Main menu

Background

Thursday, 2 Dec 2010

 ဒေါ်လာ ရေနံ နဲ့ ရွှေ တို့ရဲ့ အလားအလာ      ကမ္ဘာ့စီးပွားရေးဟာ ၂ဝဝ၉ ခုနှစ် ကဖြစ်ပွားခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်းကပြန်လည်နာလန်ထူစပြုနေ ပြီဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာ့စီးပွားရေး နာလန်ထူမှုဟာ နှေးကွေးနေဆဲဖြစ်နေ သလို တစ်ကျော့ပြန်စီးပွားရေးဆုတ်ကပ်အတွင်းကျရောက်နိုင်သေးတယ်ဆို တဲ့စိုးရိမ်မှုတွေရှိနေဆဲဖြစ်ပါတယ်။ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပြီး နောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ တန်ဖိုးဟာ ယိမ်းယိုင်မှုတွေရှိလာပြီး ကမ္ဘာ့ဈေးကွက်တွေမှာဒေါ်လာရဲ့အခန်း ကဏ္ဍနဲ့ပတ်သက်ပြီး မေးခွန်းထုတ်စရာ တွေဖြစ်လာခဲ့ပါတယ်။            အလားတူပဲ ဥရောပဒေသမှာရှိတဲ့ ဂရိနိုင်ငံရဲ့ ေြွကးမြီ အခက်အခဲ ပြဿနာကြောင့်ယူရိုငွေကြေးအပေါ်မှာ ဂယက်ရိုက်ခတ်မှုတွေရှိနေခဲ့ပါတယ်။ ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေထဲက ဂရိနိုင်ငံ အကျပ်အတည်းဖြေရှင်းပြီးချိန် နောက်ပိုင်းမှာ အိုင်ယာလန်နိုင်ငံရဲ့ ေြွကးမြီ ပြဿနာထပ်ဆင့်ပေါ်ပေါက်ခဲ့တဲ့အတွက် အိုင်ယာလန်နိုင်ငံ ကို ငွေကြေးအကျပ်အတည်းက လွတ်မြောက်ရေးအတွက် ကယ်ဆယ်ဖို့ ဥရောပသမဂ္ဂနဲ့အိုင်အမ်အက်ဖ် တို့ကဝိုင်းဝန်းဖြေရှင်းဖို့ ကြိုးပမ်းခဲ့ရပါတယ်။              လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ စီးပွားရေးရဲ့ မရေမရာမှုန်ဝါးမှု တွေကြောင့် အမေရိကန်ဒေါ်လာနဲ့ ဈေးသင့်တဲ့အခါမှာ ရွှေရဲ့ တန်ဖိုးဟာ ဆက်လက်ခိုင်မာနေဦးမယ်လို့ ဈေးကွက်လေ့လာသူ တွေကယုံကြည်ထားကြပါတယ်။ ယူရိုငွေကြေး မတည်မငြိမ်ဖြစ်နေ တာတွေ ဒေါ်လာနဲ့ ထားတဲ့အရန်ငွေကြေး တစ်ပုံတစ်ပင်ကြီး ပိုက်မိ နေတဲ့ အဖြစ်မိုျးကြောင့်နိုင်ငံခြားငွေကိုင်ထားရတာကို  အကာအရန် သဘောနဲ့ တရုတ်နိုင်ငံက ရွှေဘက်ကို ဦးလှည့်လာနိုင်စရာ ရှိနေပါ တယ်။     ကမ္ဘာ့ရှယ်ယာဈေးကွက်တွေ မရေမရာဖြစ်နေတာတွေနဲ့ အရှေ့ အလယ်ပိုင်းဈေးကွက်မှာ ဝရုန်းသုန်းကားဖြစ်လာနိုင်တာတွေကြောင့် ရွှေဟာ ရှယ်ယာဈေးကွက်တွေကို   ကျော်တက်သွားနိုင်တယ်လို့ ကျွမ်း ကျင်သူတွေက ယုံကြည်ထားပါတယ်။        ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း ကာလနောက်ပိုင်းမှာ ကမ္ဘာ့ ပို့ကုန်လုပ်ငန်းတွေကျဆင်းမှုနဲ့အတူ စက်မှုလုပ်ငန်းတွေအတွက် စွမ်းအင်ကို ရရှိစေတဲ့ ရေနံရဲ့ဈေးနှုန်းတွေလည်း ကျဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေးနာလန်ထူလာပြီး ပို့ကုန်လုပ်ငန်းတွေ ပြန်လည်တိုးတက်လာချိန်မှာ ရေနံဈေးတွေလည်း မြင့်တက်လာခဲ့ပါတယ်။၂ဝဝ၉ ခုနှစ်က ရေနံရဲ့ တစ်နှစ်ပျမ်းမျှ ဈေးနှုန်းကတစ်စည် ကို ၆၂ ဒေါ်လာသာရှိခဲ့ပါတယ်။၂ဝ၁ဝ ခုနှစ် ပထမနှစ်ဝက်ကာလမှာတော့ ခန့်မှန်းခြေ ၂၅ ရာခိုင်နှုန်းမြင့်တက်လာပြီး တစ်စည်ကို (ဘရင့်ရေနံ) ၇ ဒေါ်လာထပ်ပြီး  ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဒေါ်လာရဲ့ရှေ့အလားအလာ                ဒေါ်လာရဲ့တန်ဖိုးက အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး အခြေအနေ၊ ကမ္ဘာ့စီးပွားရးအခြေအနေတွေ ပေါ်မူတည်ပြီး အတက်အကျရှိနေတတ်ပါတယ်။ ယခုနှစ်အတွင်းမှာ  ယူရိုရဲ့တန်ဖိုးဟာ ဒေါ်လာနဲ့ဖလှယ်ရာမှာ တန်ဖိုးမြင့်တက်လာခဲ့သလို ဂျပန်ယန်း ငွေက လည်း ဒေါ်လာနဲ့ဖလှယ်ရာမှာ ၁၅နှစ်အတွင်း အမြင့်ဆုံးအထိရောက် ရှိခဲ့ပါတယ်။ ထို့အတူ ထိုင်းနဲ့  မလေးရှားတို့လို အာရှနိုင်ငံအချို့ရဲ့ ငွေကြေးတွေရဲ့တန်ဖိုးတွေကလည်း ၁၅ နှစ်အတွင်း အမြင့်ဆုံး အနေ အထားကို ရောက်ရှိခဲ့ပါတယ်။ ရေရှည်မှာ ဘတ်ဂျက်လိုငွေ ထိန်းချုပ် နိုင်ဖို့ ၊ ပို့ကုန်လုပ်ငန်းတွေ မြှင့်တင်နိုင်ဖို့နဲ့ ဘတ်ဂျက်လိုငွေတွေကိုလျှော့ချ နိုင်ဖို့အတွက် အမေရိ ကန်နဲ့ ဥရောပ နိုင်ငံတွေက ငွေကြေးတန်ဖိုး ကျဆင်းတာကို ပိုမို သဘောကျပါတယ်။ ထိုနည်းတူ တခြားနိုင်ငံတွေက လည်း ငွေကြေးတန်ဖိုးမြင့်တက်မှုနဲ့ ငွေဖောင်း ပွမှုကိုထိန်းချုပ်ဖို့ အတွက် ငွေကြေးတန်ဖိုးမြင့်တက်နေတာကို ထိန်းချုပ်ဖို့ ကြိုးပမ်းလာ ကြပါတယ်။    အထူးသဖြင့် တရုတ်ယွမ်ငွေကြေး တန်ဖိုးကျဆင်းတာဟာ တရုတ်ပို့ကုန်တွေပြည်ပမှာ ယှဉ်ပြိုင်နိုင်မှုစွမ်းအင်တိုးတက်လာအောင် တမင်ဖန်တီးထားတယ်လို့ အမေရိကန်ပြည်ထောင်စုက အစဉ် တစိုက် စွပ်စွဲပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးနာလန်ထူမှုကို ခိုင်မာလာစေဖို့အတွက် ဒေါ်လာဘီလီယံ ၆ဝဝ နဲ့ စီးပွားရေး စွမ်းအားမြှင့် အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါတယ်။ အလားတူ အင်္ဂလန်ဘဏ်နဲ့ ဂျပန်ဗဟိုဘဏ်တို့ကလည်း လှည့်ပတ်ငွေ ကြေးတိုးပွားလာစေမဲ့Quantitative Easing ခေါ်အစီအစဉ်တွေကိုဆောင်ရွက်လာပါတယ်။            နိုင်ငံအများအပြားက အပြိုင်အ ဆိုင်ငွေကြေးတန်ဖိုး ကျဆင်း စေမဲ့လုပ်ရပ်တွေ ဆောင်ရွက်လာတဲ့အတွက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ ဂျီ-၂ဝ ထိပ်သီးဆွေးနွေးပွဲမှာ  အိုင်အမ်အက်ဖ် ညွှန်ကြားရေးမှူးချုပ် ဒိုမနစ်စထရော့ခန်းက 'ငွေကြေးစစ်ပွဲ' တွေဖြစ်နေပြီလို့ သတိပေးပြောကြားခဲ့ပါတယ်။ ဒါကြောင့်ဂျီ-၂ဝ ခေါင်းဆောင်တွေက ''အပြိုင်အဆိုင်ငွေတန်ဖိုးချ''တာကို  ရှောင်ရှားဖို့ ကတိပြုခဲ့ပါတယ်။         လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း က ဥရောပအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ ေြွကးမြီ အကျပ်အတည်းကြောင့် ယူရိုတန်ဖိုးနိမ့်ကျပြီး ဒေါ်လာ တန်ဖိုး တက်ခဲ့ပါတယ်။ ယူရိုငွေတန်ဖိုးဟာ မေ ၁၉ ရက်က  တစ် ဒေါ်လာကို ၁ ဒသမ ၂၁၄၄ အထိကျ ဆင်းခဲ့တဲ့အတွက် ၂ဝဝ၆ ဧပြီ နောက်ပိုင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့အဖွဲ့ဝင်နိုင်ငံ အတော်များများက ငွေကြေးကိစ္စကို ဝင်ရောက်ကိုင်တွယ်ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် တစ်ယူရိုကို ၁ ဒသမ ၃ဝ ဒေါ်လာနဲ့ ယူရို တန်ဖိုး တည်ငြိမ်နေမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်ပြည်ထောင်စုက ရသုံးမှန်းခြေငွေစာရင်းလိုငွေ  အကြီးအကျယ်ပြနေတဲ့အတွက် နိုင်ငံခြားငွေတွေ ကိုဝယ်ယူဖို့နဲ့ ေြွကးမြီ ပြန်ဆပ်ဖို့အတွက် အမေရိကန်ဒေါ်လာကို ရိုက်နှိပ်ထုတ် ဝေပြီး ဒေါ်လာကို ရောင်းချနေရပါတယ်။ ဒါကြောင့်ဒေါ်လာငွေကြေး တန်ဖိုးဟာ ကျလာနိုင်ပါတယ်။ တရုတ်နိုင်ငံလို အချို့နိုင်ငံတွေရဲ့ အရန်ငွေကြေးတွေမှာ ဒေါ်လာပါဝင်မှုတွေ မြင့်မားလာမှာဖြစ် ပါတယ်။ နောက်ဆုံးမှာဒီနိုင်ငံတွေက ဒေါ်လာတွေကိုရောင်းချပြီး ယူရို၊ ရေနံနဲ့ ရွှေလိုပစ္စည်းတွေကို ဝယ်ယူလာတော့မှာဖြစ်ပါတယ်။ ၂ဝ၁၁ ခုကနေ ၂ဝ၁၂ ခုနှစ်အထိ ဒေါ်လာတန်ဖိုးဟာ အကျဘက်မှာ ဆက်လက် တည်ရှိနေမယ်လို့ လေ့လာဆန်းစစ်သူအများစုက ခန့်မှန်း ထားပါတယ်။ရေနံရဲ့ ရှေ့အလားအလာ              ဥရောပနဲ့ အာရှမှာ စီးပွားရေးဖွံ့ဖြိုးမှုကခန့်မှန်းထားတာထက် ပိုမိုလာမှာဖြစ်တဲ့အတွက် ၂ဝ၁၁ ခုနှစ်မှာ ရေနံသုံးစွဲမှု ပိုမိုတိုးတက် လာပြီး လာမဲ့နှစ်မှာ တစ်နေ့ရေနံသုံးစွဲမှုက စည် ၈၇ သန်းထိ  ရောက်ရှိ လာမယ်လို့ အိုပက်က ခန့်မှန်းထားပါတယ်။ အပြည်ပြည်ဆိုင်ရာစွမ်း အင် အေဂျင်စီ (အိုင်အီးအေ)ကလည်း ရေနံတစ်ရက် သုံးစွဲမှုက ၂ သန်း တိုးတက်ပြီး တစ်ရက်အသုံးက ၂ဝ၁၁ ခုမှာ ၈၈ ဒသမ ၅ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ဒါကြောင့် ရေနံဈေး က ၂ဝ၁၁မှာတစ်စည်ကို ဒေါ်လာ ၁ဝဝ အထိ ပြန်တက် လာနိုင်ပါတယ်။ ဒါပေမဲ့ ရေနံရဲ့ ပျမ်းမျှဈေးနှုန်းဟာ တစ်စည်ကို ၇၅  ဒေါ်လာကနေ ဒေါ်လာ ၉၂ ဝန်းကျင်မှာ ရှိနေနိုင်တဲ့အတွက် ၂ဝ၁ဝ ခုနှစ်ကရှိခဲ့တဲ့ တစ်စည် ၆၅ ဒေါ်လာနဲ့ တစ်စည်ကို ဒေါ်လာ ၈၀ထက်အနည်းငယ်မြင့်တက်မှုရှိလာပါတယ်။               တရုတ်နိုင်ငံရဲ့ရေနံသုံးစွဲမှုဟာ ၇၅ ရာခိုင်နှုန်းထိ တိုးတက်လာမှာ ဖြစ်တဲ့ အတွက် ၂ဝ၃၅ ခုနှစ်မှာ က မ ္ဘ ာ့ စွမ်းအင် သုံးစွဲမှုဟာ ၃၆ ရာခိုင်နှုန်း ထိ တိုးတက်လာ မယ်လို့ အိုင်အီးအေက နောက်ဆုံးထုတ် ပြန် တဲ့World Energy Out Look 2010  ၂ဝ၁ဝ မှာ ဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ အမေရိကန် ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ စွမ်းအင်သုံးစွဲတာ အများဆုံးဖြစ်လာလိမ့် မယ်လို့ အိုင်အီးအေ အမှုဆောင် ဒါရိုက်တာ နိုဘူအိုတာနာကာက ပြောပါတယ်။ ရေနံ ဝယ်လိုအား တိုးတက်မှုရဲ့ထက်ဝက်ကတရုတ်နိုင်ငံရဲ့ ဝယ်လိုအားတိုး တက်မှုကြောင့် ဖြစ်ရတယ်လို့   ရေနံလုပ်ငန်းကွန်ဖရင့်တစ်ခုမှာ သူက ပြောပါတယ်။ယခုနှစ်စက်တင်ဘာ တင်သွင်းမှုက ၂ဝဝ၉ ခုနှစ် အလားတူကာလကထက် ၃၅ ရာခိုင်နှုန်း ပိုမိုခဲ့တယ်လို့သူ ကပြောပါတယ်။           ၂ဝ၁ဝ ပြည့်ရေနံရဲ့ဝယ်လိုအားက တရုတ်မှာ ၉ ဒသမ ၃ ရာခိုင်နှုန်း၊ လက်တင်အမေရိကမှာ ၄ ရာခိုင်နှုန်းနဲ့ အရှေ့အလယ်ပိုင်း မှာ ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မယ်လို့ Credit Suisse  က ခန့်မှန်းထားပါတယ်။ ရေနံဈေးနှုန်းဟာ ၂ဝ၁၁ ခုနှစ် ကုန်မှာ ရာဂဏန်းထိရှိလာမယ်  လို့ ဂိုလ်မန်ဆက်ကုမ္ပဏီက ခန့်မှန်းထားတယ် လို့ လွန်ခဲ့တဲ့ ရက်သတ္တပတ်က ထုတ်တဲ့ ဖိုင်နန်ရှယ်တိုင်းသတင်းစာရဲ့ ဆောင်းပါးတစ်ခုမှာ ဖေါ်ပြထားပါတယ်။ ဂိုလ်မန်ဆက်က ယခုလိုခန့်မှန်းရာ မှာ ကမ္ဘာ့ဝယ်လိုအားက ခန့်မှန်းထားတာထက် ပိုမိုမြင့်တက်လာတာ၊ ရေနံလက်ကျန် ကျဆင်းလာတာနဲ့ ကမ္ဘာ့ထုတ်လုပ်နိုင်တဲ့စွမ်း အား ကျဆင်းလာတာတွေ အပေါ်မှာ အခြေခံပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်။          ရေနံဈေးနှုန်းဟာ ဒေါ်လာ ၇ဝ ကနေ ဒေါ်လာ ၉ဝ အကြား မှာ ရှိနေမယ်ဆိုရင် ထုတ်လုပ်သူအတွက်ရော သုံးစွဲသူအတွက်ပါ အကောင်းဆုံး အနေအထား (Comfortable Zone) ဖြစ်မယ်လို့  ဆော်ဒီအာရေးဗီးယား ရေနံဝန်ကြီး အလီနိုင်မီက လွန်ခဲ့တဲ့လက မှတ်ချက် ချခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်က သူကြိမ်ဖန်များစွာ ပြောခဲ့တဲ့ ဒေါ်လာ ၇ဝကနေ ဒေါ်လာ ၈ဝ ကြားဆိုတဲ့ ခန့်မှန်းချက် ထက် အနည်းငယ် တိုးမြှင့်လာတာတွေ့ ရပါတယ်။ဆော်ဒီအာရေးဗီးယား ကမ္ဘာ့ ရေနံထုတ်လုပ် တင်ပို့ရာမှာ အများဆုံး နိုင်ငံဖြစ်တဲ့အတွက် သူ့ဝေဖန်ချက်က ရင်းနှီးမြူပ်နံှသူတွေအတွက် သတိထားစရာ  ဖြစ်ပါ တယ်။ရွှေရဲ့ ရှေ့အလားအလာ         ကမ္ဘာ့ဈေးကွက်တွေရဲ့ မရေရာမှုကြောင့် ရွှေဈေးနှုန်းဟာ အမြင့်ဆုံး အနေအထားကို ရောက်ရှိခဲ့ပါတယ်။ဒါကြောင့်ရွှေဟာ ငွေကြေးအတွက် အစားထိုးပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ ရွှေဈေးတွေမြင့်တက်ရတဲ့အ ကြောင်းရင်းထဲမှာ ငွေကြေး ဖေါင်းပွမှုကလည်း အကြောင်းရင်းတစ်ခုဖြစ်နေပါတယ်။၁၉၈ဝ ခုနှစ်က ရွှေဈေးကိုငွေကြေးဖေါင်းပွမှုနဲ့ ချိန်ညှိလိုက်ရင် ရွှေဈေးဟာ မကြာမီမှာ တစ်အောင်စကို ဒေါ်လာ ၅ဝဝဝ မဖြစ်ဘူးလို့ပြောဖို့ ခပ် ခက်ခက်ဖြစ်နေပါတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ စားသုံးသူဈေး နှုန်းဖောင်းပွမှုနဲ့ညှိရင် ၁၉၈ဝ က တစ်အောင်စရှိခဲ့တဲ့ ၈၇၅ဒေါ်လာဈေးဟာ ကနေ့ပေါက်ဈေးနဲ့ညှိလိုက်ရင် ဒေါ်လာ ၂၃ဝဝ ဈေးနဲ့ သွားညီနေတာကို တွေ့ရပါတယ်။ ရွှေရဲ့ဝယ်လိုအားက ၂ဝဝ၈ ခုနှစ်ဝယ်လိုအားထက် ၂ဝဝ၉ ခုနှစ်မှာ ရာခိုင်နှုန်းမြင့်မားပြီး  စုစုပေါင်း တန်ချိ န် ၃၃၈၅ ဒသမ ၈ တန်ရှိခဲ့ပါတယ်။ဈေး နှုန်းကတော့ ၂ဝဝ၈ ခုနှစ်ကရှိခဲ့တဲ့ တစ် အောင်စ ၈၇၁ ဒသမ ၉၆ ဒေါ်လာ ထက် ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး ပျမ်းမျှတစ်အောင်စကို ၉၇၂ ဒသမ  ၃၅ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။         လက်လီရင်းနှီးမြှုပ်နံှမှုနဲ့ လက်ဝတ်လက်စား ထုတ်လုပ်မှုမြင့် တက်လာတဲ့အတွက် ကမ္ဘာမှာ ရွှေအများဆုံးထုတ်လုပ်တဲ့ တရုတ် နိုင်ငံက လာမဲ့ဆယ်စုနှစ်အတွင်းမှာ ရွှေဝယ်လိုအား  နှစ်ဆတက်ပြီး နှစ်စဉ်တန် ၉ဝဝ ထိရှိလိမ့်မယ်လို့ ကမ္ဘာ့ရွှေကောင်စီကခန့်မှန်းထား ပါတယ်။        တရုတ်နိုင်ငံက သူ့ရဲ့ ရွှေအရန်ထားတဲ့ပမာဏကို တစ်ဆ တိုးမြှင့် ဖော်ပြထားပါတယ်။ တရုတ်လက်ဝယ်ရှိတဲ့ အရန်ရွှေဟာ မက်ထရစ်တန် ၁ဝ၆၄ တန်ရှိပါတယ်။ဒီပမာဏ ကတရုတ်နိုင်ငံခြား အရန်ငွေရဲ့ ၁ ဒသမ ၆ ရာခိုင်နှုန်းသာရှိပါသေးတယ်။ တရုတ်နိုင်ငံက ဒေါ်လာဈေးကျတဲ့ဒဏ်ကို ရှောင်ရှားနိုင်ဖို့အတွက် သူရဲ့နိုင်ငံခြား အရန်ငွေကြေးကို ရွှေနဲ့ရေနံဝယ်ထားဖို့ စိတ်ကူးရှိပါတယ်။တရုတ် နိုင်ငံဟာ အမေရိကန်ငွေတိုက်စာချုပ်တွေကို အများဆုံးလက်ဝယ် ထားရှိတဲ့နိုင်ငံဖြစ်ပြီး သြဂုတ်လက တန်ဖိုးဒေါ်လာ ၈၆၈ ဒသမ ၄ ဘီလီယံကနေ စက်တင်ဘာ လမှာ၁၅  ဒသမ ၁ ဘီလီယံထပ်တိုးပြီး ဒေါ်လာ ၈၈၃ ဒသမ ၅ ဘီလီယံဖိုးရှိနေပါတယ်။ ဒါပေမဲ့ တရုတ် နိုင်ငံရဲ့ရွှေပိုင်ဆိုင်မှုဟာ အမေရိကန်ပိုင်ဆိုင်တဲ့ ၈၁၃၃ တန်နဲ့ နှိုင်းယှဉ်ရင်  အများကြီးနည်းနေပါသေးတယ်။အလားတူပဲ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကလည်း ကမ္ဘာ့ငွေကြေးစစ်ပွဲ ဖြစ်မဲ့အလားအလာတွေ ပြင်းထန်နေချိန်နဲ့ အမေရိကန်ပြည်ထောင်စု က သူ့နိုင်ငံရဲ့လှည့်လည်ငွေကြေးကို တိုးမြှင့်ဖို့ကြိုးစားနေချိန်မှာ ရွှေကို ဝယ်ထားဖို့ကြိုးပမ်းလာကြပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ အရန်ဒေါ်လာငွေကြေးရဲ့ ၆၃  ရာခိုင်နှုန်းကိုရွှေနဲ့ထားတာဖြစ်ပါတယ်။          ရွှေအတုံးဈေးက သုံးလအတွင်း တစ်အောင်စကို ဒေါ်လာ ၁၄ဝဝ ဈေးဖြစ်ပြီးလက်ငင်းဈေးက အောက်တိုဘာ ၇ ရက်မှာ တစ် အောင်စကို ၁၃၆၄ ဒသမ ၇၇ ဒေါ်လာ ဖြစ်ခဲ့ပါတယ်။Source:rapidtrends.co;bloomberg; reuters;energybulletin.netecoaction.org;commodityonline

