Background
ပါကစ္စတန်နိုင်ငံ အများပြည်သူ စတိုးဆိုင်များ၊ ကော်ပိုရေးရှင်းဆိုင်ခွဲများမှာ ပဲမျိုးစုံအထူးသဖြင့် ကုလားပဲ ရောင်းချမှု လျော့ကျခြင်းကို ဖြည့်ဆည်းဖို့ မတ်လ ၆ ရက်မှာ ပဲမျိုးစုံ ဝယ်ယူရေး တင်ဒါဖွင့်ဖို့ ကော်ပိုရေးရှင်းက ဆုံးဖြတ်ထားကြောင်း သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ အရည်အသွေးကြောင့် ပဲခွဲစက်များနဲ့ ကုန်သည်များမှ အရောင်းအဝယ်လှုပ်ရှားမှုနည်းပြီး ပဲတီစိမ်းဈေး တည်ငြိမ်နေပါတယ်။
၂၀၁၂ ခုနှစ် အတွင်းအာဖရိကနိုင်ငံတွေမှ အိန္ဒိယကို ပဲမျိုးစုံတင်ပို့မှုက ယခင်နှစ်ကထက် ၂၀ ရာခိုင်နှုန်း ဝန်းကျင်မြင့်မားနိုင်တယ်လို့ ခန့်မှန်းကြတယ်။ အဓိကမှာ လာမယ့်နှစ်အနည်းငယ်မှာ အာဖရိကက အိန္ဒိယကို ပဲစင်းငုံတင်ပို့မှု အများဆုံး နိုင်ငံဖြစ်လာနိုင်ကြောင်း အိန္ဒိယနိုင်ငံမွန်ဘိုင်းမှ ပဲလုပ်ငန်းရှင်တွေက ခန့်မှန်းထားတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲပြုပြင်ထုတ်လုပ်သူ များမှ ဝယ်လိုအား ပါးတာကြောင့် ပဲစင်းငုံဈေးနှုန်း အပြောင်းအလဲအနည်းငယ် ရှိပါတယ်။ မြန်မာပဲစင်းငုံကိုလည်း ဝယ်လိုအား ကျဆင်းတာကြောင့် ဈေးအနည်း ငယ် ကျဆင်းပါတယ်။
အိန္ဒိယဈေးကွက်တွေကို မတ်ပဲပုံမှန်ဝင်ရောက်မှုရှိပေမဲ့ ဝယ်လိုအားနည်းတာ ကြောင့်ယခုတစ်ပတ်အတွင်း မတ်ပဲဈေးအနည်းငယ်လျော့ပါတယ်။ ဒါ့အပြင် အိန္ဒိယ အစိုးရရဲ့ ဒုတိယအကြိမ်ခန့်မှန်းချက်အရ ၂၀၁၁-၁၂ အတွင်း မတ်ပဲထွက်ရှိမှုဟာ တန်ချိန် ၁ ဒသမ ၇၃ သန်းရှိမှာဖြစ်လို့ ပထမအကြိမ် ခန့်မှန်းပမာဏထက် တန်ချိန် ၅ သိန်း ကျော်ပိုမိုခန့်မှန်းထားပါတယ်။
ဖေဖော်ဝါရီလဒုတိယပတ် အာရှရော်ဘာဈေးနှုန်းတွေ ဆက်လက်အားကောင်းလာတယ်။ မလေးရှား latex ရော်ဘာ ရောင်းလိုအားကျဆင်းနေချိန်မှာ ဝယ်လိုအားကောင်းနေတာကြောင့် တစ်တန်ကို ၂၅၇၄ ဒသမ ၅၀ ဒေါ်လာနဲ့ ဈေးနှုန်းခိုင်မာ နေတယ်။ လာမယ့်ရက်သတ္တပတ်မှာလည်း ရောင်းလိုအား အကျပ်အတည်းရှိဦးမှာဖြစ်ရာ မလေးရှားရော်ဘာဈေးနှုန်းတွေ မြင့်မားဖွယ်ရှိတယ်လို့ သုံးသပ်ကြတယ်။
