Main menu

Background

Saturday, 10 Jan 2026

မူပိုင်ခွင့်ဆိုသည်မှာ မိမိ၏ကိုယ်ပိုင်အသိဉာဏ်ကို အသုံးပြု၍ ပြုလုပ်ထားသော တီထွင်မှုနှင့် ဖန်တီးမှုများရလဒ်များကို အသုံးပြု ရန်နှင့် အကာအကွယ်ပေးရန် ဥပဒေအရ ပေးအပ်သည့် အခွင့် အရေးများကို ဆိုလိုသည်။ နည်းပညာဆန်းသစ်တီထွင်မှုများ၊ ဆန်း သစ်သော ထုတ်ကုန်ဒီဇိုင်းနှင့် ထုပ်ပိုးမှုဒီဇိုင်းများ၊ ထုတ်ကုန်များတွင် အသုံးပြုသည့် အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုသည့် အမှတ်တံဆိပ်များနှင့် စာပေနှင့် အနုပညာဖန်တီးမှု များ ပါဝင်သည်။

Tuesday, 6 Jan 2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန မူပိုင်ခွင့်ဦးစီးဌာန၏ (၅)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်  အခမ်းအနားကို ၂၀၂၅ ခုနှစ် ဒီဇင် ဘာ ၂၃ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃) ညီလာခံခန်းမ၌ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ တက်ရောက်ပြီး အဖွင့်အမှာစကား ပြော ကြားသည်။

Thursday, 4 Dec 2025

အချို့သော စတော့အိပ်ချိန်းများတွင် စတော့အိပ်ချိန်း ရောင်းဝယ်ရေးအဖွဲ့ဝင် Securities Companies) များ စတော့ ရောင်းဝယ်ခြင်းများပြုလုပ်ရာတွင် ပေးချေရန်ရှိသည့် ငွေ/စတော့ များအချိန်မီ ပေးချေရန် ပျက်ကွက်ခြင်း၊ စာရင်းရှင်းလင်းဖျက် သိမ်းရမည့် အခြေအနေရောက်ရှိနေခြင်း စသည့်အခြေအနေများ တွင် ရင်းနှီးမြှုပ်နှံသူများ နစ်နာမှုမရှိစေရေးနှင့်  အကာအကွယ်ပေး ရေးအတွက် ]]ရင်းနှီးမြှုပ်နှံသူများ အကာအကွယ်ပေးရေးရန်ပုံ ငွေ}}}  Investor Protection Fund)ကို ဥပဒေများရေးဆွဲကာ ထူထောင်လေ့ရှိကြသည်။

Thursday, 4 Dec 2025

ရေဓာတ်သည် လူသားတို့၏ ခန္ဓာကိုယ်တွင် ၇၀ ရာခိုင်နှုန်း ပါဝင်ဖွဲ့စည်းထားပြီး အခြေခံဆဲလ်များအတွက် မရှိမဖြစ်သော အရာ ဖြစ်သည်။ တစ်နေ့လျှင် ရေရှစ်ခွက်ခန့် သောက်သုံးခြင်းဖြင့် ရေဓာတ် လျော့နည်းခြင်းကို  ကာကွယ်နိုင်သည်။ ရေသောက်ခြင်းကြောင့် အသားအရေ ကြည်လင်၍ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်မြှင့်တင်နိုင်ပြီး ဦးနှောက်လုပ်ငန်းများ  ကောင်းမွန်စေသည့်အပြင် ဝမ်းချုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရက်အမူးလွန်ခြင်းများကို  သက်သာစေခြင်း၊ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက်အကူပြုခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။ 

Thursday, 4 Dec 2025

ပြည်တွင်း၊ ပြည်ပ ပဲဈေးကွက်မှန်ကန်စေ ရေးနှင့် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးအတွက် ပဲမျိုးစုံ အရောင်းအဝယ်အား ကုန်ပစ္စည်းမပါဘဲ အရောင်း အဝယ်လုံးဝမပြုလုပ်ရန်  မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ထုတ်ပြန် ထားကြောင်း သိရသည်။
ကုန်ပစ္စည်းမပါဘဲ အရောင်းအဝယ် ဆောင် ရွက်နေသူများကိုလည်း အသင်း၏ စည်းမျည်း စည်းကမ်းနှင့်အညီ  ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသင်းမှ အသိပေး ကြေညာထား သည်။ 

Thursday, 4 Dec 2025

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေး အတွက် ပေါ်ဆန်းဆန်များကို စားသုံးသူများထံသို့  အိမ်အရောက်ပို့စနစ်နှင့် လှည့် လည်ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် (ျြွင်္) မှ သိရသည်။

Thursday, 4 Dec 2025

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် နိုဝင်ဘာ ၂၄ ရက်Global Petrol Prices Website  တွင် ယခု တစ်ပတ်အတွက် ဖော်ပြထားရှိသည့် ဓာတ်ဆီဈေးနှုန်းများအရ ကမ္ဘာ့ နိုင်ငံပေါင်း ၁၁၈ နိုင်ငံအနက်  ကမ္ဘောဒီးယားနိုင်ငံသည် ယခုတစ်ပတ် တွင် ၁၁ ဒသမ ၁၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံး နိုင်ငံဖြစ်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံတွင် ၆ ဒသမ ဝ၀ ရာခိုင်နှုန်း၊ ဂွါတီမာလာနိုင်ငံတွင် ၃ ဒသမ ၃၀ ရာခိုင်နှုန်းနှင့် ဘူတန်နိုင်ငံတွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့် တက်ခဲ့သည့် နိုင်ငံပေါင်း ၄၀ နိုင်ငံရှိကြောင်း တွေ့ရှိရသည်။ 

Thursday, 4 Dec 2025

မိသားစုများအနေဖြင့် နေ့စဉ်Recycleအဖြစ်အသုံးပြုရန် ပြန်လည်ရောင်းချနိုင်သော စွန့်ပစ် ပစ္စည်းများရှိနေပြီး ၎င်းစွန့်ပစ်ပစ္စည်းများကို ဝယ်ယူသည့်ဆိုင်များမှာလည်း  ဈေးကွက်အတွင်း ခိုင်ခိုင် မာမာ ရပ်တည်လျက်ရှိနေကြောင်း သိရှိရသည်။

Thursday, 4 Dec 2025

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက နိုဝင်ဘာ ၂၆ ရက်တွင်Thai Rice Exporter Association Website တွင် ဖော်ပြ ချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ (၅ ရာခိုင်နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၄၂၊ ဧည့်မထ (၂၅ ရာခိုင် နှုန်း) တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၂၁ ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ 

Thursday, 4 Dec 2025

ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၀ ရက်တွင် ရွှေတစ်အောင်စ လျှင် အမေရိကန်ဒေါ် လာ ၄၀၆၇ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ နိုဝင်ဘာ ၂၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၄၁၆၄ ဒေါ်လာဖြစ်ခဲ့သည်။ ပြည်တွင်း ရွှေဈေးသည်လည်း နိုဝင် ဘာ ၂၀ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၅၈၀ဝ၀ဝ ပေါက်ဈေး ရှိခဲ့ရာမှ နိုဝင်ဘာ ၂၆ ရက်တွင် ကျပ် ၈၇၄၀ဝ၀ဝ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရွှေဈေးကွက် အတွင်းမှ သိရသည်။

Pages