Wednesday, 8 Sep 2010

မြန်မာပေါ်စကို သွပ်ပြားစက်ရုံ         မင်္ဂလာဒုံ စက်မှုဇုန်ရှိ Myanmar Posco Steel Co.,Ltd   သည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် လုပ်ငန်းများကို စတင်လည်ပတ်အကောင်အထည်ဖော်ခဲ့ သည်။     အဆိုပါ   Posco Steel Co.,Ltd  ကို  ကိုရီးယားနိုင်ငံရှိ Posco Co.,Ltd မှ ၇ဝ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ ၃ဝ ရာခိုင်နှုန်းပါဝင်၍ အကိုျးတူ ပူးပေါင်းတည်ထောင်လုပ်ကိုင်ခဲ့ပါသည်။ ယခုအချိန်အထိ စက်ရုံလုပ်သားပေါင်း ၁၄၈ ဦးဖြင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည်။    Myanmar Posco Steel  အနေနှင့် နှစ်စဉ်ထုတ်လုပ်မှုပမာဏမှာ သွပ်တန်ချိန် ၂၅ဝဝဝ ခန့်ကို ကုန်ချောအဖြစ် ထုတ်လုပ်လျက်ရှိသည်။ အခါအားလျော်စွာ ဈေး ကွက်ရဲ့ လိုအပ်ချက်အရ တိုးမြှင့် ထုတ်လုပ်ခဲ့သည်များလည်းရှိသည်။ ထုတ်လုပ်နေ သည့် ကုန်ချောများကိုလည်း အရည်အသွေး ကောင်းမွန်စေရန်အတွက် ကိုရီးယားနိုင်ငံ Posco  မှ ပညာရှင် ၂ ဦးကိုယ်တိုင် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

Wednesday, 8 Sep 2010

 မင်္ဂလာဒုံစက်မှုဇုန်မှု TI Garment အထည်ခုျပ်စက်ရုံ        မင်္ဂလာဒုံစက်မှုဇုန်ရှိ TI Garment အထည်ခုျပ်စက်ရုံသည် ဂျပန်နိုင်ငံရှိ ITOCHU  ကုမ္ပဏီမှ ၂ဝဝ၂ ခုနှစ်လာ ရောက်ရင်း နှီးမြှုပ် နံှလုပ်ကိုင်နေသည့် စက်ရုံ ဖြစ်သည်။         စက်ရုံတွင်အသုံးပြု လျက်ရှိသည့် စက်များကို ဂျပန်နိုင်ငံမှ လာရောက် တပ်ဆင်ပြီး ပြည်တွင်းမှ လုပ်သားများကို နည်းပညာ များပြန့်ပွားလုပ်ဆောင်ခဲ့ သည်။ လိုအပ်သည့် ကုန်ကြမ်းအထည် များကိုလည်း ဂျပန်နိုင်ငံမှ တိုက်ရိုက် တင်သွင်းပြီး မှာယူသည့်အရေအတွက် နှင့် ဒီဇိုင်းအပေါ် ကုန်ချောထုတ်လုပ်ပြီး ပြန်လည်တင်ပို့ပေးလျက်ရှိသည်။ ဂျပန် နိုင်ငံမှတစ်ဆင့် ဥရောပနိုင်ငံများသို့ ပြန် လည်တင်ပို့ပါသည်။         စက်ရုံစတင်လည်ပတ် လုပ်ကိုင်စဉ် က လုပ်သား အင်အား ၂ဝဝ-၃ဝဝ ခန့် ဖြင့် လည်ပတ်လုပ်ကိုင်ခဲ့ရာ ယခုအချိန် တွင် လုပ်သားအင်အား ၈၃ဝ ဦး အထိ တိုးမြှင့်တိုးခဲျ့ဆောင်ရွက်လျက်ရှိပြီး ဒေသခံလူငယ်လူရွယ်များအား အလုပ်အကိုင် အခွင့် အလမ်း များ  တိုးပွားစေ သည့်အပြင် နည်းပညာများ ပြန့်ပွားခြင်း တို့ကိုဆောင်ရွက်ပေးလျက်ရှိသည်။       စက်ရုံ၏ ထုတ်ကုန်ပမာဏမှာ တစ်နှစ်လျှင် အင်္ကျီ ၁၇၃၈၂၁၂ ခန့်ခုျပ် လုပ်နိုင်ခဲ့သည်။ အများ ဆုံးမှာယူသည့် အင်္ကျီများမှာ ကျားဝတ်၊ ရှပ်အင်္ကျီ အများဆုံးဖြစ်သည်။

Wednesday, 8 Sep 2010

UMFCCI  မှ လူစွမ်းအားအရင်းအမြစ်ထူထောင်ပေးမှုများ    ပုဂ္ဂလိက စီးပွားရေးကဏ္ဍအတွက် ဦးဆောင်အဖွဲ့အစည်းဖြစ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းခုျပ်အနေဖြင့်လည်း ညီနောင်အသင်းများနှင့် လက်တွဲ ပူးပေါင်း၍ တစ်နိုင်ငံလုံး၏ ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းတွင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသော လုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ တစ်နည်းအားဖြင့် ပုဂ္ဂလိက ကဏ္ဍ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့ကျင့်ပိုျးထောင်မှုများကို စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသည်ကို အောက်ပါအတိုင်း တွေ့ရသည်။