တရုတ်နိုင်ငံမှာ ပြုပြင်ထုတ်လုပ်သူများနဲ့ မွေးမြူရေးသမားများရဲ့ ဝယ်လိုအား ကြီးထွားနေခြင်းက နောက် ၁၀ စုမှာ ၆ ဆခန့်ထိမြင့်တက်မယ်လို့ အမေရိကန်စိုက် ပျိုးရေးဌာနက ခန့်မှန်းထားပြီး၊ အဲဒီလိုတင်သွင်းမှုမြင့်တက်ခြင်းက သီးနှံဈေးကွက် အတွက် ထူးခြားတဲ့အကြောင်းအရာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လက်ဖက်ထုတ်လုပ်မှု မြင့်တက်လာပေ မယ့်လည်း ၂၀၁၂ မှာ အိန္ဒိယအနေနဲ့ ကီလို ၄၅ သန်းမှ သန်း ၅၀အထိလိုအပ်ဖွယ်ရှိကြောင်း အိန္ဒိယလက်ဖက်အသင်း ITA မှ ထုတ်ပြန်ပါတယ်။ ၂၀၁၁ ဒီဇင်ဘာအထိ အိန္ဒိယရဲ့ လက်ဖက်ထုတ်လုပ်မှု ကီလို ၉၈၈ သန်းအထိ ရောက်ရှိခဲ့ပြီး သုံးစွဲမှုက နှစ်စဉ်ကီလို သန်း ၃၀အထိတိုးလာကြောင်း ITA ရဲ့ထုတ်ပြန်ချက်များအရ သိရပါတယ်။ ရာသီဥတုဆိုးဝါးတာ ကြောင့် အဓိကစိုက်ပျိုးတဲ့ဒေသများမှာ ထုတ်လုပ်သူများက ကီလို ၁ ဘီလီယံခန့်မှန်းထားတာထက် လျော့နည်းနိုင် ကြောင်း နောက်ဆုံးထုတ်စာရင်းများအရ သိရပါတယ်။
ပြည်နယ်အစိုးရများက ဈေးနှုန်းပိုမိုလာစေဖို့ ဝယ်ယူမယ့်အလားအလာရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်မှာ ရောင်းချမှု နည်းပါးလာတဲ့အတွက် ယခုတစ်ပတ်အတွင်း အိန္ဒိယနနွင်းကြိုပွိုင့်ဈေး အမြင့်ဘက်ကို တက်ခဲ့ပါတယ်။ NCDEX ကြိုပွိုင့်ဈေး ကွက်မှာဝင်ရောက်မှုက အကန့်အသတ်သာရှိပြီး၊ လက်တွေ့ဝယ်လိုအား မြင့်တက်လာတဲ့ အတွက် ဖေဖော်ဝါရီလ ၁၅ ရက်မှာ နနွင်းကြိုပွိုင့်ဈေး မြင့်တက်ခဲ့တာဖြစ်ပါတယ်။
ယခင်သီတင်းပတ်မှာ ကုလားပဲကြိုပွိုင့်ဈေး ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီးနောက် လက်ငင်းဈေး မြင့်တက်လာခြင်းနဲ့ ပဲဝင်ရောက်မှု ကျဆင်းခြင်းတို့ကြောင့် ဆက်လက်ခိုင်မာနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။ NCDEX မှာ ဖေဖော်ဝါရီလအတွက် ကုလားပဲကြိုပွိုင့်ဈေးက ဖေဖော်ဝါရီ ၁၄ ရက်က ရူပီး ၃၀ လျော့ကျပြီး၊ ရူပီး ၃၅၉၇၀(ကန်ဒေါ်လာ ၇၂၆)ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပဲထုတ်လုပ်မှု ကျဆင်းဖွယ် ရှိပြီး၊ အထူးသဖြင့် ကုလားပဲအထွက်ကျဆင်းဖွယ်ရှိခြင်းက ဈေးနှုန်းခိုင်မာဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။