူထားတဲ့ တရုတ်လီလီပန်းနဲ့ ကာနေးရှင်းပန်းတွေကို အစားထိုးရောင်းချရပါတယ်။ မြန်မာ ပန်းဈေးကွက်မှာ အသင့်အတင့်နေရာယူလာပြီဖြစ်တဲ့ တရုတ်လီလီပန်းနဲ့ ကာနေးရှင်းပန်းတွေကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်မြို့ကြီးများသို့ ထပ်ဆင့်တင်ပို့ရောင်းချပါတယ်။ တရုတ်ပန်းတွေက အရည်အသွေးနဲ့ထုပ်ပိုးမှု နည်းပညာတွေက မြင့်မားပါတယ်။ ဘုရားပန်း လှူရာမှာ တစ်လအထိအထားခံပါတယ်။ နောက်ပြီး ဘုရားပန်းအိုးရေကလည်း အနံ့မထွက်ပါဘူး။ လီလီပန်း တစ်စီးကို ကျွန်တော်တို့ ရောင်းတဲ့ဈေးက ၃၅ဝဝ ကျပ်၊ ၄ဝဝဝ ကျပ်ဖြစ်ပြီး၊ ကာနေးရှင်းပန်းတစ်စီးကို ကျပ် ၄ဝဝဝ ကျပ်၊ ၄၅ဝဝ နဲ့ လက်လီပြန်လည်ရောင်းချပါတယ်။ ပြင်ဦးလွင်လက်ကောင်းပန်းတွေ လှိုင်လှိုင်ပေါ်လာရင်တော့ တရုတ်ပန်းတွေ အရောင်းထိုင်း သွားပါတယ်''လို့ ဆိုပါတယ်။ ကျော်ဦး

Pages