Wednesday, 8 Sep 2010

 သိပ္ပံနှင့်နည်းပညာဆိုင်ရာတက္ကသိုလ်များ            ယနေ့ခေတ်ကို အသိပညာခေတ်ဟုခေါ်ဝေါ်လျက်ရှိသကဲ့သို့ ယနေ့ နိုင်ငံတကာစီးပွားရေး လောက ကိုလည်း အသိပညာ အခြေခံစီးပွားKnowledge Based Economy ဟု တင်စားခေါ်ဝေါ်လျက် ရှိသည်။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းက ၎င်းတို့နိုင်ငံ၏ လူသားအရင်းအမြစ်များအစဉ် ဖွံ့ဖြိုး တိုးတက်နေစေရေးအတွက် လူသားအရင်းအမြစ်နှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နံှမှုများကို အလေး ထားကာ ဆောင်ရွက်လျက်ရှိကြသည့်ကိုလည်း တွေ့ရသည်။ မြန်မာနိုင်ငံ၏ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နံှ ထူထောင်ခဲ့မှုများကို လေ့လာကြည့်မည်ဆိုပါက ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံ တော်အစိုးရသည် မြန်မာနိုင်ငံကို ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်လာစေရန် အတွက် ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များဖြင့် တည်ဆောက်ရန် ရည်သန်၍ သိပ္ပံနှင့် နည်းပညာရပ်များကို  ခေတ်နှင့်အညီ စဉ်ဆက်မပြတ်  လေ့လာဆည်းပူး အသုံးပြုနိုင်သော ပညာရှင်များ မွေးထုတ်ပေးနိုင်စေရန်အတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာတက္ကသိုလ်နှင့် ကောလိပ်များကို နိုင်ငံ တစ်ဝန်း တွင် ထူထောင်ဖွင့်လှစ်ပေးခဲ့သည်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် လိုအပ်လျက် ရှိသည့် နည်းပညာ ရှင်များကို ပြုစုပိုျးထောင် မွေးမြူပေးနိုင်ရန်အတွက် ကွန်ပူျတာနှင့် အင်ဂျင်နီယာဘွဲ့ရများနှင့် မဟာဘွဲ့ရ များကို မွေးထုတ်ပေးလျက်ရှိနေပါသည်။ ထို့ကြောင့် လည်း ၁၉၈၈ ခုနှစ်နောက်ပိုင်း သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်များနှင့် ကောလိပ်များ တိုးတက်ဖြစ်ထွန်းလာမှုကို အောက်ပါအတိုင်း တွေ့နိုင်ပါ သည်-၁၉၈၈ခုနှစ်နောက်ပိုင်း နည်းပညာတက္ကသိုလ်/ကောလိပ်/သိပ္ပံကျောင်းများမှ ၂၅၄၆၇၆ဦးနှင့် ကွန်ပူျတာတက္ကသိုလ်များမှ ၂၇၈၁၉ ဦး မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ စက်မှုကဏ္ဍအတွက် လူသားအရင်းအမြစ်များ လေ့ကျင့် မွေးထုတ်ပေးလျက်ရှိသည့် စက်မှုသင်တန်းကျောင်းများ၁၉၈၈ ခုနှစ်မတိုင်မီကာလက မြန်မာနိုင်ငံတွင် ပြည်ထောင်စုသမ္မတ ဂျာမဏီနိုင်ငံ၏ အကူ အညီဖြင့် တည်ထောင်ထားသည့် စက်မှုသင်တန်းကျောင်း(ဆင်တဲ)သာရှိခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်အစိုးရလက်ထက်တွင်  မိတ်ဆွေနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ အိန္ဒိယနိုင်ငံများ ဆီမှနည်းပညာနှင့် အကူအညီများရယူကာ စက်မှုသင်တန်းကျောင်း(၃)ကျောင်းကို တိုးခဲျ့တည်ထောင် နိုင်ခဲ့ပြီး တည်ဆောက်ဆဲ (မကွေး)စက်မှုသင်တန်းကျောင်း အပါအဝင် စက်မှုသင်တန်းကျောင်း(၄)ကျောင်း အထိ တိုးခဲျ့တည်ထောင်နိုင်ခဲ့ပါသည်။ အဆိုပါ စက်မှုသင်တန်းကျောင်းများမှ စဉ်ဆက်မပြတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုနိုင်ငံတည်ဆောက်ရာမှာပေါ်ထွန်းလာမည့်  စက်မှုနယ်မြေများ၊ စက်မှုဇုန် များရှိ စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်လာမည့် စက်မှုပညာရှင်များနဲ့ ကျွမ်းကျင်လုပ်သားများစွာကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့တယ်လို့လည်း သိရသည်။နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှုနဲ့အတူ ဌာနဆိုင်ရာတာဝန်ရှိသူတို့က စီစဉ်ဆောင်ရွက်ပေးနိုင်မှု များကြောင့် ယခုဆိုလျှင် ပြည်ပနိုင်ငံများသို့ သွားရောက်ပြီးစက်မှုအတတ်ပညာများ သင်ယူခဲ့သူများမှ ပြန်လည် ဖြန့်ဝေသင်ကြားပို့ချနေရာ၌ (ဆင်တဲ) စက်မှုသင်တန်းကျောင်းတွင် စက်မှုဘာသာရပ် (၈) မိုျးကို သင်တန်း အမှတ်စဉ် (၁ မှ ၂၉) အထိ  (၁.၁၂.၁၉၉၇) ရက်နေ့မှ (၃ဝ.၇.၂ဝ၁ဝ) ရက်အတွင်း ပညာရှင်ပေါင်း (၂၈၄၃) ဦးကို လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး စက်မှုသင်တန်းကျောင်း (မန္တလေး)မှ စက်မှုဘာသာရပ်(၆)မိုျးကို သင်တန်းအမှတ်စဉ် (၁နှင့်၂)အထိ (၁၆.၁ဝ.၂ဝဝ၈) ရက်မှ (၁၁.၈.၂ဝ၁ဝ) ရက်အတွင်း ပညာရှင်ပေါင်း (၂၈၉) ဦး လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့သည့်အပြင် စက်မှုသင် တန်းကျောင်း (သာဂရ)တွင် စက်မှုဘာသာရပ် (၄) မိုျးကို သင်တန်းအမှတ်စဉ် (၁ မှ ၂) အထိ (၁ဝ.၈.၂ဝ၁ဝ) ရက်မှ (၃ဝ.၆.၂ဝ၁ဝ) ရက်အတွင်း ပညာရှင်ပေါင်း (၂၂၃) ဦး လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး စက်မှုသင် တန်းကျောင်း(ပခုက္ကူ)တွင် စက်မှုဘာသာရပ် (၉)မိုျးကို သင်တန်း အမှတ်စဉ် (၁) အဖြစ် (၁၅.၇.၂ဝ၁ဝ) ရက်နေ့က ဖွင့်လှစ် သင်ကြား ခဲ့ရာ၌ သင်တန်းသားပေါင်း (၂ဝ၉) ဦး တက်ရောက်သင်ယူနေဆဲဖြစ်သည်။

Wednesday, 8 Sep 2010

 Excellence Mineral Manufacturingကုမ္ပဏီ၏ သံရည်ကြိုစတီးပုံလောင်းစက်ရုံ         လှိုင်သာယာစက်မှုဇုန်တွင် Excellence Mineral Manufacturing ကုမ္ပဏီမှ သံရည်ကြို စတီးပုံလောင်းစက်ရုံကို တည်ဆောက်ပြီး သွင်းကုန် အစားထိုးSteel ပစ္စည်းအမိုျးမိုျး ထုတ်လုပ်လျက်ရှိ သည်။ Stainless Steel, High Chromium Steel, High Nickel Steel, High Manganese Steel, High Alloy Steel နှင့့်် Low Alloy Steel စသော အဆင့်မြင့်သံနှင့် သံမဏိ ပစ္စည်းများကို မှာယူသည့် စက်ရုံအလုပ်ရုံလုပ်ငန်းများ၏   လိုအပ်ချက်အတိုင်း ပုံစံအမိုျးမိုျး၊ ပစ္စည်းအစိတ်အပိုင်းအမိုျးမိုျးကို ထုတ် လုပ်ပေးလျက်ရှိသည်။ ကုန်ကြမ်း Steel နှင့် သဲများအား တရုတ်(တိုင်ပေ)၊ထိုင်းနှင့် ဂျပန်နိုင်ငံတို့မှ မှာယူတင်သွင်းပြီး တရုတ် (တိုင်ပေ)အဆင့်မြင့် နည်းပညာဖြင့် အရည်အသွေးစံချိန်စံညွှန်းတိတိကျကျနှင့်ပုံလောင်းထုတ်လုပ်လျက်ရှိသည်၊လက်ရှိထုတ်လုပ် ပေးလျက်ရှိသော  Steel  ပစ္စည်းများမှာ အစိုးရဌာနများတွင် အသုံးပြုမည့် Impeler, Hinge, Plug Holder Mixer Crane hook, Finger, Toilet Locks  များ၊ ပုဂ္ဂလိက စက်ရုံများတွင်အသုံးပြုမည့် connecting rod, Nozzle, Roller, ‘ O ‘ ring, ‘ C ‘ ring, ‘ U ‘ Hook, Electrical Schackle, Elbow, Tee,  90 H Connector,Tee Connector, Three Way Connector များ Home Decoration Accessories များ ဖြစ်သည Handle, Lock, Soap Cup, Hinge Knob, 4 hole ball, 12 hole ball mid Holder, End Holder, Fencing Decoration များ ထုတ်လုပ်ပေးလျက်ရှိသည်။ ပြည်တွင်းဈေးကွက်အပြင် ထုတ်လုပ်သည့် Steel ပစ္စည်းအမိုျးမိုျးအား ထိုင်း၊တရုတ်(တိုင်ပေ)၊ စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။

