Background
ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမသုံးလတာကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၂၁၅၇ ဒသမ ၁၉၉ တန် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၅၂ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ဧပြီ ၁ ရက်မှ ဇွန်လကုန်အထိ သုံးလတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ပုစွန်မက်ထရစ်တန် ၂၁၀ဝ ဒသမ ၇၇၉ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၄၁ သန်း ရရှိခဲ့သည်။
ထို့ပြင် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှလည်း မက် ထရစ်တန် ၅၆ ဒသမ ၄၂ တန် တင်ပို့နိုင်ခဲ့ကာ အမေရိကန် ဒေါ်လာ သုည ဒသမ ၃၁၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုလျာထားချက် ၆၃ဒသမ၉၈ ရာခိုင်နှုန်းထိ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) ၏ ထုတ်ပြန်ချက်အရ သိရသည်။
လတ်ဆတ်သစ်သီးဝလံများဖြစ်သည့် သရက်၊ ဖရဲ၊ သခွားမွှေး၊ တစ်ရှူးငှက်ပျောတင်ပို့မှုလျာထားချက်သည် ၄၁ ဒသမ၃၆ ရာခိုင်နှုန်း၊ သစ်သီးဝလံ အစိုအခြောက်များဖြစ်သည့် ဥနှင့် ချင်းတင်ပို့မှု လျာထားချက် ၈၈ ဒသမ ၈၆ ရာခိုင်နှုန်း ရှိခဲ့ကာ အားကောင်းခဲ့သည်။
ငလျင်ဘေးအန္တရာယ် ကျရောက်နိုင်သည့် အာဆီယံဒေသတစ်ဝန်းတွင် အဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်နိုင်ရေးအတွက် အရည်အသွေးမြင့် သံမဏိများအသုံးပြုရန် အလွန်အရေးကြီးကြောင်း အာဆီယံ သံနှင့်သံမဏိကောင်စီASEAN Iron & Steel Council – AISC) က အစီရင်ခံစာတစ်စောင် ထုတ်ပြန် တိုက်တွန်းထားကြောင်း သိရသည်။
ယင်းအစီရင်ခံစာတွင် အာဆီယံနိုင်ငံများ၌ ဆောက်လုပ်ရေး လုပ်ငန်းသုံးသံမဏိများ၏အရည်အသွေးနှင့်ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သုံးသပ်ထားပြီးInduction Furnace (IF) စနစ်ဖြင့် ထုတ်လုပ်သည့် သံမဏိများ၏ အရည်အသွေးဆိုင်ရာ အန္တရာယ်များကို အဓိကထည့်သွင်း ဖော်ပြထားသည်။
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။
စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ဒေသထွက် မိုးစီးဖိနပ်များသည် ရေစိုခံနိုင်ပြီး ချော်လဲမှုမရှိအောင် အထူးထုတ်လုပ်ထားသောကြောင့် မိုးရာသီအတွက် အထူးသင့်လျော်လှပသော ပြည်တွင်းဖြစ် ဖိနပ်များဖြစ်သည်။
အရည်အသွေးမြင့် ရော်ဘာအသားများကို အသုံးပြု ထားသောကြောင့် ရေစိုခံနိုင်ပြီး ရေစက်များ၊ ရွှံ့များပေကျံပါကလည်း ရေဆေးချရုံဖြင့် အလွယ်တကူ သန့်စင်နိုင်သည်။ မိုးစီးဖိနပ် အောက်ခြေကို အထူးဒီဇိုင်းဖော်ထားသဖြင့် ကြွေပြားများ၊ ရေညှိများ သို့မဟုတ် စိုစွတ်နေသောလမ်းများပေါ်တွင် စိတ်ချလက်ချ လမ်းလျှောက်နိုင်သည်။ အကြမ်းခံကာ သက်သောင့်သက်သာဖြစ်စေရန် ပြုလုပ်ထားသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို ဒေသစီးပွားဖြစ် လုပ်ကိုင်ကြပြီး စိုက်ပျိုးသီးနှံများစွာမှ တောင်သူအကျိုးအမြတ်ရရှိနိုင်သော ကြက်သွန်နီသီးနှံကို တစ်မြို့နယ်လုံးနီးပါး အဓိကအားထား စိုက်ပျိုးကြသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဈေးကွက်အခြေအနေတွင် ပြည်တွင်းဖြစ် (MSME) ကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးမြှင့်တင်နေသကဲ့သို့ တစ်ဖက်တွင်လည်း စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန (DOCA) မှ ဈေးကွက်အတွင်းရှိ ကုန်ပစ္စည်းများကို စနစ်တကျ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို မိတ္ထီလာမြို့နယ်များရှိ ကျေးရွာများနှင့် သာစည်မြို့နယ်များမှ မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင် ကုန်ချိန် ၈၂ တန်ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
တာချီလိတ်ကုန်သွယ်ရေးခန်းမှ တိရစ္ဆာန်အရှင်တင်ပို့မှုအနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးဘက်မှ ဆိတ်၊ နွားများကို မွေးမြူစုဆောင်းပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်များ၊ ကာကွယ်ဆေးထိုးပြီးကြောင်း စစ်ဆေးခြင်းများ၊ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်လက်မှတ်၊ တိရစ္ဆာန်သယ်ဆောင်ခွင့်လက်မှတ်နှင့် သယ်ဆောင်ခွင့်အထောက်အထားများရရှိပါက ပို့ကုန်လိုင်စင်အား မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ဈေးနှုန်းထောက်ခံချက်ဖြင့် လိုင်စင်ရယူပြီး လာအိုနိုင်ငံသို့ တင်ပို့လျက်ရှိသည်။
ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံမြေသြဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုနေသည့် မြေသြဇာ အမျိုးအစားများအတွက် ရန်ကုန်အထိုင်လက်ကား ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ကြေညာခဲ့သည်။
ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရည်ညွှန်းလက်ကားဈေးနှုန်းအား ကျပ် ၁၂၀ဝ၀ဝ အဖြစ် သတ်မှတ်ထားပြီး ယင်း ဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