Wednesday, 8 Sep 2010

 ဦးတင်မောင်ဝင်း၊ အုပ်ခုျပ်မှုဒါရိုက်တာ၊ ရူပသိဒ္ဓိလျှပ်စစ်မော်တော်ကားထုတ်လုပ်ရေးစက်ရုံ         'ကျွန်တော်တို့ ရူပသိဒ္ဓိကုမ္ပဏီကို ၂ဝဝ၃ ခုနှစ် မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကအင်ဂျင်နီယာဖြစ်လို့ မော်တော်ကားထုတ်လုပ် ရေးကို အထူးစိတ်ဝင်စားပြီး အဆင့်ဆင့်စမ်းသပ်   တီထွင်မှုကို သုတေသန ပြုလုပ်ခဲ့ပါတယ်။ ၂ဝဝ၃ ခုနှစ်မှာတော့ စမ်းသပ်တဲ့အဆင့်ကိုပထမဦးစွာ ဆောင်ရွက်ခဲ့ပါတယ်။ သတ်မှတ်တဲ့စံချိန်စံညွှန်းများ ရရှိနိုင်ဖို့လည်း စက်မှု (၁) ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး စစ်ဆေးခံဆောင်ရွက်ခဲ့ပါတယ်။ စမ်းသပ်သုတေသနပြုရင်းနဲ့ပဲ လူစီးလို့ရအောင်၊ စံချိန်မီအောင် ဆောင်ရွက်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကားမှာလျှပ်စစ် ပိုင်းနဲ့ ဂျင်နရေတာပိုင်းဟာ အဓိကကျပါတယ်။ ၂ဝဝ၉ ခုနှစ်မှာ စမ်းသပ်မှုအောင်မြင်ပြီးပထမဦးဆုံးအနေ နဲ့ ဂေါက်ကွင်းသုံးကားအဖြစ် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လျှပ်စစ်ကားဆိုတော့ သာမန်ကား တွေလို မိုင်များ များ တောက်လျှောက်မောင်းနှင်နိုင်အောင် စမ်းသပ်သုတေသနပြုပြီးယခုအခါမှာတော့ တောက်လျှောက် ၁ နာရီ သုံးနိုင်ပါတယ်။ ၅ဝ ကီလိုမီတာနဲ့ ၁ဝဝ ကီလိုမီတာအထိတောက်လျှောက်မောင်းနှင်နိုင်ပြီး ဖြစ်ပါတယ်။ မကြာခင်မှာလည်း ၂ ယောက်စီး၊ ၄ ယောက်စီးဆလွန်းကားအထိထုတ်လုပ်နိုင်ဖို့ ရည်မှန်း ထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကားတွေဟာ လျှပ်စစ်ဓာတ်အားကို အဓိကထားတဲ့အတွက် ပတ်ဝန်း ကျင်ညစ်ညမ်းမှု မရှိပါဘူး။ဈေးကွက်ရဲ့လိုအပ်ချက်အရ ထုတ်လုပ်ပေးနိုင် စွမ်းရှိပါတယ်။ယခုအခါ IMAX, EMAX, PMAX SERIES များကို ထုတ်လုပ်ရောင်းချနေပြီဖြစ်ပါတယ်။  CHERRY SERIES ဆိုတဲ့ ၁၅ ယောက်စီး မော်တော်ကားအဖြစ် ထုတ်လုပ်ဖို့ စမ်းသပ်ဆောင်ရွက်နေပါပြီ။         မန္တလေး နန်းတွင်းဂေါက်ကွင်း၊ မုံရွာဂေါက်ကွင်းတွေမှာ ၂ဝဝ၉ ခုနှစ်ကစပြီး သုံးစွဲနေပါပြီ။ မကြာခင်မှာနေပြည်တော်ရဲ့လမ်းမကြီး တွေပေါ်မှာ မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ စိတ်ချရမှုနဲ့ ဈေးနှုန်းသက်သာတာတွေကြောင့်လည်း မြန်မာ့မီးရထား၊ ဟိုတယ်များ၊ အဆင့်မြင့်အိမ်ရာတွေမှာလည်း ကျွန်တော်တို့ ရဲ့ကားတွေကို အသုံးပြုနေပါပြီ။

Wednesday, 8 Sep 2010

စက်မှုဇုန်များမှ မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းများ      'ကျွန်မတို့ရဲ့စက်မှုဇုန်မှာ မော်တော်ကားထုတ်လုပ်တဲ့စက်ရုံပေါင်း(၁ဝ)ရုံကျော်ရှိပါတယ်။ နိုင်ငံတော် အပိုင်းကနေ အထူးအားပေးလာခဲ့တဲ့အတွက်ကြောင့် မော်တော်ကားစက်ရုံကို ထူထောင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ ပြည်တွင်းက ကုန်ကြမ်းနဲ့ ပြည်တွင်းအတတ် ပညာရှင်များပူးပေါင်းပြီး ကိုယ့်စက်ရုံမှာပဲ အစိတ် အပိုင်း ၆ဝ ရာခိုင်နှုန်း ထုတ်လုပ်ပါတယ်။ ကိုယ့်နိုင်ငံ ကမထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေကိုတော့ နိုင်ငံခြားကပဲ တင်သွင်းနေရပါတယ်။ ကုန်ကြမ်းပစ္စည်းဈေးသက် သာရင် သက်သာသလို ထုတ်လုပ်မှု စရိတ်ကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။     မော်တော်ကားရဲ့ ဆက်စပ်ပစ္စည်း ၁၃ မိုျး (၄ဝ ရာခိုင်နှုန်းခန့်)ကို ပြည်ပကနေ တင်သွင်းနေရပါတယ်။ကိုယ့်စက်မှုဇုန်ကနေ ထွက်ရှိတဲ့ သံထည်ပစ္စည်းကို အမာခံထားပြီးထုတ်လုပ်ပေးနေရပါတယ်။ လုပ်သားပြည်သူရဲ့ အကြိုက်ပုံစံ တွေကို သတ်မှတ်ကာလမှာပြီးစီးအောင် ဆောင်ရွက်ပေးနေရကြောင်း သိရပါတယ်။ စက်ရုံကို ၂ဝဝ၃ ခုနှစ်မှာ စတင်တည်ဆောက်ပြီး  1998 Model / 1997 Model Lite Ace မော်တော်ကား တွေကို တစ်နှစ် ၂ဝ စီးခန့် ပုံမှန်ထုတ်လုပ်ပေးနေပါတယ်။ 1997 Model ကားကို ပြည်သူတွေက ပိုပြီး အကြိုက်များပါတယ်။ ဆက်လက်ပြီးလည်း ၈ ယောက်/ ၁၂ ယောက် စီးMulti Purpose Hite Ace (Super Custom) ကားအမိုျးအစားကို ထုတ်လုပ်သွားဖို့အစီအစဉ်ရှိပါတယ်၊ လိုအပ်တဲ့ ကုန်ကြမ်းများနဲ့ မှာယူတင်သွင်းနေတဲ့ပစ္စည်းများ အချိန်မီရရှိမယ်ဆိုရင် မော်တော်ကားတစ်စီးကို ၅ ရက်မှ ၁ဝ ရက်အတွင်း ထုတ်လုပ် ပေးနိုင်စွမ်းရှိပါတယ်။ ခေတ်မီတဲ့ကားများထုတ်လုပ်ပေးနိုင်ဖို့အတွက်  Investment  နဲ့Technologyပိုင်းမှာ လိုအပ်မှာဖြစ်တယ်''လို့ ပြောပါတယ်။

Wednesday, 8 Sep 2010

 စက်မှုနယ်မြေများနှင့် စက်မှုဇုန်များမှ ယာဉ်နှင့်စက်ကိရိယာ ထုတ်လုပ်မှုလုပ်ငန်းများ                                         အမှတ် (၂) စက်မှုဝန်ကြီးဌာနဆောင်ရွက်မှု          ၁၉၈၈ ခုနှစ်မတိုင်မီကာလက အမှတ်(၂)စက်မှု ဝန်ကြီးဌာနအောက်တွင် စက်ရုံ (၉) ရုံသာရှိခဲ့ရာမှ စက်ရုံပေါင်း (၁၃)ရုံတိုးတက်လာခဲ့သဖြင့် ယခုအခါ စက်ရုံပေါင်း (၂၂)ရုံအထိ တည်ထောင်ထားပြီး ဖြစ် သည်။        အမှတ်(၂)စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ များထဲမှ ရန်ကုန်တိုင်း အမှတ်(၁) မော်တော်ယာဉ် ထုတ်လုပ်မှုစက်ရုံ၊ ပဲခူးတိုင်း အမှတ်(၂)မော်တော် ယာဉ်ထုတ်လုပ်မှုစက်ရုံ၊ (ထုံးဘို) မြေထိုး၊ မြေကူး ယန္တရားထုတ်လုပ်မှု စက်ရုံ၊ (ဆင်တဲ)Coppering Casting & Ralling စက်ရုံံ့၊ Enamelled Copper Wire   စက်ရုံ၊ (သာဂရ) ဘက်စုံသုံးဒီဇယ်အင်ဂျင် ထုတ်လုပ်မှုစက်ရုံ၊ (သာဂရ) အမှတ် (၂)လယ်ယာ သုံးစက်ရုံ(မလွန်)နှင့် စက်နှင့်စက်ကိရိယာထုတ် လုပ်မှုစက်(မြိုင်) မွန်ပြည်နယ် အမှတ်(၁) တာယာ နှင့် ရော်ဘာ ပစ္စည်းထုတ်လုပ်မှုစက်ရုံနဲ့ အမှတ် (၂) တာယာနှင့် ရော်ဘာပစ္စည်းထုတ်လုပ်မှု စက်ရုံ(ဘီး လင်း)တို့ဖြစ်ပါသည်။  တည်ဆောက်ဆဲ မကွေး တိုင်း၊ ဒေသကြီးမှ အမှတ် (၃) မော်တော်ယာဉ် ထုတ်လုပ်မှုစက်ရုံ(မကွေး) ဆောင်ရွက်လျက်ရှိ သည်။       အမှတ်(၂)စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ (၂၂)ရုံကို ထုတ်လုပ်မှု အမိုျးအစားတူရာအလိုက် ပေါင်းစည်းပြီး နောက်ဆုံး ပြင်ဆင်သတ်မှတ်ခဲ့ရာ လက်ရှိမှာ စက်ရုံ ၁၃ ရုံနဲ့ ထုတ်လုပ်ရေးဌာနတစ်ခု ရှိသည်။ အဆိုပါ စက်ရုံ ၁၃ ရုံနှင့် ထုတ်လုပ်ရေး ဌာန တစ်ခုတို့အား လုပ်ငန်းအဖွဲ့အစည်းလေးခုနဲ့ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။        မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်မှုလုပ်ငန်း၏အောက်တွင် အမှတ် (၁) မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ (ရန်ကုန်)၊  အမှတ်(၂)မော်တော်ယာဉ်ထုတ်လုပ်မှုစက်ရုံ (ထုံး ဘို)၊ အမှတ်(၃)မော်တော်ယာဉ်ထုတ် လုပ်မှုစက်ရုံ (မကွေး)၊ ဘက်စုံ သုံးဒီဇယ်အင်ဂျင်ထုတ်လုပ်မှုစက် ရုံ (သာဂရ)နှင့်  မြေထိုး၊ မြေတူးယန္တရားထုတ်လုပ် မှုစက်ရုံ(သာဂရ)တို့ ဖြစ်သည်။      လယ်ယာသုံးပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၏ အောက်တွင် အမှတ်(၁) လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှု စက်ရုံ(ဆင်တဲ)၊ အမှတ်(၂) လယ်ယာ သုံးပစ္စည်းထုတ်လုပ်မှုစက်ရုံ (မလွန်)တို့ ဖြစ်သည်။       မြန်မာ့မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်မှုလုပ်ငန်းကြီးကြပ်မှုအောက်တွင် မော်တော် ယာဉ်ထုတ်လုပ် ရေးစက်ရုံများမှ လူစီးမော်တော် ယာဉ်များအဖြစ်Myanmar Single Cab (MSC), Sport Utiliby Vehicle (SUV), Myanmar Double Cab (MDC), Estate Wagon Jeep (EW-1), Pathfinder (EW-2), Myanmar Electric Vehicle (MEV) TE-21 (Truck), Myanmar Station Wangon (MSW) တို့နှင့် လုပ်ငန်းခွင်သုံးစက်ယန္တရားတွေ အဖြစ် 3 Ton Foorklift ?Bulldozer၊Excavator၊၊ Mini Excavator၊ Vivratory Soil Compactor၊ 3- Wheel Road Roller   စတာတွေကို စတင် ထုတ်လုပ်နေပြီဖြစ်သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလတွင် မော်တော်ယာဉ်အမိုျးအစား ပေါင်း ၁၄ မိုျးအထိ တိုးခဲျ့ထုတ်လုပ်နိုင်ခဲ့သည်။     မြန်မာ့လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း၏ကြီးကြပ်မှုအောက်တွင် လယ်ယာသုံးစက် ပစ္စည်းထုတ်လုပ်ရေးစက်ရုံများမှ ဘက်ထရီအား သုံးကောက်ရိတ်စက်၊ ဧရာ(၁)လက်တွန်းလယ် ထွန်စက်၊ ရိတ်သိမ်းချွေလေ့စက်၊ လေးလက်မရေ စုပ်စက်၊ လေးလက်မအမြင့်တင်ရေစုပ်စက်၊ ဇွဲ  လယ်ထွန်စက်၊ လယ်သမားသုံးစက်ကိရိယာများ ဖြစ်သည့် ထော်လာဂျီ၊ လေးတန်နောက် တွဲယာဉ်၊ သုံးသွားထည်၊ ၁၆ သွားထွန်၊ အငယ်စားလယ်ထွန် စက်  (Mini Tractor) သုံးဘီးလမ်းကြိတ်စက် တို့ကို ထုတ်လုပ်လျက်ရှိသည်။

Wednesday, 8 Sep 2010

 သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဏ္ဍမှ ပါဝင်ရင်းနှီးမြှုပ်နံှဆောင်ရွက်ခြင်း           သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဏ္ဍမှ ပါဝင်ရင်းနှီးမြှုပ်နံှဆောင်ရွက်ခြင်း ပြောင်းလဲလာသော  ဈေးကွက်စီးပွား ရေးစနစ်နှင့်အညီ သတ္တုတူးဖော်ရေး လုပ်ငန်းများကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွဲှပြောင်းလုပ်ကိုင်စေခြင်း၊ အစိုးရနှင့်  ပုဂ္ဂလိက အကိုျးတူပူးပေါင်းဆောင် ရွက်ခြင်းလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။         ထိုသို့လုပ်ကိုင်လျက်ရှိရာတွင် အမှတ်(၁)သတ္တုတွင်းလုပ်ငန်းသည် သတ္တုတူးဖော်ရေးလုပ်ကွက်များ ကို ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်သာမက ပြည်ပလုပ်ငန်းရှင်များနှင့်ပါ အကိုျးတူပူးပေါင်း ဆောင် ရွက်လျက်ရှိသည်။ မြန်မာအိုင်ဗင်ဟိုးကုမ္ပဏီ လီမီတက်သည် မုံရွာမြို့ရှိ ကြေးစင်တောင်နှင့် စပယ်တောင် တို့တွင် ကြေးနီသတ္တုတူးဖော်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊  Myanmar Pongpipat Co., Ltd.(Myanmar)မှ လောက်ကိုင်သတ္တုတွင်းတူးဖော်ရေး လုပ်ကွက်များတွင် ဇင့်သတ္တုရိုင်းတူးဖော်ရေး လုပ်ငန်းများ ကိုလည်းကောင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။      ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့်ပြုရာတွင် Hawsaing Co., Ltd. ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် အထွေထွေ ရောင်းဝယ်ရေးကုမ္ပဏီလီမီတက်၊ ကချင်အမိုျးသားကုမ္ပဏီလီမီတက်တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံခရိုင်၊ ဟိုပန်မြို့နယ် အတွင်းရှိ Hpa Lieng ဇင့်သတ္တုတွင်းကို တူးဖော် လုပ်ကိုင်စေခဲ့သည်။      အမှတ်(၂)သတ္တုတွင်းလုပ်ငန်းအနေဖြင့် သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်ပကုမ္ပဏီ များနှင့် လုပ်ကိုင်လျက် ရှိရာ ထိုင်းနိုင်ငံမ Myanmar Pongpipat Co., Ltd.(Myanmar)နှင့်အကိုျးတူ ပူးပေါင်း၍ ဟိန်းဒဲသတ္တုတွင်းတွင် သံဖြူတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်စေခဲ့သည်။     ထို့ပြင် ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်လည်း သတ္တုတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင် လျက်ရှိရာ ကယားဓာတ် သတ္တုတူးဖော်ထုတ်လုပ်ရောင်းဝယ်ကုမ္ပဏီသည် မော်ချီးသတ္တုတွင်းတွင် သံဖြူ ရောရာကိုလည်းကောင်း၊ မေတ္တာအောင်ကုမ္ပဏီ သည် ကျောက်မဲတောင်  သတ္တုတွင်းတွင် သံဖြူနှင့် အဖြိုက်နက်ရောရာကိုလည်းကောင်းKTM Co., သည် ဟာမြင်းကြီး သတ္တုတွင်းတွင် အဖြိုက်နက်ရောရာ ကိုလည်းကောင်း၊Natural Resources Development Co., Ltd.  သည် တနင်္သာရီတိုင်းရှိ ပြက္ခရေ(Pakaye)သတ္တုတွင်းတွင် အဖြိုက်နက်ရောရာကိုလည်းကောင်း Delco Co., သည် ကန်ဘောက်သတ္တု တွင်းတွင် အဖြိုက်နက်နှင့် သံဖြူရောရာကိုလည်းကောင်း၊MITT Co.,  သည် တနင်္သာရီတိုင်းရှိ သိန္ဒော သတ္တုတွင်းတွင် သံဖြူရောရာ ကိုလည်းကောင်း GEO 70 Co.,  သည် တနင်္သာရီတိုင်းရှိအတွင်း ဘုတ်ပြင်း သတ္တုတွင်းတွင် သံဖြူရောရာကိုလည်းကောင်း၊ Emerald Ray Co., သည် တနင်္သာရီတိုင်းရှိ မလိဝန်သတ္တု တွင်းတွင် သံဖြူရောရာကိုလည်းကောင်း အကိုျးတူပူးပေါင်းဆောင် ်ရွက်၍ လုပ်ကိုင်စေခဲ့သည်။      အမှတ်(၃)သတ္တုတွင်းလုပ်ငန်းအနေဖြင့် ဓာတ်သတ္တုရိုင်းများ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ပြည်တွင်းပြည်ပ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကိုျးတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ စင်ကာပူ နိုင်ငံမှ ECI Mineral Pte. ကုမ္ပဏီသည် နိုင်ငံ တကာအရည်အသွေးမီ ဘရိုက်တီးကျောက်မှုန့်ထုတ် လုပ်ရေးအတွက် လုပ်ကိုင်လျက်ရှိသည်။        ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များသို့လည်း သတ္တုလုပ်ကွက်များ တူးဖော်လုပ်ကိုင်ခွင့်များချထား ပေးခဲ့ရာတွင် Nawarat Resources Co., Ltd.. သည် မာဘယ်လ်ကျောက် ထုတ်လုပ်ရေးလုပ်ငန်းကို လည်းကောင်း၊  ဧရာဝတီမြစ်ဖျားကုမ္ပဏီလီမီတက်သည် ကချင်ပြည်နယ် လွယ်ဂျယ်ဒေသတွင် ကျောက်မီး သွေးတူးဖော်ထုတ်လုပ်ရေးကို လည်းကောင်း၊ မေဖလားဝါး သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းသည် ခနောက်စိမ်းသတ္တုတူးဖော်ရေးကို လည်းကောင်း Triple 'A' Cement International Co., Ltd;သည် သီပေါမြို့နယ်ရှိ ဆမ်လောင်းကျောက်မီးသွေးတွင်း လုပ်ကွက်ကိုလည်းကောင်း၊ ဣိစ္ဆိတံကြီးပွားရေး ကုမ္ပဏီလီမီတက်သည် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရေး လုပ်ငန်းကိုလည်းကောင်း၊ UE Export & Import Company သည် မကွေးတိုင်း ပေါက်မြို့နယ် မြေနီဒေသရှိ ကျောက်မီးသွေးလုပ်ကွက်ကို လည် ကောင်း၊ ရွှေသံလွင် သတ္တုတူးဖော်ရေးကုမ္ပဏီလီမီတက်သည် ပင်လောင်းမြို့နယ်ရှိ တီကျစ်ကျောက် မီးသွေးတွင်းကို လည်းကောင်း လုပ်ကိုင်ခွင့် များချထားပေးခဲ့သည်။       မြန်မာ့ကျောက်မျက်ရတနာတူးဖော်ရေး လုပ်ငန်းများကိုလည်း တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင် များသို့ လွဲှပြောင်းလုပ်ကိုင် စေလျက်ရှိရာတွင် ဖားကန့်ရတနာမြေ၌ Jade Dragon Gems Co., Ltd.၊မြန်မာစည်သူကုမ္ပဏီလီမိတက်Jing Po Aung Jade & Gems ရတနာတောင်တန်းကုမ္ပဏီ လီမိတက်၊ ရွှေဂုန်ဂုန်ကျောက်မျက်ကုမ္ပဏီလီမိတက်၊ မိုင်းရှူးရတနာမြေလုပ်ကွက်တွင် ပတ္တမြားနဂါး ကျောက်စိမ်း ကျောက်မျက်ကုမ္ပဏီလီမိတက်နှင့်  Khun Pa O Gems, Jade Co., Ltd.  တို့ကို လုပ်ကိုင် ခွင့်များ ချထားပေးခဲ့သည်။      ထို့ပြင် Myanmar VES Venture Co., Ltd. သည် ၁၉၉၃ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှစ၍ ကျောက်မျက်ရတနာ ရောင်းဝယ်ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၅သန်း ရင်းနှီးမြှုပ်နံှကာ ၁ဝနှစ်လုပ်ကိုင်ခွင့် သဘောတူစာခုျပ်ခုျပ်ဆို၍ ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။     ပုလဲထုတ်လုပ်ရေးတွင်လည်း မန်ကျည်းပင်ဆောင်ပုလဲလုပ်ကွက်၊ ဇင်ယောက်ကျွန်းပုလဲလုပ်ကွက်၊ ရွှေကျွန်းပုလဲလုပ်ကွက်၊ ဒိုမဲလ်ကျွန်းပုလဲလုပ်ကွက်၊ ဒွန်ပုလဲကျွန်းပုလဲလုပ်ကွက်၊ စိန့်လူကီကျွန်းပုလဲ လုပ်ကွက်တို့ကို  တိုင်းရင်းသားပုဂ္ဂလိကလုပ်ငန်းရှင် များသို့ လုပ်ကိုင်ခွင့်များချထားပေးနိုင်ခဲ့သည်။

Pages